စည်းမဲ့ကမ်းမဲ့ (ဝမ်းဝေးနဲ့ မန္တလေး)

(20-9-2011)နေ့မနက် 11နာရီ လမ်း80ကနေ 29လမ်းအတိုင်းအနောက်ဆင်းလာတော့ အခုမြင်နေရတဲ့ကားက လမ်းပြောင်းပြန်ကြိးဝင်သွားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် 26ဘီလမ်းကျုံးလမ်းအတိုင်းအရှေ့ဘက်ကနေ အနောက်ဘက်ကိ ုလာတော့ 78လမ်းမီးပွိုင့်မှာ လမ်းစည်းကမ်းကိုလိုက်နာကြဘ…ို့ ဆော်ဩနေပါတယ်။ အခုလို တိုက်အသစ်ဆောက်နေတာကို အင်္ဂတေလာပို့တဲ့ ကားလမ်းပြောင်းပြန်ဝင်တာကရော သင့်တော်ပါသလား။ ကားသမားကရော ဘယ်သူရဲ့ ခွင့်ြ့ပုချက်နဲ့ဝင်ပါသလဲ။ခွင့်ပြုချက်မရဘဲဝင်တယ်ဆိုရင် ရော စည်းကမ်းအတော်မဲ့တယ် လို့ပြောရင်ရင်ပါတယ်။
ဒီလိုလမ်းပြောင်းပြန်ဝင်လာပေမယ့် အဲဒီကားကို မောင်းလာသူရဲ့မျက်နှာပေးက လမ်းမှန်ကို ဝင်လာနေတဲ့အတိုင်း ခပ်တည်တည်။

ဒီလမ်းက တစ်လမ်းမောင်းပါ တောင်ကနေမြောက်ကိုဘဲသွားလို့ရတဲ့ 81လမ်းလေ

ဒါကတော့ အင်္ဂတေချတဲ့ကားလမ်းပြောင်းပြန်ရပ်ထားတာလေ။
ဆင်ရိုက်တယ်ထင်မှာစိုးလို့ တစ်ဆင့်ခြင်းရိုက်ထားတာပါ

သူကတော့ ခပ်တည်တည် ကိုယ့်သဘောနဲ့ကိုယ်ဒီလိုလုပ်တာလား ခွင့်ပြုချက်ယူထားသလားတော့ သူတို့မှသိမှာပါ။
တိုက်သစ်ဆောက်နေတဲ့အပေါ်ကို အင်္ဂတေဖျော်ပြီးသားလာပို့တာလေ

မန်းလေးမှာ ဒီလိုစည်းမဲ့ကမ်းမဲ့တွေများပါတယ်။
တစ်ချိုံလိုင်းကားတွေက ပိုဆိုးပါတယ်။
လူစည်ကားချိန်မှာ လမ်းပြောင်းပြန်ဝင်ပြိး ဇွတ်အတင်းမောင်းကြတာ။
ဒါကဆောက်လက်စတိုက်နဲ့ပြောင်းပြန်ဝင်တဲ့ကား

အဲတော့ဒီလို လုပ်ချင်သလိုလုပ်နေတာက ဖြစ်သင့်ပါသလာ။
ဒါကကော လူအခွင့်အရေးလို့ပြောရင်ရပါသလား။
သိပ်မကွာတဲ့အချိန် လေးမှာရိုက်တာလေ အဝေးကလှမ်းရိုက်ထားတာပါ

အဝေးကရိုက်တော့ သိပ်တော့မထင်ရှားဘူးလေ
အဲတော့ တကယ့်ိကိုစည်းမဲ့ကမ်းမဲ့ဖြစ်နေတဲ့ပုံလေးကို တင်ပေးလိုက်ပါတယ်။
ဒီပုံလေးကတော့ရှင်းပါတယ်

