ရေးရင်းနဲ့ မူးသွားတဲ့ တံခါးစောင့်ကြီး

black chawNovember 23, 20115min28140

ဒီရက်ပိုင်း သတင်းထူးတွေများလှပါသည်။ အမေရိကန် သမတ အိုဘားမား နှင့် ဦးသိန်းစိန်ကြီးတွေ့ကြသည် ဆိုသောသတင်း၊

အောင်ဆန်းစုကြည်ထံ အိုဘားမားက လေယဉ်ပေါ်က တိုက်ရိုက် ဖုန်းဆက်သည်ဆိုသော သတင်း၊

ဟီလာရီကလင်တန် အောင်ဆန်းစုကြည်ထံလာမည် ဆိုသော သတင်း၊

NLD မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည်ဆိုသည့် သတင်း၊

စင်္ကာပူ နိုင်ငံတွင် အလုပ်သွားလုပ်နေသော မရင်ငြိမ်းပွင့်လေး မိမိ ကိုယ်ကို မိမိ သတ်သေသွားခြင်း၊

မန္တလေးမှာ ငါးပါးမှောက်ကြသော သပိတ်သတင်း၊

မြန်မာနိုင်ငံ အာဆီယံ ဥက္ကဌ ဖြစ်သွားသော သတင်း၊

ဦးခင်ရွှေ ၏ မီဒီယာများကို ပြစ်တင်ပြောဆိုလိုက်သောသတင်း၊

သိန်းသောင်းဂဏန်းဖြင့် အရောင်းအဝယ်ဖြစ်သွားသည် ဆိုသော တောက်တဲ့ သတင်း၊

လူတစ်ဦးတည်းအား လူနှစ်ဆယ်ခန့်က ဓါးရှည်တွေဖြင့် ခုတ်သတ်ကြသည်ဆိုသော သတင်း၊

မင်းပြားမြို့မဈေးကြီး မီးလောင်သွားသော သတင်း၊ စသည့် သတင်းများစွာထဲမှာ

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင် မြန်မာအားကစားသမားများ ဆုတံဆိပ်ရရှိမှု သတင်းကလည်း

ပြည်သူတွေကြားမှာ ရေပန်းစားသော သတင်းတစ်ပုဒ်ဖြစ်ပါသည်။

မြန်မာပြည်သူတွေကို ရုပ်ရှင်ဇာတ်ကား ကောင်းကောင်းတစ်ကားကြည့်ရသလို

ရသပေးသွားသည်ကတော့ မြန်မာဘောလုံးအသင်း ဖြစ်ပါသည်။

ပထမတော့ ဆီမီး မှာ အိမ်ရှင်အင်ဒိုနီးရှားနဲ့ တွေ့ရမယ်ဆိုပြီး စိုးရိမ်နေကြသော

မြန်မာပရိသတ်ခင်ဗျာ အင်ဒိုနီးရှားအသင်းက မလေးရှား အသင်းကို ရှုံးလိုက်သောအခါ

မလေးရှားနဲ့ တွေ့ရတော့မယ်ဆိုပြီး မလေးရှားကို အထင်သေးသောစိတ်ဖြင့် ပျော်ခဲ့ကြပါသည်။

ဒါက အပျော်။ ဟော နိုင်မယ်ထင်ပြီး အမျှော်လင့်ကြီး မျှော်လင့်ခဲ့သမျှ

မလေးရှားကို ၁-ဝ နဲ့ ရှုံးတော့ တက်တစ်ခေါက်ခေါက်နဲ့ ဝမ်းနည်းခဲ့ကြတာလည်း

ကျွန်တော်တို့ ပြည်သူတွေပါပဲ။ ဒါက အဆွေး။ ဟော ဗီယက်နမ်နဲ့ တတိယနေရာလုပွဲကြတော့

၄-၁ နိုင်တော့ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျကြပါသတဲ့။ ဂိုင်းအင်ဇာဂီ အဆိုးဆုံး။

