ရင်တွင်းသန္ဓေ
အမေပေးခဲ့တဲ့
“ပညာ´´ ဆိုတဲ့အမွေ ..
သားတစ်ယောက်
အရွယ်မရောက်နှင့်ကတည်းက
သိနှင့်ပါတယ်အမေ …
အမေထင်ခဲ့စဉ်က
“ပညာ´´ ဆိုတဲ့အရှိန်အဝါဟာ
သူရိန်နေမင်းကြီးအလား
အလျှံတညီးညီးနဲ့ပါအမေ …
အမေမှာတဲ့စကား
သားမောင် ကြားနေတာကတော့
“ချွေတာသုံး….. ရတုန်းယူ´´
ဆိုတာတွေလည်းပါတယ် …
“ရိုသေ ၊ ဆည်းကပ် ၊ မှီဝဲပါ´´
ဆိုတာတွေလည်းပါတယ် …
ဒါတွေတွေးရင်း
ခြေစုံရပ်လို့အောက်ငုံ့ကြည့်စဉ်
တွေ့ရတဲ့မြင်ကွင်းက
ခပ်ပါးပါးဖိနပ်တစ်စုံရယ်ပါ ..
လျှောက်ပါများတဲ့ခရီး
လိုရာမရောက်ငြားလည်း
ပါးသွားတဲ့ဖိနပ်က သက်သေတည် ..
ပန်းတိုင်ခရီးရယ် ဘယ်မှာလဲလို့
တွေ့သူတိုင်းကိုမေး
မေးသူတိုင်းလည်းမသိခဲ့တာကြောင့်
မျက်စိရယ်စုံမှိတ်လို့
ခြေထောက်ပင်တိုတို
မလျှော့ဇွဲအတိနဲ့လျှောက် .. .
မြို့ပြရဲ့နိုင်ထက်စီးနင်းမှုတွေကြားက
ချောက်ကမ်းပါးကြီးတစ်ခုကတော့
သောက်စားမူးရစ်ခြင်း … ပါလေ ..
ဒါကိုကျော်လွှား
အကြွေးတွေပတ်လည်ကြားက
တမ်းတမိသည်မှာ
အမေနဲ့ အမေ့မေတ္တာအိမ် ပါအမေ ..
ဟင် !! အမေ့နားကပ်
ဘယ်ရောက်သွားပါလိမ့် …
ကန်စွန်းတစ်ရွက်ကို
ဟင်းတစ်ခွက်လုပ်ကာ
စားနေရတဲ့အမေ့ရဲ့မျက်နှာ
ပြန်မြင်ယောင်တိုင်း
တမ်းတတိုင်းမှာ
ဆုံးဖြတ်ချက်အလီလီချ
ရင်တွင်းသန္ဓေ တည်တာကတော့
“ပညာ´´ ဆိုတာ ကိုပါ …
(မန္တလေးစက်မှုသိပ္ပံတက်နေစဉ်က ရေးခဲ့တဲ့ကဗျာလေးပါ)
One comment
chitsayar
June 26, 2010 at 6:13 pm
ပညာကို လူဆိုးတို ့ ယူခိုးလို ့ ပါပါ့မယ် တဲ့ ဗျာ I T ခေတ်မှာတော့ ပညာကို ခိုးလို ့ရတယ် ဗျို ့ မရတာက ကောင်းမှု ့ ကုသိုလ်ဗျ