ကောင်းအောင်ဝိုင်းဝန်းလို့ မူသစ်တွေနဲ့တည်ဆောက်နေတဲ့နိုင်ငံတော်အသစ်အတွက်အကောင်းမြင်စိတ်နဲ့စေတနာ စကားပါးရမယ် ဆိုရင် ဒီလိုစည်းမဲ့ကမ်းမဲ့ လုပ်ကိုင်နေတာကို သေသေချာချာတားဆီးသင့်တယ်လို့ထင်ပါတယ်။ အခုဆောက်နေတဲ့အိမ်ကိုရော ကားမောင်းလာသူကို ကျနော်ဘယ်သူမှန်းမသိပါဘူး။
မန်းလေးမှာဖြစ်နေတာက မော်တော် ပီကယ်က ဘယ်လောက်ဖမ်းဖမ်း ဖမ်းတုံးလေးခဏဘဲ။
လမ်းပြောင်းပြန်မှန်းသိသိကြီးနဲ့လဲ စီးတာဘဲ။ပြောင်းပြန်စီးသူက အရှိန်မရှော့ဘဲဇွတ်မောင်း မသေချင်သေးတဲ့ လမ်းမှန်စီးသူက ရှောင်ပေးနေရပါတယ်။
ဒါတွေက ပပျောက်သင့်ပါတယ်။ အခုပုံထဲကလို လမ်းပြောင်းပြန်ပေါ်မှာ ထင်တိုင်းကျဲတာမျိုးက နေရာတကာမှာပါ။
ဒီလိုစည်းကမ်းမဲ့တာတွေက အုပ်ချုပ်သူမှာတင်တာဝန်ရှိတယ်လို့မထင်ပါဘူး။
သတ်မှတ်ထားတဲ့စည်းကမ်းကို လူတိုင်းကတော့လေးစားလိုက်နာသင့်တယ်လို့ ထင်ပါတယ်။
ကဲဒီတော့ ဒီအဖြစ်အပျက်တွေကိုဘယ်သူတွေက ရပ်တန့်စေမှာလဲ။ တားဆီးမှာလဲ။
ဘယ်သူတွေမှာတာဝန်ရှိပါသလဲ။
ဖြစ်ရောဖြစ်သင့်ပါသလား…………………

15 comments

  • zawmyothu

    September 21, 2011 at 8:58 am

    လေးပေါက် တောင်ဘက်မှာက ရဲစခန်းရှိတယ်လေဗျာ
    သူတို.ခွင်.ပြုချက်နဲ. ဝင်နေတာလားမှ မသိတာ 😛
    ရဲစခန်းရှေ.က အမှိုက် ပုံကလဲ တော်တော် စည်းကမ်းရှိတယ်နော 😛

  • etone

    September 21, 2011 at 10:20 am

    ဟီး … လေးပေါက်ကြီး အဝေးကမို့လို့ ရိုက်တာ … အနီးကရိုက်လျှင် ပြေးပေါက်မှားမယ်နော် 😀
    သမီးလည်း ဝါသနာပါလို့ အဝေးကရော အနီးကရော ရိုက်တာ … ပြေးပေါက်မှားခဲ့ဖူးတယ် …. တစ်သက်နဲ့တစ်ကိုယ် တစ်ခါတည်း ပြေးရတာ အသက်ထွက်မတတ်ပဲ :mrgreen:

