“နာမယ်တော့မမေးခဲ့ရဘူး………………ဒါပေမယ့်လှတယ် ”   ကျနော်က ရုပ်ကြမ်းကြမ်းစိတ်ကြမ်းကြမ်း။ ဒါပေမယ့်အလှအပတော့နှစ်သက်။. နေတာထိုင်တာဝုန်းဒိုင်းကျဲ။ ပန်းကလေးတွေကိုတော့နှစ်သက်။ ရောက်လေရာမှာ စပ်စုလို့ လက်ဆော့။ ဒါပေမယ့် နုတ်ဆော့ပြီးမေးဘို့တော့ မဝံ့မရဲ။ သူများက မှားပြောလိုက်တဲ့အမှားကြီးကို ပြန်ဖြန့်ဝေမိမှာလဲကြောက်တာပါတယ်။. အလှကြိုက်တဲ့လူနဲ့ လှတဲ့ပန်းတွေ့တော့ ဘာပြောကောင်းမလဲ ဆော်တာနှက်တာပေါ့။ မေးရမှာကြောက်တဲ့သူနဲ့ ဖြေသူမရှိတဲ့နေရာရောက်တော့ ဘာမှမလိုတော့ဘူးပေါ့။ အဲတော့ အသံတိတ်ပြီးလှနေတဲ့ပန်းလေးတွေကို တိတ်တိတ်ကလေးခံစားကြည့်တာပေါ့ဗျာ။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (24-4-2012)


               “သာယာသော ………..စည်ကားသော………အေးချမ်းသော ..လာသင့်သော ပိတ်ချင်းမြောင်”   ပိတ်ချင်းမြောင်ကို အရင်ကရောက်ဘူးပေမယ့် ဓါတ်ပုံမရိုက်တော့ မြင်မြင်သမျှ ကြည့်သာကြည့်လိုက်တယ် အမှတ်တမဲ့ပါဘဲ။ အခုတစ်ခေါက်က စောစောလဲရောက်တော့လူရှင်းတာရယ် ကိုယ်ကလဲ ဓါတ်ပုံရိုက်ချင်တာရယ်ကြောင့် ကိုယ်က သတိထားကြည့်မိတော့မှ ရိုးသားတဲ့အရပ်ဒေသက ဈေးသည်လေးတွေကိုသတိထားမိပါတယ်။ မီးဖိုပေါ်မှာတင်ထားလို့ အငွေ့တထောင်းထောင်းထနေတဲ့ကောက်ညှင်းထုပ်တွေ၊ ကောက်ညှင်းနည်းနည်းငှက်ပျောသီးမှည့် တစ်ဝက်တိတိပါတဲ့ ငှက်ပျောထုပ်၊ ကောက်ညှင်းကျည်တောက် မြင်သမျှစားချင်စရာ။ မျစ်ချဉ် ၊လက်ဖက်ခြောက်၊စတော်ဘယ်ရီသီးနီနီ၊မက်မန်းဝိုင်၊မက်မန်းသီးဆားစိမ်။ ကြက်သွန်ဖြူ၊ဆတ်သားခြောက် အသည်စုံလို့ပါဘဲ။ ကျနော်အကြိုက်ဆုံးကတော့ ရှမ်းတို့ဟူးသုတ်ပါဘဲ။ တစ်ပွဲမှာသုံးရာ ကောင်းချက်ကတော့ရက်စက်တယ်။ လှိုဏ်ဂူထဲက ဆင်းလာတဲ့ရေတွေကြောင့်ဖြစ်နေတဲ့ရေတံခွန်စမ်းကလဲအေးဆေးလို့သာယာ။ ကဲ သွားသာကြည့်လိုက်ပါတော့……………………….   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (24-4-2012)  


                     “ကန်ထဲမှာရေ ရေအထဲမှာရေပန်း အထဲမှာသက်တန့်”   ကန်တော်ကြီးထဲရောက်တော့ အဝေးကနေလှမ်းမြင်နေရာတာ ကရေပန်းကြီးပါဘဲ။ အရင်ကလဲ မကြာခဏရောက်ပေမယ့်ရေပန်းဖွင့်တာနဲ့မကြုံပြန်ပါဘူး။ ဒီတစ်ခေါက်တော့ရေပန်းဖွင့်ထားတာကြုံပါတယ်။ အစကတော့သိပ်မဆန်းသလို၊ နောက်တော့ လေပြေလေးသွေးချိန်မှာ ရေပန်းကလဲ လေထဲမှာတလွင့်လွင့်။ အနားကပ်သွားတော့ အေးမြတဲ့ရေစက်ရေပေါက်တွေက လူကိုလာမှန်ပါတယ်။ ကင်မရာရေစိုမှာစိုးတော့ သိပ်တော့အရဲမစွန့်ရဲပါဘူး။ ဒါနဲ့ဘဲ စိတ်တိုင်းကျအောင်ရိုက်ပြီး ဟိုး အနောက်ဘက်က သစ်ပင်ရိပ်မှာ ထိုင်ရင်းအေးမြတဲ့အရသာကိုခံစားပါတယ်။ (18-4-2012)နေ့ နေလည်ခင်းပါ။ ထိုင်နေတုန်းမန်းလေးက ဖုန်းဝင်လာတယ် ဒီနေ့တော်တော်ပူပါသတဲ့။ ကံကောင်းတယ်လို့စိတ်ထဲမှာမှတ်ယူလိုက်ပါတယ်.။ ကြည့်နေရင်း ရေပန်းမှာ သက်တန့်တွေမြင်လာမိတော့ အပြေးအလွှားသွားလို့ လက်ဆော့။ ပြန်ထိုင် သက်တန့်ကထပ်ပေါ်။ ထပ်ပြီးလက်ဆော့…………………….. ဒါနဲ့ဘဲ လှပသောပုံလေးတွေ အမြင်အေးစေတဲ့ပုံလေးတွေကို မိတ်ဆွေများအတွက် ရလိုက်ပါတယ်။ အားပေးလိုက်ကြပါအုံးနော်…………..     ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (23-4-2012)  


               “စိန်ပန်းပြာတွေ…………..ပွင့်ရာအရပ်ဆီသို့”   အရင်က မေမြို့လို့ကျနော်နူတ်ကျိုးနေတဲ့ ပြင်ဦးလွင်ကိုသွားရင် စိန်ပန်းပြာတွေ တွေ့တဲ့အခါ အင်မတန်သဘောကျမိပါတယ်။ ဒါပေမယ့်လည်း အရင်က ကင်မရာ မကိုင်တာကြောင့် ဓါတ်ပုံမရိုက်ဖြစ်ခဲ့ပါဘူး။ အခုနောက်ပိုင်းကင်မရာနဲ့လက်ဆော့ ချိန်မှာတော့ လည်း မေမြို့ရောက်တာနဲ့ စိန်ပန်းပြာပွင့်ခို်က်မကြုံ ပြန်ပါဘူး။ ဟိုတစ်လောကတော့ ဆရာမကြီး TTNU မေမြို့ရောက်သွားတော့ စိန်ပန်းပြာတွေပွင့်နေပြီလို့ သတင်းပေးပြန်ပါတယ်။ ခက်တာက မေမြို့တက်ဘို့လမ်းစကလဲ မကြုံ အားလဲမအားဖြစ်နေပြန်ပါတယ်။ တကယ်ပြောရရင် 2011 ထိ ကျနော်မရိုက်ဘူးတဲ့အရာတွေအများကြီးရှိပါတယ်။ ပိတောက်ပန်း၊သင်္ကြန်ပုံရိပ်များနဲ့ စိန်ပန်းပြာပင်ပါဘဲ။ ဒီ2012မှာတော့ ကံကောင်းတယ်ဆိုနို်င်ပါတယ်။ ပိတောက်လဲအဝရိုက်ဖြစ်၊ သင်္ကြန်လဲကျေနပ်လောက်အောင်ရိုက်ဖြစ်။ ဟော အခုမေမြို့တက်ဖြစ်တော့ စိန်ပန်းပြာတွေရိုက်ဖြစ်ပါတယ်။ မေမြို့နေရာအအနှံ့အပြားမှာရှိတဲ့စိန်ပန်းပြာပင်တော်တော်များများကို ရိုက်ဖြစ်ပါတယ်။ တကယ်တော့ မေမြို့ခေါ်တဲ့ပြင်ဦးလွင် ကတော့ စိန်ပန်းပြာ ပန်းမြို့တော်ဆိုရင်လဲမမှားပါဘူး။ ကဲ ကြည့်လိုက်ကြအုံးစိန်ပန်းပြာ………………………   […]


