ကမာ္ဘကြီးပေါ်မှာရှိနေတဲ့ ရင်သွေးငယ်ပေါင်းများစွာဟာ ကံဆိုးနေရှာတယ် သူတို ့လေးတွေဟာ ဆာလောင်ခြင်း နာကျင်ခြင်း ၊ ငတ်မွတ်ခြင်းဆိုတဲ့ ဒုက္ခပေါင်းများစွာနဲ့ ကူညီသူမဲ့ဖြစ်နေရရှာပါတယ်။ ကျွန်တော်တို ့နေထိုင်ရာ မြန်မာပြည်မှာလည်း ရင်သွေးငယ်ပေါင်းများစွာဟာ ကံဆိုးနေကြဆဲပါ၊အမိအဖမဲ ့ရင်သွေးငယ်များအတွက် ကျွန်တော်တို့ရဲ့ နွေးထွေးတဲ့အကြင်နာဆေးဝါးလေးဟာ သူတို့လေးတွေ နှလုံးသားထဲမှာလိုအပ်နေကြပါတယ်။ ကမ္ဘာကြီးကိုဆက်လက်ထိန်းသိမ်းစောင့်ရှောက်မည့်မျိုးဆက်သစ် လူသားအရင်းအမြစ်များကို ကျွန်တော်တို့ရဲ့ အကြင်နာလက်များနဲ့တွဲခေါ်ပြီး သူတို့လေးတွေရဲ့အနာဂတ်များထွန်းလင်းတောက်ပစေအောင် လုပ်ဆောင်ကြပါစို့ဗျာ..။ နောင်တစ်ချိန်မှာ သူတို့ရဲ့အစွမ်းအစလေးတွေနဲ့ပိုမိုတိုးတက်တဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်ဆိုတာ မယုံကြည်ပေးလို့မရပါဘူး။ ဒီလိုမျိုးအရေးပါလှတဲ့နောင်တစ်ချိန် အားကိုးရမဲ့ အနာဂတ်ရဲ့ရင်သွေးငယ်ပေါင်းများစွာအပေါ်မှာ- * ဘာကြောင့်များကျွန်တော်တို့ ပစ်ပယ်မိနေကျတာလဲ…? * ဘာကြောင့်များ ကျွန်တော်တို့ မစဉ်းစားပေးကျတာလဲ…? * ဘာကြောင့်များ အကူအညီအလုံအလောက်မပေးနိုင်ရတာလဲ…? ကျွန်တော်တို့ချစ်တဲ့ ကမ္ဘာကြီးအတွက်၊ ကျွန်တော်တို့ချစ်တဲ့ ကလေးလေးတွေအတွက် စိတ်မပျက်နဲ့ကွယ်…ကလေးရယ် ကလေးရေ စိတ်ပျက်နဲ့ကွယ် ကိုယ်တိုင်ကမှပြဇာတ်ထင်တာ လူတွေရဲ့သဘာဝပါကွယ်…………..။ ကလေးရေ […]