“အထူးအချိန်မှာမြင်ရတဲ့ ဦးပိန်”   အမှန်တိုင်းပြောရရင် ဦးပိန်တံတားအောက်ကို ကျော်ပြီး သစ်ပင်တွေဘက်ကို အရင်ကမရောက်ဘူးပါဘူး။ မနှစ်သင်္ကြန်တတွင်းလုံး တောင်သမန်မှာရှိပေမယ့် ဒီဘက်ကိုမရောက်ခဲ့ပါဘူး။ တံတားအောက်ကိုရောက်ပေမယ့်လဲ သစ်ပင်ကြီးနားထိမသွား။ ဒီနေ့ကတော့ တံတားအောက်မှလဲရေမရှိ.။ လူကလဲရှင်းတော့ ဓါတ်ပုံရိုက်ဘို့အခါအခွင့်အကောင်းဆုံးပါဘဲ။ အဲဒါနဲ့ဆိုင်ကယ်ကိုတံတားအောက်ကနေစီးပြိီးသစ်ပင်ကြီးနားမှာရပ်လို်က်ပါတယ်။ အရှေ့ဘက်ကောင်းကင်ကိုလှမ်းကြည့်လို်က်တော့ နေနည်းနည်းမြင့်နေပါပြီ။ ဒါပေမယ့် အနီရဲရဲ။ အဲဒီအချိန်လှေကလေးက တံတားအောက်အဖြတ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ နောက်တော့ လဲ ဟိုနားကရိုက်လဲလှ ဒီနားကရိုက်လဲလှ ဆိုတော့ ထိုင်ရက် ထရိုက် လှဲရိုက် ရိုက်နည်းပေါင်းစုံနဲ့ရိုက်လိုက်တာ ဘေးလူကြည့်ရင်တော့ ရူးနေတယ်ထင်လောက်ပါတယ်။ ဖြစ်ချင်တော့ကင်မရာထဲမှာ အဖြူအမဲရိုက်လို့ရတာပါတော့ အဖြူအမဲရိုက်။ ငါးမျက်လုံးနဲ့ ပုံခုံးခုံးလေးတွေရိုက်. ရိုက်……….ရို်က်…………….ရိုက်လို့မဝနိုင်အောင်ပါဘဲ။ အဲတော့လဲရိုက်ခဲ့သမျှကို ပြန်လည်လို့ မျှပေးလိုက်ပါတယ်။   ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ရလာတဲ့ အတွေးပါးပါး (11-3-2012)  


ကုသိုလ်ယူတော်မူကြပါ…………………..ခင်ဗျား   မနက် 5နာရီ ကျော်ကျော်လောက် ကျနော်လမ်းလျှောက်ထွက်ချိန်မှာ ဆွမ်းခံထွက်လာတဲ့ သံဃာတော်တွေ ကိုရင်လေးတွေကို တွေ့ရတတ်ပါတယ်။ လပြည့်လကွယ်လို့ နေမျိုးမှာ ဆွမ်းလောင်းကြတဲ့ အဖွဲ့တွေလဲရှိတတ်ပါတယ်။ တစ်ရက်မှာ ဆွမ်းလောင်းအဖွဲ့က ဆွမ်းလောင်းနေတာလေးတွေ့တော့ မှတ်တမ်းတင်မိပါတယ်။ ဒီဆွမ်းလောင်းနေတာမြင်တော့ အဝေးဖိတ်နဲ့ အနီးဖိတ်နေ့များမှာ စစ်ကိုင်းဘက်ကနေ မန်းလေးဘက်ကူးလို့ ဒါနဆန် မေတ္တာရပ် ကြရှာတဲ့ မယ်သီလရင်များကို သတိရမိပါတယ်။ စစ်ကိုင်းကနေ မနက်အစောဆုံးထွက်လာတဲ့ကားများမှာတော့ မန်းလေးကိုလာကြတဲ့ မယ်သီလရင်တွေဘဲ တကားလုံးအပြည့်။ တစ်ခါတစ်လေတော့လဲ စစ်ကိုင်းကနေမန်လေးကိုလာတဲ့ကိုယ်ပိုင်ကားတွေက မယ်သီလရင်တွေကို ကားပေါ်ကိုခေါ်လာပါတယ်။ ဒီမယ်သီလရင်လေးများမှာ မန်းလေးမြို့ကကိုယ်နဲ့ဆက်မိတဲ့အမြဲလှူဒါန်းတဲ့ အိမ်တွေကို ဒါနဆန်မေတ္တာရပ် ရရှာပါတယ်။ သူတို့အလှူခံခွင့်ရှိတာကတော့တစ်ပါတ်နှစ်ရက်။ ဆန်ခံခွင့်ရတဲ့နှစ်ရက်မှာသာ ရာသီဥတုဖောက်ပြန်လို့ကတော့ သေပေတော့ပါဘဲ။ အလှူခံလို့ရတဲ့ဆန်တွေကို တစ်ပါတ်စာချန် ပိုတာရောင်းပြီးမှာ လိုအပ်တာကိုဝယ်ရခြမ်းရပါတယ်။ ဒါကတော့ သာမန်မယ်သီလရင်များရဲ့ တကယ့်ဘဝပါဘဲံ။ ဆွမ်းခံထွက်လာတဲ့ နေ့များမှာဆိုရင် […]


“ဝမ်းတစ်ထွာ တစ်”   ကျနော်က ချမ်းသာအသိုင်းအဝိုင်းက ပေါက်ဖွားလာတဲ့လူမဟုတ်ပါဘူး။ အဲတော့ကျနော်ငယ်စဉ်ကတည်းက နေထိုင်ရာ ပါတ်ဝန်းကျင်ကလူတွေက အလုပ်နဲ့လက်နဲ့ ဇယ်ဆက်သလိုလုပ်နေမှ ထမင်းနပ်မှန်သူတွေများပါတယ်။ ကျနော်ငယ်စဉ်က နေရတဲ့ပါတ်ဝန်းကျင်မှာ ပုလင်းခွံ အိတ်ခွံ သတင်းစာအဟောင်းတွေဝယ်တဲ့သူ.။ အိတ်အသေးသုးံလုံးကို နှစ်လုံးဖြစ်အောင်ပြန်ချုပ်သူ။ စက္ကူအိတ်ချိုးတဲ့သူ။ သတင်းစာပို့သူ။ စာစောင်လက်ပွေ့ရောင်းသူ။ စာအုပ်အဟောင်းရောင်းသူ။ အကြော်သည် စုံလို့ပါဘဲ။ ဒါပေမယ့်ရိုးသားစွာ ဘဝကိုမောင်းနှင်နေသူတွေဖြစ်ပါတယ်။ ငယ်ကတည်းက ဘယ်လိုလုပ်ကိုင်စားသောက်ကြတယ်ဆိုတာကို  စိတ်ဝင်စားပါတယ်။ အဲတော့ အခုအချိန်ရောက်လေရာရာမှာ လူတွေရဲ့ ဝမ်းတစ်ထွာကို ဖြည်တင်းဘို့ အလုပ်လုပ် နေကြတာတွေကို မှတ်တမ်းတင်မိပါတယ်။ ဖြန့်ဝေပေးလို်က်ပါတယ်။ လေးစားစရာလို့ ခံယူပါတယ်။   ကိုပေါက်လမ်းသွားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး။ (2-3-2012)      


    “စိမ်းစိုလန်းရွှင် တောင်သမန်ဝန်းကျင်”   တောင်သမန်ရောက်တော့ မနက်နေကထွက်နေပြီ။ အဲဒါနဲ့အောက်ထဲဆင်းပြီး ဓါတ်ပုံစိတ်တိုင်းကျရိုက်ပါတယ်။ ဓါတ်ပုံရိုက်နေရင်းက လက်ပံပင်မှာအပွင့်တွေဝေနေတာကိုလှမ်းကြည့်လို်က်တော့ လက်ပံပင်နံဘေးမှာ အုတ်ရိုးအပျက်လက်ကျန်လေးတစ်ခု။ အဲဒါလေးကိုလက်ပန်ပင်နဲ့တွဲရိုက်လိုက်ပါတယ်။ အဲဒီအုတ်ရိုးလေးပေါ်ကတက်ကြည့်တော့ တောင်သမန်ရွာရယ် ဦးပိန်တံတားရယ်ကိုဝိုးတဝါးမြင်ရပါတယ်။ မြူမူံတွေဆိုင်းနေလို့ပါ။ ကြည့်နေရင်းက ဒီအုတ်ရိုးလေးအရှေ့ဘက်မှာရှိတဲ့ဘုရားလေးဆီကိုသွားချင်စိတ်ပေါက်လာပါတယ်။ အလာတုန်းက အဲဒီနားမှညောင်ပင်ကြီးတစ်ပင်ကိုလဲတွေ့ထားတာကိုး။ အဲဒါနဲ့လက်ပန်ပင်လဲရို်က်ပြီးရော ဆိုင်ကယ်ယူပြီး ဘုရားရှိတဲ့ဘက်ကိုထွက်လာခဲ့ပါတယ်။ ဘုရားနားရောက်တော့ ဘုရားဝင်းထဲဝင် ပြီး ဓါတ်ပုံရို်က်ဘို့လုပ်ရပါတော့တယ်။ ဘုရားတောင်ဘက်ထွက်လဲထွက်လိုက်ရော အောက်နားလေးမှာ ကျွဲနှစ်ကောင်ရယ် ဘဲခြံရယ်တွေ့လို်က်ပါတယ်။ အဝေးကိုလှမ်းကြည့်တော့ လှပတဲ့မြင်ကွင်းတွေကို သစ်ပင်တွေက ကွယ်နေပါတယ်။ အဲဒါနဲ့ဘုရားတောင်ဘက်ခြမ်းကိုထွက်လာလိုက်ပါတယ်။ အဲဒီကနေကြည့်တော့အမိုးအကာတွေပျက်စီးယိုယွင်းနေတဲ့ ရေတွင်းဟောင်းလေးတွေ့။ အဲဒါလေးကို လက်ဆော့။ ဟိုအဝေးကို လှမ်းကြည့်မိတော့ ပြာလွင်သောကောင်းကင် အစိမ်းနုရောင်ကောက်ပင်၊ နေရောင်ခလို ရွှေရောင်တွေကြွနေတဲ့ ရေပြင်။ ရေပြင်နဲ့လယ်ကွင်းကြားမှာရှိတဲ့ တောင်ယာတဲလေး မြူမူန်တွေကြားထဲကြောင့် ဝိုးတဝါးဖြစ်နေတဲ့မြင်ကွင်းတွေ့တော့ ကင်မရာခလုတ်နှိပ်ဘို့တောင် မေ့သွားသလို………………………..။ […]


  “မြန်မာ့ဘော့လုံးလောက တိုးတက်အောင်ဆိုရင်”   ဟိုနေ့က ဂျာနယ်ထဲမှာ မြန်မာ့ပြည်ရဲ့ဘော့လုံးအဆင့်အတန်းနိမ့်ကျသွားတယ်ဆိုတာကို ဖတ်လိုက်ရပါတယ်။ ဟိုအရင်ရွှေထီးဆောင်းခဲ့တဲ့ခေတ်က ဗဟာဒူးတို့ အေးမောင်ကြီးဆို့အေးမောင်လေးတို့ အကြောင်းတွေလဲ မကြားရပြန်တာအတော်ကြာသွားပြီ။ မြန်မာပြည်မှာအရင်က ရပ်ကွက်အဆင့်၊မြို့နယ်အဆင့် အမြင့်ဆုံးကတော့ တိုင်းနဲ့ပြည်နယ်အဆင့်ဘဲရှိပါတယ်။ ဒါတောင်မှာ နိုင်ငံတကာ ဘောင်ဝင် အဆင့်မီအောင် အောင်မြင်အောင်လုပ်ခဲ့ကြပါတယ်။ သူ့နောက်မှာတော့ လူတွေပိုသိလာတဲ့  ဝင်းအောင် မျိုးလှိူင်ဝင်း သန်းတိုးအောင် အောင်ကျော်ကျော်တို့ခေတ်။ ဟိုးရှေးရှေးကစလို့ သူတို့ခေတ်ထိအပျော်တမ်းပါဘဲ။ နိုင်ငံတကာပွဲလေးများနိုင်ရင်ပြုရင်သာ မြေကွက်လေးဘာလေးလောက်နဲ့ကျေနပ်ခဲ့ရတဲ့ ခေတ် တကယ့်ကိုဝါသနာပါလို့ ကစားကြတဲ့ခေတ်ပေါ့၊ ဟောသူနောက်တော့ အခုလက်ရှိ ခင်မောင်ထွန်းတို့ခေတ်ရောက်ရော။ ဘောလုံးသမားရွှေခေတ်ရောက်သွားတာဘဲ။ ဦးဇော်ဇော်ကောင်းမူ့ကြောင့်ပါဘဲ။ ကြေးစားဘဝရောက်သွားတာကိုးဗျ။ ကြေးစားလို့ပြောရတာ မမိုက်ပါဘူးဗျာ ဘိုလို ပရိုခေတ်ရောက်သွားတာပေ့ါ။ စစခြင်းကတော့ မြန်မာ့ဘောလုံးလောက က အခုဘဲမြင့်တက်သွားမှာလိုလိုနဲ့။ ထားလိုက်ပါတော့။ ကျုုပ်တို့မန်းလေးမှာတော့ ဘောလုံးဝါသနာအိုးလေးတွေက ရရာကွင်းမှာကန်ကြတာပါဘဲ။ တစ်ချို့အရပ်တွေဆို ကိုရင်တွေနဲ့တောင်ချိန်းကန်တာ […]


