Yin Nyine NwayAugust 29, 20101min1610
တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး ‘ဒီဖန်ခွက်က ဘယ်လောက်လေးမယ်ထင်သလဲ’ လို့ ကျောင်းသားတွေကို မေးတယ်.. ၅ဝဂရမ်၊ ၁၀ဝ ဂရမ် အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် .. ဆရာက ဆက်ပြောတယ် ..’ဒီဖန်ခွက်ရဲ့ တကယ့် အလေးချ်ိန်ကိုတော့ ဆရာမသိပါဘူး။ ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင် ဘာဖြစ်မလဲ ဆိုတာပဲ ..’ “ဘာမှမဖြစ်ဘူး” လို့ ကျောင်းသူတစ်ယောက်ကဖြေတော့ “တော်တော်ကြာကြာကိုင်ထားရင်ရော” လို့ ဆရာက ဆက်မေးတယ် .. “လက်တွေညောင်းပြီး ထုံကျင်လာမယ်” လို့ ဖြေကြတယ် … ‘ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ’ လို့ ဆရာမေးတော့ ရွှတ်နောက်နောက်ကျောင်းသားတစ်ယောက်က “မင်းလက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့ လက်မောင်းကိုက်လာမယ် ၊ […]