နွယ်ပင်January 31, 20134min2077
ကျောက်ကလပ်ဘုရားက အပြန်မှာတော့ ဇွဲကပင်တောင်ဘက်ခဏ0င်ပြီး ကော့ကသောင်ဂူကို ဆက်လက်ထွက်ခွာခဲ့ပါတယ် … ကော့ကသောင်ဂူကို ရောက်တဲ့ အချိန်မှာ နည်းနည်းမှောင်ရီတောင်သန်းနေပင်မယ့် ကားပေါ်ပါ ယောကကျာင်္းလေး အုပ်စုကတော့ စိတ္တသုခရေကန်မှာ ရေဆင်းချိုးဦးမယ်ဆိုပြီး တက်ကြွနေကြလေရဲ့ ဒီကန်မှာတော့ ယောကျာင်္းလေး မိန်းကလေးမခွဲထားဘဲ အတူတူ ဆင်းချိုးရတာ ဖြစ်လို့ ဘယ်မိန်းကလေးမှ ရေချိုးဆင်းတာ မတွေ့ရပါဘူး နောက် ညနေစောင်းလဲ ဖြစ်ပြန် ရေကလည်း တောင်ကြားက ကြလာတဲ့ရေဖြစ်လို့ စိမ့်ပြီးအေးနေတာကြောင့်လဲ ပိုပြီးမချိုးဖြစ်ကြတော့ပါဘူး … ကော့ကသောင်မှာ ဘုရားဖူးပြီး အပြန်မှာတော့ တည်းခိုရမယ့် နေရာကိုပြန်ပြီး ညနေစာစားလို့ ဘားအံမှာ (1) ညအိပ်ပြီး နောက်နေ့ မနက်စောစောမှာတော့ မော်လမြိုင်ကို ဆက်လက်ထွက်ခွာခဲ့ပါတယ် … ေ0းကနေလှမ်းရိုက်ထားသော ဇွဲကပင်တောင် ကော့ကသောင်ဂူ ကော့ကသောင်ဂူ အပြင်ဘက်တွင်တွေ့ရသော မြတ်စွာဘုရားနှင့် ရဟန်းတော်များ […]


နွယ်ပင်January 29, 20135min46415
ဘုရင့်ညီဂူကနေ ကသောကမျောလေး ဘုရားဖူးပြီးမှာတော့ ကျောက်ကလပ်ဘုရားရှိရာကို ထွက်လာခဲ့ပါတယ် … နေ့လည်စာကို မော်လမြိုှုင်မှာမနက် (9း30) လောက်မှာ စားလာခဲ့တယ်ဆိုတော့ ဘုရင့်ညီဂူက အပြန်လမ်းမှာ ဗိုက်တွေက အချက်ပြနေပါပြီ … ဒါနဲ့ ဘာစားရင်ကောင်းမလဲ ဘယ်ဆိုင်မှာ ထိုင်လို့ ကောင်းမလဲဆိုပြီး စားသောက်ဆိုင်လေးတွေကိုလိုက်ကြည့်တော့ သာသနာ့အလံတော်နဲ့ (969) ဆိုတဲ့ တံဆိပ်လေးတွေကပ်ထားတဲ့ ဆိုင်တော်တော်များများကိုတွေ့လိုက်ရတယ် ဒီလိုတံဆိပ်လေးတွေကပ်ထားတာ ဘာမှန်းမသိပင်မယ့် သာ့သနာအလံပါတော့ တစ်ခုခုပဲဆိုပြီး ဒီတံဆပ်လေးကပ်ထားတဲ့ ဆိုင်လေးမှာ အဆာပြေလေး တစ်ခုခုစားဖြစ်ပါတယ် … ပြီးတော့ စပ်စပ်စုစုနဲ့ နွယ်ပင်တစ်ယောက် ဆိုင်ရှင်ဆီမှာ တံဆိပ်လေးတွေ အကြောင်းစုံစမ်းဖြစ်ခဲ့ပါတယ် .. ဆိုင်ရှင်ပြောပြတာကတော့ ဒီ (969) အမှတ်တံဆိပ်လေးတွေက ဆိုင်တွေ၊ အိမ်တွေ၊ ယာဉ်တွေမှာ အမှတ်အသား တစ်ခုအနေနဲ့ရော ဘေးအန္တရာယ်ကင်းရှင်း စေဖို့ အတွက်ရော […]


နွယ်ပင်January 28, 20134min60620
အခုတစ်လော နွယ်ပင်တစ်ယောက် သူများတွေ ခရီးထွက်တယ်ပြောတိုင်း ခရီးထွက်ချင်တယ်ဆိုပြီး ရောဂါရနေတာ တော်တော်ကြာပြီ … ဟိုခရီးဆိုလည်းလိုက်ချင် ဒီခရီးဆိုလည်း လိုက်ချင်နဲ့ သူငယ်ချင်းတွေကိုလည်း ခရီးထွက်ဖို့ လိုက်ဆွယ်နဲ့ တစ်ယေက်ထဲကို ယောက်ယက်ခတ်ပြီး ဂနာမငြိမ်ဖြစ်နေတာလေ … အိမ်က တစ်ယောက်သောသူကိုလည်း တစ်ချိန်လုံး ခရီးသွားမယ်ချည်း ပြောနေလို့ သူလည်းနားပူနေတာ တော်တော်ကြာနေပြိ … ဒါပင်မယ့် ကိုယ်ကသာ ခရီးထွက်ချင်နေတာ ခရီးတွေကလည်း သွားမယ်လို့ ပြင်လိုက် ပျက်လိုက် စီစဉ်လိုက် ပျက်လိုက်နဲ့ နောက်ဆုံးတော့ လက်လျှော့ပြီး သွားတော့ဘူးလို့ စိတ်ကို ဒုံးဒုံးချလိုက်ကာမှ ဟိဟိ တစ်ယောက်သောသူက ခရီးသွားမယ်တဲ့ နက်ဖြန်တဲ့ အလုပ်ကို ခွင့်ယူလိုက်ဆိုပြီးပြောတော့ ဘယ်ရမလဲ သွားချင်ရက်လက်တို့ နွယ်ပင်တို့က အ0တ်စားအိတ်တောင် ပြင်ပြီးသွားပြီ ဒါပင်မယ့် ဘယ်ကို သွားမှန်းမသိသေးဘူး ခရီးကို […]