black chawNovember 26, 20111min26623
ကဲ မြို့မေတ္တာခံယူဘို့ ဘလက်တစ်ယောက် ဂဇက်အပေါက်ဝကို ရောက်လာပြန်ပြီဗျို့။ ဟိုနေ့က ကျွန်တော့်ပို့စ်တစ်ခုမှာ ကိုသစ်မင်းက ကွန်းမန့်ရေးပါသည်။ လူဖြစ်ရခြင်းသည် လည်း ကောင်း၏။။ လူအများ စာရေးတတ်ခြင်း၊ ဖတ်တတ်ခြင်း လည်း သာ၍ ကောင်း၏။.။ မန်းဂေဇက် တွင် ကိုဘလက်ချော တံခါးစောင့်ဖြစ်ရခြင်းသည်ကား အကောင်းဆုံးဖြစ်တော့၏။။။ (ဤကား အကျွန်နုပ် မောင်သစ်မင်း ၏ အလိုတည်း) တကယ်ပြောတာလား၊ ပျော်အောင်ပြောတာလားတော့မသိပါ။ ကိုသစ်မင်းလိုလူရဲ့ အလို ဆိုတော့လည်း ဆက်ရေးဖြစ်သည်ပေါ့ခင်ဗျား။ ဟားဟား။ ကျွန်တော်သည်လည်း အားလုံးကိုပျော်စေချင်သူကြီး ဖြစ်သောကြောင့် အားလုံးကို ကျေနပ်အောင်ကြိုးစားနေပါ သည်ခင်ဗျာ။ ဒီပို့စ်ထဲ မပါလို့တော့ စိတ်မဆိုးကြစေချင်ပါဘူး။ သေချာတာတစ်ခုကတော့ ဒီပို့စ်ထဲမှာ ဘလက်ချော ဆိုတဲ့ကောင် ရေးထားတဲ့ ပို့စ်တစ်ခုမှ မပါတာလေးနဲ့ ပဲ ကြေပေးကြပါဗျာ။ ဒီထက်ပိုပြီး ပြည့်စုံအောင် […]


black chawNovember 23, 20115min28040
ဒီရက်ပိုင်း သတင်းထူးတွေများလှပါသည်။ အမေရိကန် သမတ အိုဘားမား နှင့် ဦးသိန်းစိန်ကြီးတွေ့ကြသည် ဆိုသောသတင်း၊ အောင်ဆန်းစုကြည်ထံ အိုဘားမားက လေယဉ်ပေါ်က တိုက်ရိုက် ဖုန်းဆက်သည်ဆိုသော သတင်း၊ ဟီလာရီကလင်တန် အောင်ဆန်းစုကြည်ထံလာမည် ဆိုသော သတင်း၊ NLD မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည်ဆိုသည့် သတင်း၊ စင်္ကာပူ နိုင်ငံတွင် အလုပ်သွားလုပ်နေသော မရင်ငြိမ်းပွင့်လေး မိမိ ကိုယ်ကို မိမိ သတ်သေသွားခြင်း၊ မန္တလေးမှာ ငါးပါးမှောက်ကြသော သပိတ်သတင်း၊ မြန်မာနိုင်ငံ အာဆီယံ ဥက္ကဌ ဖြစ်သွားသော သတင်း၊ ဦးခင်ရွှေ ၏ မီဒီယာများကို ပြစ်တင်ပြောဆိုလိုက်သောသတင်း၊ သိန်းသောင်းဂဏန်းဖြင့် အရောင်းအဝယ်ဖြစ်သွားသည် ဆိုသော တောက်တဲ့ သတင်း၊ လူတစ်ဦးတည်းအား လူနှစ်ဆယ်ခန့်က ဓါးရှည်တွေဖြင့် ခုတ်သတ်ကြသည်ဆိုသော သတင်း၊ မင်းပြားမြို့မဈေးကြီး မီးလောင်သွားသော […]


black chawNovember 17, 20111min22721
ခေတ်က ပညာခေတ်ဖြစ်လာပါသည်။ ပညာမတတ်ရင် လူရာဝင်ဘို့ ခက်ခဲလာမည့် အရိပ်အယောင်တွေ တွေ့နေရပါပြီ။ အလုပ်ခေါ်စာများကို ကြည့်လိုက်ရင်လည်း အနည်းဆုံးလိုအပ်သော ပညာအရည်အချင်းတွေက မြင့်တက်လာခဲ့ပါပြီ။ လုပ်ငန်းရှင်များကလည်း မိမိတို့၏ လုပ်ငန်းကို ဦးစီးဘို့ တော်ရုံလူကို မခန့်ချင်တော့ပါ။ ကုမ္ပဏီတစ်ခုတွင် အဆင်ပြေနေပါလျက် နောက်ကုမ္ပဏီ တစ်ခုသို့ ပြောင်းရွှေ့သွားသူတွေ များလာပါ သည်။ ကျင့်ဝတ်မစောင့်ထိန်းကြတော့ပဲ ကိုယ့်ပြိုင်ဘက်ကုမ္ပဏီထံ မှ ဝန်ထမ်းကို လစာနှင့် အခွင့်အရေးမက်လောက်အောင်ပေးပြီး ခေါ်ဘို့ ဝန်မလေးကြတော့။ အရည်အချင်းရှိသော ဝန်ထမ်းများကို ထိန်းသိမ်းရခက်လာသည့်သဘော။ ထို့အတွက်ကြောင့် တချို့ ကုမ္ပဏီများ၏ ပြသနာဖြေရှင်းသည့် နည်းမှာ မကျွမ်းကျင်သေးသည့်ဝန်ထမ်းများကို ခေါ်ခန့်ပြီး အလုပ်လုပ်ရင်း သင်ကြား ပေးခြင်းဖြစ်ပါသည်။ မကျွမ်းကျင်စဉ်အခါတော့ လစာ အသင့်အတင့်ပဲပေးထားပါသည်ပေါ့။ သို့သော် ကျွမ်းကျင်လာသော အခါတွင် တော့ ဝန်ထမ်းက တခြားကုမ္ပဏီသို့ […]