koaungFebruary 27, 20134min31114
      မြင်ခဲ့ရတဲ့မီးထွန်းပွဲတော် အမှတ်တရပါ ဗဟုသုတအဖြစ်တင်ဆက်လိုက်ပါတယ်                               မြင်ခဲ့ရတဲ့မီးထွန်းပွဲတော် အမှတ်တရပါ ဗဟုသုတအဖြစ်တင်ဆက်လိုက်ပါတယ်      ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေ                     


koaungJanuary 3, 20131min40820
၂၀၁၃  နှစ်သစ်မှာ  ရွှင်လန်းချမ်းမြည့်ကြပါစေ အစားအစာသည် လူ၏အဓိကလိုအပ်သော  မဖြစ်မနေစားသုံးရသည့်  အရာဖြစ်ပေ၏  သို့သော် အစားအစာတိုင်း  ကျန်းမာမှူကိုဖြည့်စည်းနိုင်ခြင်း မရှိပေ  သို့ပါ၍  အစာလည်းဆေး ဆေးလည်းအစာ ဖြစ်လျှင်ပို၍သင့်မြတ်သည်ဖြစ်ရာ   စားသောက်ရာတွင် ဘာကိုစားသင့်သလည်း  ဘယ်လိုစားရမလည်း  ဘယ်မျှစားသင့်သလည်း  စတာတွေကို မစားခင်ဆင်ခြင်နိုင်မှသာလျှင် စားသောအစာသည်  ဆေးဘက်ဝင်၏  မဆင်မခြင်စားသောက်ပါ က  စားသမျှအစာသည်  မလိုအပ်သော အရာများအဖြစ်ပြောင်းလဲ၍  အဆိပ်များအဖြစ်ရပ်တည်၍  အထွေထွေရောဂါဘယ များကိုဖြစ်ပွါးစေ၏ ထို့ပါ၍  နေ့စဉ်စားသမျှ အစာများအလွယ်တကူကြေညက်စေရန်  အသီးအနှံများစားခြင်း ရေများ များသောက်ခြင်းဖြင့် ချေဖျက်နိုင်ပါ၏ ယခုကျနော် မျှဝေချင် တာကတော့   တန်ဘိုးမကြီး အလွယ်တကူသုံးဆောင်နိုင်ပြီး  ကိုယ်တွင်းမှာမလိုအပ်တဲ့  အဆီဓတ်နဲ့ကဆီဓတ် များကို  နည်းစေမဲ့  ဖျော်ရည်သောက်နည်းဘဲဖြစ်ပါတယ် (၁)    ရေ၅၀ဝစီစီ (၂)    ပန်းသီး ကြီးလျှင်  တစိတ်  /   […]


koaungDecember 26, 20121min38329
မောင်ကိုကဂျပန်ကိုစရောက်လာချိန်မှာဘဲ ဂျပန်သူဌေးကြီးကစပွန်စာပေးပြီး ခေါ်ထားတဲ့အခြား မြန်မာတယောက်ကို  မောင်ကိုတွေ့လိုက်ရပါတယ် သူ့နာမည်ကကိုမျိုးတဲ့ အသက်က၃ဝကျော်မောင်ကိုထက် ရနှစ်ကြီးသလို သူကအိမ်ထောင်သည်ပေါ့  မောင်ကိုကနိုင်ငံခြားဘာသာစကားကို  လေ့လာခဲ့ပေမဲ့ဂျပန်ဘာသာမှာ  အားမရခဲ့ပါဘူး  ကိုမျိုးကတော့ဂျပန်ဘာသာကို အင်တာနေရှင်နယ် ဖောရင်းလမ်းဂွစ်   ဆိုတဲ့ကျောင်းဆင်းကြီး ပေါ့ဗျာ  ဂျပန်ကိုရောက်ကာစပေမဲ့ မြန်မာပြည်မှာတော်တော်လေးလေ့လာထားလို့  ဂျပန်စကားကိုရော စာကိုပါ တော်တော်လေး ကျွမ်းကျင်ပါတယ်  မောင်ကိုမေးသမျှကိုလည်း  အလျှင်းသင့်သလို ကိုမျိုးက ဘာသာပြန်ပေးတတ်ပါတယ် ဂျပန်ရောက်ပြီးသူဌေးက  သူ့ရဲ့စက်ရုံဝန်းထဲမှာနေစေပြီး ထမင်းစားရင်လည်းအတူစားလေ့ရှိပါတယ်  ရောက်ကာစဆိုတော့  မောင်ကိုလည်းကိုမျိုးကိုဆရာတင်ပြီး ကိုမျိုးခိုင်းသမျှကို လုဎ်ပေးခဲ့ပါတယ်  သူဌေးရဲ့ဇနီးက ဈေးဝယ် ချက်ပြုတ်ပြီး ကိုမျိုးနဲ့မောင်ကိုက  ထမင်းစားပွဲအဆင်သင့်ဖြစ်အောင်ဝိုင်းဝန်း ပြင်ဆင်ပေးရပါတယ်  ဒါနဲ့ တနေ့မှာ ကိုမျိုးကထမင်းစားဖို့  ဘီရိုထဲကထမင်းစားပန်းကံ တွေကိုထုက်နေတုံး  ဂွမ်းးးးးးးးးး ဆိုတဲ့ အသံနဲ့ ဘီရိုမှာတတ်ထားတဲ့မှန်ချပ် ကျကွဲသွားပါတယ်   အဲဒီအသံကိုကြားတဲ့ သူဌေးကတော် ဟာမီးဖိုချောင် ထဲ ဝင်လာပြီး  […]


