တစ်ချက်….နှစ်ချက်…..သုံးချက်….. အချက်ပေးသံမပြဘဲ ပေါက်ကွဲတဲ့အသံ မကြားနိုင်တဲ့ ငါတို့ရဲ့အနီးဆုံးတစ်နေရာက….. တစ်ဖြည်းဖြည်းတုံးလာတဲ့ ငါတို့ဦးနှောက်တွေနဲ့…. ညနေစောင်းရင်အိမ်ကိုပြန်တဲ့ခြေလှမ်းတွေက ယိုင်နဲ့နဲ့ဖြစ်နေတုန်း… အိမ်အပြန်ကို မေမေစောင့်နေရောပေါ့ ညတွေတိုင်း.(ညတိုင်းညတိုင်း)မှာ မလင်းတဲ့ငါတို့နေရာကနေ မှောင်နေတဲ့မြို့ပြကိုငေးမောကြည့်နေမိပါရဲ့ ဟိုးအဝေးမှာတရွေ့ရွှေ့နဲ့ လာနေတဲ့ခြေလှမ်းတွေ သူတို့တွေအခုထိ(ခုချိန်ထိ)အိမ်ပြန်မရောက်သေးဘူး။ တွေးရင်း(ငေးရင်း)….တွေးရင်း(ငေးရင်း) သက်ပြင်းအကြိမ်ကြိမ်ချမိတယ် မေမေ…. လောကမှာဘာအရေးကြီးဆုံးလဲ မမေးနဲ့………….. တစ်……….ပိုက်ဆံ နှစ်………..ငွေ သုံး………..လိုနေတာဒိုးပြားတွေပဲ(ရက်ပါလိုလိုက်မဆိုပါနဲ့) ဘဝတစ်ခုနဲ့တစ်ခုအရင်းတည်ခဲ့တဲ့နေ့တွေ…ရက်တွေ…ညတွေ အိုကွယ်….မျက်ရည်နွံထဲဖြစ်ဖြစ်…တံတွေးခွက်ထဲဖြစ်ဖြစ် ပက်လက်မျောစရာရှိတာသာမျော အရေးကြီးတာ နှခေါင်းဖော်ပြီးနေတတ်ဖို့ပဲ။ မေမေ……ကျန်းမာပါစေ အမြဲတမ်းဆုတောင်းအသံ ကောင်းကင်ထက်မှာလွင့်ပျံလို့ ဒါပေမယ့် မြေပြင်ကခြေလှမ်းတွေက ကလေးတွေကစားတဲ့စက်ဘီးတာယာလိုပါပဲ(ဦးတည်ရာပျောက်နေတယ်) ယိုင်နဲ့နဲ့ ထိမ်းရင်းကျောင်းရင်း မြို့ပျက်ထဲမှာဖက်တွယ်နေတဲ့ သူဖုန်းစားတစ်ယောက်လို အမှောင်ကြားက အလင်းစက်ကိုရှာဆဲပဲ မေမေ……..။ မေမေ….ပြောခဲ့တယ် လောကမှာဘာအရေးကြီးဆုံးလဲ…. တစ်……စာနာမှု… နှစ်…….စာနာမှု… သုံး…….စာနာမှု… အို….မေမေရယ်…. အားလုံးဟာ…သားတို့ငယ်ငယ်တုန်းက ရှာခဲ့တဲ့ မြောင်းထဲကဖန်ဂေါ်လီလိုပါပဲ ရှိမလားလို့ မြောင်းထဲကိုဟိုစမ်းဒီစမ်းပေါ့ နောက်ဆုံးတော့ မြောင်းပုပ်နံ့က လက်ထဲကိုပဲစွဲကပ်လာတယ် ဒီလိုနဲ့ ……… ဒီလိုနဲ့ (ဒီလိုနဲ့…………….ပဲ) သားးးးးးးးးးးးးးလမ်းလျှောက်ရင်း…….လမ်းလျှောက်ရင်း…………. နေမထွက်လာတဲ့ အရုဏ်တက်ချိန်မှာ…..အမှောင်ထဲကနေ အမှောင်ကိုလှမ်းကြည့်လိုက်တယ် မေမေ……။ xxxxxxxxxxxxxxxxxxxxxxxxxxxxxx ရင်နှင့်ရင်း၍ […]

yarxarAugust 17, 20101min2051
ဒီနေ့မနက် သူမျက်စိနှစ်လုံးပွင့်ကတည်းက စိတ်ထဲမှာလေးနေသည်။ စိတ်ထဲမှာ ညည်းစီစီ။ အင်းပေါ့.. ဒီနေ့ ခရီးထွက်ရမည်ပဲ။ စိတ်ထဲမှာ ခပ်မှိုင်းမှိုင်းအရောင်တွေက ကြီးစိုးနေသည်။ အိပ်ရာက ချက်ချင်းမထသေး။ အိပ်ရာဘေးက Laptop ဖြင့် သီချင်းတပုဒ်ကို ဖွင့်လိုက်သည်။ John Denver ရဲ့ Leaving on a Jet Plane သီချင်း။ သီချင်းသံကလေးက လွမ်းမောဖွယ် ညိမ့်ညိမ့်လေး နားထဲကို တိုးဝင်လာသည်။ All my bags are packed I’m ready to go I’m standin’ here outside your door I hate to wake you up to say […]

SoeLinJune 25, 20101min1571
အမေပေးခဲ့တဲ့ “ပညာ´´ ဆိုတဲ့အမွေ .. သားတစ်ယောက် အရွယ်မရောက်နှင့်ကတည်းက သိနှင့်ပါတယ်အမေ … အမေထင်ခဲ့စဉ်က “ပညာ´´ ဆိုတဲ့အရှိန်အဝါဟာ သူရိန်နေမင်းကြီးအလား အလျှံတညီးညီးနဲ့ပါအမေ … အမေမှာတဲ့စကား

SoeLinJune 24, 20101min2222
မင်းအတွက်သာ အချိုကြိုက်တဲ့မင်းကိုမှ ကိုယ်က ဆေးခါးတွေတိုက်ခဲ့မိတာပါ ဒါပေမယ့်ရည်ရွယ်ချက်က မင်းနှလုံးသား ကျန်းမာနေဖို့ပါ မင်းအတွက်တော့ ကိုယ့်ရဲ့ဂရုဏာဒေါသောစကားတွေက ခါးသီးလွန်းနေမှာပါ