  • mandalarthu

    September 21, 2011 at 1:00 pm

    ိုစည်းကမ်း ရှိဖို.ကတော. တစ်ဦး တစ်ယောက်ချင်းမှာ တာဝန်ရှိတယ်လို့ထင်ပါတယ်။
    သတ်မှတ်ထားတဲ့စည်းကမ်းကို လူတိုင်းကတော့လေးစားလိုက်နာသင်.တာတော. အမှန်ပါ။
    ယခုလဲ သက်ဆိုင်ရာက လမ်းစည်းကမ်းကိုလိုက်နာကြဘိုု. ဒဏ်တပ် ပြီး တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေ
    ကြတာမို. မကြာမ ီစည်းကမ်းမဲ့သူတွေ ပပျောက်တော.မှာပါ။ အဲဒီ အခါ
    ဦးပေါက် လည်း ဦးပေါက်ရဲ. ခေါင်းစဉ်ကို စည်းကမ်း ရှို တဲ.(ဝမ်းဝေးနဲ့ မန္တလေး) လို.
    ပြန်ပြောင်းရလိမ်.မယ်နော်။
    ကျွန်တော်ကတော. ကိုယ်.မြို.နဲ.ပတ်သက်ပြီး အမြဲဂုဏ်ယူပါတယ်။ ဘာ.ကြောင်.လဲဆိုတော.
    ကျွန်တော်က မန္တလေးကို ချစ်တဲ. မန္တလာသူ ဖြစ်နေလို.ပါဘဲ။
    မန္တလေးကိုစေတနာထားတဲ. ဦးပေါက်(မန္တလေး)လည်း မန္တလေးအတွက် အမြဲဂုဏ်ယူနိုင်ပါစေ။

  • windtalker

    September 21, 2011 at 1:40 pm

    ဂုဏ် ဆို လို ့
    မြို ့ဂုဏ်ရောင် ရုပ်ရှင်ရုံ ကို သတိရမိတယ်
    ကျွန်တော် တို ့ငယ်ငယ်တုန်းက အမြဲလို ကြည့်ခဲ့တဲ့ ရုပ်ရှင်ရုံ
    အခုတော့လဲ
    ဟောင်းနွမ်း လျော ့ပါး ၊ ကြည့်တဲ့လူ အဝင်နည်းနေရှာပေါ့

  • Zaw Wonna

    September 21, 2011 at 3:30 pm

    ကိုပေါက်ရဲ့ တင်သမျှ ပုံတွေထဲမှာတော့ ဒီပုံကို အကြိုက်ဆုံးပါပဲ။ နိုင်ငံတိုးတက်ရေးအတွက် နိုင်ငံသားတစ်ဦး အနေနဲ့ တတ်နိုင်သလောက် တင်ပြပေးနိုင်တာကို ချီးကျူးပါတယ်ခင်ဗျာ။ ဖိုတိုအက်ဆေး ခေါ်မလား။ ဒီပုံတစ်ခုထဲမှာကို စည်းကမ်းလိုက်နာမှုနဲ့ ပတ်သက်လို့ တော်တော်များများ မြင်တွေ့နိုင်ပါတယ်။ လမ်းပြောင်းပြန် ရပ်ထားတဲ့ကား၊ လမ်းပြောင်းပြန် မောင်းလာတဲ့ ဆိုင်ကယ်၊ လူသွား ပလက်ဖောင်းပေါ် တက်ရပ်ထားတဲ့ ကား၊ အမှိုုက်ပုံး အပြင်ဘက်ကျနေတဲ့ အမှိုက်တွေ၊ အကာအရံ ပိုက်ကွန် လုံလုံလောက်လောက် မရှိတဲ့ ဆောက်လက်စတိုက်။ အို အများကြီး ပါလားဗျ။
    “ကဲဒီတော့ ဒီအဖြစ်အပျက်တွေကိုဘယ်သူတွေက ရပ်တန့်စေမှာလဲ။ တားဆီးမှာလဲ။
    ဘယ်သူတွေမှာတာဝန်ရှိပါသလဲ” ဆိုတဲ့ မေးခွန်းအတွက် ကျနော့် အမြင်ကတော့ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေမှာ တာဝန်ရှိပါတယ်။ သန့်ရှင်းတယ်၊ စည်းကမ်းရှိတယ်ဆိုတဲ့ နိုင်ငံတွေမှာ အဲဒါတွေ ဖြစ်ပေါ်လာအောင် တာဝန်ရှိတဲ့ လူတွေက တိတိကျကျ အရေးယူ ဆောင်ရွက်ကြပါတယ်။ တစ်ခုတော့ ရှိသပေါ့၊ လူတွေ လိုက်နာနိုင်တဲ့ စည်းကမ်းမျိုးလည်း ဖြစ်ဖို့ လိုအပ်ပါတယ်။

  • မန်းလေးသားမို့လို့ လဲ မန်းလေးရဲ့လှပတဲ့ရူ့ခင်းလေးတွေကိုဘဲအမြဲတင်ပေးနေခဲ့တာပါ။
    ဒါပေမယ့် မှားနေတာကို မြင်ရဲ့နဲ့မတင်ဘဲထားရင် ………..
    တာဝန်မကျေဘူးလို့ယူဆမိလို့ ဒီပုံကိုတင်ပေးလိုက်ပါတယ်။
    ဘယ်သူ့ကိုမှထိခိုက်နစ်နာစေလိုတဲ့ စိတ်မရှိတာတော့ အမှန်ပါဘဲ။
    နိုင်ငံကောင်းဘို့ စည်းကမ်းရှိဘို့ကတော့ ကျနော်အပါအဝင်နိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်လို့ ခံယူပါတယ်။

  • thit min

    September 21, 2011 at 6:16 pm

    တကယ်မသိလို့မေးပါရစေ…………….
    အဲဒီလိုထွက်ကျနေတဲ့အမှိုက်တွေကိုအမှိုက်ပုံးထဲပြန်ရောက်အောင်၊
    ဒါမှမဟုတ်သန့်ရှင်းသွားအောင်တယောက်ယောက်(ကျနော်ကပေါ့ဗျာ)က
    လုပ်မယ်ဆိုရင်ခွင့်ပြုလားဗျ။ခွင့်ပြုတယ်ဆိုရင်
    ကိုယ်တတ်နိုင်သလောက်လိုက်သိမ်းပေးချင်ပါရဲ့ဗျာ။
    ကိုယ်မြို့အမှိုက်ရှုပ်တာကိုယ်အိမ်ရှုပ်သလိုပါပဲဗျာ။

    ကွိုင်တက်ဖို့ရှိလားဗျ။
    မြန်မာပြည်မရောက်တာကြာလို့မေးကြည့်တာပါ။

    • TTNU

      September 21, 2011 at 11:33 pm

      ရှိတယ်ဆရာရေ ။ အခု NGO ကလေးတွေ မ​န ္တလေးတောင်တက်လမ်းတစ်လျှောက် အမှိုက်ကောက်တာတို့ ဘာတို့ လုပ်နေကြပါတယ်။
      အမှိုက်ကောက်တာနဲ့တော့ ကွိုင် မတက်ပါဘူးကွယ်။
      ကုသိုလ်တောင်ရပါသေး။

  • ကွိုင်တော့မတက်ပါဘူး။
    ဘာလာကြောင်တာလဲဆိုတဲ့အကြည့်လေးတွေနဲ့ဘဲအားပေးတာခံရမှာပါ။

    • thit min

      September 21, 2011 at 7:52 pm

      ကြောင်တယ်လို့ထင်တာမျိုး၊စတားလုပ်တာလားဆိုတာမျိုးတွေကတော့အစပထမတော့ဖြစ်နိုင်ပါတယ်။
      လေးလေးစားစားနဲ့သေသေခြာခြာလုပ်တာမြင်သွားရင်တော့အများလက်ခံလာနိုင်စရာရှိပါတယ်။
      အာဏာပိုင်အဖွဲ့အစည်းတွေကကွိုင်မရှိမှရေရှည်လုပ်နိုင်မှာမို့ပါ။
      နိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်လို့အော်နေရုံလေးနဲ့နှစ်တွေကြာခဲ့ပါပြီ။
      လုပ်လို့ရမယ်ဆိုရင်လုပ်နိုင်တာလေးတွေလုပ်ကြည့်ချင်ပါတယ်။
      ကျနော့ကိုပိုင်ခံစားချက်လေးပါခင်ဗျာ။