koaungDecember 22, 20123min53933
အိမ်ပြန်ဖို့အားလုံးပေါင်းခွင့်၈ရက်ရခဲ့ပေမဲ့ မြန်မာပြည်မပြန်ခင်၃ရက်ကို ထိုင်ဝမ်နိုင်ငံတောင်ပိုင်းကိုမိသားစုသွားလည်ဖို့  ဆုံးဖြတ်ခဲ့ပြီးထိုင်ဝမ်နိုင်ငံတောင်ပိုင်းကိုရောက်ခဲ့ပါတယ် ထိုင်ပေမှကီလို၆၀ဝကျော်ဝေးတဲ့ ကောင်းရှုံမြို့ကို အရင်ရောက်ခဲ့ပါတယ်  ပထမညကအဲဒီမှာဘဲ အချိန်ကုန်ခဲ့ပါတယ်ဇနီးဖြစ်သူရဲ့ညီမအိမ်ပါ  နောက်တနေ့မနက်မှာ ကား၂စီးနဲ့  ဆောက်ပြီးခါစမြို့ပြဖြစ်တဲ့ ကောင်းရှုံ(အိတမြို့) ကိုသွားခဲ့ပြီအဲဒီကဟိုတယ်မှာ ဒုတိယညပေါ့ ဆောက်ပြီးကာစမြို့ပြဆိုတော့ ကြည့်ရတာအားလုံးဟာ လှပသပ်ရပ်နေပါတယ်  ကလေးတွေကတော့ခရီးထွက်ရတာကိုဘဲပျော်နေကြပါတယ် ဗဟုသူတအနေနဲ့ရှိတဲ့ဓတ်ပုံလေးတွေတင်ပေးလိုက်ပါတယ်     ဟိုတယ်ခက၂ယောက်တခန်းကို ဒေါ်လှ၁၇ဝပါ နောက်တနေ့မနက်တတိရနေ့မှာ  ကန်တင်းမြို့ကိုခရီးဆက်ခဲ့ပါတယ်ကီလိုမီတာ၆ဝခံ့ဆက်သွားရပါတယ်  အဲဒီမှာပင်လည်ဝပေါ့           အဲဒီမှာဘဲ၃ရက်ခရီးဆုံးလို့  နောက်တနေမှာမြန်မာပြည်ခရီးဆက်ခဲ့တာပါ     မြန်မာပြည်မပြန်ခင်၃ရက်  ထိုင်ဝမ်တောင်ပိုင်းခရီးဖြစ်ပါတယ် ကျန်းမာကြပါစေ      


koaungDecember 9, 20121min25711
ဟိုတလောက ကွန်မန့်ထဲမှာ အိုင်းပက်မှာမြန်မာဖွန့် သုံးတာနဲ့ပတ်သက်လို့အခက်အခဲရှိတာတွေဖတ်ရလို့  ပြည်တွင်းကဘော်ဒါတွေအတွက်  သိသင့် တာလေးတွေ ဝေမျှပေးချင်တာနဲ့ဒီပိုစကိုတင်လိုက်ပါတယ် အိုင်းပက်ကိုဆက်တင်စလုဎ်ကထဲက  ပန်းသီးအကောင့်တခုလိုအပ်ပါတယ်   ဒါကတော့ပန်:သီ:ရဲ့အပလီကကေးရှင်းတွေ  ဒေါင်းဖို့ပါအလကား  ဒေါင်းလို့ ရတာတွေရှိသလို  ပိုက်ဆံပေးမှဒေါင်းလို့ရတာတွေရှိပါတယ်  အိုင်းပက်ကိုဆက်တင်စလုဎ်ကထဲက ခရက်ဒစ်ကာဒ် အကောင့်ကိုပါဆက်တင်လုဎ်ရပါတယ် ပိုက်ဆံပေးရတဲ့ အပလီကေးရှင်းတွေဆို သူ့အလိုလိုပိုက်ဆံဖြတ်လို့ ရအောင်လို့ပါ မြန်မာဖွန့်ကိုအရင်ကဒေါင်းလို့ရခဲ့တာမှန်ပေမဲ့  အခုပိုက်ဆံပေးမှ ဒေါင်းလို့ရပါတယ် အခုကျနော်သုံးနေတဲ့မြန်မာဖွန့်က  (Shwe Browser) ရွှေဘရိုစာဘဲဖြစ်ပါတယ် 2$ပေးရပါတယ်  ပိုက်ဆံမပေးရတဲ့ အပလီကေးရှင်းတွေဟာသုံးရခက် တတ်ပါတယ်   တလက်ဆထဲဝေမျှပေးချင်တာကတော့ photo(2) အွန်လိုင်းကနေတရားနာချင်သူများကို ဒယ်အိုးဆရာတော်ရဲ့တရားတွေကို၂၄နာရီထုက်လွှင့်ပေးနေတာ ဖြစ်ပါတယ်     photo(3) ကတော့ထင်ရှားကြော်ကြားတဲ့ဆရာတော်များရဲ့  အမ်ပီ၃ဖိုင်တွေပါ  ကြိုက်နှစ်သက်တာကိုရွေးပြီ:တရားနာလို့ရပါတယ်ဗျာ       ကွန်ပြူတာတွေမှာလဲ အခုတလောမြန်မာဖွန့်ဒေါင်းရင်  မော်ဇီလာ(Mozilla Firefox)မှာဖတ်မရဖြစ်နေပါတယ်  အိုင်အီ:(Internet Explorer) မှာဘဲဖတ်လို့ရပါတယ်  ကွန်ပြူတာအသစ်ဝယ်တာဘဲဖြစ်ဖြစ်  ရီနယူ:ပြန်လုဎ်တာဘဲဖြစ်ဖြစ်မြန်မာဖွန့်ကိုပြန်ဒေါင်းရင်  […]