ကော်နက်ရှင်ကလဲသိပ်မကောင်း ကင်မရာရေစိုမှာစိုးတော့ မှီသလောက်ရိုက်ဆိုတော့ စိတ်တိုင်းတော့မကျဘူး။ အမှတ်တရပေါ့။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (14-4-2012)


    ဟိုနေ့က ဦးဖောက မိုးသီးတင်ထားတဲ့လက်ကလေးကို စိတ်ဝင်တစား မန်းတာတွေ့လိုက်ရပါတယ်။ ရွာထဲမှာ ဦးဖက်က လဲ လက္ခဏာ တတ်တယ်လို့ကြားဘူးပါ၏။ အဲတော့ သင်္ကြန်ရက်အားတုံးလေး လက္ခပညာရှင်များအတွင်တင်ပေးလိုက်ပါ၏။ လက္ခဏာကို အင်တာနက်အတင်ခံချင်တဲ့သူက ခပ်ရှားရှားမနည်းတောင်ပန်ပြီးရို်က်ရတာ။ ကဲ မြင်သမျှပြောပေတော့ ဘယ်သူဟောတာ မှန်သလဲဆိုတာ အဖြေပေးမယ်နော်။   ကိုပေါက်လမ်းသလားရင်းလက်ဆော့ (12-4-2012)


               “ပင်ယံနန်းက ပိတောက်ပန်း” မြန်မာနဲ့သင်္ကြန် သင်္ကြန်နဲ့ပိတောက် ပိတောက်နဲ့မြန်မာခွဲခြားလို့မရနိုင်တဲ့အရာဆိုတာကအသေအချာ။ ပိတောက်ပင်က စိုက်လို့လွယ်ကူတော့ နေရာအတော်များများမှာရှိနေပါတယ်။ ဟို့အရင်ကတော့ ပိတောက်ပင်အိမ်မှာမစိုက်ကောင်းဘူးလို့အယူရှိခဲ့ကြပါတယ်။ အမှန်ကတော့ ဒီပိတောက်ပင် က ခူယားကောင်တွေပေါက်တဲ့အချိန်ဆိုရင် တစ်ပင်လုံးခူးယားကောင်နဲ့ပြည့်နေလို့ပါဘဲ။ အဲဒီခူယားမွှေးတွေကလေထဲတလွင့်လွင့်။ ထိရင်အလွန်ယားပါတယ်။ နောက် အရွက်ကြွေပြန်ပြီဆိုရင်လဲတခြံလုံးကဖွေးနေအောင်အမိူက်ရှုပ်။ ဟော  ပိတောက်ပွင့်ပြီဆိုပြန်ရင်လဲ ဝိုင်းအုံလို့ခူးကြပြန်တော့ အရွက်တွေကြွေ အကိုင်းတွေကျိုး ။ လာချိုးသမျှ ကလေးလူကြီးကို တဟဲ့ဟဲ့နဲ့အော်နေပြန်ပါတယ်။ ဒီလိုပြဿနာတွေမြင်တော့ လူကြီးတွေက ပိတောက်ပင်အိမ်မှာမစိုက်ကောင်းဘူးလို့ သွယ်ဝိုက်သောနည်းနဲ့တားမြစ်ခဲ့တာဖြစ်ဘို့များပါတယ်။ ဒါပေမယ့်လဲ မွှေးပျံ့ကြိုင်လှိုင်သောပိတောက်ပန်းရနဲ့လေးရလိုက်ရင် လှပသော ရွှေဝါရောင်ပိတောက်ပန်းကိုမြင်လိုက်ရင် ကျနော်တို့အားလုံး စိတ်တွေရွှင်လို့ရင်တွေခုန်ရပြန်တယ်ဆိုတော့ ပိတောက်ချစ်သူတွေဖြစ်ကုန်ကြတာအမှန်ပါဘဲ။. နောက်ပိုင်းတော့လဲ ပိတောက်ပင်က အိမ်တိုင်းခြံတိုင်းလောက်မှာရှိနေတတ်ပါတယ်။ ပိတောက်ပွင့်ပြီဆိုတာနဲ့လူတိုင်းရင်မှာအပျော်တွေကူးစက်။ ပန်းတွေခူးလိုခူး.။ ပန်လိုပန်……………….ရင်ခုန်သံတွေတောင်မြန်လာသလိုလို။     ထူးထူးခြားခြား 1978 ဖောင်ကြီးကို ရောက်ချိန် ကျောင်းအဝင်လမ်းမတလျောက်လုံး […]


  ဒီနေ့ နေ့လည် သုံးနာရီကျော်ကျော်လောက်အင်တာနက်ဆိုင်ဝင်ပြီး ဒီနေ့ပွင့်တဲ့ပိတောက်ပန်းပုံတွေ တင်နေတုန်း မိုးတွေကျလာပါတယ်။ ဝုန်းဒိုင်းအသံတွေကြားတော့ မိုးသီးတွေ ကျတယ်ဆိုတာနဲ့ ကင်မရာဆွဲပြီးအပြေးအလွားရိုက်ပါတယ်။ ဖြစ်ချင်တော့ ကင်မရာထဲက မင်မိုရီကဒ်ကို ထုတ်ပြီး ကော်ပီကူူးနေတော့ပုံမရလိုက်ဘူးဖြစ်သွားပါတယ်။ အဲဒီမှာ ကျနော် တောက်တခေါက်ခေါက်ဖြစ်နေတာကို မကြည့်ရက်တဲ့ လူတစ်ယောက် မိုးရွာထဲထွက်ပြီး အတော်လေးကြီးတဲ့မိုးသီးကိုယူပြီးလာပါတယ်။ ကဲ မြင်တဲ့အတိုင်းပါဘဲနော်။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့ စနက်ရှော့ (6-4-2012)


               “သဘာဝကျောက်ဆောင်………….တောင်တန်းများနှင့်အလှဆင်ခြင်း…………………”   ဒီးဒုတ်ရေတံခွန်အသွားလမ်းမှာ လမ်းကကောင်းတော့ငေးရင်းမောရင်းသွားမိပါတယ်။ ဒီလမ်းကို ပထမဦုးဆုံးအကြိမ်ရောက်ဘူးတာပါ။ ငယ်ကတဲကမြင်ခဲ့ရတဲ့ နွားလဘို့တောင် ကျွဲနဖားတောင်တွေကြားကို အခုအချိန်မှရောက်ဘူးတာပါ။ တောင်တွေကြားမှာခရီးသွားရတာ အရသာရှိလှပါတယ်။ ကိုယ်က တောင်ကြားထဲကလေတအေးအေးကြားမှာဆိုင်ကယ်လေးက ပြေးလွှား။ မွန်းတည့်နေကတော့ အတော်လေးပူပါတယ်။ လမ်းတစ်ဘက်တစ်ချက်မှာတောင်မြင့်မြင့်။ မိူင်းရီရီ။ ကျောက်ဆောင်တွေ။ ဟိုးအဝေးမှာ ပေါ်တလှည့် မြုပ်တစ်ခါ ဒုဋ္ဌဝတီမြစ်မင်း။ ကွေ့ကောက်သွားတဲ့လမ်းကလေး။ ရွက်ဝါတွေကိုစွန့်ခွာထားတဲ့ အရိုးပြိုင်းပြိုင်းနဲ့သစ်ပင်။ သဘာဝအလှတရားက လိုက်မမှီအောင်လှပလွန်းတယ်ဆိုရင် မလွန်ဘူးလို့ထင်မိပါတယ်။ ကျနော်ဒီနေရာလေးမှာ ဓါတ်ပုံပေါင်းများစွာရိုက်ခဲ့မိပါတယ်။ အခုပုံတွေပြန်တင်တော့ အရွှေးရခက်လွန်းပါတယ်။ အားလုံးလှနေလို့ပေါ့။ ဒိနေရာကိုကျနော်နောက်တစ်ခေါက်ထပ်သွားဖို့ဆုံးဖြတ်ထားပါတယ်။ လှသောနေရာလေးတွေကို ရိုက်ဘို့ကျန်နေသေးလို့ပေါ့။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ ရလာတဲ့အတွေးပါးပါးလေး။. (29-3-2012)  


