thureinmaungMarch 2, 20131min40120
မြန်မာနိုင်ငံသားရှမ်းတိုင်းရင်းသားစိုင်းနော်ခမ်းကို တရုတ်ကသေဒါဏ်ပေးလိုက်တဲ့သတင်းကို ဒီနေ့ ကမ္ဘာ့မီဒီယာပေါ်အားလုံးမြင်တွေ့လိုက်ရပါပြီ… စိုင်းနော်ခမ်း အပြစ်ရှိတာ၊မရှိတာဒီနေရာမှာအငြင်းမပွားလိုပါ.. သူသေသွားပြီးနောက်မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့တွေးစရာတွေအများကြီးကျန်ခဲ့ပါပြီ.. တရုတ်အာဏာပိုင်တွေရှေ့မှောက်မှာ ဒူးထောက်ခိုင်းတာတွေ၊သေဒါဏ်ပေးတဲ့နေရာနား အထိတီဗီရိုက်ပြီးထုတ်လွှင့်ပြသသွားတာတွေဟာ လူသားတစ်ဦးရဲ့ဂုဏ်သိက္ခာ၊တစ်နည်း အားဖြင့်မြန်မာနိုင်သားရဲ့ဂုဏ်သိက္ခာကိုတရုတ်နိုင်ငံကရည်ရွယ်ချက်ရှိရှိစော်ကားလိုက် သလိုအဓိပ္ပါယ်သက်ရောက်စေပါတယ်…တစ်ဆက်တည်းမှာမေးခွန်းတွေလည်းတန်းစီပြီး ခေါင်းထဲရောက်လာပါတယ်… သူတို့နိုင်ငံသားကိုသေဒါဏ်စီရင်တာတောင်ဒီလိုသေခါနီးအထိမီဒီယာတွေမှာထုတ်လွှင့် ပြသခြင်းတစ်ခါမှမရှိခဲ့ဘဲနဲ့ဘာကြောင့်မြန်မာနိုင်ငံသားတစ်ဦးကိုဒီလိုလုပ်ခဲ့တာလဲ… ပြစ်ဒါဏ်ကိုယူနန်ပြည်နယ်တရားရုံးကသေဒါဏ်ချလိုက်တဲ့အချိန်အထိကိုယ့်နိုင်ငံသား တရားခံကိုသံတမန်နည်းလမ်းအရတောင်းဆိုပြီးကိုယ့်နိုင်ငံရဲ့တရားဥပဒေအောက်မှာ တရားရင်ဆိုင်ပြီးစီရင်ချက်ချလို့ရအောင်အစိုးရဘာလို့မလုပ်နိုင်ခဲ့တာလဲ… နောက်ကွယ်ကအကြောင်းရင်းတွေကပိုပြီးစိတ်ဝင်စားစရာကောင်းလာပါပြီ… လူသတ်မှုနဲ့စွဲဆိုထားတဲ့အခင်းဖြစ်ပွားတဲ့နေရာကလည်းလာအိုနဲ့မြန်မာနိုင်ငံနယ်နိမိတ် မျဉ်းကြောင်းပေါ်ကမဲခေါင်မြစ်နဲ့မြန်မာနိုင်ငံပိုင်နက်တောတောင်ထဲမှာဘဲဖြစ်ခဲ့တာပါ… မြန်မာနိုင်ငံဟာအချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံစစ်စစ်ဖြစ်တယ်၊တရားဥပဒေစိုးမိုးတဲ့တိုင်း ပြည်ဖြစ်တယ်ဆိုရင်မိမိနိုင်ငံသားတစ်ဦးကိုခုခံကာကွယ်ခွင့်မရှိ တဲ့တိုင်းတစ်ပါးမှာဘာ ကြောင့်အညိုးကြီးကြီးနဲ့စီရင်ချက်ချလိုက်တာကိုဒီတိုင်းကြည့်နေလိုက်ရတာလဲ၊ ဒါဆိုရင်မြန်မာနိုင်ငံသားဖြစ်တဲ့ကျွန်တော်တို့အားလုံးကိုအစိုးရရဲ့ကာကွယ်ပေးနိုင်မှု