  • သိပ်မှန်တာပေါ့ ကိုသစ်မင်းရေ။
    ဒီလိုဝိုင်းဝန်းလုပ်ချင်တဲ့စိတ်ရှိသူတွေများလာရင် နိုင်ငံကောင်းလာမှာပါ။
    တစ်နေ့ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။
    အခုအနေအထားမျိုးမှာ ကောင်းသောရည်ရွယ်ချက်နဲ့သာလုပ်မယ်ဆိုရင် အာဏာပိုင်အဖွဲ့အစည်းတွေကလဲ
    အနှောင့်အယှက်မပေးဘူးလိုယုံကြည်ပါတယ်။
    ဒီလိုလုပ်ချင်စိတ်ရှိသူတွေစုလိုက်ကြရအောင်ဗျာ။
    ကျနော်လဲပါမယ်။

    • thit min

      September 22, 2011 at 9:24 am

      ကောင်းပါပြီဘရာသာပေါက်ခင်ဗျား..
      ဆရာဖေမြင့်ရဲ့”ကြယ်ငါးလေးတကောင်”ဝထ္ကူတိုလေးထဲကလိုပေါ့ဗျာ။
      ပင်လယ်ရေကျသွားလို့သဲသောင်ပေါ်တင်ကျန်ခဲ့ပြီးသေရမဲ့”ကြယ်ငါးလေးတွေ”ထဲကတကောင်
      လောက်ကျနော်တို့ကောက်ပြီးပင်လယ်ထဲပြန်ပစ်နိုင်ခဲ့ရင်(အားလုံးကိုမကယ်နိုင်းပေမဲ့)အဲဒီတကောင်အတွက်တော့ထူးခြားသွားမှာပေါ့ဗျာ။
      ကျနော်တို့ဖြစ်အောင်လုပ်ကြရအောင်ပါ။ငွေရေးကြေးရေးအလှူမခံ၊လုပ်အားအလှူခံတဲ့အဖွဲ့တခုလို့
      ရေရှည်မှာစဉ်းစားထားပါတယ်။
      အမှိုက်ကောက်တာအပြင်၊ပြည်သူ့ဆေးရုံလိုနေရာမျိုးရဲ့ပတ်ဝန်းကျင်၊အိမ်သာအစရှိတာတွေကိုပါဆက်
      ပြီးသန့်ရှင်းရေးလုပ်ချင်ပါတယ်။
      ကျနော်ရဲ့ငယ်ဘဝတစိတ်တပိုင်းတက္ကသိုလ်
      ကျောင်းသားဘဝမှာကျနော်တို့တက္ကသိုလ်ရဲ့အင်္ဂလိပ်စာဌာနမှူးကဆရာL.Jကံကြီးပါ(သူအမကရန်ကုန်တက္ကသိုလ်ကအင်္ဂလိပ်စာပရော်ဖက်ဆာဆရာမကြီး E.J ကံကြီးပေါ့နော်)
      (ဆရာမကြီးဒေါ်TTNUတို့ကောင်းကောင်သိမယ်ထင်ပါတယ်ခင်ဗျ)
      ကျနော်နေမကောင်းလို့တက္ကသိုလ်ဆေးရုံတက်ရတော့ဆရာလင်းနစ်(L.J ကံကြီး)လာကြည့်တယ်။
      ခဏနေတော့ဆရာပျောက်သွားလို့လိုက်ရှာလိုက်တော့ရေတပုံး၊ဘရပ်ရှ်တချောင်းနဲ့အိမ်သာဆေးနေတဲ့
      ဆရာကြီးကိုတွေ့လိုက်ရလို့၊ခင်နေပြီဖြစ်တဲ့ဒေါက်တာနဲ့နာစ်တွေကိုပြေးခေါ်ပြီးပြတော့၊လိုက်လာပြီးကြည့်ကြပြီး၊ကျနော်ကိုဝိုင်းဟားကြသဗျ။
      အဲဒါမဆန်းဘူးဟ၊ဆရာကြီးက၂ပတ်တခါ၊တလတခါလောက် လာလုပ်နေကြပဲတဲ့ဗျာ။
      ဘိုလိုဝတ်ပြီး၊အမြဲသပ်သပ်ရပ်ရပ်နဲ့ဖောရိန်းနားတယောက်စတိုင်နဲ့ဆရာကြီးရဲ့အသွင်အပြင်နဲ့
      ခုလိုသန့်ရှင်းရေးလုပ်ဆောင်တာမျိုးကိုမြင်ရတော့နဂိုချစ်ခင်လေးစားမှုကိုပိုတိုးပွါးစေတာအပြင်
      တစုံတခုသောသင်ခန်းစာကိုသင်ပေးနေတာပါလားလို့ခံယူမိပါတယ်။

