ဘားအံမြို့သို့ အလည်တစ်ခေါက် ( ကျောက်ကလပ်)

နွယ်ပင်January 29, 20135min46515

ဘုရင့်ညီဂူကနေ ကသောကမျောလေး ဘုရားဖူးပြီးမှာတော့ ကျောက်ကလပ်ဘုရားရှိရာကို ထွက်လာခဲ့ပါတယ် …
နေ့လည်စာကို မော်လမြိုှုင်မှာမနက် (9း30) လောက်မှာ စားလာခဲ့တယ်ဆိုတော့ ဘုရင့်ညီဂူက အပြန်လမ်းမှာ ဗိုက်တွေက
အချက်ပြနေပါပြီ … ဒါနဲ့ ဘာစားရင်ကောင်းမလဲ ဘယ်ဆိုင်မှာ ထိုင်လို့ ကောင်းမလဲဆိုပြီး စားသောက်ဆိုင်လေးတွေကိုလိုက်ကြည့်တော့
သာသနာ့အလံတော်နဲ့ (969) ဆိုတဲ့ တံဆိပ်လေးတွေကပ်ထားတဲ့ ဆိုင်တော်တော်များများကိုတွေ့လိုက်ရတယ်
ဒီလိုတံဆိပ်လေးတွေကပ်ထားတာ ဘာမှန်းမသိပင်မယ့် သာ့သနာအလံပါတော့ တစ်ခုခုပဲဆိုပြီး ဒီတံဆပ်လေးကပ်ထားတဲ့ ဆိုင်လေးမှာ
အဆာပြေလေး တစ်ခုခုစားဖြစ်ပါတယ် … ပြီးတော့ စပ်စပ်စုစုနဲ့ နွယ်ပင်တစ်ယောက် ဆိုင်ရှင်ဆီမှာ တံဆိပ်လေးတွေ အကြောင်းစုံစမ်းဖြစ်ခဲ့ပါတယ် ..
ဆိုင်ရှင်ပြောပြတာကတော့ ဒီ (969) အမှတ်တံဆိပ်လေးတွေက ဆိုင်တွေ၊ အိမ်တွေ၊ ယာဉ်တွေမှာ အမှတ်အသား တစ်ခုအနေနဲ့ရော
ဘေးအန္တရာယ်ကင်းရှင်း စေဖို့ အတွက်ရော ဆရာတော်ကြီးတွေ စီစဉ်ဆောင်ရွက်ထားတဲ့ အမှတ်တံဆိပ်လေး တစ်ခုဖြစ်ပါတယ်တဲ့
ဘုရားဂုဏ်တော် (၉) ပါး၊ တရားဂုဏ်တော် (၆) ပါးအပြင် သံဃာ့ဂုဏ်တော် (၉) ပါး တို့ကို ကိုယ်စားပြုတဲ့ ၉၆၉ ဆိုတဲ့ အဓိပါယ်လေးလို့လည်း
ရှင်းပြပါတယ် …
ဒီလိုနဲ့ စားလို့ သောက်လို့ စပ်စုလို့ အပြီးမှာတော့ ကျောက်ကလပ်ဘုရားရှိရာကို ထွက်လာခဲ့ပါတယ် …
ကျောက်ကလပ်ဘုရားကိုလည်းရောက်ရော အဲဒီမှာ သာမညလိုပဲ သပ်သပ်လွတ်ထမင်းနဲ့ တည်ခင်းဧည့်ခံတာကို တွေ့ရပါတယ် ..
ကျောက်ကလပ်ဘုရားကို ဖူးမြှော်ပြီးမှာတော့ ကော့ကသောင်ဂူ ရှိရာသို့ ဆက်လက်ထွက်ခွာခဲ့ပါတယ် …. (ဆက်ရန်)

2013-01-23 15.31.15
တံတားပေါ်ကနေ လှမ်းရိုက်ထားတဲ့ ကျောက်ကလပ်ဘုရား

2013-01-23 15.33.50

2013-01-23 15.36.47
ရေပြင်ကျယ်နဲ့ ကျောက်ကလပ်ဘုရား

2013-01-23 15.55.08
လှေကားခြေရင်းကနေ ရိုက်ထားသော ကျောက်ကလပ်ဘုရား

2013-01-23 15.57.20
တိမ်တွေကြားထဲက ကျောက်ကလပ်ဘုရား

2013-01-23 15.56.27
ကျောက်ကလပ်ဘုရား0င်းထဲက ဘုရားတစ်ဆူ

2013-01-23 15.31.31

2013-01-23 15.34.08

2013-01-23 15.37.41
ကျောက်ကလပ်ဘုရားကို အသွား တံတားပေါ်ကနေ လှမ်းရိုက်ထားတာ

2013-01-23 15.43.19

2013-01-23 15.43.35

2013-01-23 15.43.54
ကျောက်ကလပ်ဘုရားပေါ်ကနေ လှမ်းရိုက်ထားသော မြင်ကွင်းအလှ

2013-01-23 15.52.23

2013-01-23 15.56.58
ကျောက်ကလပ်ဘုရား0င်း အတွင်းက မြင်ကွင်းအလှ

2013-01-23 15.57.39

2013-01-23 15.58.02
တိမ်တွေရယ် တောင်တွေရယ် ရေပြင်ကျယ်ရယ် အလှချင်းပြိုက်ကျရာ0ယ် …..

