နည်ရဲဇော်August 21, 20111min27712
31 March 2011 14:35:24 ချယ်ရီပင်ကိုင်းကျိုး “ကျောင်းဆင်းပြီးလည်းကျွန်တော်ဆက်နေလို့ရပါတယ်“ဆရာဟားဘတ်ကိုကျွန်တော်ပြောလိုက်တယ်။ “ဒါပေမယ့် ကျွန်တော့်ကိုကြိမ်နဲ့ရိုက်ပြီးကျောင်းစောစောဆင်းပေးစေချင်တယ်။ ဘာပဲဖြစ်ဖြစ် အဖေကကျောင်းကအပြန်နှစ်နာရီနောက်ကျလို့ ကျွန်တော့်ကိုကြိမ်နဲ့စော်မှာပဲ။ “မင်းကကြိမ်နဲ့ရိုက်ရမယ့်အရွယ်မဟုတ်တော့ဘူး´´ဆရာဟားဘတ်ကပြန်ပြောလိုက်တယ်။ “ဒါပေမယ့် မင်းကိုအဲဒီချယ်ရီပင်ကို သွားတက်တဲ့အတွက် ဒဏ်တော့ပေးမှရမယ်။ မင်းတို့ကောင်လေးတွေပိုသိပါတယ်။ တခြားငါးယောက်ကတော့ တစ်ယောက်တစ်ဒေါ်လာပေးပြီးပြီ။ မင်းတစ်ယောက်ပဲ အဲဒီအပင်ဖိုးလျော်ဖို့ကျန်တော့တယ်။ မင်းကွာ တစ်ဒေါ်လာလေးတောင် ချေးလို့မရဘူးလား။“ “ဟင့်အင်း“ကျွန်တော်ဖြေလိုက်သည်။ “ကျွန်တော်ပြစ်ဒဏ်ပဲခံမယ်။ ခပ်မြန်မြန်ပြစ်ဒဏ်မျိုးဖြစ်ရင်ကောင်းမယ်။ ကျွန်တော်မကြောက်ပါဘူး“  ဆရာဟားဘတ်ကကျွန်တော့်ကိုစိုက်ကြည့်နေသည်။ ဆရာကလူကောင်ကြီးသူဖြစ်သည်။ မီးခိုးရောင်ဝတ်စုံဝတ်ထားသည်။ သူ့ဝတ်စုံက သူ့ဆံပင်ဖြူတွေနှင့်လိုက်ဖက်လှသည်။ “ဆရာကျွန်တော့်အဖေအကြောင်းမသိပါဘူး။ သူကရှေးဆန်တယ်လို့ပြောလို့ရတယ်။ ကျွန်တော်တို့အသက်နှစ်ဆယ့်တစ်နှစ်အထိ သူစကားလိုက်နာရတုန်းပဲ။ သူက ကလေးကိုအလိုလိုက်ရင်ပျက်စီးတတ်တယ်ဆိုတဲ့စကားကို လက်တွေ့ကျင့်သုံးတဲ့သူပဲ။ သူ့ကို ချယ်ရီပင်ကိစ္စနားလည်အောင်ဘယ်လိုမှရှင်းပြလို့ရမှာမဟုတ်ဘူး။ ကျွန်တော်က ကျွန်တော်တို့အမျိုးထဲမှာ တစ်ဦးတည်းသောပထမဆုံးအထက်တန်းကျောင်းတက်နိုင်တဲ့သူလေ။ ဆရာက“ကဲ ဒါဆိုရင်တော့ မင်းပြစ်ဒဏ်ခံမှဖြစ်မယ်။ မင်းဒီနေ့ကျောင်းဆင်းပြီးနှစ်နာရီ၊ မနက်ဖြန်နှစ်နာရီနေရမယ်။ မင်းကို တစ်နာရီကိုနှစ်ဆယ့်ငါးပြားပေးမယ်။ အထက်တန်းကျောင်းသားတစ်ယောက်အတွက်တော့ ဒီပိုက်ဆံဟာတော်တော်များတဲ့ငွေပဲ။ မင်း […]