1 ကန်တော်ကြီးကတောင်ဘက်အထွက်ဒီလမ်းကလေးကိုမြင်တော့ ဆက်သွားချင်လာပါတယ်။ ကန်ပါတ်လမ်းကို လမ်းသလားခြင်း……………(ရှမ်းကလေးကျွန်း) ဆောင်းမကုန့်တကုန် တစ်ရက် လမ်းလျှောက်ထွက်ခဲ့တာ အိမ်မပြန်ချင်သေးတော့ ကန်ပါတ်လမ်းမှာရှိတဲ့ ရှမ်းလေးကျွန်းဘက်ကိုသွားခဲ့တဲ့နေ့က လက်ဆော့မှတ်တမ်းလေးပါဘဲ။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့ အတွေးပါးပါး (26-3-2012)  


             “အလင်းအမှောင်အရောင်အရိပ်- တစ်”   ကျနော်ငယ်ငယ်က တည်းက ဓါတ်ပုံတွေကြည့်ရင် အလင်းအမှောင်ကိုစိတ်ဝင်စားပါတယ်။ ငယ်တုံးက ကြည့်ရတဲ့ မြဝတီ တို့ ငွေတာရီ တို့ဆိုတဲ့ မဂ္ဂဇင်းတွေမှာ ပါတဲ့ဓါတ်ပုံတွေက အဖြူအမဲတွေချည်းပါဘဲ။ အဲတော့ အလင်းအမှောင်သဘောက ပိုထင်ရှားပါတယ်။ ကျောက်တော်ကြီးဘုရားကိုရောက်တဲ့အခါ မှာ အလင်းပေါက်အကြီးကြီးတွေက နေကျလာတဲ့ အရိပ်တွေကြည့်ရင်း အခုလို လက်ဆော့ဖြစ်ပါတယ်။ သက်မဲ့အရာတွေက တော့ သူ့သဘောအတိုင်းသူရှိနေကြပါတယ်.။ ကျနော်တို့ ကသာ အမျိုးမျိုးဖန်တီးလို့ အရောင်တွေဆိုးကြတာကိုး။ ကဲ ကြည့်လိုက်ပါအုံး စက်အားကိုးနဲ့လူဆော့ထားတဲ့ ပုံလေးတွေကို။ နောက်ထပ်လဲ ဒီလိုပုံလေးတွေလာပါအုံးမည်။   ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ရလာတဲ့အတွေးပါးပါး (24-3-2012)  