15 comments

  • ချာအုပ်ရဲ့ ပို့စ်နဲ့
    ဒီပို့စ်နဲ့ ပေါင်းလိုက်တော့ ..
    ပိုပြီး စုံသွားတယ်ဗျို့ …
    ရှဲရှဲ …

  • ဆူး

    January 29, 2013 at 11:41 am

    ပုံတွေ လှတယ်.. အဲ့ဒီ ကို မရောက်ဖူးသေးဘူး

  • pooch

    January 29, 2013 at 12:21 pm

    ကျောက်ကလပ်ပေါ်မှာ စေတီလေးတွေ ပါ တည်ထားတာ ဆိုတော့ လူတက်ဖို့ လူသွားလမ်းရှိမှာပေါ့
    ခဲရာခဲဆစ် သွားရမယ် မှတ်တယ်

    • နွယ်ပင်

      January 29, 2013 at 1:48 pm

      အစ်မ ပုချ်ရေ … ကျောက်ကလပ်ပေါ်ကို တစ်0က်လောက်ထိတော့ ဒီအတိုင်း လှေကားလေးကနေ
      တက်သွားလို့ရပါတယ် …

      ိကိုခင်ခရေ … ကျောက်ကလပ်အပေါ်ဆုံးထိတော့ လှေကားထောင်ထားတာတွေ့ပင်မယ့် အပေါ်ထိတော့ မတက်ဖြစ်ခဲ့ပါဘူး တက်လို့ရမရလည်း သေချာမသိလို့ပါ တစ်0က်လောက်ထိတော့ တက်လို့ရပါတယ်ရှင့် …

  • ခင်ခ

    January 29, 2013 at 12:32 pm

    မရောက်ဖူးပေမယ့် အခုလိုပုံတွေ မြင်ရလို့ ပိုစ့်ပိုင်ရှင်ရေ ကျေးဇူးပါ။
    ကျောက်ကလပ်ဘုရား ဓာတ်ပုံတော့ အတော်သဘောကျတယ်ဗျာ။
    ကျောက်ကလပ်အပေါ်တက်တဲ့လှေကားတွေ့တယ် ပုံထဲမှာ အပေါ်ဆုံးဘုရားထိတက်လို့ရတာလားဗျ။

  • Char Too Lan

    January 29, 2013 at 1:40 pm

    ဘာအံကိုရောက်တာတော့ ၂ခေါက်ရှိပီ ဒီဘုရားကိုတစ်ခါမှမရောက်လိုက်ဘူး
    ကားလမ်းကပဲ လှမ်းတွေ ့လိုက်ရတယ် ကျောက်ကလပ်ဘုရားဆိုပီး ….
    တော်တော်သာယာတယ်နော် ..

  • P chogyi

    January 29, 2013 at 1:58 pm

    နွယ်ပင်ရဲ့ ဓာတ်ပုံပို့စ်ကိုကြည့်ပြီး
    ငယ်စဉ်က ဖားအံ(မြိုင်ကလေး)မှာ နေခဲ့ရတဲ့အကြောင်းတွေ
    ပြန်သတိရလွမ်းဆွတ်မိပါတယ်။
    နွယ်ပင်တို့ ကော့ကွန်းဂူ ကိုရောရောက်ခဲ့သေးလား။
    အဲဒီဂူမှာ အုတ်ခွက်ဘုရားတွေ နံရံအပြည်ရှိတယ်။
    နောက်ရော ဘယ်တွေရောက်ခဲ့သေးလဲ
    ဆက်ပြီးတင်ပေးပါဦး ကရင်ပြည်နယ်အလွမ်းပြေပေါ့။

  • နွယ်ပင်

    January 29, 2013 at 2:11 pm

    ချာတူးရေ … ဘားအံကိုုရောက်တာ (2) ခေါက်လုံး ကျောက်ကလပ်ဘုရား မဖူးခဲ့ရဘူးဆိုတော့လေ
    ဒိတစ်ခေါက် ချစ်သောကိုကိုနဲ့ (3) ခေါက်မြောက်သွားပြီး သွားဖူးလိုက်နော် သာသာယာယာလေးလည်းရှိတော့ ပျော်မှာမှာ ခိခိ … 🙂

    ကို P chogyi ရေ … ကော့ကွန်းဂူကို သွားတော့သွားပါရဲ့ ဒါပင်မယ့် လမ်းပြင်နေတော့ နွယ်ပင်တို့ ကားက0င်လို့ မရလို့ လမ်းတစ်0က်တင် ပြန်လှည့်ခဲ့ရတယ် . အဲဒီ ဂူက ပုဂံခေတ်က ဘုရားတွေထက် ရှေးပိုကျတယ်လို့ ပြောတယ်ရှင့် အဲဒါကြောင့် ဘုရားကို သွားဖူးချင်နေတာ …
    ဘားအံမှာတော့ ကော့ကသောင်ဂူပဲ ရောက်ဖြစ်တော့တယ် ….