koaungDecember 1, 20121min20512
၇၃နှစ်တဲ့လား ဪနေလို့ရပါသေးပါရဲ့ဗျာလို့ပြောလိုက်ချင်ပါရဲ့ဗျာ အနီ:ကပ်ဆုံးရင်ထဲကစကားတွေကိုအမြဲပြောခွင့်ရခဲ့ပေမဲ့ ဒီတခါအမေကြားခွင့်ရစေချင်ပါရဲ့ ငယ်စဉ်တောင်ကျေးကလေးဘဝကနေလူလားမြောက်အောင်ပျိုးထောင်ပေးခဲ့တာတွေ ပြည့်စုံမှူတွေဝေးကွာနေစဉ်ကခေါင်းချင်းဆိုင် လက်ချင်းယှက်လောကဒဏ်ကိုရင်ဆိုင်ခဲ့တာတွေ တဦးတည်းသောသားတယောက်ကို လူရာဝင်စေဖို့သင်ကြားပေးခဲ့ပုံတွေ ဝင်ငွေ၃၅ဝဆိုတဲ့လခနဲ့ ရာကျော်တန်ပုဆိုးမှဝယ်ပေးခဲ့တာတွေ အရွယ်ရောက်လို့လူလားမြောက်ခဲ့ပြီ:ပြည်ပသွားဖို့စီစဉ်ခဲ့စဉ်က အဆင်ပြေစေဖို့လည်ပင်းကရွှေဆွဲကြိုးရောင်းပြီ: သားဖြစ်သူရဲ့လမ်:ကိုဖြောင့်စေခဲ့တာတွေ သူတိုးသမီ:နဲ့အတူပြန်လာတဲ့သားဖြစ်သူရဲ့အပြန်လမ်:ကိုဝမ်:သာအားရကြိုနေခဲ့တာတွေ သားဖြစ်သူရဲ့ရင်သွေး၂ယောက်ကိုမငြိုမညင်ပြုစုစောက်ရှောက်ခဲ့တာတွေ နှစ်တွေအတော်ကြာမှပြန်လာတတ်တဲ့သားကိုမျှော်နေတတ်တာတွေ သားကြိုက်တတ်တဲ့ငါးဂျီ:ချပ်ခြောက်ကျော်နဲ့သားကိုထမင်းစားစေဖို့မျော်နေတတ်တာတွေ တွေးမိလိုက်တိုင်းမနေ့ကလိုပါဘဲအမေ အမေသွားရမဲ့လမ်:အတိုင်းတနေ့ကျနော်သွားရမှာမုချမလွဲပါအမေ ဒါပေမဲ့အမေရယ ်ဒီဘဝဒီခဏတာမှာ ဆုံရပေမဲ့အမေ့ကျေးဇူ:တွေကြီ:လှပါတယ်ဗျာ ကျနော်ပြောချင်နေတဲ့ဒီစကားတွေ  အောက်စီဂျင်ဘူ:နဲ့အသက်ရှူနေတဲ့အမေကြားနိုင်သိနိုင်စေချင်ပါရဲ့ ရရက်သားသမီ:များအားအစဉ်လေးစားလျှက်         မောင်အောင်     မန်:တလေးဂဇက်သူကြီ: ဦးခိုင်မိခင်ကွယ်လွန်ခြင်းအတွက် အထူးထပ်တူထပ်မျှဝမ်:နည်းကြေကွဲရပါကြောင်း


