“ခမ်းဟွမ်………………… ……..” (အသစ်တစ်ဖန်………………………….) သင်္ကြန်တွင်းအလုပ်တွေပိတ်တော့ ကျနော့် မန်းလေးကို ပြန်လာခဲ့ပါတယ်။ ဒီပိတ်ရက်ကရှည်တော့အဝေးရောက်သားသမီးများအိမ်ပြန်ချိန်လို့ဆိုရင်လဲရနိုင်ပါတယ်။ မတွေ့တာကြာတဲ့သူငယ်ချင်းတွေအကုန်ပြန်ဆုံပါတယ်။ ရွှေလီဖက်ရောက်နေတယ်ဆိုတဲ့“ငြိမ်းမ”တစ်ယောက်ကလွဲလို့ပေါ့။ သင်္ကြန်ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးလည်လိုက်ပတ်လိုက်။ လက်ဖက်ရည်ဆိုင်ထိုင်လိုက် နဲ့ပေါ့။ သူတို့နဲ့မသွားဘဲအိမ်မှာတစ်ယောက်ထဲရှိနေတဲ့အချိန်အခါမျိုးမှာဖြစ်ဖြစ် သူနဲ့သွားခဲ့လာခဲ့ဘူးတဲ့နေရာကိုရောက်ရင်ဘဲဖြစ်ဖြစ် ဘေဘေးကို သတိရမိပါတယ်။ အထူးသဖြင့် မနက် မနက် ကန်တော်ကြီးမှာ လမ်းလျောက်တဲ့အခါမှာပေါ့။ သူငယ်ချင်းတွေပြန်ဆုံပေမယ့်လဲ ဘေဘေး သတင်းကတော့ အစအနကိုမရပါဘူး။ သူဘယ်ရောက်သွားတယ်ဆိုတာ တိတိကျကျသိသူမရှိ။ သူအိမ်ထောင်မကျဘူးဆိုတာကတော့ သေချာသလောက်။ ဘယ်သူ့ဆီကို မှ ဘေဘေးရဲ့ မင်္ဂလာဆောင်ဖိတ်စာမရောက်လို့ပါ။ ကိုယ်စိတ်ကိုယ်ဒီလိုဘဲဖြေသိမ့်ရတာပေါ့နော်။ ကျနော်သူတို့အိမ်ဘက်ပါတ်ကြည့်တော့လဲအရိပ်အယောင်တောင်မမြင်ရ၊။ မိပန်ကတော့ “နင်တောင်ကြီးရောက်ပြီးတစ်လ နှစ်လ လဲနေရော ခမ်း ကိုလဲ ငါတို့မတွေ့တော့ဘူး” လို့ပြောပါတယ်။။ ဒီလိုနဲ့ဘဲပိတ်ရက်ကုန်တော့ တောင်ကြီးကိုပြန်ခဲ့ရပါတယ်။ တောင်ကြီးရောက်ပြီးလို့ သိပ်မကြာခင်မှာဘဲ ကျယ်ဂေါင်မှာရှိတဲ့ ရုံးကိုသွားဘို့ဖြစ်လာပြန်ပါတယ်။ တစ်ခါမှမရောက်ဘူးတဲ့အရပ်မို့လို […]