               “မောင်ပေနောက်ကလိုက်ခြင်း(တံတားအိုကလေး)”   အခုရက်လူက နည်းနည်းလေးအပျင်းထူနေပါတယ်။ စိတ်ကူးပေါက်သမျှလမ်းသလား။ လမ်းသလားတိုင်းလက်ဆော့။ အဲတော့ပုံတွေက အများကြီး။ ဝေးဝေးလံလံတော့ မဟုတ်ကိုယ့်နားပါတ်ဝန်းကျင်ပါဘဲံ.။ ဟိုရက်ကတော့ အဲဒီပုံတွေထဲက နေပြီး ကိုယ်ဖာသာကိုယ်နာမယ်ပေးထားတဲ့ “ဖိုတိုအက်ဆေး”ဆိုပြီးပုံတွေက ကဏ္ဍတစ်ခုစီခွဲလို့တင်ပါတယ်။ တင်ရင်းကနေပျင်းလာတော့ ပုံမတင်ဘဲနားထား။ အဲဒီရက်အတွင်းမှာ ရိုက်ထားသမျှသောင်းပြောင်းထွေလာ(ဒီစာလုံးလေးက လူထုဦးလှဆီက ယူသုံးတာပါ)ကို ရှင်းတာရှင်းဖျက်တာဖျက်လုပ်နေပါတယ်။ အဲလိုဟိုပြောင်းဒီပြောင်းလုပ်နေရင်း ရိုက်ထားပြီး မတင်ရသေးတာတွေကို ပြန်တွေတော့ တင်ဘို့ စဉ်းစားမိပါတယ်။ အဲဒီမှာ တက်သိမ်းအင်းက တံတားအိုလေးမြင်တော့မောင်ပေကိုသတိရမိပါတယ်။ ဒီနေရာလေးကို မောင်ပေတင်ဘူးတာကိုးဗျ။ အဲတော့ ပထမတစ်ခါ ရှင်ပင်ဆပ်သွားမှာ ကိုစိန်သော့နောက်ကလိုက်။ ဒုတိယတစ်ခါ မှန်ကန်ထဲက ငါးလေးမှာ မဝေနောက်ကလိုက်။ အခုတစ်ခါ တံတားအိုလေးမှာ မောင်ပေနောက်ကလိုက်။   ကဲ ကျနော့်ရှေ့ကသွားသူများ နောက်ကို ကျနော်ကတော့ လိုက်နေမှာပါဘဲ။ ပြန်စဉ်းစားမိတော့ […]


              “ဖတ်မိကြည့်မိတဲ့ မိတ်ဆွေအပေါင်း အောက်ပါမေးခွန်းများကိုဖြေဆိုပါ”   အစကတော့ တစ်ပါတ်လောက် ပုံမတင်စာမရေး နားအုံးမယ်လို့တော့ စိတ်ကူးထားပါတယ်။ ဒါပေမယ့်ဖြတ်သွားဖြတ်လာနဲ့တွေ့နေပြန်တော့ ရေးချင်စိတ်က ရုန်းကြွလို့လာပြန်ရော။ ရေးဘို့မြောက်ပေးသူကတော့ အန်ကယ်ဂျီး ပါဘဲ။ ပုံထဲမှာပါတဲ့ဆိုင်လေးက ပေါ်လာတာမကြာသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့ သားအဖ ရဲ ့ ဓါတ်ပုံတွေနဲ့ပင်နီအကျီတွေ အမှတ်တရပစ္စည်းတွေရောင်းတဲ့ဆိုင်ကလေးပါ။. 26ဘီလမ်းမ လမ်း80ဒေါင့် တောင်ဇလပ်ဟိုတယ်(အခုပိတ်ထားပါတယ်)၊ အရင်ဟောင်ကောင်စတိုးနဲ့မျက်နှာချင်းဆိုင်မှာဖွင့်ထားတာပါ။ ဒီဆိုင်လေးမှာ ဝင်ဝယ်ကြအားပေးသူတွေလဲရှိပါတယ်။ အခုချိန်မှာမှ ကိုယ်ချစ်တဲ့လေးစားတဲ့သူရဲ့ ပုံရိပ်တွေကို မြင်ခွင့် ဝယ်ယူသိမ်းထားခွင့် ရလာတာကိုး။ တွေ့ပါများတော့ ရင်ထဲမှာမေးခွန်းလေးတွေတန်းစီလို့လာပါတယ်။ (က)    အခုဖွင့်ထားတဲ့ဆိုင်က NLD အဖွဲ့ချုပ်ရန်ပုံငွေအတွက်အဖွဲ့အစည်းသို့မဟုတ် ရုံးခွဲတစ်ခုခုက လာဖွင့်တဲ့ဆိုင်ဘဲလား။ (လမ်းလေးဆယ် 84-85ကြားမှာတစ်ခါ ၊84×31 ဒေါင့်မှာတစ်ခါ အဖွဲ့ချုပ်ယူနီဖောင်းတွေနဲ့ သေသေသပ်သပ်တက်တက်ကြွကြွရောင်းသွားကြတာတော့ အားရဝမ်းမြောက်ဘွယ်ရာ မြင်ဘူးပါတယ်။ အားပေးသူတွေ ဝယ်ယူသူတွေ […]