တစ်ရက်ကျနော်တို့ လက်ဖက်ရည်ဆိုင် ထိုင်နေကြတုန်း “ကိုဆွေ” က အခုရက်အတွင်း သူ့လုပ်ငန်းခွင်ထဲမှာ အဆင်မပြေတာ ၊သူ့အထက်က လူက သူကိုမကြာခဏခေါ် ခေါ်ပြီးဆူတာ အကျပ်ခံရတာတွေကို စိတ်ပျက်လက်ပျက်နဲ့ ပြောပြနေပါတယ်။သူတို့ရောင်းတဲ့ကုန်ပစ္စည်းကလည်း အခုလိုကျောင်းဖွင့်ရက်ဆို ရောင်းမကောင်း တတ်ပါဘူး၊ရောင်းမကောင်းတော့ဝင်ငွေနည်းဝင်ငွေနည်းတော့ ဘောစိက မန်နေဂျာကိုခေါ်မေး မန်နေဂျာက ကိုဆွေတို့လိုတာဝန်ခံခေါ်ကျပ် ၊ကိုဆွေကတစ်ခါ စူပါဗိုက်ဇာကိုခေါ်ပြီး အမိန့်တွေပေး၊ စူပါဗိုက်ဇာက တစ်ခါအရောင်းကောင်လေးတွေကို ခေါ်ပြီးထပ်ကျပ် မုန့်လုံးစက္ကူကပ် ဇာတ်လမ်းပေါ့ဗျာ။ “ကိုဆွေ” က သူအကျပ်ခံရတာကို အားရပါးရ ငိုပြနေတုန်းမှာ “ဦးမင်း”က “မင်းအခုလို အပြစ်တင်ခံရတာ အဆဲခံရတာ ကံကောင်းတယ်မှတ် “လို့လည်းဝင်ပြောရော “ကိုဆွေ”တစ်ယောက်တော်တော်လေးခီးသွားပါတယ်။ ” အပြစ်တင်ခံရတာ ကို ကောင်းတယ်ပြောတာ သည်တစ်ခါကြားဘူးသေးတယ်”လို့စိတ်တိုတဲ့လေသံနဲ့ပြောပါတယ်။ အဲဒီအခါကျမှ “ဦးမင်း” က “ကိုဆွေ”ကို် ” ဟုတ်တယ်ကိုဆွေရ လူမှန်ရင် ချီးမွမ်းတာကိုလဲ […]