ပင်ယံနန်းက ပိတောက်ရွှေဝါ

1 ဒါကတော့ နေ့လည်ခင်းမှာ အပင်ပေါ်မှာတွေ့ရတဲ့ ရွှေပိတောက်

 

2 အစွန်အဖျားလေးမှ ပွင့်နေတဲ့ပိတောက်ခက်
3 ဒီပိတောက်ပင်လေးကတေ့82လမ်း 28-29ကြားမှာရှိပါတယ်။
4 ရွှေတချောင်းမြောင်းနံဘေး 36လမ်းလောက်မှာရှိတဲ့ တစ်ပင်တည်း ထီးထီးကြီးရှိနေတာပါ
5ပင်ယံထက်မှာလန်းတဲ့ပန်းဝါဝါ
6 ပိတောက်တွေကြေနေတဲ့လမ်းမ
6 ပိတောက်တွေကြွေနေတဲ့လမ်း
7 ပန်းတွေကြွေနေတာမှာအများကြီး ဒါကတော့နေ့လည်ပိုင်းမှာမှရိုက်ထားတာပါ

 

8 ပိတောက်ပန်းပွင့်တွေက ဟိုး အထက်ကိုင်းဖျားမှာပါပွင့်နေတော့ တလမ်းလုံးကိုမွှေးနေတာပါဘဲ
9 ရွေတချောင်းမြောင်းဘေးမှာပွင့်နေတဲ့ပိတောက်ပန်း
10 အပွင့်အခက်အခက်တွေက လှအားပါပေသည်
11 အော်...............မခို့တရို့နဲ့ပင်.............ဝါရွှေရွှေပိတောက်ပွင့်ဖူးကြ...........
12 အပြာရောင်ကောင်းကင်နောက်ခံနဲ့ ရွှေပိတောက်
13 အနီးကပ်ပိတောက်
14 ဝါးတားတား ပိတောက်
15 ပင်လုံးဝေတဲ့ပိတောက်ပင်(33လမ်း 82လမ်းဒေါင့်မှာပါ)
16 နေ့လည်မှာတောင် ကျန်နေသေးတဲ့ ရွှေပန်းပိတောက်
17 ပိတောက်လက်ဆောင် လေးပါ

           “ပင်ယံနန်းက ပိတောက်ပန်း”

မြန်မာနဲ့သင်္ကြန်

သင်္ကြန်နဲ့ပိတောက်

ပိတောက်နဲ့မြန်မာခွဲခြားလို့မရနိုင်တဲ့အရာဆိုတာကအသေအချာ။

ပိတောက်ပင်က စိုက်လို့လွယ်ကူတော့ နေရာအတော်များများမှာရှိနေပါတယ်။

ဟို့အရင်ကတော့ ပိတောက်ပင်အိမ်မှာမစိုက်ကောင်းဘူးလို့အယူရှိခဲ့ကြပါတယ်။

အမှန်ကတော့ ဒီပိတောက်ပင် က ခူယားကောင်တွေပေါက်တဲ့အချိန်ဆိုရင်

တစ်ပင်လုံးခူးယားကောင်နဲ့ပြည့်နေလို့ပါဘဲ။

အဲဒီခူယားမွှေးတွေကလေထဲတလွင့်လွင့်။

ထိရင်အလွန်ယားပါတယ်။

နောက် အရွက်ကြွေပြန်ပြီဆိုရင်လဲတခြံလုံးကဖွေးနေအောင်အမိူက်ရှုပ်။

ဟော  ပိတောက်ပွင့်ပြီဆိုပြန်ရင်လဲ ဝိုင်းအုံလို့ခူးကြပြန်တော့

အရွက်တွေကြွေ အကိုင်းတွေကျိုး ။

လာချိုးသမျှ ကလေးလူကြီးကို တဟဲ့ဟဲ့နဲ့အော်နေပြန်ပါတယ်။

ဒီလိုပြဿနာတွေမြင်တော့ လူကြီးတွေက ပိတောက်ပင်အိမ်မှာမစိုက်ကောင်းဘူးလို့

သွယ်ဝိုက်သောနည်းနဲ့တားမြစ်ခဲ့တာဖြစ်ဘို့များပါတယ်။

ဒါပေမယ့်လဲ မွှေးပျံ့ကြိုင်လှိုင်သောပိတောက်ပန်းရနဲ့လေးရလိုက်ရင်

လှပသော ရွှေဝါရောင်ပိတောက်ပန်းကိုမြင်လိုက်ရင် ကျနော်တို့အားလုံး

စိတ်တွေရွှင်လို့ရင်တွေခုန်ရပြန်တယ်ဆိုတော့

ပိတောက်ချစ်သူတွေဖြစ်ကုန်ကြတာအမှန်ပါဘဲ။.