koaungNovember 26, 20122min56327
        အချိန်အတော်ကြာ ပြန်ဘို့စဉ်းစားခဲ့တိုင်းမပြန်ဖြစ်ခဲ့ပေမဲ့  ဒီတခါတော့ မိသားစုနဲ့အတူ  ၅ရက်ခရီ:အဖြစ်နဲ့  ြမြန်မာပြည်ကိုြပြန်ဖြစ်ခဲ့ပါတယ်   ၈နစ်ကြာမပြန်ဖြစ်တာမို့  ပြန်ရတာစိတ်ထဲမှာ ပျော်နေမိတာအမှန်ပါဘဲ ကလေးတွေကိုတော့ငယ်ငယ်ကထဲက ခုထိဆွေပြမျိုးပြတခေါက်မှမရှိခဲ့တာမို့ သူတို့အတွက်တော့ ထူးဆမ်:တဲ့ခရီ:တခုဆိုရင်တော့မမှာ့:ပါ ရောက်တာနဲ့လေဆိတ်မှာ ခမ်းနားသပ်ရပ်လာတာတွေ  တွေ့ရသလို  လွတ်လွတ်လပ် လပ်  ကိုယ့်ပြစ်စည်းကိုယ်အပြင်ကို သယ်ခွင့်ရလို့    ဝမ်:သာမိသလိုပြောင်းလဲသွားတာတွေကို  တွေ့မြင်ခဲ့ရပါတယ်  အိမ်ကိုရောက်တော့ ပြစ်စည်း တွေချပြီ:နောက်တနေ့မှာကျိုက်ထီးရိုးသွားဘို့စီစဉ်ရပါတယ်  ကားငှါးတော့၉ယောက်စီ:ကို  တရက်အသွားအပြန် တသိန်:ခွဲပေးရပါတယ် သူများတွေ ပြောတာကဈေးပေါတယ်ဆိုပေမဲ့  ရောက်ခဲ့ဘူ:တဲ့ဒိပြင်နိုင်ငံဈေးတွေနဲ့ စာရင်ဈေးမပေါဘူ:လို့ထင်မိတယ် နောက်တနေ့မနက်မှာတော့ အိမ်က၄နာရီမှာထွက်ပြီ:ကျိုက်ထီးရိုး  တောင်ခြေကို၈နာရီခွဲခန့်မှာရောက်ပါတယ် မိုးရာသီထဲသွားပေမဲ့သွားတဲ့နေ့က မိုးမရွာပါဘူ:  တောင်ပေါ်သွားတဲ့ကားကိုပြောင်းစီ:ရပါတယ်  ကားခကရသေ့တောင်အထိ ၁၅၀၀  တောင်ပေါ်အထိ၂၅၀ဝပါ ကျနော်တို့မိသားစု၄ ယောက်နဲ့တူမလေ:တယောက်နဲ့ဆို  ကျနော်တို့အဖွဲ့က ၅ယောက်ပါ   ရသေ့တောင်ရောက်တော့ကားပြောင်းရပါတယ်  နိုင်ငံခြားသား ပတ်စ ပို့နဲ့ရသေ့တောင်ကနေ တောင်ပေါ်ခရီ:ကိုပေးမတက်တော့ပါဘူ: ကျနော်တို့ကအချိန်လဲသိပ်မရှိနေ့ချင်းပြန်ချင်တာမို့   ကားနဲ့ဆက်တက်ဘို့ဘဲ ဆုံးဖြတ်ခဲ့ပြီးသားပါ  နိုင်ငံခြားသားတော်တော်များများကိုတွေ့ရလို့လဲဝမ်:သာမိတာ အမှန်ပါငယ်စဉ်ကျောင်းသားဘဝနဲ့နှစ်စဉ်ရောက်တတ်ပေ မဲ့ ဒီလောက်နိုင်ငံခြားသားတွေများတာမတွေ့ခဲ့ဘူ:ပါ    […]


koaungMarch 16, 20124min26618
လွန်ခဲ့တဲ့တပတ်ကရောက်ခဲ့တဲ့ သစ်ခွပန်းပြပွဲကိုရွာသူရွာသားများကိုမိတ်ဆက်ပေးချင်ပါတယ် ဝင်ခကတော့7 ဒေါ်လှဖြစ်ပါတယ် ထိုင်ဝမ်ဒေါ်လာ၂၀ဝပါခင်ဗျာ                                     အခုလိုသည်းခံအားပေးကြတာကို  ရွာသူရွာသားများအားအစဉ်လေးစားလျှက် မောင်အောင်    


koaungMarch 5, 20123min19210
ထိုင်ဝမ်နိုင်ငံ ထိုင်ပေမြို့မှာရှိတဲ့ ၁၀၁ထပ်အမြင့်အဆောက်အဦးကြီးဖြစ်ပါတယ် ကဗာ့အမြင့်ဆုံးအဆောက်အဦးထဲကတခုပါ တိုးရစ်များအဓိကထားလာလည်သောနေရာဖြစ်ပါတယ် သည်းခံအားပေးကြပါ  အစဉ်လေးစားလျှက်                     အဲဒီနေရာတဝိုက်လုံးကရှောပင်စန်တာတွေပါ တနင်းလာနေ့ဆိုလူနဲတတ်တယ် စနေတနင်းဂနွေဆိုလူများတတ်ပါတယ် အလုဎ်နဲ့အဲဒီဖက်ရောက်တုံးရွာသူရွာသားများအားအ လည်ခေါ်သွားခြင်းဖြစ်ပါကြောင်း    


koaungFebruary 19, 20121min17810
မြင်မိတဲ့ဟင်းလျှာများ (၃) ဖြစ်ပါတယ် မြင်သာမြင်ရမကြင်ရဖြစ်ခဲ့ရင်တော့ ခွင့်လွှတ်နားလည်ပေးစေလိုပါကြောင်း ဗဟုသုတရစေရန်ရည်ရွယ်ပါ၏                       သည်းခံအားပေးကြပါခင်ဗျား ရွာသူရွာသားများအားအစဉ်လေးစားလျှက်   မောင်အောင်


