၂၀၁၂ခု၊မတ်လ(၁၀)ရက်နေ ့ သံတွဲမှစတင်ထွက်ခွာဖြစ်ပြီး၊ဧပြီလ(၇)ရက်နေ ့တွင်ပြန်လည်ရောက်ရှိခဲ့ပါသည်။စတင်ထွက်ခွာခဲ့ရာ သံတွဲမှ တောင်ကုတ်(၄၄မိုင်)၊ထို ့နောက် တောင်ကုတ်တောင်ကြားလမ်းအတိုင်း ဥသျှစ်ပင်(၈၅မိုင်)၊ဆက်ပြီး ပုသိမ်-မုံရွာလမ်း(၁၀၆မိုင်)အတိုင်း ပဒန်း၊မင်းဘူး၊မကွေး။မကွေးမှ ပြည်သို ့(၁၄၅မိုင်) နဂိုလမ်းဟောင်းအတိုင်းဆက်ခရီးနှင်ခဲ့သည်။လမ်းတလျှောက် ဓါတ်ပုံများရိုက်ကူးလာနိုင်ခဲ့သော်လည်း ပျက်စီးသွားသည်များရှိသလို၊တန်ဖိုးရှိသော ပုံများမှာ ကံကောင်းသည်ဟုဆိုရပေမည်။ ပြည်မှ ရန်ကုန်သို ့ရောက်ရှိပြီး မှတ်မှတ်ရရ မမဆူးထံ အလှူငွေထည့်ဝင်နိုင်ခဲ့သည်။ရန်ကုန်မှတောင်ငူ၊ထိုမှတဆင့်တောင်ကြီးခရီး၊ပြီးနောက် တလတာ အလည်အပတ်အဆုံးသတ်လေ၏။လူလဲမော၊ငွေလဲ ကုန်ပါလေသည်။မှတ်မှတ်ရရ ပုံများထဲမှ အကောင်းဆုံးဟု ကိုယ်တိုင်ထင်ရသမျှတင်ပေးပါမည်။ မှတ်ချက်ချီးမြှင့်ပေးစေလိုပါသည်။လမ်းခရီးတလျှောက် အစစရာရာ လိုရာရောက်အောင် ကူညီပေးခဲ့သော စီးတော်မြင်းကြီး CBR-150i ကိုလဲ ကျေးဇူးတင် ကြောင်းပြောရပါမည်။ထပျက်နေရင် ဒုက္ခမဟုတ်ပါလား။                               […]