      (ကွယ်လွန်သွားပြီဖြစ်သောကျေးဇူးရှင်ဆရာ L.J ကံကြီးအားဦးခိုက်လျှက်)

  • kai

    September 21, 2011 at 11:26 pm

    ဂျပန်က..နှလုံးသားထိတဲ့..တီဗီ ကြော်ငြာလေးတခုသတိရမိတယ်..။

    လူကြီးက ကားထဲဆေးလိပ်သောက်ပြီး.. ဆေးလိပ်ပြာခွက်ကို လမ်းပေါ်မီးပွိုင့်ရပ်တုံး.. သွန်ချတဲ့အခါ.. ကျောင်းသားလေးအရွယ်က.. “လမ်းမဟာမင်းရဲ့အမှိုက်ပုံမဟုတ်ဖူး”လို့အော်ပြောတာ..
    ဒါမျိုးကြော်ငြာတွေကို.. ဘာသာရေးအဖွဲ့တွေ..နန်းပရောဖစ်အဖွဲ့တွေ.. ဆိုင်ရာမြို့နယ်ဒေသအာဏာပိုင်တွေ..လုပ်ကြတယ်..။

    ဆိုတော့..
    မြန်မာတွေ..အသဲထဲမှတ်သွားစေချင်ရင်..အဖွဲ့လေးထောင်…
    ငွေစု..
    ပြီရင်..အောက်ကဇတ်လမ်းလေးဆင်…။
    ပြဿနာမတက်စေချင်ရင်.. ဆိုင်ရာလွှတ်တော်အမတ်ကို သွားပြောထားပေါ့..။

    မန္တလေးက..ဘုန်းကြီးအိုတပါးက.. ..ဆွမ်းခံကြွလာရင်း..သပိတ်လေးချ.. လျှံကျနေတဲ့အမှိုက်တွေကို.. တုန်ချိချိနဲ့..အမှိုက်ပုံးထဲလိုက်ပြန်ကောက်ထည့်နေတာကို.. တီဗီ..ဓါတ်ပုံရိုက်.. အသံလေးပါထည့်လိုက်ပေါ့.. “တကာတို့..ကိုယ့်အမှိုက်တွေကို.. ပုံးထဲတော့ သေချာထည့်ကြပါကွယ်..။ လူတွေကို ငရဲမပေးပါနဲ့.. ကိုယ်တိုင်လည်း မယူပါနဲ့”

    လို့..

    ဓါတ်ပုံလေးရိုက်ပြီး.. ဂျာနယ်ထဲကြော်ငြာအနေနဲ့ထည့်လည်းရတယ်..။

    • ကြောင်ကြီး

      September 22, 2011 at 9:11 am

      သဂျီးရယ် ကိုယ့်ရွာထဲက အမှိုက်ပဲ အရင်ကျုံးစမ်းပါအုံး..။

Leave a Reply