thureinmaungMarch 2, 20131min40520
မြန်မာနိုင်ငံသားရှမ်းတိုင်းရင်းသားစိုင်းနော်ခမ်းကို တရုတ်ကသေဒါဏ်ပေးလိုက်တဲ့သတင်းကို ဒီနေ့ ကမ္ဘာ့မီဒီယာပေါ်အားလုံးမြင်တွေ့လိုက်ရပါပြီ… စိုင်းနော်ခမ်း အပြစ်ရှိတာ၊မရှိတာဒီနေရာမှာအငြင်းမပွားလိုပါ.. သူသေသွားပြီးနောက်မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့တွေးစရာတွေအများကြီးကျန်ခဲ့ပါပြီ.. တရုတ်အာဏာပိုင်တွေရှေ့မှောက်မှာ ဒူးထောက်ခိုင်းတာတွေ၊သေဒါဏ်ပေးတဲ့နေရာနား အထိတီဗီရိုက်ပြီးထုတ်လွှင့်ပြသသွားတာတွေဟာ လူသားတစ်ဦးရဲ့ဂုဏ်သိက္ခာ၊တစ်နည်း အားဖြင့်မြန်မာနိုင်သားရဲ့ဂုဏ်သိက္ခာကိုတရုတ်နိုင်ငံကရည်ရွယ်ချက်ရှိရှိစော်ကားလိုက် သလိုအဓိပ္ပါယ်သက်ရောက်စေပါတယ်…တစ်ဆက်တည်းမှာမေးခွန်းတွေလည်းတန်းစီပြီး ခေါင်းထဲရောက်လာပါတယ်… သူတို့နိုင်ငံသားကိုသေဒါဏ်စီရင်တာတောင်ဒီလိုသေခါနီးအထိမီဒီယာတွေမှာထုတ်လွှင့် ပြသခြင်းတစ်ခါမှမရှိခဲ့ဘဲနဲ့ဘာကြောင့်မြန်မာနိုင်ငံသားတစ်ဦးကိုဒီလိုလုပ်ခဲ့တာလဲ… ပြစ်ဒါဏ်ကိုယူနန်ပြည်နယ်တရားရုံးကသေဒါဏ်ချလိုက်တဲ့အချိန်အထိကိုယ့်နိုင်ငံသား တရားခံကိုသံတမန်နည်းလမ်းအရတောင်းဆိုပြီးကိုယ့်နိုင်ငံရဲ့တရားဥပဒေအောက်မှာ တရားရင်ဆိုင်ပြီးစီရင်ချက်ချလို့ရအောင်အစိုးရဘာလို့မလုပ်နိုင်ခဲ့တာလဲ… နောက်ကွယ်ကအကြောင်းရင်းတွေကပိုပြီးစိတ်ဝင်စားစရာကောင်းလာပါပြီ… လူသတ်မှုနဲ့စွဲဆိုထားတဲ့အခင်းဖြစ်ပွားတဲ့နေရာကလည်းလာအိုနဲ့မြန်မာနိုင်ငံနယ်နိမိတ် မျဉ်းကြောင်းပေါ်ကမဲခေါင်မြစ်နဲ့မြန်မာနိုင်ငံပိုင်နက်တောတောင်ထဲမှာဘဲဖြစ်ခဲ့တာပါ… မြန်မာနိုင်ငံဟာအချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံစစ်စစ်ဖြစ်တယ်၊တရားဥပဒေစိုးမိုးတဲ့တိုင်း ပြည်ဖြစ်တယ်ဆိုရင်မိမိနိုင်ငံသားတစ်ဦးကိုခုခံကာကွယ်ခွင့်မရှိ တဲ့တိုင်းတစ်ပါးမှာဘာ ကြောင့်အညိုးကြီးကြီးနဲ့စီရင်ချက်ချလိုက်တာကိုဒီတိုင်းကြည့်နေလိုက်ရတာလဲ၊ ဒါဆိုရင်မြန်မာနိုင်ငံသားဖြစ်တဲ့ကျွန်တော်တို့အားလုံးကိုအစိုးရရဲ့ကာကွယ်ပေးနိုင်မှု လှုံခြုံရေးပေးနိုင်မှုကိုမေးခွန်းထုတ်ရတော့မှာပါ… တနည်းအားဖြင့် ကျွန်တော်တို့ဟာ အချုပ်အခြားအာဏာပိုင်နိုင်ငံတစ်ခုရဲ့ နိုင်ငံသားတွေဖြစ် ပါရက်နဲ့ နိုင်ငံမဲ့ ကလေကချေလိုု စစ်ချင်တဲ့ နိုင်ငံ ၊စစ်ချင်တဲ့ တရားရုံးကစစ်ဆေး၊ ပေးချင်တဲ့ ပြစ်ဒဏ်ပေး နေတာကိုဒီတိုင်းခေါင်းငုံ့ခံခဲ့ရတာပါ… ဒီလုပ်ရပ်ဟာ… မြန်မာနိုင်ငံကိုတရုတ်က ဂရုမစိုက်ဘူးဆိုတာဖေါ်ပြလိုက်သလိုဖြစ်ပါတယ်.. တရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံအပေါ်ထားရှိတဲ့သဘောထားကိုလဲထင်ဟပ်နေပါတယ်.. ပြည်တွင်းနေတရုတ်လူမျိုးတွေကိုကျွန်တော်တို့မမုန်းပါဘူး… မြန်မာနိုင်ငံသားတိုင်းရင်းသားတွေနိုးနိုးကြားကြားသတိရှိဘို့လိုအပ်နေပါပြီ… စိုင်းနော်ခမ်းအပြစ်ရှိခြင်းမရှိခြင်းကိုကြည့်တာထက်၊ စိုင်းနော်ခမ်းအပေါ်ပြုမှုဆက်ဆံ သွားတဲ့တရုတ်အစိုးရရဲ့သဘောထားနဲ့တရားစီရင်ရေးပုံစံတွေဟာကျွန်တော်တို့ကိုစိန်ခေါ် နေပြီးတရုတ်ဆန့်ကျင်တဲ့စိတ်ဓါတ်ကိုပိုဆွပေးလိုက်သလိုဖြစ်သွားစေပါတယ်….


thureinmaungOctober 31, 20121min33325
စွန့်ပစ်ခံရခြင်း၊ အထီးကျန်ဆန်ခြင်း၊ တန်ဖိုးမဲ့သလိုခံစားရခြင်း အရှုံးပေးလိုက်ရခြင်း မျှော်လင့်ချက်ကင်းမဲ့ခြင်း အဲဒါတွေကိုအားလုံးစုပြုံပြီးခံစားရတာဟာ တော်တော်ခံရခက်ပါတယ်၊ပူလောင်ပြီး နေရလဲတော်တော်ခက်တာဘဲဗျာ.. ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး၊ဘေးလူအတွက် လှောင်ပြောင်စရာဖြစ် ပေမယ့်တကယ်ခံရတဲ့သူက တော်တော်ဆိုးဝါးတဲ့အခြေနေဘဲဗျ… ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေဝေမျှပေးကြဦးလားဗျာ…


thureinmaungMarch 21, 20122min1184
ကင်မရာလေးတစ်လုံးလက်ထဲမှာရှိနေယင်ခရီးသွားယင်း၊ရိုက်ထားတာတွေကတစ်ချိန်မှာ ြပြန်ကြည့်တဲ့အခါအမှတ်တရလေးတွေဖြစ်လာတယ်၊ဒီလထဲမှာရန်ကုန်ကနေမန်းလေးကို လေယာဉ်နဲ့ခရီးသွားခဲ့တော့မြင်ရတဲ့ပုံရိပ်လေးတွေကိုရွာအတွက်ဝေမျှလိုက်ပါတယ်  


thureinmaungFebruary 27, 20121min1989
ပြည်တါင်းပြည်ပကဧည့်သည်များအင်းလေးကိုသွားလည်ကြမယ်ဆိုယင်ညောင်ရွှေ၊အင်းထဲကဖေါင်တော်ဦးဘုရား၊ အင်းတိန်၊ ငါးဖယ်ကျောင်း၊ကျွန်းမျောစိုက်ခင်း၊ယက်ကန်းရုံ၊ငွေပန်းတိမ်လုပ်ငန်း၊အမှတ်တရအရောင်းဆိုင်စသဖြင့်နာမည်ကြီးတဲ့နေရာတွေကိုဘဲ လိုက်ပို့ကြပါတယ်။ တကယ်ဆိုယင်၊အင်းလေးနဲ့ပါတ်ဝန်းကျင်တစ်ဝိုက်လေ့လာလည်ပတ်စရာအများကြီးရှိပါသေးတယ်၊ သဘာဝရှုခင်းကြည့်မလား၊ ဒေသခံလူများနေထိုင်အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ၊လေ့လာမလား၊အင်းလေးကန်ပတ်လည်မှာရှိတဲ့ရှေးဘုန်းကြီးကျောင်း တွေကိုလေ့လာမလား၊အင်းလေးကန်ထဲကိုစီးဝင်နေတဲ့ချောင်းတွေရဲ့ရေတံခွန်ကိုလေ့လာမလား၊ကျွန်းမျောမဟုတ်တဲ့တောင်ယာစိုက်ခင်း၊ ဥယာဉ်ခြံစိုက်ခင်းတွေလေ့လာမလား အများကြီးပါဘဲ။ အလုပ်ကိစတစ်ခုနဲ့အင်းလေးကိုရောက်ခဲ့ပါတယ်၊လူတွေသွားလည်နေကျနေရာတော့မဟုတ်ဘူး၊ညောင်ရွှေမြို့အနောက်ဘက်တည့်တည့်(၃)မိုင် လောက်အကွာတောင်ကုန်းပေါ်မှာရှိတဲ့မွေတော်ဘုန်းကြီးကျောင်းတစ်ကျောင်းပါ၊ အင်းလေးလူငယ်တွေရဲ့ workshop တစ်ခုကိုဦးဆောင်ဘို့ရောက် သွားယင်းအဲဒီတောင်ကုန်းပေါ်ကမြင်ရတဲ့ဆန်းသစ်လှပတဲ့ရှုမျှော်ခင်းလေးတွေကိုshare လိုက်ပါတတယ်။ အခြောက်ခံလှန်းထားကြတယ် ကမြင်နေရတဲ့တောင်ပြာပြာအောက်မှာတော့တောင်ကြီးမြို့ရှိတယ်


thureinmaungFebruary 14, 20121min31115
ကျွန်တော်ဟာခရီးသွားရတာဝါသနာပါ ပါတယ်၊ ခရီးသွားဖြစ်တိုင်းလဲလက်ကအငြိမ်မနေတတ်ပါဘူး၊ ပါလာတဲ့ ကင်မရာနဲ့ အမြဲတမ်းဓါတ်ပုံရိုက်တတ်တယ်၊ကျွန်တော်အလုပ်ကိစနဲ့ပြည်တွင်းခရီးစဉ်မကြာခဏထွက်ရပါတယ်၊ ခရီးထွက်တိုင်းလဲလေယာဉ်နဲ့အသွားများတယ်၊ ဒီလိုသွားတိုင်းဖုံးကင်မရာနဲ့ရိုက်ထားတဲ့ပုံအချို့ကိုဝေမျှလိုက်ပါတယ်။