ကျွန်တော်တော့နားမလည်ပါ။ တတိယ ရတာကို ဝမ်းသာပြီးမျက်ရည်ကျရသော

ပြည်သူဘဝမှ ချန်ပီယံ ဖြစ်ပြီး မျက်ရည်ကျရသော ပြည်သူဘဝကို ရပါလို၏

လို့ ဆုတောင်းရ မလိုဖြစ်နေကြောင်းပါဗျာ။ ကဲ ရွာထဲဘက် လှည့်လိုက်ရအောင်။

ဒီရက်ပိုင်း ဆူးတစ်ယောက်ပျောက်နေပြန်ပါသည်။ pan pan လည်းမတွေ့ပါ။

အဘ FR ကတော့ မြန်မာရွာကြီးကိုရောက်နေသည်ဟု သံချောင်းခေါက်ထားပါသည်။

အဘလွတ်လွတ်လပ်လပ် ပျော်ပါစေဆိုပြီး မနှောက်ယှက် တော့ပါ။

မကြာခင် ရန်ကုန်မာဆတ်လောက၏ လျှို့ဝှက်ချက်များဆိုသည့် ပို့စ်တစ်ခု တက်မလာဘူးလို့

ပြောနိုင်ပါသလား ဆရာ ဂိုင်းရေ။

မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်းကြီး ရန်ကုန်ကို အလည်အပတ်ရောက်ရှိနေပါသော Foreign Resident ခေါ် အဘ FR ရဲ့ Voice Journal ရဲ့ ရှယ်ဖွချက်နှင့် အတွေးများစီးရီး အပိုင်း ၅ အကြောင်းလေးပြောပါရစေ။ HDI (High Human Development) အဆင့်သတ်မှတ်ချက်အရ မြန်မာနိုင်ငံဟာ အာဆီယံ ၁ဝ နိုင်ငံထဲမှာ အဆင့်အနိမ့်ကျဆုံးဖြစ်ကြောင်း ဖေါ်ပြပြီး မြန်မာနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးနေပါသော ပကတိအခြေအနေမှန်ကို နှိမ့်ချရေးသားထားတဲ့ ပို့စ်တစ်ခုပါဗျာ။ ဒီလိုပြောလို့ရရိုးလား အဘFR ရယ်။ ကွန်းမန့်တွေနဲ့ အဘ FR ကို အမြင်မှန်ရအောင်ဆွေးနွေးနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့ပါသော်လည်း ကိုသစ်မင်းရဲ့ ကွန်းမန့်ကြောင့် ဟိုနေ့က မလေးရှားကို ၁-ဝ နဲ့ ရှုံးရသလို အဖြစ်မှန်ကိုလက်ခံပေး လိုက်ရတဲ့ ပို့စ်ပါခင်ဗျာ။ မြန်မာနိုင်ငံ အထူးအားဖြင့် ကျွန်တော်တို့ နေထိုင်ပျော်မွေ့လျက်ရှိပါသော မြန်မာနိုင်ငံ၏ ပကတိ အခြေအနေမှန်ကို သိလိုသူများ ဖတ်ကြဘို့ တိုက်တွန်းပါတယ်ဗျာ။

 

ကိုရင် ရဲ့ ဤနေရာမှ အစပြု၍ ကတော့ ကဗျာချစ်သူများအတွက် ကဗျာလေးတစ်ပုဒ်ပါဗျာ။

ကိုသစ်မင်းရဲ့ စူပါပါဝါ ဖြစ်ဘို့ ဆိုတာ ၂ ကတော့ ၁ ကိုဖတ်ပြီး စောင့်နေသူများအတွက်ဖြစ်ပါတယ်။ အကြောင်းအရာလေးလေးကြီးတွေကို ပေါ့ပေါ့ပါးပါး ဖြစ်သွားအောင် ဟာသလေးတစ်ပုဒ်နဲ့ အစပြုထားတာကိုက ကိုသစ်မင်းရဲ့ အနုပညာပါလို့ ဆိုချင်ပါတယ်ဗျာ။ ပြန်ရေးပြနိုင်တဲ့ အဆင့်မျိုးမဟုတ်တာကြောင့် ဝင်ပြီးနှမ်းမဖြူးတော့ပါ။ အခုထိက hard power ပါဝါအမာတွေသာ ဖြစ်ပြီး soft power ပါဝါအပျော့တွေ အရေးပါပုံကို နောက်ပိုင်းဆက်ရေးမယ်လို့ ပြောထားခဲ့တဲ့ အတွက် ပါဝါအပျော့အကြောင်းလေ့လာလိုသူများ စောင့်ဖတ်ကြရန်ဖြစ်ပါသည်။ ကိုသစ်မင်းက အဘ FR ဦးဆောင်သော ကွန်းမန့်တွေကို ဦးဆောင်ဆွေးနွေးသွားတာကိုပါ လေ့လာနိုင်မယ့် ပို့စ်လေး ဖြစ်ကြောင်း လက်တို့ ပါရစေခင်ဗျာ။

 

ထာဝရ ရဲ့ ကျေးဇူးပါအမေ ဆိုတဲ့ပို့စ်လေးကတော့ အမေ့အကြောင်းဖွဲ့ဆိုထားတဲ့ ကဗျာလေးတစ်ပုဒ်ပါခင်ဗျာ။

 

Pooch ရဲ့ မနုသလူသားဆိုတဲ့ ပို့စ်လေး အကြောင်းကို ပြောကြည့်ရအောင်ပါ။ မြတ်စွာဘုရားက လူ့အဖြစ်ကို ရခဲတယ်လို့ ဟောသွားပေမယ့် ကမ္ဘာပေါ်က လူဦးရေတိုးတက်နှုန်းကိုကြည့်ပြီး ဟုတ်ရဲ့လားဆိုပြီး ဇဝေဇဝါဖြစ်မိပါတယ်တဲ့။ pooch က

ရင်ထဲမှာဆူးနေတဲ့ အဲ့ဒီဆူးကို စစ်ကိုင်းတိုင်း၊ ဝါးချက်ကျေးရွာ၊ ကျစွာချောင်၊ မဟာဝီဇယရံသီစာသင်တိုက်မှာ သီတင်းသုံးတော်မူတဲ့ အဂ္ဂမဟာ သဒ္ဓမဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဆရာတော် အရှင်လက္ခဏ ဟောကြားတော်မူတဲ့ “ မနုဿ လူသား တရားတော်” က နုတ်ပေးသွားပါတယ်  တဲ့။

အဲ့ဒီစိတ်ထားမြင့်မြတ်တဲ့လူသားဖြစ်ဖို့ သူ့မှာ အရည်ချင်း ( ၃ ) မျိုးနဲ့ပြည့်စုံရပါတယ်။                                                                                       

၁။ သူရော – ရဲစွမ်းသတ္တိရှိခြင်း။                                                                                                                                                                 

၂။ သတိမနော္တ – သတိတရားနှင့်ပြည့်စုံခြင်း။                                                                                                                                

၃။ဗြဟ္မစရိယာဝါယော – မြတ်သောအကျင့်ကို ကျင့်သုံးနိုင်ခြင်း တို့ဖြစ်ပါတယ်။

 

ကမ္ဘာ့လူဦးရေ ဘယ်လောက်ပဲတိုးနေပါစေ ”မနုဿ လူသား “ အစစ် ဟုတ်မဟုတ်ကို ဒီအချက်သုံးချက်နဲ့

မှတ်ကျောက်တင်ပြီး စစ်ဆေးကြည့်ရပါတယ်တဲ့။

အဲ့ဒီမှာ ဒီလို မှတ်ကျောက်အတင်ခံနိုင်တဲ့ လူသားတွေ အလွန် အင်မတန်မှ နည်းပါးတာကို တွေ့ရပါတယ်တဲ့။

 

ဘာဖြစ်လို့လဲဆိုတော့ ကျင့်ကြံနေထိုင်ဖို့ ခက်လှလွန်းလို့ပါ။                                                                                                        

ဘုရားရှင်ဟောခဲ့တဲ့ ရခဲလှတဲ့လူ့ဘဝဆိုတာက ဒီအချက် (၃)မျိုးနဲ့ မှတ်ကျောက်တင်ပြီး ဆိုလိုတာပါတဲ့။     

Pooch က သူ့ ပို့စ်ကို ဒီလို အဆုံးသတ်ထားပါတယ်။                                                                                                                                 

( ထုံးစံအတိုင်း အားမနာတမ်း ဝေဖန်ထောက်ပြနိုင်သလို ၊ လွတ်လွတ်လပ်လပ်ကြီးလည်း သဘောကွဲလွဲနို်င်ပါတယ် )

အင်း pooch ပြောလိုက်မှ ကျွန်တော် လူမဟုတ်ပဲ လူအတုကြီးဖြစ်ကြောင်း သိရတော့တယ်ဗျို့။ လူအစစ်ဖြစ်ဖို့

ကြိုးစားရဦးမယ်ဗျို့။

သူကြီးနဲ့ အဘ FR တို့ ဦးဆောင်တဲ့ ကွန်းမန့်လေးများနဲ့ ဗဟုသုတရစေမယ့် ပို့စ်လေးတစ်ခုပါလို့ ရဲရဲညွှန်းပါတယ်ခင်ဗျာ။

ဆရာမကြီး TTNU ရဲ့ တောက်တဲ့ရှာသူကြောင့် အမေ့အုတ်ဂူလေးပဲ့ကြွေ ဆိုတဲ့ ပို့စ်လေးအကြောင်း ပြောချင်ပါတယ်ဗျာ။ ဆရာမကြီး အမေရဲ့ အုတ်ဂူလေးဟာ တောက်တဲ့ရှာတဲ့ သူတွေကြောင့် ပဲ့ကြွေသွားတာကို ဆရာမကြီးရဲ့ အရေးအဖွဲ့ကြေုာင့် ကရုဏာ ရသ  အပြည့်အဝ ရရှိမယ်လို့ အာမခံပါကြောင်းနဲ့ ပို့စ်မှာ ကွန်းမန့်မပေးနိုင်ခဲ့သော ဘလက်ချောကို ဆရာမကြီး ခွင့်လွှတ်ပေးပါရန် တောင်းပန် ပါသည်ခင်ဗျား။

ဆရာကိုသစ်မင်း ရဲ့ သော့ခတ်ထားတဲ့ အရိပ်ကတော့ မော်ဒန်ဆန်ဆန် ကဗျာလေးတစ်ပုဒ်ပါဗျာ။ ရွာထဲက မော်ဒန်ခံစားတတ်သူတွေ အကြိုက်တွေ့ကြတဲ့ ကဗျာလေး တစ်ပုဒ်ပါ။ ထူးခြားတာက ကိုဆန်နီ ရဲ့ အင်္ဂလိပ်ဘာသာသို့ ပြန်ပေးတဲ့ ကွန်းမန့်လေးပါဗျာ။ ဖတ်ကြည့်ပါဗျာ။

အကြိုက်ဆုံး အပိုင်းလေးကို English လိုပြန်ရင်းနဲ့ ဂုဏ်ပြုလု်ိက်ပါတယ်။ ဒီအပိုင်းလေးက လောကသံသရာရဲ့မပြီးဆုံးနိုင်တဲ့ ဒုက္ခတွေကိုဖော်ကြူးတယ်လိုထင်ပါတယ်။

“မနက်မနက်ဖြန်တွေမှာလဲ

တောင်စဉ်ခွန်နှစ်ထပ်မှာ

မြင်းမြီးဆွဲပြီး

အကြွေးဆပ်ရအုန်းမယ်ထင်ပါရဲ့လေ…..”

On forthcoming repeated tomorrows

Reaching the seven peaks of mountain ranges

With a grip to the strand of Horse’s tail

To settle the debt of vicious circle of stay….

မှားသွားရင် ကဗျာအလှပျက်သွားရင်လည်း တောင်းပန်ပါတယ်နော်

ကိုသစ်မင်းအတွက် မုဒိတာ ပွားရတဲ့ ကွန်းမန့်လေးပါဗျာ။ ဖတ်ကြည့်ကြပါ။

ကြောင်ကြီးရဲ့ ဖုံးခြင်း၊ ဖေါ်ခြင်း cover / uncover ဆိုတဲ့ ပို့စ်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိမြန်မာနိုင်ငံရေးအကြောင်း သူ့အမြင်ကို ရေးထားတာ ပါဗျာ။ နှမ်းဖြူးဘို့ မလိုတဲ့ အတွက် ဝင်ပြီး နှမ်းမဖြူးတော့ပါ။ ကြောင်ကြီးရဲ့ ပို့စ်ကို ကိုယ်တိုင် ဖတ်ကြည့်ကြဘို့ ညွှန်းပါရစေခင်ဗျာ။

Sonny ရဲ့ မြေကဗျာ ဆိုတဲ့ ပို့စ်လေးကတော့ မြန်မာလိုရော အင်္ဂလိပ်လိုပါရေးထားတဲ့ ကဗျာတိုတစ်ပုဒ်ပါခင်ဗျာ။ မြန်မာလိုကဗျာလေးကို ဖေါ်ပြပေးလိုက်ပါတယ်ခင်ဗျာ။

” “နေစရာ မြေကမ ္ဘာမှာ

“တစ်နေရာ” ရဖို့အရေး

ရင်းလိုက်ရတဲ့ “ချွေး” ။

မြေကမ ္ဘာမှာ

“တစ်နေရာ” ရဖို့အရေး

ပေးလိုက်ရတဲ့ “ဈေး” ။

မြေကမ ္ဘာမှာ

“တစ်နေရာ” ရဖို့အရေး

သေလိုက်ရင် တော့ “အေး” ။

ကိုမင်းနိုင် ရ ရက် နိုဝင်ဘာ ၂၀၁၁                                                                                                                 ကဗျာချစ်သူများ ဖတ်ကြည့်နိုင်ဘို့ပါခင်ဗျာ။

 

Small cat ရဲ့ လူမစွမ်းနတ်မ၂ ကတော့ ၁မှာပါတဲ့ မျက်မမြင်ဦးထူးမရဲ့ ညီလေး ကံထူးအကြောင်းလေးပဲဖြစ်ပါတယ်။ ကြောင်လေးရဲ့ ရသအရေးအဖွဲ့ကို ခံစား ကြည့်ဘို့ တိုက်တွန်းပါတယ်ဗျာ။

Sonny  ရဲ့ ဘုရင်တစ်ပါးရဲ့ ချစ်ခြင်းတရားကတော့ အခန်းဆက်ဖြစ်မယ့် ဘာသာ ပြန်ဝတ္ထုတစ်ပုဒ်ပါ။ အခုရေးနေတဲ့ အချိန်အထိ စောင့်ဖတ်သူတွေ များနေတဲ့ စီးရီးလေးပါဗျာ။ (Oxford University ထုတ် စာရေးဆရာ Peter Dainty ရေးသားသော THE LOVE OF A KING ကို မူရင်းနှင့်တွဲလျက် ဘာသာပြန်ရေးထားပါသည်။ True Story ဖြစ်ပါသည်။) ဆိုတဲ့အတွက် အင်္ဂလိပ်စာလေ့လာသူများအတွက်ပါ တန်ဘိုးရှိလှတဲ့ ပို့စ်လေးဖြစ်ပါကြောင်း သတင်းပေးလိုက်ပါတယ်ဗျာ။ ကိုသစ်မင်း ရဲ့ ဂျပန် ဝတ္ထုတိုလေးတွေ ဘာသာပြန်တာကို ဖတ်ပြီးတဲ့နောက် အခုကိုဆန်နီ က ဘာသာပြန်အခန်းဆက် ကိုရေးလာတာ ကြိုဆိုပါတယ် ကိုဆန်နီခင်ဗျား။ ကျွန်တော် ကတော့ အသေးစိတ်မဖတ်နိုင်သေးတာ ဝန်ခံပါတယ်။ ဖတ်ဖြစ်အောင် ဖတ်ကြဘို့ပါဗျာ။

 

ကိုသစ်မင်းရဲ့ ကိုကြောင်သိူ့ ၁ (ဂျပန်နဲ့တို့တွေ ဘယ်လိုကွာ) ဆိုတဲ့ ပို့စ်ကတော့ ကြောင်ကြီးရဲ့တောင်းဆိုချက်ကြောင့် ကိုသစ်မင်းက ရေးလိုက်တဲ့ ပို့စ်လေး ပါဗျာ။  ကြောင်ကြီးက ကွန်းမန့်တစ်ခုမှာ ဒီလိုရေးခဲ့ပါတယ်ဗျာ။

ဆရာသစ်အနေနဲ့

အာရှတိုက်က ဒေသအင်အားကြီး ဂျပန်နဲ့ တရုတ်နိုင်ငံတို့အပေါ် နှိုင်းယှဉ်ချက်များကိုလည်း

ဗဟုသုတ အလို့ငှာ ရေးစေချင်တယ်။ ဘယ်အချက်တွေက အဆုံးအဖြတ်ပေးနေလဲ၊ ပေးမှာလဲ။

ဂျပန်ဘာကြောင့် တန့်နေပြီး တရုတ်ဘာကြောင် တက်လာသလဲ၊ ဂျပန်ကြုံသလို တရုတ်ကြီးကို

မကြုံနိုင်ဘူးလား။ ကြုံမယ်ဆို ဘယ်နည်းဘယ်ပုံ ဘယ်တော့လောက်ဖြစ်မလဲ။ သူတို့မှာ

ဘာကန့်သတ်ချက်၊ အားသာချက်တွေ ရှိကြလဲ။ ကျနော်သတိပြုမိတာ ကိုရီးယားမှာလည်း ဂျပန်လို စီးပွားရေးအုပ်စုဂိုဏ်းကြီးတွေကြောင့် စီးပွားရေး တဟုန်ထိုးတက်လာ၊ နောက်တော့လည်း ဒင်းတို့ကြောင့်ပဲ ပြသနာတွေတက်ရ၊ ပြုပြင်ပြောင်းလဲရေးတွေလုပ်ရ၊

