ကြောင်လတ်November 2, 20111min1775
“ဒီနေ့မီးလေးစားဖို့ ငါးသေတ္တာချက်ထားတယ် အဲဒါနဲ့ကျွေးပေါ့” အဲဒီနေ့က ငါးသေတ္တာဆိုတာကို စ စားရပြီးနောက်နေ့တွေမှာ ငါးဟင်း၊ ပုစွန်ဟင်းနဲ့အခြားအသားဟင်းတွေကို စားရပါတယ်။ ဒီလိုစားရတဲ့အခါတွေမှာ    အမေနဲ့ ညီ၊ ညီမလေးတွေကိုသတိရပါတယ်၊ သူတို့တွေကောဘာတွေ စားနေကြပါလိမ့်၊ ငါ့လိုနေ့တိုင်းဟင်းကောင်းမစားရတောင်မှ သူတို့တွေလဲ ဒီလိုဟင်းတွေစားရမှာပါလို့ တွေးရင်းဖြေသိမ့်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင်တခါတခါ ဟင်းမကျန်လို့ ငါးပိရေနဲ့စခမ်းသွားခဲ့ရသေးတာပဲလေ။ ကျွန်တော့ကို ကျွေးဖို့ တခါတစ်ရံ ငါးအကောင်သေးသေးလေးတွေပြုတ်ထားပါတယ်။ ငါးမရှိရင် တော့ ငါးခြောက်ကြော်လေးတွေချကျွေးတတ်ပါတယ်။                     အဲဒီလိုနေ့မျိုးဆို ကျွန်တော်အူစိုတာပေါ့၊ တခါတလေတော့ ညနေပိုင်းဟင်းကုန်သွားတတ်ပါတယ်၊       အဲဒီလိုအခါမျိုးမှာ “ကဲရွှေဝါရေ ဒီနေ့ဟင်းကတော့မရှိတော့ဘူး၊ငါတို့တောင် ရှိတဲ့ဟင်းလေးမျှစားရတာ၊                                     နင်ကတော့ တစ်ခါတစ်လေ ငါးပိရေနဲ့သာစားပေတော့” ဆိုပြီးကျွန်တောကို ငရုပ်သီးတွေရဲနေတဲ့ ငါးပိရေဖျော်နဲ့နယ်ကျွေးပါတယ်၊                      ကျွန်တော်စားလို့အဆင်မပြေပါဘူး။ […]