“ညကပွဲ” တစ်ရက်က ကျနော်အလုပ်ကကောလေးတစ်ယောက်လက်ထပ်ပါတယ်။ ကျနော်တို့က မင်္ဂလာဆောင်ဝိုင်းကူရတာပေါ့။ အဲတော့သူကညကျတော့ ကျနော်တို့ကို ထမင်းကျွေးတာပေါ့။ ချာတိတ်တွေဆိုတော့ ဘီယာတွေ ဂျော်နီဒုတ်ထောက်တွေကိုင်တာပေါ့။ ကျနော်က အမြည်းစားတာပေါ့။ ဖြစ်ချင်တော့ကျနော်တို့ထမင်းသွားစားတဲ့ဆိုင်နားမှာ ကေတီဗွီအသစ်ဖွင့်ထားတယ်။ အခန်းအားလားသွားမေးတော့ ရတယ်တဲ့။ တစ်ဆက်ရှင် ခြောက်ထောင်ဆိုတော့ မိုက်မှမိုက်ပေါ့။ အဲဒါနဲ့ထမင်းစားသောက်ပြီးတော့ အဲဒီဘက်ကူးကြရော။ ဟိုရောက်တော့ အခန်းကပေါက်စန လူကဆယ်ယောက်။ အဲဒါနဲ့နည်းနည်းကျယ်တဲ့အခန်းအပေါ်ထပ်မှာရှိတယ်ဆိုလို့တက်ကြည့်။ အိုကေတယ် ဒါနဲ့ သီချင်းတွေဆိုကြ ကကြ။ စစခြင်း ပြည်တော်ဝင်နဲ့ဖွင့်တာပေါ့။ “အခါတော်ရောက်ချိန်နီးလို့လာပေ………..ဒေါါ်ဒေါ်မမ နှမတို့ရေ အသဲစွဲချစ်မိတ်ဆွေ……..” လို့အားလုံးဝိုင်းအော်။ ပြီးတာနဲ့ကိုယ်ကြိုက်တဲ့သီချင်းကိုယ်ရွေး။ အဲလိုကေတီဗွီရောက်ရင် တစ်ခုတော့သတိပေးလိုက်ချင်ပါရဲ့။ ကိုယ်ဆိုချင်တဲ့သီချင်းကို ဆက်တိုက်ရွေးထား။ နို့မို့ရင် စက်ကိုင်တဲ့ချာတိတ်က ဟိုရွှေ့ဒီရွှေ့နဲ့အချိန်ကုန်အောင်လုပ်ရော။ အဲဒါ ကေတီဗွီဆိုင်တိုင်းရဲ့အကျင့်။ အရှိန်တွေရလာတော့ တစ်ယောက်ဆိုရင် ဝိုင်းအော်။ ကတဲ့လူက က။ ပျော်စရာကြီး………………………. စိတ်ထဲမှာလွတ်လပ်ပေါ့ပါး။ ကျနော်က တော့ […]


    “သီတာခုနှစ်တန် မြသိန်းတန် “     မင်းကွန်းမှာ လု တို့သော့တို့နဲ့အလှူဓါတ်ပုံတွေရိုက်ပြီးထမင်းအတူစားကြပါတယ်။ ပြီးတော့ မြသိန်းတန်ဘုရားကို သွား။ မြသိန်းတန်ဘုရားထူးခြားတာက သီတာ7တန် ရေလှိုင်းပုံတံတိုင်းအဆင့်ဆင့် တည်ဆောက်ထားတာပါ။ ထူးခြားသောပုံတော်ရှိတဲ့စေတီလို့လဲပြောနိုင်ပါတယ်။ ကျနော်တို့သုံးယောက် ဓါတ်ပုံဝါသနာပါတာတူပေမယ့် အမြင်ခြင်း အကြိုက်ခြင်းမတူ။ အဲတော့ ဘုရားရောက်တာနဲ့လမ်းခွဲ။ ကျနာ်က တော့ ထန်းပင်ကိုမြင်တော့ တောင်ဘက်ထဲကိုသွား ။ ရွာထဲကမောင်ပုအကြိုက်ထန်းပင်ပါအောင်ရိုက်ပေးပါတယ်။   နောက်တောင်ဘက်အုတ်တံတိုင်းထက်ကိုတက်။ အားရပါးရရိုက်။ ဘုရားကအကြီးကြီး ကျနော်ကင်မရာကသေးသေး အားလုံးဝင်အောင်မဆန့်။ ဒါနဲ့ဘဲဆူးပင်တွေကြားတိုးဝှေ့  ပြိုပျက်နေတဲ့ အဝင်အုတ်ရိုးအောက်ကနေ ပုံတွေရိုက်။ တောင်ဘက်စောင်းတန်းကနေအပေါ်တက်တော့နေပူ ခြေပူ။ ပျက်စီးနေတဲ့ဆင်းတုလေးတွေကို တွေ့တော့နှမျောလို့ရင်ပူ။ အထက်အဆင့်တက်ရင်းက တောင်ဘက်ခြမ်းလှမ်းအကြည့် စက်ဝိုင်းခြမ်းလိုအပေါက်ကြားက ပုထိုးတော်ဘုရားကို မြင်မိ။ အပေါ်မှာလှည့်ပါတ်ရိုက်။ အောက်ကလှမ်းခေါ်တော့မှဆင်းလာ။ နေပူပေမယ့်လဲ ဘုရား ပုရဝုဏ်ကို တစ်ပါတ်ပါတ်လို့ရိုက်။ […]


      “မင်းကွန်းသို့အလည်သွားခြင်း” မင်းကွန်းကိုသွားမယ်ဆိုပြီးမရောက်ဖြစ်တာ တစ်နှစ်နီးပါး။ ရန်ကုန်က လုင်ရောက်တော့သွားဘို့ပြင်။ သော့သော့က သူလိုက်ပို့မယ်ပြော။ ကျနော်ကတော့ လိုက်မလိုက်မသေချာ။ သော့သော့နဲ့ လုလင်ကတော့ မနက်ခြောက်နာရီခွဲကတည်းက တိနိသင်္ဘောနဲ့အရင်ပြေး။ ကျနော်ကတော့ အလုပ်ကခွင့်တောင်းပြီး မှ ဆယ်နာရီလောက်မှလိုက်။ မရမ်းခြံဆိပ်ရောက်တော့ မြို့တော်ဥယျာဉ်မှာဆိုင်ကယ်အပ်။ မြစ်ကမ်းနံဘေးပြေးလို့ ထွက်မယ့်စက်လှေပေါ်တက်။ မင်းကွန်းအရောက်တစ်ယောက် ငါးရာ။ တွက်ကြည့်ရင်တန်ပါတယ်။ ခဏနေတော့စက်လှေထွက်ပါတယ်။ ပိတ်သတ်ညပ်နေတဲ့စက်လှေတွေကြားမှာ ဇွတ်တိုးထွက်တာ အသဲတယားယား။ ခဏနေတော့ကျယ်ပြန့်တဲ့ ရေပြင်ကျယ်ထဲရောက်တော့ စိတ်တွေလွတ်လပ်ပေါ့ပါး။ မြစ်ပြင်ထဲမှာတော့ သူလိုကိုယ်လိုခရီးသွားလှေတွေ သင်္ဘောတွေအများအပြား။ အနောက်ဘက်ကမ်းပါးကို ဖြိုလို့သဲ တူးနေတဲ့လှေတွေလဲတွေ့ပါ့။ ရေလည်မှထွန်းနေတဲ့သောင်ကိုမြင်ရတော့ မြစ်ကြီးကျဉ်းလားတာကိုလဲတွေ့ပါ့။ အဝေးမှာ မတ်တပ်ရပ်ကိုယ်တော်ကြီးတည်ထားတယ်လို့ပြောတော့အနောက်ဘက်က တောင်ကြီးကို ငေးမောကြည့်တော့ ရိုးတိုးရိပ်တိပ်နဲ့တောင်တက်လမ်းလေးကိုမြင်ပါ့။ လက်ထဲက ကင်မရာပေါက်စလေးနဲ့ ဓါတ်ပုံတွေလဲရိုက်ပါ့။ တစ်နာရီနားပါးကြာတော့ တိနိဆိပ်ကမ်းကိုရောက်။ တစ်လမ်းလုံးကျနော်စပ်စုသမျှကိုဖြေပေးတော်မူတဲ့ခေါင်မိုးပေါ်မှာ သီတင်းသုံးလာတဲ့ ဦးဇင်းကလည်း […]