လုပ်ရင်းနဲ့ရှုပ်ကုန်ကြ ဖြစ်တာတွေ့လိုပါ။ တရုတ်ပြည်မှာ ဖြစ်တာတွေတော့ ရှိတယ်၊

သို့ပေမယ့် အရှိုက်ထိအောင် မဖြစ်သေးဘူး။ မေးတာ များနေရင် စိတ်မဆိုးနဲ့နော်။

အမေးအာကာသယာဉ်မှူး အဖြေစက်ပြင်သမားဆိုတာလည်း စာမှာရှိတာ နားလည်ပါ၏

ကိုသစ်မင်းရဲ့ ပို့စ်ထဲမှာ နားလည်လွယ်တာလေးကို နည်းနည်းရေးပြချင်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့(SustainableDevelopment)ဖွံ့ဖြိုးမှုရေရှည်တည်တန့်ခိုင်မြဲမှုကို စီးပွါးရေးတောင့်တင်းမှု(Sound Economy)၊ ကာကွယ်ရေး(စစ်ရေး= Defence)လိုအပ်ချက်လို(Hard Power)ပါဝါအမာတွေရှိပေမဲ့ (Soft Power) ပါဝါအပြော့မပါဘဲနဲ့ဘဲ ထိန်းလို့ မရပါဘူးတဲ့။ လူလိုစဉ်းစားရင်တော့ပိုက်ဆံရှိတိုင်းနေ့တိုင်းပျော်ပါးတဲ့နေရာဘဲသွားနေရင်တနေ့ခက်မယ်ပေါ့ဗျာ။ (ဒီနေရာမှာ ပါတဲ့ Keyword တွေက “ပိုက်ဆံ= ပါဝါအမာ၊ “ကိုယ်ကျင့်တရား=ပါဝါအပျော့) အဲနိုင်ငံအနေနဲ့ကတော့ လတ်တွေ့မြင်သာအောင် ဥပမာထုတ်ပြရရင် လက်နက်အားကိုး (ပါဝါအမာ) နဲ့ထိန်းတာ “ကဒါဖီ” လားပင်စင်ရသလိုပေါ့ဗျာ။

ဒီတစ်ပုဒ်ကတော့ နည်းနည်းနားလည်လို့ ဝင်ပြီးနှမ်းဖြူးခွင့်ပြုပါ အရပ်ကတို့။ ကိုသစ်မင်းက soft power အကြောင်း ကို ဒီလို ဖွင့်ဆိုပြသွားပါတယ်။

နိုင်ငံတနိုင်ငံကို Soft Power ပဲရေရှည်ထိန်းလို့ရတာပါတဲ့။                                                                                                                   Soft Power = ပါဝါအပျော့ဆိုတာ ကြည်ညိုလေးစားတာပေါ့ဗျာ ကိုမောင်(ကိုကျော်သူ) တို့ ကိုသူရ (ကိုဇာဂနာ) တို့ခင်ဗျားဆီထမင်းလာစားရင်ကြွေးမှာလား။ သိပ်ကြွေးတာပေါ့။ ဘယ်သူအမိန့်လဲ “လိုလို့လားအမိန့်”။ ကြည်ညိုတာ။ဒါပေမဲ့ ပါဝါပါတယ်နော်။ ကိုကြောင်ရေကျနော် ခင်ဗျားအိမ်မှာမစားချင်ဘူး၊ တနေရာဗျာဆိုလဲ ခင်ဗျားဖြစ်အောင်လုပ်ပေးမှာ။ ချစ်သွားပြီ၊ ကြည်ညိုသွားပြီ။ Respect ဗျ။         (Respect with love လေ နော့။ )

ဂျပန်တော်တဲ့ အချက်တွေကိုလည်း တစ်ချက်ခြင်းချရေးပြသွားပါတယ်။ ကျွန်တော် ရေးလို့ရသလောက်လေး အသေးမစိတ်တော့ပဲ ဂျပန်တော်တာလေး တွေ ခေါင်းစဉ်လေးတွေရေးပြချင်ပါတယ်။

၁။ တိကျသေခြာမှု။ (အောက်မှာ သေသေချာချာ ရှင်းပြပေးထားပါသေးတယ်။ နားလည်လွယ်တာကြောင့် ဖတ်ကြည့်ကြစေချင်ပါတယ်)

၂။ စိတ်အဆင့်အတန်း။

၃။ ရိုးသားခြင်း (မျက်နှာလွှဲလို့ရခြင်း)။

၄။ အစုံကျွမ်းကျင်လုပ်သား။

၅။ လူကိုတန်ဘိုးထားခြင်း။

၆။အလုပ်ကိုတန်ဘိုးထားခြင်း

၇။ တသွေးတသံတမိန့် (Company Warrior)

ဒီတစ်ပုဒ်ကတော့ စာဖတ်သူတွေနားလည်လွယ်အောင် ရေးထားပါသဖြင့် ကိုယ်တိုင်ဖတ်လို့ အဆင်ပြေပါမည့်အကြောင်း သတင်းကောင်းလေးပေးပါရစေ ခင်ဗျာ။ ကျေးဇူးပါ ကိုသစ်မင်းနဲ့ ကိုကြောင်ရေ။ ကွန်းမန့်တွေကလည်း တကယ့် အမိုက်စား ပျံနေ (ဘန်းစကားနဲ့ပြောရင်) လန်ထွက်နေတဲ့ ကွန်းမန့်တွေမို့ ဒီပို့စ်ကိုမဖတ်ရင် ရွာထဲဝင်ရကျိုးနပ်မှာ မဟုတ်ဘူးလို့ကို မျက်စိစုံမှိတ် ညွှန်းပစ်လိုက်ပါတယ်ဗျို့။ မယုံရင် ဖတ်ကြည့်ကြပါ။

 

