kaiApril 19, 20116min2370
ဂရိ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှု   “စစ်အာဏာရှင်တွေကို စစ်အရာရှိတွေ ကိုယ်တိုင်က ဆန့်ကျင်လိုက်တာ ဖြစ်တဲ့အတွက် ဂရိနိုင်ငံတွင်းက တော်လှန်ရေး လှုပ်ရှားမှုတွေရဲ့ အရှိန်အဟုန်ကို တိုးမြှင့်ပေးလိုက်နိုင်ခဲ့ပါတယ်။ တိုးမြင့်လာတဲ့ နိုင်ငံရေး ရေချိန်နဲ့အတူ တိုက်ပွဲဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို သတိပြုမိတာကြောင့် နိုဝင်ဘာ လရောက်တော့ ကျောင်းသား၊ ကျောင်းသူတွေ လက်တွဲပြီး အာဏာရှင်ကို သပိတ်မှောက်ကြ ပါတော့တယ်“   ရှေးခေတ် ဂရိလူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေကို အမျိုးသားတွေထက် နိမ့်ကျသူများအဖြစ်သာ ယူဆထားခဲ့ကြပါတယ်။ အမျိုးသမီးတွေဟာ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးရာတွေမှာ ဘာမှ အရေးကြီးသူတွေ မဟုတ်ဘူးလို့ ထင်မြင်ခဲ့ကြပါတယ်။ အမျိုးသမီးတွေဟာ ဂုဏ်ရည်မြင့်မားပြီး လေးစားဖွယ်ရာ ကောင်းတဲ့ အမျိုးသားတွေကို ဖြည့်ဆည်းပေးသူများအဖြစ်သာ လူ့အဖွဲ့အစည်းက သတ်မှတ်ထားခဲ့ပါတယ်။ ဒီလိုထုံးတမ်းစဉ်လာတွေ ရှိတဲ့ ဂရိလူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေဟာ […]