ကာရံMarch 10, 20141min911
တစ်ပွင့်ပန်းမို့ မွှေးပျံနေစဲ နံဘေးမှာ ပျားပိတုန်းခိုတွဲလို့ အဝေးကလိပ်ပြာငယ်လေး မျှော်ကာတွေးမိပါတယ် ပန်းကလေးရယ် အလှမ်းဝေးရသူမို့ စိတ်အားရယ်ငယ်နေတုန်းပါ ရနံ့ကြွယ်ပန်းလေးမို့ တော်ဝင်ထိုက်ပါတယ် လိပ်ပြာငယ်လေးကတော့ တစ်ဝဲလည်လည်ပေါ့ ပန်းကလေးရယ် မငြိုးနွမ်းပါနဲ့နော် မိုးစက်ကလေးခြွေမကျအောင် အဝေးက ဆုတောင်းနေမယ့်သူပါ နွမ်းလို့ပဲကြွေကြွေ ရနံ့ကြွယ်လို့ပဲ ဝေဝေ ဆောင်းလေပြေလေးတစ်ကွေ့မှာ မျှော်ငေးရင်းရင်ခုန်ရသူမို့ ထာဝရပိုင်ဆိုင်ခွင့်လေး မရရင်လည်း ရနံ့လေးတော့ မွှေးပိုင်ခွင့် ရှိချင်ပါသေးတယ်     ကာရံ  ၉.၃.၂၀၁၄