Dannyရဲ့စားသောက်ဆိုင်လေး ရောင်းမကောင်းခဲ့တာ (၃)လဆက်တိုက်ရှိခဲ့ပါပြီ။ အရင်က စားသုံးသူတွေ တန်းစီစောင့်ရတဲ့အထိ ရောင်းကောင်းခဲ့တဲ့ သူ့ဆိုင်လေးလည်း စီးပွါးရေးကပ်ဆိုက်တဲ့အထဲ ပါခဲ့ရတယ်။ ဒီညမှာ စာရင်းတွေကို တွက်ချက်ကြည့်ရင်း အရှုံးတွေကို သူစိုက်မထုတ်နိုင်တော့လို့ မနက်ဖြန်မှာ ဆိုင်ကိုပိတ်လိုက်ဖို့ Dannyဆုံးဖြတ်လိုက်တယ်။ ထမင်းစားချိန်ဖြစ်ပေမယ့် ဆိုင်ထဲမှာ သားအဖဧည့်သည်နှစ်ဦးပဲရှိပြီး ထမင်းတစ်ပွဲနဲ့ နှစ်ယောက်စားနေခဲ့တယ်။ ဂျီကျနေတဲ့ ကလေးငယ်ကို အစပထမမှာ ဖခင်ဖြစ်သူက ဂရုမစိုက်ခဲ့ဘူး။ နောက်တော့ ကလေးငယ်ကို တိတ်တိတ်နေဖို့ စိတ်ပျက်လက်ပျက်ပြောနေခဲ့တယ်။ အဲဒီအချိန်မှာ ဦးထုပ်ဆောင်းထားတဲ့ မျက်နှာတည်နဲ့လူတစ်ဦး စားသောက်ဆိုင်ထဲ ဝင်လာခဲ့တယ်။ Dannyက ရှေ့တက်ကြိုဆိုပြီး စိတ်ထဲမှာလည်း “ဒီဧည့်သည်က ဒီညရဲ့နောက်ဆုံးဧည့်သည် ဖြစ်ကောင်းဖြစ်မှာမို့ သူ့ကိုကောင်းကောင်းဧည့်ခံလိုက်မယ်။ ကိုယ်လုပ်ပေးနိုင်တာ မများပေမယ့် သူအံဩဝမ်းသာအောင်တော့ လုပ်နိုင်လိမ့်မယ် ထင်တယ်”လို့ တွေးလိုက်တယ်။ စားစရာတွေကို ဧည့်သည်မှာပြီးနောက် Dannyက “ဝမ်းသာပါတယ်။ ခင်ဗျာအခုထိုင်တဲ့ […]