      ” မန်းလေးတောင်ကိုလှည့်ကြည့်ပြီးအဆင်းမှာ……………” မန်းလေးတောင်ရဲ့အပေါ်ဆုံးရင်ပြင်တော်က သိပ်အကျယ်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေ့မယ် အနောက်ဘက်ကိုလှမ်းကြည့်မယ်ဆိုရင်တောင်ဘက်က ကျုံးနဲ့မြို့ရိုး။ အောက်ခြေမှာတော့ မန်းလေးမြို့မှာ အထင်ကရဖြစ်ခဲ့တဲ့ နို်ဗိုတယ်………. အခုတော့ မန်းလေးရီဆော့ ။(နိုက်ကလပ်ကတော့ မရှိတော့ဘူးထင်ပါရဲ့) လင်းလင်းထင်းထင်းနေသာတဲ့နေ့များမှာဆိုရင် မဟာမုနိကိုတောင်ဖူးမြင်နိုင်ပါရဲ့။ (ပြပြကလေးစိတ်မှန်းနဲ့မြင်ရတာပါ)။ အနောက်တည့်တည့်အောက်ငုံ့ကြည့်ရင် ဂေါက်ကွင်း။ ဟိုးအဝေးမှာတော့ ဧရာဝတီ။ မိုးတွင်းဆိုရင်တော့ ဧရာဝတီ ကိုရေပြင်ကြီးအဖြစ်အသွင်ပြောင်းသွားတာကိုမြင်ရ။ အခုတော့ သောင်နဲ့မြစ်ပြင် မြင်ရတယ်ဆိုရုံလေး။ မြောက်ဘက်မှာတော့ တိုင်းရင်းဆေးကျောင်း။. သူ့အနောက်ဘက်မှတော့ အသက်မဲ့သူများနားခိုရာကနေ ပုံပြောင်းသွားတဲ့ နေရာလေးတစ်ခု။. အဲဒီထဲမှာတော့ စေတီလေးတစ်ဆူ။ မြင်ကွင်းရှင်းရင် နေသာရင် မင်းကွန်းပုထိုးတော်ကြီးကို မြင်ရတတ်ပါတယ်။ မူံဝါးဝါးပေါ့.။ မြောက်ဘက်တည့်တည့်မြွေကြီးနှစ်ကောက်ဘက်ကကြည့်ရင်တော့ သခင်မ မယ်ဥတောင်တော်နဲ့လယ်ကွင်းတွေ။ အရှေ့ဘက်မှာတော့ လယ်ကွင်းတွေ သစ်ကွင်းတွေနဲ့ မန်းလေးတောင်အောက်ဘက်မှာ ရှိတဲ့ ဘုန်းတော်တိုး ဒေါနဘွား […]


” မန်းလေးတောင် မြွေကြီးနှစ်ကောင်သွားကြည့်ရအောင်”   မန်းလေးတောင်နဲ့ပါတ်သက်ရင် ငယ်က အော်ဆိုခဲ့တဲ့သီချင်းလေးတပုဒ်ကတော့ အခုချိန် အထိအမှတ်တရ။ “မန်းလေးတောင်မြွေကြီးနှစ်ကောင်သွားကြည့်ရအောင်”ဆိုတာလေးပေါ့။ နောက်”မန်းမြေတောင်ပေါ်မှာလေ ပျော်စရာမို့သွားကြစို့လေ” ဆိုတာကလည်းထင်ရှားတဲ့သီချင်းတပုဒ်ပါဘဲ။ ဖေဖော်ဝါရီလဆန်းရက်တစ်ရက်မှာတော့ မန်းလေးတောင်ကိုဆိုင်ကယ်နဲ့တက်ဖြစ်ပါတယ်။ မန်းလေးတောင်အတက်လမ်းက တကယ်တမ်းပြောရရင် မတ်ပါတယ်။ ပိုဆိုးတာက တစ်ဆစ်ချိုးအကွေ့က ခေါက်ကွေ့ရတော့ အန္တရာယ်များပါတယ်။ ကိုယ့်ရှေ့က မောင်းတဲ့ယာဉ်က ကြောက်နေရင် နောက်ကလူက ဒုက္ခရောက်ပါတယ်။ မေမြို့တက်ရတာထက်ပိုခက်ခဲပါတယ်။ တောင်ပေါ်ရောက်ခါနီး လမ်းတစ်ဝက်မှာ ယာဉ်ဝင်ခ 200ကျပ်။ တောင်ပေါ်ရောက်တော့ ယာဉ်အပ်ခ300။ မြန်မာငွေသုံးရာကုန်ရင်မန်းလေးတောင်ပေါ်ကို ရောက်ပါတယ်။ ဆိုင်ကယ်တစ်စီးကို လူနှစ်ယောက်တက်တော့ တစ်ယောက်250နူန်းပေါ့။ ဓါတ်ဆီဘိုးကတော့ အသွားအပြန်တစ်ကွာတ ဆိုတော့800လောက်တော့ ကုန်ပါတယ်။ မန်းလေးတောင် မှာဓါတ်လှေကားရှိပေမယ့် အခါကြီးရက်ကြီးမှ ဖွင့်ပါတယ်။ စက်လှေကားကတော့ အမြဲဖွင့်တယ်ထင်ပါတယ်။. ကျနော်ကတော့ အတက်စက်လှေခါး။ အပြန်ကျတော့ ခြေလျင်ပါဘဲ။ ဘာလို့လဲဆိုတော့ ထူးဆန်းစွာတာက […]


1 နေရောင်လာခါနီးမှာ မြူတွေကြားက မြင်ရတဲ့မန်းလေးတောင် ဒီပုံကို ကျနော်အရမ်းနှစ်သက်ပါတယ်။     “နေအခမှာမြင်ရတဲ့ မန်းလေးတောင်”   မန်းလေးတောင်ပေါ်ကို အရှေ့ဘက်စောင်းတန်းက နေတက်တဲ့သူနည်းပါတယ်။ လူပြတ်တာကြောင့်ပါ။ နောက်မန်းလေးတောင်တက်မယ်ဆိုရင် ခြင်္သေ့ကြီးနှစ်ကောင်ဘက်က နေတက်မယ်ဆိုရင် လမ်းမှာဝင်ဖူးစရာ ဘုရားတွေက အများကြီး။ အရှေ့ဘက်ကတက်မယ်ဆိုရင်တော့ ဓါတ်တော်တိုက်မရောက်ခင်မှာသာ ဖူးစရာဘုရားတစ်ဆူထဲဘဲရှိပါမယ်။   ဒါပေမယ့် အရှေ့ဘက်စောင်းတန်းက ကြည့်မယ်ဆိုရင်ရှမ်းရိုးမအလှ၊ ကုသိုလ်တော်၊စန္ဒာမုနိ၊ ရွှေကျောင်းကြီး၊အရှေ့ဘက်ကျုံးအလှတွေကို အားရပါးရမြင်ရပါတယ်။ မန်းလေးတောင်ဓါတ်တော်တိုက်ကတော့ အဝေးကနေမြင်နေရတဲ့ မန်းလေးမြို့ရဲ့ အမှတ်အသားတစ်ခုလို့ပြောရင်ရပါတယ်။ ဒီပုံလေးတွေက နေထွက်ပြီးစမှာမြင်ရတဲ့မန်းလေးတောင်နဲ့ပါတ်ဝန်းကျင်က မြင်ကွင်းလေးတွေပါ။ နှစ်သက်ကြမယ်လို့ထင်ပါတယ်။ နောက်ရက်တော့ မန်းလေးတောင်ပေါ်က ကားလမ်းကနေ ဆိုင်ကယ်နဲ့ သွားပြီးအ နောက်ဘက်ခြမ်းက မြင်ကွင်းတွေကို ခံစားကြရအောင်လေ။     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (16-2-2012)  


