အချိန်ကတော့ တခုသော တန်ဆောင်မုန်းလဆန်းပေါ့ဗျာ ကျနော်ကကားမောင်းတာလဲဝါသနာပါသလို တဘက်ကလဲကျောင်းတက်ရင်း ကျောင်းစာရိတ်ရှာရပါတယ် ဦးလေးရဲ့ မာဇဒါစီဒင်ကားလေးကို ပရိုက်ဗိတ် တက်စီမောင်းခဲ့ဘူးပါတယ် တနေ့တော့ ရပ်ကွက်ထဲကအိမ်နီးနားချင်းတယောက်က(သတင်းစာတိုက်မှသတင်းစာဆရာတဦး)ကားလာငှါးပါတယ် ဘယ်ကိုလဲဆိုတော့ ပဲခူးကိုတဲ့ ဒါနဲ့ ဘယ်နေ့လဲလို့မေးတော့ တန်ဆောင်မုန်းလပြည့်နေ့တဲ့ ဒါနဲ့ကျနော်လဲကောင်းပြီ ဘယ်နနာရီ ထွက်မလဲမေးတော့ ညသန်းခေါင်တစ်နာရီထွက်မယ် ပေါ့ဗျာ အဲဒါနဲ့ကျသင့်တဲ့ဈေးပြောပြီး ခရီးဆက်ခဲ့ကြပါတယ် လမ်းမှာတော့ကျနော်က ဦးလေးကားကို ဂရုစိုက်ပြီးမောင်းခဲ့တယ်ပေါ့ဗျာ(ဦးလေးကကားကိုရိုရိုသေသေသုံးတတ်လို့ပါ) တလမ်းလုံးစကားလဲနဲပါတယ် သူတို့က မိသားစုနှစ်စုပေါင်းပြီးကားငှါးပုံရပါတယ် ကားပေါ်မှာကျနော်အပါအဝင်လူကြီးသုံးယောက်ကလေးတယောက်ပါ သူတို့ကလဲကျနော်ကလူငယ်ပေမဲ့ ကားကိုရမ်းရမ်းကားကား မမောင်းတတ်တာကိုသဘောကျကြတယ်ပေါ့ဗျာ ဒါနဲ့ပဲခူး ကိုရောက်တော့ ဘယ်ကိုမောင်းရမလဲမေးတော့ ရွှေမော်ဓောဖုရားကိုမောင်းပါတဲ့ ဖုရားကိုရောက်တော့ သူတို့လဲခနစောင်, ဆိုပြီး ဖုရားပေါ်တက်သွားကြတယ်ပေါ့ဗျာ ဒါနဲ့ကျနော်လဲ အပေါ့အပါးခနသွားပြီး နောက်မှဖုရားပေါ် တက်သွားတာ သူဒို့ကိုတော့မမြင်လိုက်တော့ပါဘူး ကျနော်လဲတယောက်ထဲ ဖုရားကိုတပတ်ပတ်ရင်းကြည်ညိုနေတုံး အထက်ပျစ်စရံ ကိုတက်တဲ့အဝင်ဝမှာ ကျနောဧည့်သည်မိသားစုလဲ ဝင်ဝမှာ တံခါးစောင်, တံခါးဖွင့်ပေးနေတာကိုတွေ့လိုက်ရပါတယ် […]