ရင်ငြိမ်းနွေ ရဲ့ မီးပုံပျံလုပ်သူ တစ်ယောက်ရဲ့ ရင်ခုန်သံ (အတွဲ၃) ကတော့ ၁ နဲ့ ၂ ကိုဖတ်ပြီး စောင့်နေသူများအတွက် အခန်းဆက်လေးဖြစ်ပါတယ်။

တစ်ရွာလုံး ရဲ့ အချစ်တော် ဂိုင်း အင်ဇာဂီ ၏ Laptop တစ်လုံး ဘယ်လိုရွေးချယ်ဝယ်ယူမလဲ ပို့စ်ကတော့ လက်ပ်တော့ ဝယ်မယ့် ဆရာဆရာမတွေ အတွက် ဂိုင်းရဲ့ လမ်းညွှန်မှုလေးပဲဖြစ်ပါတယ်။ တော်တော် ပြည့်ပြည့်စုံစုံ ရှင်းပြထားပေးတဲ့ အတွက် ဂိုင်း ကို ကျေးဇူးတင်ရပါတယ်။ ကွန်းမန့်လေးများကလည်း မြိုင်မြိုင်ဆိုင်ဆိုင် မို့ ဒီပို့စ်ကလည်း မဖတ်မဖြစ် ဖတ်ရမယ့် ပို့စ်ပါဗျာ။

ဇိုး ရဲ့ ထိုင်ဝမ်ဘုံကထိန်ပွဲကတော့ ကျုံးလီမြို့မှာ ရတနာဝါသ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့တဲ့ ဘုံကထိန်ပွဲအကြောင်းကို ဓါတ်ပုံလေးတွေနဲ့တကွ ဖေါ်ပြထားတဲ့ ပို့စ်လေးပါဗျာ။ ကွန်းမန့်လေးများ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဖတ်ကြရမယ့် ပို့စ်လေးတစ်ခုပါခင်ဗျာ။

ရွာတော်ရှင် ဆူး ရဲ့ သစ်မွှေးအကြောင်း စပ်မိစပ်ရာ ဆိုတဲ့ ပို့စ်လေးအကြောင်းကို ပြောချင်ပါတယ်ဗျာ။ သစ်မွှေးစိုက်ရန် သင့်တော်သောမြေအမျိုးအစားမှ စ၍ လိုအပ်ချက်များကိုပါ အသေးစိတ်ရေးပြထားပါသည်။ သစ်မွှေးစိုက်ပါက တူးရမည့် ကျင်းအကျယ် အနက်ကအစ ထည့်ရမည့် မြေဩဇာအဆုံး ရေးထားသည့် အပြင် ဈေးကွက်ကိုပါ တွက်ချက်ပြထားသည့် အတွက် စီးပွားဖြစ်သစ်မွှေးစိုက်လိုသူများအတွက် အထူးလေ့လာရမည့် ပို့စ် လေးတစ်ခုဖြစ်ပါသည်။ သိသင့်တယ် ထင်တာတွေကို ကွန်းမန့်ရှည်ကြီးများနဲ့ပါ ရှင်းပြထားတဲ့ သစ်မွှေးအကြောင်းစပ်မိစပ်ရာ ပို့စ်လေးကို ကွန်းမန့်လေးတွေ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ ဖတ်ရပါမည့်အကြောင်း ပါခင်ဗျာ။

 

ရွှေအမြုတေ မဂ္ဂဇင်းက ဝတ္ထုတိုတစ်ပုဒ်ကို ဖတ်နေရသလို စာဖတ်သူကို အရေးအသားပြေပြစ်ချောမွေ့စွာနဲ့ ဆွဲခေါ်သွားခဲ့ပါသော ကိုပေါက် ၏ အသစ်အသစ်သော ဆိုတဲ့ ပို့စ်လေး အကြောင်းပြောချင်ပါတယ်။  နွေးသီး ဆိုတဲ့ ပို့စ်လေးရဲ့ အဆက်ပါခင်ဗျာ။ သွေးသားမတော်စပ်ပါသော်လည်း အရင်းအချာတွေလို ချစ်ခင်တွယ်တာမိသော ၅၂၈ မေတ္တာကို ဖွဲ့သီထားသော ကိုပေါက် ရဲ့ လက်ကုန်ဖွင့် ဝတ္ထုတိုလေးတစ်ပုဒ်ပါဗျာ။ ပို့စ်လေးကို ကိုပေါက်က ဒီလိုလေး အဆုံးသတ်ပေးထားပါတယ်။

အတိတ်ဆိုတာ ပြန်လည်ပြင်ဆင်လို့မရတော့ တဲ့ပန်းချီကားတစ်ချပ်ဆိုရင်။

အနာဂါတ်ဆိုတာ လှပသော ပန်းချီကားအသစ်သစ်တွေကိုခြယ်မူန်းရေးဆွဲပိုင်ခွင့်က

ကျမတို့လက်ထဲမှာ အသေအချာရှိနေတယ်ဆိုတာကိုပါဘဲ။

ဇာတ်သိမ်းလေးကလည်း အပျော်။ ကွန်းမန့်လေးများကလည်း အပျော်။ ပျော်စရာ ရသကို အပြည့်ပေးသွားပါသော ကိုပေါက်ရဲ့ အသစ်အသစ်သော ဆိုတဲ့ ပို့စ်လေးကတော့ မန်းဂဇက် ရဲ့ အလှကိုပေါ်လွင်စေသောပို့စ်လေးအဖြစ် ညွှန်းချင်ပါတယ်ဗျာ။