      “မြူငွေ့ဆိုုင်း မိူင်းမူံရီတဲ့ မန်းလေးတောင်”   မန်းလေးတောင်ကို ကျနော်အကြိမ်များစွာ ရောက်ဘူးပါတယ်။ ဟိုငယ်စဉ်ဘဝကတော့ ခြေလျင်အပြေးအလွှားတက်။ ခြေလျင်တက်တာတောင် တစ်ခါတစ်လေ စောင်းတန်းကတက်။ တစ်ခါတစ်လေ တောလမ်းကတက်။ တစ်ခါတစ်လေလူရှင်းတဲ့ဂေါက်ကွင်းဘက်အနောက်စောင်းတန်းကတက်။ ပျော်စရာကောင်းခဲ့တဲ့အချိန်တွေပါဘဲ။ ဒါပေမယ့် မန်းလေးတောင်ကို မနက်အာရုံမတက်ခင်တော့တစ်ခါမှ မရောက်။ တိုက်တိုက်ဆိုင်ဆိုင်လုလင်ရောက်တဲ့အချိန် မန်းလေးတောင်ကိုစောစောသွားဘို့ချိန်းလိုက်ပါတယ်။ ငါးနာရီလောက် စောစောထွက်။ လုလင်တည်းတဲ့12လမ်းဝင်ခေါ်။ မန်းတောင်ပေါ်ကို အပြေးအလွားတက်ကြပါတယ်။ ဘိုးဘိုးကြီးနန်းရှိတဲ့ အရှေ့ဖက်စောင်းတန်းကတက်။ နေကထွက်လာတော့ မှီအောင်အပြေးအလွားတက်ကြရတာ အပေါ်လဲရောက်ရော အတော်မောနေပါတယ်။ ဒါပေမယ့် လှပတဲ့မြင်ကွင်း မြူမူံတွေဝေစီနဲ့မြင်ကွင်းတွေက ရင်တွင်းအမောကိုပြေစေပါတယ်။ သိစေချင်တာကတော့မြန်မာပြည်အတွင်းမှာလဲလှပသောမြင်ကွင်တွေရှိတယ်ဆိုတာကိုပေါ့။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (16-2-2012)


“ဦးပိန်တံတားအောက်က တောင်သမန်”     တောင်သမန်အင်းကို ရောက်လို့မှဦးပိန် တံတားပေါ်လမ်းမလျှောက်ခဲ့ဘူးဆိုရင် မပြည့်စုံဘူးလို့ဆိုနိုင်ပါတယ်။ တကယ့်ကို ဂန္ထဝင်ဆန်စွာခန့်ညားတဲ့တံတားရယ် ပဉ္စလက်ဆန်သောအလှတွေပေါင်းစုနေတဲ့ အင်းရေပြင်လို့ပြောရင်လဲရပါတယ်။ တံတားကတော့ ရှည်လျားတော့ အဆုံးထိလျှောက်နိုင်ဘို့တော့ခက်ပါတယ်။ အနောက်ဘက် အမရပူရနဲ့အရှေ့ဘက်တောင်သမန်ရွာကို ဆက်သွယ်ထားတဲ့ တစ်ခုတည်းသောတံတားလည်းဖြစ်ပါတယ်။ ကြည့်လေလေ ကဗျာဆန်လေလေလို့ခံစားရတဲ့တံတားလဲဖြစ်ပါတယ်။ ဒီတစ်ခေါက်ကတော့ ဓါတ်ပုံရိုက်ဘို့ရောက်တဲ့အတွက် တံတားပေါ်မှာအရင် ကထက်စာရင် ကြာကြာလေးနေဖြစ်ပါတယ်။ အဲတော့မှ ဒီတံတားပေါ်မှာလူစုံဘဝစုံကိုတွေ့ရပါတယ်။ ပန်းချီဆရာ၊အမှတ်တရပစ္စည်းရောင်းသူ၊မုန့်သည်၊ ခရီးသွားဧည့်လမ်းညွှန် အလည်လာသူ ဝမ်းစာရှာသူ အပျော်ရှာလာသူ အမျုးိစုံပါဘဲ။ ကျနော်ကတော့ ဆောင်းနံနက်က အင်းရေပြင်ကိုငေးမောရင်းလက်ဆော့။ တံတားပေါ်တင်မဟုတ်ဘူး အင်းရေထဲမှာလဲ ခရီးသည်ပို့ဆောင်သူ ငါးမျှားသူ ကွန်ပစ်သူ ပိုက်ချသူ အပျော်လှေစီးသူ ဈေးသည် အစုံစုံပါဘဲ။ အဲဒီထဲကမှ နေရာတကာတွေ့ရသူကတော့ မှတ်တမ်းတင်ဓါတ်ပုံဆရာနဲ့အပျော်တမ်းဓါတ်ပုံဆရာတွေပါဘဲ။ မမြင်ဘူးသူ မြင်ရ မမြင်ဘူးသူ သတိရအောင်ရယ် စိန်ရွှေပေါက်လု တို့ […]