နောက်ပိုင်းတော့လဲ ပိတောက်ပင်က အိမ်တိုင်းခြံတိုင်းလောက်မှာရှိနေတတ်ပါတယ်။

ပိတောက်ပွင့်ပြီဆိုတာနဲ့လူတိုင်းရင်မှာအပျော်တွေကူးစက်။

ပန်းတွေခူးလိုခူး.။

ပန်လိုပန်……………….ရင်ခုန်သံတွေတောင်မြန်လာသလိုလို။

 

 

ထူးထူးခြားခြား 1978 ဖောင်ကြီးကို ရောက်ချိန် ကျောင်းအဝင်လမ်းမတလျောက်လုံး

ပိတောက်ပင်တွေနဲ့အပြည့်။

နှစ်ဆန်းတစ်ရက်နေပိတောက်တွေပွင့်တော့ တစ်ကျောင်းလုံးမွှေးနေတာ သတိရမိပါတယ်။

 

ကျနော်ဓါတ်ပုံတွေရိုက်နေပေမယ့် ပိတောက်ပန်းကိုတော့ တစ်ခါမှမရိုက်ဘူးသေး။

ရွာသူ ပဒုမ္မာ ပိတောက်ပန်းပုံတင်တာမြင်ကထဲက ပိတောက်ပန်း ကိုအားရပါးရနှက်မယ်လို့

စိတ်ထဲမှာတေးထားမိပါတယ်။

အဲတော့လဲ ကိုယ်နေ့စဉ်သွားရာလမ်းမှာရှိတဲ့လက်လှမ်းမီသမျှှပိတောက်ပင်တွေကို

မှတ်ထားပါတယ်။

အခုတကယ်ပိတောက်ပွင့်တဲ့နေ့မှာ အိပ်ယာထနောက်ကျ။

ဒါပေမယ့် ကိုယ်မှတ်ထားခဲ့တဲ့နေရာမှာရှိတဲ့ပိတောက်ပင်လေးတွေကိုတော့ အမိအရမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။.

33လမ်း 80-81လမ်းကြားက ကျနော်တေးထားတဲ့အပင်ရှေ့အရောက်

ထိုင်နေတဲ့အမေကြီးက” ဒီနှစ်ပိတောက်ပန်းမပေးဘူးကွဲ့”လို့ပြောပါတယ်။

ဒါပေမယ့်အမေကြီးကို အကျိုးအကြောင်းပြောပြ လို့ဓါတ်ပုံရိုက်ခွင့်တောင်းရပါတယ်။

ပြီးတော့မှ ထိုင်ခုံလေးတစ်လုံးတောင်းပြီး အပေါ်တက်အနီးကပ်ရိုက်ရပါတယ်။

အခုတင်တဲ့ပုံလေးတွေကတော့ 25လမ်း။33လမ်း။35လမ်းနဲ့ရွှေတစ်ချောင်းမြောင်း

နံဘေးမှာရှိတဲ့ ပိတောက်ပင်ရဲ့ပုံရိပ်တွေပါဘဲ။

နောက်ရက်ပိတောက်ထပ်ပွင့်အုံးမှာပါ။

အဲဒီအခါကျရင်လဲ အခုလို တင်ပေးအုံးမှာပါ။

ပိတောက်ကို  အမုန်းမဆွဲပါဘူး။

အမြဲသတိရနေအောင်တင်မှာပါ။

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့။

(6-4-2012)

 

11 comments

  • marblecommet

    April 8, 2012 at 11:21 am

    ပိတောက်တွေ ပွင့်လို့ရှိရင် အလိုလိုရင်ခုန်တယ်
    ဒါပေမဲ့ ပိတောက်ပန်းတွေကို အမဲဖျက်သလို ဝိုင်းပြီး
    ခူးကြ ၊ ချိုးကြ၊ ချူကြတော့လည်း စိတ်ထဲတစ်မျိုးကြီးပဲ