ကိုပေါက် ရဲ့ ရာဇဝင်ထဲက မယ်နုရဲ့ (အပိုင်း၁) နဲ့ (အပိုင်း ၂) ကတော့ ကိုပေါက်အရေးအရ သမိုင်းမှာ အမည်းစက်တွေ စွန်းထင်းနေတဲ့ မယ်နုရဲ့ အုဌ်ကျောင်း ဓါတ်ပုံလေးများပဲဖြစ်ပါတယ်။ ကိုပေါက် ရဲ့ ပရိသတ်များ ကို လက်တို့ပါရစေဗျာ။

အင်းဝက ဗားကရာ၊ စွယ်တော်လမ်း ပို့စ်လေးတွေကလည်း ဓါတ်ပုံလေးတွေဖြစ်ပါတယ်ဗျာ။

ပရော်ကျစ်နိဒါဏ်း၊ ပရော်ကျစ်နိဂုဏ်း၊ မန်းလေး လမ်းဘေးက ပုရစ်ကျော် ဆိုတဲ့ ပို့စ်လေးတွေကတော့ ကိုပေါက်ရဲ့ ပုရစ်ကျော်ဖွဲ့ ပို့စ်လေးတွေပါဗျာ။ နည်းနည်းမြည်းကြည့်ပါ။

ဒီပုရစ်ဆိုတဲ့အကောင်ကတော့ စားဘူးသူတိုင်းကို မမေ့အောင်ထပ်စားချင်အောင်ဖန်တီးတတ်ပါတယ်။

အထူးသဖြင့်ရန်ကုန်က မိတ်ဆွေများက ပုရစ်မစားဘူးကြတာများပါတယ်။

အမြင်ဆိုးတာကိုး မဲမဲညစ်ညစ် နဲ့အကောင်လိုက်ကြီးက မစားရဲစရာ။

အဲ စားဘူးသွားပြီဆိုပြန်တော့လဲ ကျန်သေးလားလို့မေးရလောက်အောင်ကိုဆွဲဆောင်နိုင်စွမ်းရှိပါတယ်။

ကျနော်တို့ရဲ့ ရန်ကုန်ကမိတ်ဆွေများကို ပုရစ်ပေါ်ချိန်ဆိုရင် မန်းလေးကနေပို့ပေးရတတ်ပါတယ်။

အရင်ကတော့ ကိုယ်တိုင်ကောက်တာကိုကြော်ပို့။

နောက်ပိုင်းတော့ ဝယ်ပြီးပို့ပေါ့

ကွန်းမန့်လေးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဖတ်ကြရမယ့်ပို့စ်ပါဗျာ။

တန်ဆောင်မုန်းက လမင်းကို အလည်ခေါ်ကြည့်ခြင်းကတော့ လပြည့်ညကို ရိုက်ထားတဲ့ ဓါတ်ပုံလေးများဖြစ်ပါတယ်။

ကျန်နေသူကတော့ ကိုပေါက်ရဲ့ အတွေးပါတဲ့ ကဗျာကောင်းကောင်းလေးတစ်ပုဒ်ပါဗျာ။

ကိုပေါက် ရဲ့ အလိုရှိသည်ဆိုတဲ့ ကဗျာလေးကတော့ တမလွန်ကိုရောက်သွားတဲ့ အဆိုတော်တွေ၊ တေးရေးတွေ၊ ဂီတသမားတွေနဲ့ တေးဂီတဝိုင်းဖွဲ့ကြည့် တာကို ရေးထားတာပါ။ ကီးဘုတ်သမားတစ်ယောက်နဲ့ ဒရမ်သမားတစ်ယောက် လိုပါတယ်တဲ့။ ဂိုင်းအင်ဇာဂီကတော့ လိုတာတခြား လွှတ်တာတခြား ကွန်းမန့်ပေးထားပါတယ်ဗျာ။ အင်း ဘလက်ကို မေတ္တာထားတာ ခုမှ သိရတယ် ဂိုင်းရေ။ တွေးစရာလေးတွေနဲ့ ကိုပေါက်ရဲ့ကဗျာလေးကို ဖတ်ကြည့်ဘို့ ညွှန်းချင်ပါတယ်ဗျာ။

ကိုပေါက် ရဲ့ အလိုရှိသည်ဆိုတဲ့ ကဗျာလေးကတော့ တမလွန်ကိုရောက်သွားတဲ့ အဆိုတော်တွေ၊ တေးရေးတွေ၊ ဂီတသမားတွေနဲ့ တေးဂီတဝိုင်းဖွဲ့ကြည့် တာကို ရေးထားတာပါ။ ကီးဘုတ်သမားတစ်ယောက်နဲ့ ဒရမ်သမားတစ်ယောက် လိုပါတယ်တဲ့။ ဂိုင်းအင်ဇာဂီကတော့ လိုတာတခြား လွှတ်တာတခြား ကွန်းမန့်ပေးထားပါတယ်ဗျာ။ အင်း ဘလက်ကို မေတ္တာထားတာ ခုမှ သိရတယ် ဂိုင်းရေ။ တွေးစရာလေးတွေနဲ့ ကိုပေါက်ရဲ့ကဗျာလေးကို ဖတ်ကြည့်ဘို့ ညွှန်းချင်ပါတယ်ဗျာ။