လှုံခြုံရေးပေးနိုင်မှုကိုမေးခွန်းထုတ်ရတော့မှာပါ… တနည်းအားဖြင့် ကျွန်တော်တို့ဟာ အချုပ်အခြားအာဏာပိုင်နိုင်ငံတစ်ခုရဲ့ နိုင်ငံသားတွေဖြစ် ပါရက်နဲ့ နိုင်ငံမဲ့ ကလေကချေလိုု စစ်ချင်တဲ့ နိုင်ငံ ၊စစ်ချင်တဲ့ တရားရုံးကစစ်ဆေး၊ ပေးချင်တဲ့ ပြစ်ဒဏ်ပေး နေတာကိုဒီတိုင်းခေါင်းငုံ့ခံခဲ့ရတာပါ… ဒီလုပ်ရပ်ဟာ… မြန်မာနိုင်ငံကိုတရုတ်က ဂရုမစိုက်ဘူးဆိုတာဖေါ်ပြလိုက်သလိုဖြစ်ပါတယ်.. တရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံအပေါ်ထားရှိတဲ့သဘောထားကိုလဲထင်ဟပ်နေပါတယ်.. ပြည်တွင်းနေတရုတ်လူမျိုးတွေကိုကျွန်တော်တို့မမုန်းပါဘူး… မြန်မာနိုင်ငံသားတိုင်းရင်းသားတွေနိုးနိုးကြားကြားသတိရှိဘို့လိုအပ်နေပါပြီ… စိုင်းနော်ခမ်းအပြစ်ရှိခြင်းမရှိခြင်းကိုကြည့်တာထက်၊ စိုင်းနော်ခမ်းအပေါ်ပြုမှုဆက်ဆံ သွားတဲ့တရုတ်အစိုးရရဲ့သဘောထားနဲ့တရားစီရင်ရေးပုံစံတွေဟာကျွန်တော်တို့ကိုစိန်ခေါ် နေပြီးတရုတ်ဆန့်ကျင်တဲ့စိတ်ဓါတ်ကိုပိုဆွပေးလိုက်သလိုဖြစ်သွားစေပါတယ်….


khunmyomyatApril 26, 20101min993
ကျနော် ဒီပို့စ်ကို ရေးတာ ဘာသာရေး ထိခိုက်မှု လုံးဝ မရှိပါဘူး။ ကမ္ဘာမှာ မိမိကိုးကွယ်ရာ ယုံကြည်ရာကို လူတိုင်းကိုးကွယ်ခွင့် ရှိတာ ကျနော်လက်ခံယုံကြည်ပါတယ်။ ဒီပို့စ်က မသိသေးသူတွေအတွက် ဗဟုသုတလေး တခုအနေနဲ့ပဲ ရေးသားထားခြင်း ဖြစ်ပါသည်။ အယူအဆဆိုတာ ကိုးကွယ်ယုံကြည်ရာနဲ့လည်း သက်ဆိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေ ပြောတဲ့စကားတခွန်းဖြစ်တဲ့ “ အယူတိမ်းလို့ နတ်စိမ်းဖြစ်တယ် ” ဆိုလား။ အဲဒီလိုလေးပေ့ါ။ တခဏတာ ကြားဖူးမိလိုက်တာလေးဟာ ၊ မြင်ဖူးမိလိုက်တာလေးဟာ အစွဲအလန်းလို ၊ ယုံကြည်ရာ လိုလို ဖြစ်သွားတက်ပါတယ်။ ကျနော်တရားနားထောင်ရခြင်း အကြောင်းက ဆရာတော်တွေက တရားဟောရင် ၊ တရားချည်းပဲ ဟောပြောတာ မဟုတ်ပါဘူး။ နိင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ […]