Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


“ကျုံးတောင်ဘက်လမ်းက မြို့ရိုးနဲ့ ပြအိုးပစ္စင်”(အမှတ်တစ်)   ရန်ကုန်ရောက်တုန်းခဏ ပုံတင်ချင်စိတ်က တားမရ ဆီးမရ။ အနီးအနားက အင်တာနက်ဆိုင်ပြေး မန်းလေးသားတွေအတွက်အမှတ်တရ အလွမ်းများကို ပေးချင်။ ဟိုအရင်ရက်တွေက ကျုံးတစ်ပါတ် ပတ် မှတ်တမ်းတင်ထားတဲ့ မြု့ိရိုး ပြအိုးနဲ့ပစ္စင် ကျုံးရေပြန်ကြည်သန့်သန့်။ 26ဘီလမ်း မင်္ဂလာတံတားတောင်ဘက် ရှေးကတည်းက ရှိတဲ့ မက်သဒစ်ချပ်ချ် သူ့တည့်တည့်က မြိုရိုး ပြအိုးနဲ့ပစ္စင် မွေးမြေကခွာတုန်းခဏ အလွမ်းပြေအောင်တင်မိ ကော်နက်ရှင်ရှိသလောက် မဖြစ်စလောက်လေးများတင်မိရင် ခွင့်လွှတ်နော်………………….. ကိုပေါက်လက်ဆောင် စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (4-1-2012) လွတ်လပ်ရေးနေ့ ရန်ကုန်ခေတ္တ                    


“စစ်ကိုင်းနဲ့ဧရာ ရွှေကြက်ကျ ဘုရားအပေါ်က ရူ့မျှော်လိုက်ပါတဲ့မြင်ကွင်းလေးတွေ”       “စစ်ကိုင်းနဲ့ဧရာ ရွှေကြက်ကျ ဘုရားအပေါ်က ရူ့မျှော်လိုက်ပါတဲ့မြင်ကွင်းလေးတွေ”   ရွှေကြက်ယက်ဆိပ်ကမ်းကိုနေ့လည်ပိုင်းရောက်ရောက်ချင်းဘုရားပေါ်တက်လို့မရသေးပါဘူး။ အလုပ်အရင်လုပ်ရတာကိုး။ လေးနာရီထိုးခါနီးလောက်မှအလုပ်ပြိးပါတယ်။ အဲတော့ ဘုရားအောက်ခြေအရင်ရိုက်ရပါတယ်။ ဒီရွှေကြက်ယက်ကို အဝေးကဘဲလှမ်းဖူးနေရတာနှစ်အတော်ကြာပါပြီ။ လာရင်ဖြစ်ရင်လဲ တောင်ဘက်စောင်းတန်းကဘဲတက် ပြီးပြန်တာများပါတယ်။ အခုတစ်ခါတော့ မြောက်ဘက်လှေခါးကနေတက်ဖြစ်ပါတယ်။ အရင်မြေသာနေရာမှာအုတ်ဖိနပ်လုပ်ထားတော့ ရေတိုက်စားတာကိုခံနိုင်ပါတယ်။   ရွှေကြက်ယက်ဆိုတာကို မန်းလေးအနီးတဝိုက်ကလူ သိပေမယ့် အဝေးကလူကတော့ သိမယ်မထင်ပါဘူး။ မန်းလေးကန်ပါတ်လမ်းအတိုင်းလာရင် ရွှေကြက်ယက်ဘုရားကိုရောက်ပါတယ်။ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာပါ။ ရွှေကြက်ယက် ရွှေကြက်ကျက ညီနောင်ဘုရားပါ။ နန်းတော်ရှေ့ဆရာတင်ရေးတဲ့ “စစ်ကိုင်းတံတား”သီချင်းထဲမှာ (ရွှေကြက်ယက်ဘုရားဖူးပြီးတော့ စစ်ကိုင်းတံတားကူးတော့မည်)လို့ဆိုထားပါတယ်။ မြစ်ရူခင်းကို လှပစွာခံစားနိုင်သော နေရာလေးဖြစ်ပါတယ်။ အခုပုံတွေကတော့ ဘုရားပေါ်ကနေမြင်ရတဲ့ မြင်ကွင်းလေးတွေပါ။         ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (25-12-2011)  


“သူကလဲတွေ့သမျှနေရာမှာလက်ဆော့ကျနော်ကလည်းမြင်သမျလက်ဆော့”       အကြောင်းကိစ္စအမျိုးမျိုးကြောင့် နေရာအတော်များများကို ကျနော်ရောက်လေ့ရှိပါတယ်။ အဲဒီအခါများမှာ စုံစမ်းစပ်စုသွေး ပါနေတော့ မြင်မြင်ရာနေရာမှာ ဟိုကြည့်ဒီကြည့်ပေါ့။ အဲတော့ နံရံ သစ်ပင် တန်းလျားတွေမှာလက်ဆော့ထားတာတွေကို မြင်မိတော့ ကျနော်ကလဲလက်ဆော့သပေါ့။ အဲတော့ ရွာသူရွာသားတွေမြင်ရအောင် တင်ပေးလိုက်မိတာပေါ့။   ဒီလိုပေါက်ကရရေးတာကလဲ ကောင်းတော့မကောင်းဘူး။ ညစ်ပတ်တယ် အမြင်ဆိုးတယ်  နိုင်ငံကြီးသား မပီသဘူးပေါ့။ နိုင်ငံတကာတော့ မရောက်ဘူးလို့ လက်မဆော့ရသေးပါဘူး။ အမေရိကန် ရုပ်ရှင်ကားတွေထဲမှာတော့ ကပ္ပလီတွေလက်ဆော့တာ မြင်ဘူးပါတယ်။   တကယ်ပြောရင် ဒီစာလေးတွေက ရောက်ကြောင်းသတင်းပို့တဲ့မှတ်တမ်းဆိုလဲဟုတ်။ ပေါက်တတ်ကရ ဟာသတွေလုပ်ထားတာဆိုရင်လဲဟုတ်၊ ရင်ထဲမှာ မခံစားနိုင်လို့ ပွင့်အံထွက်လာတဲ့ခံစားချက်လဲဟုတ်။ လူခြင်းမဆုံနိုင်ပေမယ့် အမှတ်တရနေရာဟောင်းဆီကိုများသူပြန်လာရင် တွေ့ပါစေလို့ ရည်ရွယ်ပြီးရေးသူထားတာဆိုလဲဟုတ်။ ဘယ်လိုပဲဖြစ်ဖြစ် ခံစားချက်တစ်ခုခုကတော့ ပျော်ဝင်နေတာအမှန်ပါဘဲ။   အခုလိုမညစ်ပတ်စေချင်ဘူးဆိုရင် ခံစားမူ့လေးတွေကို ရင်ဖွင့်လို့ရတဲ့နေရာလေးတွေ […]


“နံနက်ခင်းစိတ်ရွှင် ကန်တော်ကြီးတစ်ခွင်”(အပိုင်းသုံး) (ယာယီနဲ့ ချည်တိုင်) ဒီနှစ်မန်းလေးမှာမိုးတွေကြီးပါတယ်။ အဲတော့ကျနော်နေတဲ့ရပ်ကွက်တင်မဟုတ်ဘူးနေရာတိုင်းမှာ ရေဝင်ပါတယ်။ ခါတိုင်းနှစ်ထက်ရေပိုဝင်တော့ အိမ်မှာလဲမနေချင်။ ဒီတော့ မြို့သစ်က အဒေါ်အိမ်မှာသွားနေဖြစ်ပါတယ်။ ထုံးစံအတိုင်းမနက်လမ်းလျှောက်ဖြစ်တော့။ 73လမ်းအတိုင်းတောင်ကနေမြောက်လာ။ သိပ္ပံလမ်းရောက်။ အရှေ့တက်တော့ ဗိုလ်ချုပ်ရွာ။ အဲဒီကနေ 89လမ်းဘက်သွား။ နောက်မနော်ဟရီဘက်ပြန်လာ။ မိုးတွေဆက်တိုက်ရွာတဲ့နေ့တွေဖြစ်တော့ ကောင်းကင်ကအုံ့မိူင်းရီနေတတ်ပါတယ်။ နံနက်ခင်းလေးကလဲ မိုးသားကိုလိုက်ပြီး ကာလာတွေပြောင်းသွားတတ်ပါတယ်။ ကောင်းကင်တော်နဲ့ တိမ်မင်းသားကလဲ တစ်နေ့တစ်မျိုးမရိုးအောင် အဆင်တွေပြပါတယ်။ နောက်အချိန်တန်တော့လဲကိုယ့်အိ်မ်ကိုယ်ပြန်ရောက်ရပါတယ်။ ထုံးစံအတိုင်းမနက်လမ်းလျောက်ဖြစ်တော့ ုကန်တော်ကြီးရဲ့တူပေမယ့် မတူတဲ့ မြင်ကွင်းတွေကို မရိုးနိုင်အောင်ပါဘဲ။ ဒီတော့လဲ လက်ဆော့ မိ။ လက်ဆော့ပြီးတော့ လဲ ပြန်မျှဝေချင်စိတ်ပေါက်လာပြန်တော့………………………     ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။ (14-12-2011)


ဒီဘုရားပုရဝုဏ်ကအတော်လေးကျယ်ပြန့်ပါတယ်။ ကျနော်ရောက်တဲ့နေ့ကနေလဲသာဆိုတော့ ကောင်းကင်ကြီးကပြာပြာ စေတီတော်ရွှေရောင်ဝင်းဝင်းအင်မတန်ကိုလှပပါတယ်။ ပုရဝုဏ်ကနေအရှေ့ဘက်ကိုကြည့်လိုက်တော့ စိမ်းစိုတဲ့လယ်ကွင်းတွေနဲ့သစ်တောအုပ်အုပ် ကမြင်သူမျက်စေ့အေးစရာ။     ဘုရားတောင်ဘက်ခြမ်းမှာတော့ ခြေတော်ရာ။ ပိုသဘောကျမိတာကတော့ သစ်တစ်လုံးထဲကိုဖြတ်ထားတဲ့ ခြေတော်ရာကိုတင်ထားတဲ့ခုံကြီးကိုပါဘဲ။     ဒီဘုရားကိုထီးတော်အသစ်ပြန်တင်ထားတာ သိပ်မကြာသေးဘူးလို့ပြောပါတယ်။ ဘုရားပြိုပျက်သွားတုန်းက ရလာတဲ့ဌာပနာပစ္စည်းတွေကို စေတီတော်ထဲပြန်ထည့်မယ်ဆိုပြီး စေတီတော်ဖောင်းရစ်လောက်မှာဖောက်လိုက်တာ အထဲမှာ ထီးတော်တွေ့လို့ ဆက်မဖောက်တော့ဘူးလို့ ဘုရားထဲကလူတစ်ယောက်ကပြောပြပါတယ်။ ဟုတ်ပါ့ သေချာကြည့်မှာစေတီတော်မှာလေးထောင့်အကွက်ကလေး တွေ့လိုက်ရပါတယ်။   ဒီဘုရားမှာတော့ နေရာတော်တော်များများကပြန်ပြင်ထားတာကိုတွေ့ရပါတယ်။ ဘုရားပါတ်ပါတ်လည်မှာလည်းဇရပ်အကြီးကြီးတွေ တွေ့ရပါတယ်။ ဘုရားတောင်ဘက်ခြမ်းမှာတော့ ကျောက်စာတစ်ချပ်တွေ့တော့ ရသလောက် မှတ်တမ်းတင်မိပါတယ်။ သူ့အနောက်ဘက်မှာတော့ ဂူလေးတစ်ခု။ အထဲဝင်ပြီး အပေါက်သေးသေးလေးရှိတဲ့ဘက်လှမ်းကြည့်တော့ ဟိုဘက်မှာတော့ အဆင့်ဆင့်ဆင်းတုတော်။ နောက်တစ်ဖက်ကိုဝင်ကြည့်တော့ ကျောက်ဆင်းတုအသေးလေးတစ်ဆူ။ မြောက်ဘက်ခြမ်းမှတော့ ရွှေချထားတဲ့ဆင်းတုတော်။       (11 စေတီတော်ရဲ့အောက်ထဲမှာရှိတဲ့ ရှေးလက်ရာ ဆင်းတုအသေးလေး) […]