koaungFebruary 14, 20123min32215
ဒီတခါတော့ ထိုင်ဝမ်နိုင်ငံရဲ့ ထိုင်ပေမြို့အနီးမှာရှိတဲ့ ဆိပ်ကမ်းအလှကိုမိတ်ဆက်ပေးချင်ပါတယ်ခင်ဗျား ထိုင်ပေမြို့မှကီလို၆ဝခန့်ဝေးပြီး တန့်ဆွေ ဆိုတဲ့မြို့အနိးမှာရှိပါတယ် တိုးရစ်များရောက်အောင်သွားကြတဲ့နေရာဖြစ်ပါကြောင်း ထိုင်ပေမြို့ရဲ့အလှပဆုံးနေရာတခုဖြစ်ပါကြောင်း                       ဒီရက်ပိုင်းမှာ တလကျော်ကျော်မိုးအဆက်မပြတ်ရွာတာဖြစ်လို့ မြင်ကွင်းများပြတ်သားမှုမရှိတာကိုခွင့်လွှတ်နားလည်ပေးကြပါ ဆရာနိုဇိုမိရေ  ဆရာ့လိုပိုစ ကိုသပ်သပ်ရပ်ရပ်တင်နိုင်အောင်ကြိုးစားနေပါကြောင်း ရွာသူရွာသားများအားအစဉ်လေးစားလျှက် သည်းခံအားပေးကြပါ    မောင်အောင်


koaungFebruary 12, 20122min25414
မြင်မိတဲ့ ညရှူခင်းများပုံ ဖြစ်ပါတယ်           ကျနော်မြင်မိတဲ့ညရှူခင်းပုံများဖြစ်ပါတယ်  သည်းခံအားပေးကြပါအစဉ်လေးစားလျှက်   မောင်အောင်  


koaungFebruary 9, 20122min21914
မြင်မိတဲ့ဟင်းလျှာများ (၂) ဖြစ်ပါတယ် မြင်သာမြင်ရမကြင်ရဖြစ်ခဲ့ရင်တော့ ခွင့်လွှတ်နားလည်ပေးစေလိုပါကြောင်း ဗဟုသုတရစေရန်ရည်ရွယ်ပါ၏   သူကြီးနဲ့ဆရာကြောင်ကြီးအကြိုက်ပေါ့ဗျား ကျနော်လဲကြိုက်ပါတယ်   မြန်မာပြည်ကငါးဆီပြန်အရသာနဲ့ခပ်ဆင်ဆင်တူပါတယ်   တချို့သောလူများ ကျန်းမာရေးအတွက်ကြက်ဟင်းခါးသီးကိုအထူးတလည်စားကြပါတယ်(ဝမ်တွင်းအေးစေပြီး အပူအပုက်စင်စေပြီ: အသားအရေလှစေကြောင်း သိရှိရပါတယ်) အရေပြားရောဂါရှိသူများအတွက် အထူးသင့်လျှော်ပါကြောင်း     သူကတော့ဆီးချိုထိန်းနိုင်တယ်လို့သိရှိရပါတယ် အမှုန့်လိုက်ရောင်းတတ်ပြီးတချို့ဆိုနွားနို့ ပဲနို့များနဲ့ရောပြီးသုံးဆောင်ကြပါကြောင်း     သပ်သပ်လွတ်စားသူများအထူးတလည် နှစ်သက်ကြပါကြောင်း   အရသာကတော့စားတတ်သွားရင်နှစ်သက်ကြပါတယ်     စပ်သလားမမေးနဲ့ မစားရသေးဘူးမြင်တာနဲ့ချွေးထွက်ပါကြောင်း       မန်းတလေးဂဇက်တွင် ပိုစတင်ကာစ ဖေးမကူညီခဲ့သော သူကြီး၊ကိုပေါက်ဖော်၊ကိုပေ၊ကိုနိုဇိုမိ၊မဆူး တို့အားကျေးဇူးအထူးတင်ရှိပါကြောင်း သည်းခံအားပေးကြပါခင်ဗျား ရွာသူရွာသားများအားအစဉ်လေးစားလျှက်   မောင်အောင်