အခုမြစ်ရေတက်နေချိန် တစ်ရက်တိမ်ပြာပြာအောက်က ဧရာဝတီရေဖွေးဖွေးကိုတွေ့တော့ဒီပုံလေးကိုရလိုက်ပါတယ်။ လှတယ်လို့ဆိုတာထက်ကြည်နူးစရာလို့မြင်မိပါတယ်။


သည်ပုံလေးကတော့ တောင်သမန်အင်းဘေးမှာ ရှိတဲ့ ဘုရားပုံပါ။ ရာဇဝင်လေးပါသိအောင် သမိုင်းအကြောင်းရေးထားတဲ့ကျောက်သင်ပုန်းပါ ရိုက်ထည့်ပေးလိုက်ပါတယ်နော်။


ဘယ်လိုမှအစားထိုးမရနိုင်သော စခန်းမဝေးတဲ့ မန်းလေးတောင်ရှေ့က ခြင်္သေ့ကြီးပါ။ တကယ်လို့ဒါကြီးကိုဖျက်ပြီး အသစ်များပြန်ဆောက်မယ်ဆိုရင် ရွှေအတိပြီးတောင် တန်ဘိုးကတော့ သုညပါ။ ဒါရှေးဟောင်းပစ္စည်းရဲ့ တန်ဘိုးပေါ့။ ပေါက်လားမသိဘူး၊


ရွှေကြက်ယက်ဘုရားဖူးပြီးတော့စစ်ကိုင်းတံတားကူးတော့မည် ဆိုတဲ့ရှေးစာသားမှာပါတဲ့နှစ်ပေါင်းရာကျော်တဲ့စစ်ကိုင်းတံတားအဟောင်းပုံပါ။ 2009ခုနှစ်မှာ တံတားအသစ်ပေါ်လာတော့အသုံးနည်းသွားပါပြီ။