ရာသီတွေအခါခါပြောင်းလို့ တန်ခူးလရောက်ခဲ့ပြီလေ။ ရွက်ဟောင်းတွေကြွေပြီး ရွက်နုတွေ ဝေကြ ပေတော့မည်။ နှစ်ဟောင်းကအညစ်အကြေးတွေဆေးကြောပြီး နှစ်သစ်ကို ဒီမိုကရေစီနှင့်အတူချီတက်ကြပေတော့ပေမည်။အော် ကြည်နူးစရာပါတကား။ ဒါ လေးကတော့ကျနော့်ရင်ထဲ့ကပျော်ရွင်မှုနဲ့အတူ ခံစားရတဲ ့ရသလေးပေါ့။ နှစ်သစ်နှင့်အတူ ဂေဇက်မိသားစုကြီးလည်းကိုယ်စိတ်နှစ်ပါအေးချမ်းကြပါစေ။ ကြည်နူးနုူးလေးခံစားနေတုန်း မနွယ်ပင်ရဲ ့ရန်ကုန်တွင်အလှည့်ကျမီးပေးတော့မည် post လေးကို ဖတ်မိရာကစလို့ မကျေနပ်ချက်တွေဖြစ်ပေါ်ပြောင်းလဲလာမိပါတယ်။ လျှပ်စစ်ဆိုတော့ဧရာဝတီနဲ့ပတ်သက်ပြီး ကြားခဲ့ရတဲ့ သတင်းတစ်ခုကိုသတိရသွားမိပါတယ်။ ကြားရတာမကြာသေးပါဘုုူး။မတ် ၃ဝ ရက်နေ့ ၁၁နာရီလောက်က မြစ်ကြီးနားက လာတဲ့ တူလေးတစ်ယောက် ဆီက တိတိကျကျ ကြားခဲ့ရတာပါ။ မြစ်ဆုံဘက်မှာ မြန်မာပြည်ကနာမည်ကြီးcompany တစ်ခု ရောက်နေတယ်လို့သီတင်းအတိအကျရထားတာပါ။။ကယ်ကြပါအုန်း ။မွေးစမှအခုချိန်ထိ ဧရာဝတီနဲ့ အသက်ရှင် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေနေရတာပါ။ ဘယ်လိုနှိုင်းပြလို့မရတဲံ ့အသက်သခင်ပါ။ လိုအပ်ရင်ကျေးဇူးဆပ်တဲ့အနေနဲ့တရုတ်တွေက်ို တိုက်ထုတ်ပြစ်ရမယ်။ တို့မန္တလေးမှာ တရုတ်တွေမင်းမူနေ […]