  • htet way

    April 8, 2012 at 11:43 am

    ပိတောက်ဆိုတာ…….
    တစ်ခက်ပိတောက်သစ္စာနဲ့တစ်သက်တစ်ယောက်သာချစ်မယ်ကိုပေါက်ရေ့

  • shwe kyi

    April 8, 2012 at 12:36 pm

    နံပါတ် ရ နဲ့ ၁ရ အကြိုက်ဆုံးပဲ။ ဟုတ်တယ်နော် ပိတောက်ပွင့်ရင် ပိတောက်ချစ်သူတွေအပျော်တွေကူး
    စက်လို့ ပြုံးပျော်လို့။ ရွှေကြည်က desktop မှာ ကိုပေါက်ရဲ့ပိတောက်ပုံတွေတင်ထားပြီ။
    ကျေးဇူးပါ။ ပိတောက်ကိုကိုယ်တိုင်တွေ့ နေရတဲ့ကိုပေါက်ကိုတောင် မနာလိုဖြစ်လာပြီ။

  • metallic

    April 8, 2012 at 3:06 pm

    ပိတောက်တွေရွှေရည်လူးခဲ့ပေါ့လေ…….

  • “ပိတောက်ပန်း”

    လတန်ခူးပေမို့
    အလှထူးပါဘိ
    မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။
    တကယ်တမ်းသာဖြင့်
    ဘယ်ပန်းသော် စံမတူဘု
    နန္ဒမူ ဖလ်ဂူထိပ်မှာလ
    ပစ္စေကာ ချွေးတော်သိပ်ရတယ်
    အေးရိပ်ဆာယာ။
    တနှစ်တွင် သည်တလသာပ
    တလတွင် တရက်ထဲ
    ခက်ခဲတဲ့ ရက်ဗုဒ္ဓါ
    ပွင့်ရှာကြ စုံမြိုင်တွင်း။
    မြူမင်းလွင်ထန်
    ကြူသင်းတာချိန်ယံ မတော့
    ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့်
    ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့
    သိရ်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်
    လမ်းတလျှောက် သင်းတာမို့
    ဆန်းသလောက် မလင်းနိုင်ဘု
    ပန်းပိတောက်မင်း ။ ။

    (ဦးကြော့)

    ဒီကဗျာလေးကတော့ ရှေးစာဆိုတော်ဦးကြော့ရေးထားခဲ့ပြီး
    ရုပ်ရှင်မင်းသမီးကြီး ကြည်ကြည်ဌေးက ပြန်လည်သီဆိုခဲ့လို့ တစ်ခါတစ်ခါက နာမယ်ကြီးခဲ့တဲ့သီချင်းလေးဖြစ်ခဲ့ပါတယ်။
    ပိတောက်ပန်းအမှတ်တရပေါ့။

  • bayGyi Kyaw

    April 8, 2012 at 7:36 pm

    နံပါတ် ၁ရ အလှဆုံးပဲ ပိတောက်ပန်းတွေ ကြည့်ရင် အလိုလို စိတ်တွေ ကြည်လင်နေတယ်

  • ကိုရင်မောင်

    April 8, 2012 at 7:47 pm

    ကိုပေါက်ရေ အောက်ဆုံးကပိတောက်ပန်းတခိုင်
    ခူးယူသွားပါကြောင်း ခွင့်တောင်းလိုက်ပါတယ်….

  • ယူပါခင်ဗျာ။
    ကျနော်ချစ်သောရွာသူရွာသားများအတွက ်ဦးဦးဖျားဖျားပွင့်တဲ့ပိတောက်ကိုလက်ဆောင်ပေးတာပါခင်ဗျာ။

  • pooch

    April 8, 2012 at 11:36 pm

    လေးပေါက် အနော်တို့ အိမ်နောက်ဖေးမှာက ခြံမှာလည်း ပိတောက်ပင်ကြီးရှိတယ် ။ ဟိုနေ့က မိုးတွေ ရွာတော့ ပွင့်တာများ ဝေနေတာပဲ ။ လှမှလှ။ မွှေးမှမွှေး။

Leave a Reply