ကာရံJuly 3, 20141min993
 သံသယအတွေးနဲ့ ချိန်နာရီကြား ဖြတ်သန်းဖူးတယ် အမှန်တရားမဲ့မို့ ခံစားရတာ လူသားတိုင်းပါ အကြောင်းရယ်မတူလို့ လောကကမ္ဘာကြီးက ဗျောင်းဆန်ကုန်ပြီလား တစ်ခါတစ်ရံမှာ လူသားတိုင်း အေးချမ်းခြင်းကို တန်ဖိုးထား လိုလားသူတွေပါ ဘယ်သူကရော ငိုချင်ပါ့မလဲလေ ရာသီတွေ တစ်ရွှေ့ရွှေ့ဖြတ်သန်းစဲမို့ ငါလည်းတစ်နေ့ ရောက်ရမယ့်လမ်းမှာ အခက်အခဲကြမ်းကြီးကို ဖြတ်သန်းနေရသေးတယ် အတ္တတွေ ရေပန်းစားနေပြီလား မာနတွေ ထွေခင်းကစားနေရော့သလား ကလေးသူငယ်တွေရဲ့အတွေးမှာ တစ်ယောက်ထဲရပ်တည်ဖို့ ရိုက်သွင်းနေရော့သလားလေ အချိန်ဆိုတာ ရပ်တန့်မနေသရွှေ့တော့ ခါးသောမျက်ရည်စက်များ တစ်သွင်သွင် စီးဆင်းနေရဦးမယ်ပေါ့ ကာရံ 3.7.2014