  • Ma Ei

    January 29, 2013 at 2:28 pm

    တိမ်တွေရယ် တောင်တွေရယ် ရေပြင်ကျယ်ရယ် အလှချင်းပြိုင်နေကြတယ်တဲ့ …..
    ဓာတ်ပုံလေးတွေလဲလှ…စာသားလေးလဲလှ..နွယ်ပင်လေးလဲလှ… :hee:
    ဒါနဲ့ အဲ့ဒီတောင်တွေမှာ ဘာမှ(ကြေးနီ၊ရွှေ) မထွက်ပါစေနဲ့…
    နောက်မို့ဆို ရောင်းစားလိုက်လို့ သဘာဝအလှပျက်မှာစိုးလို့ပါ…

  • မောင်ပေ

    January 29, 2013 at 9:32 pm

    ဓါတ်ပုံဆရာတို ့အတွဲပါ မြင်ရရင် ပိုပြည့်စုံလိမ့်မယ်ဗျ
    ခရီးသွားမှတ်တမ်းတွေမြင်ရတော့ ၊ ကိုယ်ပါသွားချင်မိတယ်ဗျို ့

  • Mလုလင်

    January 29, 2013 at 10:24 pm

    ဘားအံ ပုံ တွေ ကိုကြည့်ရတာ .. စိတ် ထဲမှာ ရိုးတိုးရွတ နဲ့ ဆဲချင် စိတ်တွေ အလွန် ပေါ် မိတယ်ကွယ် . . .။

  • နွယ်ပင်

    January 30, 2013 at 11:21 am

    အန်တီအိရေ …. ဓာတ်ပုံလေးတွေ စာသာလေးတွေနဲ့ နွယ်ပင့်ကိုပါ လှတယ်ပြောလို့ကျေးကျေးပါနော် ….

    မေပေါင်ရေ … ဓာတ်ပုံဆရာ အတွဲမြင်ရင် ခရီးသွားမှတ်တမ်းလေး ပျက်သွားမှာစိုးလို့ပါ … 🙂

    ကိုလုရေ … စိတ်ထဲ ရိုးတိုးရွတဆိုတဲ့ ခံစားချက်ကိုတော့ နားလည်ပါတယ်နော် … ရှုခင်းတွေတစ်အားလှတာပဲ သွားရိုက်ပါရားအင် …

  • ပုံတွေက တော်တော်နဲ့တက်မလာလို့ကုန်အောင်မကြည့်သွားဖြစ်ဘူး။
    မြင်နေကျအလှတရားတွေလည်း…(ထမင်းစားလို့မကောင်းတဲ့အခါတိုင်း ကျောက်ကလပ်မှာ ဖရီးသွားသွားကျိတ်နေကမို့)အထပ်ထပ်ရောက်နေကျနေရာတွေလည်းဖြစ်တာမို့
    ဘားအံအလှကို အထူးတလည် မညွှန်းဆိုချင်တော့ပါဘူး။
    ဘာပဲပြောပြော အလွမ်းပြေလေးတွေအတွက် ကျေးဇူးပါ မနွယ်ပင်ရေ..
    ဆယ်လီဗျစ်တီသတင်းလေးတွေလည်း အခွင့်သင့်ရင် တင်ပေးပါဦး။

  • လုံမလေးမွန်မွန်

    February 3, 2013 at 12:38 pm

    ဘားအံ မော်လမြိုင်ဘက်ကို အရမ်းသွားချင်တာပဲ..
    မနွယ်ပင်ရေ..ပုံလေးတွေက တော်တော်လေးလှတယ်.. ပုံတွေကို ကြည့်ပြီးပဲ သွားချင်စိတ်ကို ဖြေရတာပေါ့…

  • captainamerica

    February 3, 2013 at 3:13 pm

    မိန်းကလေး မပြောနဲ. ယောက်ကျားလေးတောင်တတ်ဖို.မလွယ်oူး
    ကျွန်တော်သွားတုန်းကတော့ အပေါ်ဆုံးထိတတ်ဖို. oါးလှေကားလေး
    ပဲထောင်ထားတာတွေ.လို.သတ္တိရှိစွာနဲ.မတက်ခဲ့ဘူး :mrgreen:
    လိုက်ပို.တဲ့ကိုရင်လေးတွေများ အပေါ်တက်သွားတာများ လှစ်ခနဲပဲ အပေါ်ဆုံးရောက်သွားတာ
    ပုံတွေမြင်တော့ အဲ့နေရာလေးတွေပြန်သတိရမိလိုက်တာ

Leave a Reply