“အင်းဝကဗားကရာ” ကျနော်တို့ရဲ့ မန်းလေးပါတ်ဝန်းကျင်မှာရှေးဘုရင်များကောင်းမူ့ကြောင့် ဘုန်းတော်ကြီးကျောင်းတွေအများကြီးရှိခဲ့ပါတယ်။ တကယ်ပြောရင်တော့ ပြည်သူပြည်သားများရဲ့အခွန်နဲ့ဆောက်ခဲ့တော့ အားလုံးကောင်းမူ့လို့ပြောရင်လဲမမှားနိုင်ပါဘူး။ ဦးဆောင်တဲ့သူရဲ့အမည်ကတော့ တွင်ကျန်ရင်ခဲ့တာပေါ့။ ဒီလိုကျောင်းတိုက်တွေထဲမှာ “ဗားကရာကျောင်းတိုက် “ဆိုတဲ့အမည်တူတဲ့ကျောင်းတိုက်တွေရှိနေတာပါဘဲ။ တောင်မြို့ခေါ်တဲ့အမရပူရမှာရှိတယ်။ အခုအင်းဝမှာလဲရှိတယ်။ အင်းဝသွားတဲ့နေ့က ဒီဗားကရာကျောင်းတိုက်ကိုရောက်အောင်ဝင်ခဲ့ပါတယ်။ ဗားကရာကျောင်းကိုသွားမယ်ဆိုရင် အင်းဝမြို့မြောက်ဘက်ကိုသွားတဲ့လမ်းအတိုင်းလို်က်သွားပါ။ လမ်းအနောက်ဘက်ခြမ်းမှာ သမိုင်းပြတိုက်ကိုဝင်ကြည့်လို့ရသေးတယ်။ ဆက်သွားလို့ အလံတိုင်တွေထောင်ထားတဲ့နေရာရောက်ရင် မြောက်ဘက်ဆက်သွား။ တော်တော်လေးသွားလို့ အနောက်ဘက်ကိုဆင်းတဲ့မြေလမ်းလေးရှိရင် တည့်တည့်လိုက်သွား လမ်းဆုံးရင်ဗားကရာကျောင်းပါဘဲ။ မြေလမ်းကလေးက မညီမညာနဲ့ကြမ်းပေမယ့် သူ့နံဘေးက ရူ့ခင်းကတော့စိမ်းစိမ်းစိုစိုသာသာယာယာ။ ထန်းပင်အုပ်စုလေးတွေကလဲယာခင်းထဲမှာ။ ဗားကရာကျောင်းကတော့ ရေနံချေးတွေဝနေလို့ ညို့မှောင်မှောင် ထုကြီးကြီး ခန့်ထည့်တဲ့အသွင်နဲ့မားမားရပ်။ ကျောင်းအဝင်အုဌ်လှေကားကြီးက ထုံးသုတ်ထားပေမယ့် မိုးလေဒဏ်ကြောင့်ရေညှိတက်။ တောင်ဘက်မှာတော့ နောက်ထပ်လှေကားတစ်စင်း နဲ့မြောက်ဘက်မှာပုံစံတူတစ်စင်း။ စုစုပေါင်းလှေကားသုံးစင်း။ အလယ်လှေကားအတက်မှာ စဉ့်အိုးကြီးနှစ်လုံး။ ကျောင်းပေါ်တက်ကြည်တော့ တစ်ကျောင်းလုံးကို ကျွန်းသားတွေနဲ့ဆောက်လုပ်ထားတာကိုတွေ့ရပါတယ်။ ထောက်တို်င်လုပ်ထားတဲ့ ကျွန်းသစ်လုံးပါတ်တွေက အတော်လေးကြီးပါတယ်။ တောင်ဘက်မှာတော့ စုလစ်မွန်းချွန်တွေနဲ့ကျောင်းတစ်ဆောင်ကသီးသန့်။ တန်းစီနေတဲ့တိုင်လုံးတွေက […]


(တောင်ပေါ်ကမြင်ရတဲ့ သီတဂူ) ပြီးခဲ့တဲ့ဒေဝါလီနေ့က စစ်ကိုင်းဘက်ကမိ်တ်ဆွေတစ်ယောက်က ကျနော်ကို စစ်ကိုင်းက သီတဂူဗုဒ္ဓတက္ကသိုလ်ကိုရောက်ဘူးလားလို့မေးတော့ ရှက်ရှက်နဲ့ဘဲမရောက်ဘူးဘူးလို့ဖြေရပါတယ်။ စစ်ကိုင်းတောင်ပေါ်ကိုသာအကြိမ်များစွာရောက်မိပါတယ်။ တောင်တက်လမ်းအစမှာရှိတဲ့ သီတဂူကိုမဝင်မိတာအမှန်ပါဘဲ။ တောင်ပေါ်ကနေဓါတ်ပုံရိုက်တဲ့အခါမှာ တောင်ခြေမှာရွှေတောင်ကြီးပုံထားသလို ရွှေရောင်တွေဝင်းနေတဲ့ ဆန်ချီ စေတီတော်ကြီးကိုမြင်မှသာ သီတဂူကိုသွားဘို့သတိရ။ ဒါပေမယ့်လဲတောင်အဆင်းလမ်းကနေပြန်တယ်ဆိုပြန်တော့ ထပ်မရောက်ဖြစ်။ (26-10-2011)နေ့မှာတော့ ကြိုတင်ရည်ရွယ်မထားဘဲရောက်သွားပါတယ်။ ကျနော်တို့ရောက်သွားတော့ မနက်(10)နာရီကျော်ကျော်။ နေတော့အတော်လေးပူနေပါပြီ။ နေပူနေတော့ အဝင်မုဒ်ဦးကို အထဲရောက်မှဘဲဓါတ်ပုံရိုက်ဖြစ်ပါတယ်။ ကောင်းမူ့တော်စေတီလို့ လုံးဝိုင်းဝိုင်းသဏ္ဍန်ရှိတဲ့ဂူဘုရားပုံစံဖြစ်ပါတယ်။ တံတိုင်းနှစ်ထပ်ရှိပါတယ်။ ပထမတစ်ထပ်ကအဝင်မှာ ဆင်းတုတော်တွေအများကြီး ဖူးမျှော်ရပါတယ်။ အတွင်းတံတိုင်းအတွင်းမှာတော့ မြောက်ဘက်ခြမ်းမှာစေတီတော်တွေရှိပါတယ်။ တံခွန်တိုင်က မားမားမတ်မတ်။ စေတီတော်ရဲ့အတွင်းမှာတော့ ဂူဘုရား။ ဂူဘုရားအတွင်းမှာတော့ သံဃာတော်များစာသင်ကြားတဲ့ခန်းမ။ အင်မတန်မှ သေသပ်တဲ့သစ်သား ပန်းပုလက်ရာများနဲ့ လှပတဲ့မီးပန်းဆိုင်းများကတော့ ကျနော်တို့ရဲ့ခေါင်းပေါ်က ခေါင်မိုးပေါ်မှာ။ စာသင်ခန်းမထဲမှာရှိတဲ့ ကျွန်းခုံများကလဲသေသေသပ်သပ်။ နံရံကပ်ကျွန်းပန်းပုလက်ရာကလည်း သေသပ်လှပ။ ဆရာတော်ကိုယ်တိုင် စနစ်တကျ ဒီဇိုင်းရေးဆွဲလို့တည်ဆောင်ထားတယ်လို့သိရပါတယ်။ နံရံမှာတော့ […]


အင်းလေးကန်ထဲမှာ တည်ထားကိုးကွယ်တဲ့ ဖောင်တော်ဦးဘုရားမှာ အပူဇော်ခံထားတဲ့ ရှေးဟောင်းဆင်းတုတော်တွေပါ။ ဘုရားငါးဆူကို ကျောင်းဆောင်ပေါ်က ငွေကလပ်မှာတင်ပြီးပူဇော်ထားပါတယ်။ အင်းလေးဖောင်တော်ဦးက ဆင်းတုတော်တွေကို ပါတ်ဝန်းကျင်က မြို့တွေရွာတွေကို ဖောင်တော်နဲ့တင်လို့ အပူဇော်ခံလေ့ရှိပါတယ်။ ဒါပေမယ့် ဒီဆင်းတုကတော့ ဘယ်ကိုမှ ရွှေ့ပြောင်းပင့်ဆောင်လို့မရဘူးလို့ သိရပါတယ်။ ဘေးမှာက လေးဆူ အလယ်မှာတစ်ဆူဖြစ်ပါတယ်။ ဘုရားကိုရွှေသင်္ကန်းကပ်လှူကြတာများတဲ့အတွက် ဘုရားမူလပုံစံတော်မရှိတော့ဘဲ ရွှေအတုံးအခဲကြီးလိုဖြစ်နေပါတယ်။ ဖောင်တော်ဦးက ဒီဘုရားကို ရွှေသင်္ကန်းကပ်သူအလွန်များပြားပါတယ်။ လူတွေရှောင်ပြီးရိုက်ထားတဲ့ပုံလေးတွေဖြစ်ပါတယ်။ ဒီအင်းလေးကဘုရားတွေကို ညောင်ရွှေ ရွှေညောင်အစရှိတဲ့မြို့တွေကို ဒေသစာရီကြွလို့ လှည့်လည်အပူဇော်ခံလေ့ရှိပါတယ်၊ ဒီဆင်းတုကတော့ ဘယ်လို့ မှ ပင့်လို့မရပါဘူးတဲ့။ တစ်ခါသားမှာတော့ ဆင်းတုတော်အားလုံးပင့်သွားတဲ ဒီနေရာလေးအရောက်မှာတော်လေကြီးမိုးကြီးကျပြီး ဒီဆင်းတုတော်နစ်မြုတ်သွားပါသတဲ့။ ဒါပေမယ့် ဘုရားပေါ်ကိုအလိုုလိုပြန်ရောက်နေတယ်လို့သိရပါတယ်။ ဒါလေးက အနီးကပ်မြင်ကွင်းလေးပါ။တုူိင်ပေါ်မှာ ဟင်္သာရုပ်ကလေးနဲ့။ ဒါကတော့ ဆင်းတုတော်သယ်တဲ့ အနောက်ဘက်က ဆင်းတုတော် အရှေဘက်က ဆင်းတုတော် အရှေ့မြောက်ဒေါင့်ကဆင်းတု ဆင်းတုတော်ငါးဆူ […]


(20-9-2011)နေ့မနက် 11နာရီ လမ်း80ကနေ 29လမ်းအတိုင်းအနောက်ဆင်းလာတော့ အခုမြင်နေရတဲ့ကားက လမ်းပြောင်းပြန်ကြိးဝင်သွားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် 26ဘီလမ်းကျုံးလမ်းအတိုင်းအရှေ့ဘက်ကနေ အနောက်ဘက်ကိ ုလာတော့ 78လမ်းမီးပွိုင့်မှာ လမ်းစည်းကမ်းကိုလိုက်နာကြဘ…ို့ ဆော်ဩနေပါတယ်။ အခုလို တိုက်အသစ်ဆောက်နေတာကို အင်္ဂတေလာပို့တဲ့ ကားလမ်းပြောင်းပြန်ဝင်တာကရော သင့်တော်ပါသလား။ ကားသမားကရော ဘယ်သူရဲ့ ခွင့်ြ့ပုချက်နဲ့ဝင်ပါသလဲ။ခွင့်ပြုချက်မရဘဲဝင်တယ်ဆိုရင် ရော စည်းကမ်းအတော်မဲ့တယ် လို့ပြောရင်ရင်ပါတယ်။ ဒီလိုလမ်းပြောင်းပြန်ဝင်လာပေမယ့် အဲဒီကားကို မောင်းလာသူရဲ့မျက်နှာပေးက လမ်းမှန်ကို ဝင်လာနေတဲ့အတိုင်း ခပ်တည်တည်။ ဒါကတော့ အင်္ဂတေချတဲ့ကားလမ်းပြောင်းပြန်ရပ်ထားတာလေ။ သူကတော့ ခပ်တည်တည် ကိုယ့်သဘောနဲ့ကိုယ်ဒီလိုလုပ်တာလား ခွင့်ပြုချက်ယူထားသလားတော့ သူတို့မှသိမှာပါ။ မန်းလေးမှာ ဒီလိုစည်းမဲ့ကမ်းမဲ့တွေများပါတယ်။ တစ်ချိုံလိုင်းကားတွေက ပိုဆိုးပါတယ်။ လူစည်ကားချိန်မှာ လမ်းပြောင်းပြန်ဝင်ပြိး ဇွတ်အတင်းမောင်းကြတာ။ အဲတော့ဒီလို လုပ်ချင်သလိုလုပ်နေတာက ဖြစ်သင့်ပါသလာ။ ဒါကကော လူအခွင့်အရေးလို့ပြောရင်ရပါသလား။ အဝေးကရိုက်တော့ သိပ်တော့မထင်ရှားဘူးလေ အဲတော့ တကယ့်ိကိုစည်းမဲ့ကမ်းမဲ့ဖြစ်နေတဲ့ပုံလေးကို တင်ပေးလိုက်ပါတယ်။ ကောင်းအောင်ဝိုင်းဝန်းလို့ […]


ရွှေဘိုမြို့ကို 2005ခုနှစ်မှာရောက်တုန်းက ဈေးအနောက်ဘက်လမ်းကနေဖြတ်သွားခဲ့ပါတဲ့အခါ လမ်းအရှေ့ဘက်မှာ စုလစ်မွန်းချွန်တွေရွှေရောင်တစ်ပြောင်ပြောင်နဲ့လှမ်းမြင်တော့ နန်းတော်နေရာဟောင်းမှာ ပြန်အသစ်ဆောက်ထားတာလို့ပြောပါတယ်။ ဟိုအရင်က နန်းတော် နောက်တော့ အကျဉ်းစခန်း(ထောင်) အခုတော့ မူရင်းမပျက်ပြန်တည်ဆောက်ထားတာသိရပါတယ်။ ဲအဲဒီတုန်းက အချိန်မရလို့ မဝင်ခဲ့ရပေမယ့် ခုတစ်ခေါက်တော့ မရောက်ရောက်အောင်သွားခဲ့ပါတယ်။ အဝင်ဝမှာမြင်ရတဲ့ ကျောက်စာ သံတံခါးပိ်တ်ထားတာရယ် ရေတွေရယ်ကြောင့် ဖတ်တော့ဖတ်ခွင့်မရ။ ဒါကတော့မြောက်ဘက်မိဖုရားအဆောင်တော်ပါ။ အခန်းထဲဝင်ကြည့်တော့သိပ်အကျယ်ကြီးတော့ မဟုတ်ပါဘူး။ မြောက်နန်းဆောင်အနီးကပ် မြက်ခင်းစိမ်းတွေကြားက လှပတဲ့အနောက်စံနန်းဆောင်တော်။ ဒါကတော့ အရှေ့တည့်တည့်ကမြင်ရတာလေ။ အခန်းထဲဝင်ကြည့်တော့မြင်ရတဲ့တိုင်လုံးကြီးတွေ နောက်ဘက်ကကြည့်ရင် တံခါးသုံးပေါက်ရှိပါတယ်။ စကားဖြူပန်းပင်ကြားကမြင်ရတဲ့ တောင်နန်းမိဖုရားအဆောင် အနီးကပ်တောင်နန်းဆောင် အလယ်နန်းမတော် ဒီအထဲမှာတော့ အကြီးဆုံးပါဘဲ နန်းဆောင်ထဲကပလ္လင်တော် ရှေ့တည့်တည့်ကမြင်ရတာလေ ကျောက်စာရုံနဲ့မျက်နှာချင်းဆိုင်မှာတော့ အလောင်းမင်းတရားကြီးရဲ့အုဌ်နန်းပြဿဒ်ရှိပါတယ်။ ပိတ်ထားတော့ အပြင်ကဘဲ ဓါတ်ပုံရိုက်ခဲ့ရတယ် အထဲမှာကျောက်စာတိုင်တစ်ခု ဒါကတော့ ပြတိုက် လေးနာရီကျော်တော့ ပိတ်သွားလို့ အထဲမဝင်ခဲ့ရ ပြတိုက်အဝင်ဝက ကျောက်စာတိုင် […]


ဖိုးပေါ်ဘုရားနဲ့ ဖုးိကုလားရဲ့ဘေးနားက ဘုရား ဖိုးကုလားဘုရားထဲကို ဝင်ကြည့်တဲ့အခါ တောင်ဘက်ဘေးမှာလဲဂူဘုရားတစ်ဆူတွေ့ရပါတယ်။ ။ ပြုပြင်ထိန်းသိမ်းမူ့မရှိတော့ ဘုရားပေါ်မှာအလေ့ကျ ပေါက်တဲ့အပင်လေးတွေကိုတွေ့ရပါတယ် အဝင်ပေါက်တည့်တည့်က အရုပ်တစ်ခုကတော့ ကျိုးပြတ်လို့နေပါတယ်။ အနီးကပ်လက်ရာ အနုစိတ်။ လျောင်းတော်မူဘုရား ဂူထဲမှတည်ထားပါတယ်။ နံရံကပ်ဘုရားစင်လေး ဒါကတော့ မြောက်ဘက်ခြမ်းက ဖိုးပေါ်ဘုရား။ အဝင်အုဌ်ရိုးပေါ်မှာ ကန့်တော့ပွဲလေးတစ်ပွဲ။ အဲဒီနေ့ရ ဘုရားပုရဝုဏ်ထဲမှာ သန့်ရှင်းရေးတွေလုပ်နေကြပါတယ်။ ဒီဖိုးပေါ်ဘုရားအတွင်ထဲတော့ ဝင်ကြည့်လို့မရပါဘူး။ အဝင်ဝမှာသော့ခတ်ထားပါတယ်။ အတွင်းကိုလှမ်းကြည့်တော့ လူ့အသုံးအဆောင်ပစ္စည်းတွေကို တွေ့ရပါတယ်။ မှန်းကြည့်ရတာတော့ အထဲမှာလူနေပုံရပါတယ်။ ဖြစ်သလိုသွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေပါ။ တောင်ဘက်ခြမ်းအနီးကပ်။ ရှေ့တည့်တည့်ကမြင်ရတာပါ။ ဘုရားနှစ်ဆူတွဲ ဒါကတော့ရှေ့အဝင်ပေါက် ဘေးဘက်က မြင်ကွင်း အဝေးကြည့်တော့ပိုလှတယ် မန်းလေးရောက်ရင် သွားနော်


ညောင်ပင်တွေက အသက်ရှည်တာများပါတယ်။ နောက်ထူးခြားတာကတော့ ပင်စည်ကနေအမြစ်ဖြစ်တာပါဘဲ။ ဒီနေရာကလူတွေကတော့ ညောင်ပင်က ကျနေတဲ့အမြစ်ပွားတွေကို အောက်ကနေခြင်းနဲ့ခံထားပါတယ်။ ကျနော်မြင်ရတာတော့ တွဲလောင်းကျနေတဲ့ညောင်မြစ်က စုစုပေါင်း 5ခု သဘာဝက ဖန်တီးတဲ့အလှက လူသားတွေတည်ဆောက်တာထက်အပုံကြီးသာပါတယ်။ ဒါကတော့ ဘေးဘက်ကမြင်ကွင်း။ ဒါလေးကတော့ ရှေ့တည့်တည့်က မြင်ရတဲ့ မြင်ကွင်းလေးပေါ့။ ဒါကတော့ အပေါ်ပိုင်းက လှပစွာ သဘာဝက ဖန်ဆင်းထားတာလေးပေါ့။ ဒါလေးကလဲအပေါ်ပိုင်း ပင်စည်တွေဖြာနေတဲ့ပုံပါဘဲ။ ဒါကတော့ ဘေးဘက်က အနီးကပ်။ ဒါကတော့ ရှေ့တည့်တည့်အနီးကပ် ဒီအပင်တွေကအပေါ်ဆုံးအပင်က မိုးကုတ်မှာတစ်ပင် မိုးကုတ်အသွားလမ်းက ရွှေညောင်ပင်ဆိုတ့နေရာ မှာတွေ့ရသပေါ့။ ဒီအပင်ကတော့ ဆပ်သွားဖူးပင်တဲ့ဗျာ။ အမြင့်ကြီး အသီးတွေတောင်ရှိနေသေးတယ်။ ဒီလောက်မြင့်တဲ့ ဆပ်သွားဖူးပင် ဒီတစ်ခါဘဲမြင်ဘူးသေးတယ်။ မထူးပေမယ့်လှတယ်ထင်လို့တင်ပေးလိုက်ပါတယ်။


နံနက်ခင်းတစ်ရက် နေရောင်က ကမ္ဘာမြေကိုလာဘို့အချိန်တန်ပေမယ့် အပျင်းကြီးစွာ မိုးတိမ်တွေနောက်မှာပုန်းနေရာကနေ………… ရေပြင်ပေါ်ကိုတော့ တလက်လက်ထနေတဲ့ ရွှေရည်စက်တွေကျဲပက် တူသလိုမတူသလိုနဲ့ အဝေးကရှမ်းရိုးမက တောင်စဉ်တောင်တန်းကြားထဲမှာ တောင်ခိုးတွေက ဆိုင်းလျက် တူသလိုလိုနဲ့ နည်းနည်းစီကွာသွားတဲမြင်ကွင်း မန်းကန်တော်ကြီးအနောက်ဘက်နေ့ ဟို့အရှေ့ဘက်က ရှမ်းရိုးမကိုမြင်နေရတဲ့မြင်ကွင်းပေါ့ ဘယ်ဘက်ခြမ်းက မဲမဲလေးကတော့ အပန်းဖြေစားသောက်ဆိုင်တွေ အဝေးမှာတော့ မဟာမုနိဘုရား က မူံဝါးဝါး