အထူးလူအထူးနေရာဆိုတဲ့ ပို့စ်လေးကတော့ အခုတလော ရေပန်းစားတဲ့ ပို့စ်လေးပါဗျာ။ ဗီအိုင်ပီဆိုသူတွေ အကြောင်းရေးထားတာဖြစ်ပြီး ကွန်းမန့်လေးများနဲ့ ပျော်စရာပို့စ်လေးတစ်ခုဖြစ်ပါတယ်။ ကိုပေါက်ရဲ့ အောင်မြင်သော ပို့စ်လေးပါဗျာ။                                                                                                လင်းဝေကျော် က အခုရက်ပိုင်း ပို့စ် သုံးခုတက်လာပါတယ်ဗျာ။                                                                ၁။ ခင်ရွှေနင်လေ တကယ်အပြောကောင်း။ (ဇေကမ္ဘာ ဦးခင်ရွှေ အကြောင်းဖွဲ့ဆိုထားတဲ့ ခင်ရွှေဘွဲ့)။ ဝင်နှမ်းမဖြူးတော့ဘူး ကိုလင်းဝေကျော် ရေ။                                                                                          ၂။ တစ်နှစ်မှာ လူပေါင်း တစ်သန်း လောက် လူကုန်းကူးမှု ရဲ့ သားကောင် အဖြစ် ခံရပါတယ် (Trade ဆိုတဲ့ ရုပ်ရှင်လေးကို ကြည့်ရင်း တွေးမိတာလေးကို ရေးထားတာပါ။ အသေးစိတ်တော့ ကိုယ်တိုင်သာ ဖတ်ကြပါတော့ဗျို့။)                                                                                                                         ၃။ မြန်မာပြည်က သတင်းစာကို ကိုင်ပြီးရင် လက်ဆေးကြပါ။ (ဒါလေးက ပို့စ်ကောင်းလေးတစ်ခုပါ။ သတင်းစာကိုင်ပြီးရင်လက်ဆေးဘို့ ရိုးရိုးသားသား သတိပေးထားတဲ့ ပို့စ်လေးပါ။ တလွဲတွေလျှောက်တွေးနေမှာစိုးလို့ပါဗျာ)                                                                            အသေးစိတ်မရေးနိုင်တော့ တာ ခွင့်လွှတ်ပါ ကိုလင်းဝေကျော်ရေ။                                                        ဒီရက်ပိုင်းမှာပဲ ပို့စ် နှစ်ခုတည်းတင်ပြီး ကွန်းမန့်တွေ သဲ့ယူသွားနိုင်တာကတော့ လူသစ်လို့ယူဆရတာပါပဲ။ အေမီ ဆိုသူလေးရဲ့                                                                                                                                     ၁။ အပင်ထိပ်က ပန်းသီးလေးများ (ကွန်းမန့် ၅၁ ခု)                                                                                    ၂။ အထက်လူကြီးနှင့်ခေါင်းဆောင်တို့ ခြားနားချက်  (ကွန်းမန့် ၃၂ ခု) ဆိုတဲ့ ပို့စ်လေးနှစ်ခုပါဗျာ။ စိတ်ဝင်စားသူများ ဖတ်နိုင်ကြဘို့ပါ။                                                                                         ကျွန်တော်တို့ရဲ့ မော်ဒန်ဗေဒင်လက္ခဏာ ဆရာလေး ကိုရင်စည်သူက အဘဆရာကြီး ဒေါက်တာမင်းသိင်္ခ ဧကံသပွဲဖိတ်ကြားခြင်း ဆိုတဲ့ ပို့စ်လေးတင်ပြီး ရွာသူားတွေ အခမဲ့ ဇာတာကြည့်ကြရန် ဖိတ်ပါတယ်ခင်ဗျား။ ကွန်းမန့်လေးများနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ပျော်ပျော်ပါးပါးကြီး ဖတ်ချင်သူများ ဖတ်ကြရမယ့် ပို့စ်ပါဗျာ။

 

Sky ko ko ရဲ့ တိုးတက်ကြီးပွားလိုလျှင် (သင့်အတွက်စကားလက်ဆောင်) ဆိုတဲ့ ပို့စ်လေးကတော့

အောက်မှာဖော်ပြထားတဲ့ အဆင့်လေး(၅)ဆင့်အတိုင်း လိုက်နာဆောင်ရွက်ရင် ကိုယ့်ဘဝဘယ်တော့မှ မဆုတ်ယုတ်သလို တိုးတက်ဖို့လည်း အလားအလာရှိတယ်လို့ ဆိုချင်ပါတယ်..

ဆိုပြီး အဆင့်လေး ငါးဆင့် ကိုဖေါ်ပြထားတဲ့ ပို့စ်လေးပါ။ ကိုသစ်မင်း ရဲ့ ကွန်းမန့်လေးကြောင့် ဒီပို့စ်က ပိုလှသွားပါတယ်။ ဖတ်ကြည့်ကြပါ။

တော်တော်ကောင်းပါတယ်ခင်ဗျ။ အဲ နဲနဲတော့ ဖြည့်စွက်ပါရစေလို့၊ခွင့်ပြုပါနော်။                                                                                   “အရှင်ဘုရား လောက၌မိတ်ဆွေအပေါင်းအသင်းသည် အမှူ့ကိစ္စတဝက်ကိုပြီးမြောက်စေသည်ကိုတွေ့ရပါသည်ဘုရား”                                   “ချစ်သားအာနန္ဒာ လောက၌မိတ်ဆွေအပေါင်းအသင်းသည် အမှူ့ကိစ္စတဝက်ကိုပြီးမြောက်စေရုံမဟုတ်၊အမှူ့ကိစ္စအလုံးစုံကိုပြီးမြောက်စေပါသည်၊ချစ်သားအာနန္ဒာ”

လောကကြီးပွါးရေးအကြောင်းလေးပါးကိုဟောကြားပါတယ်။ တချက်အနေနဲ့…….                                                                      ကလျာဏမိတ္တ္က္ကကာ မိတ်ကောင်းဆွေကောင်းရှိရခြင်းလို့ ဟောပါသည်။                                                                                      (ကျန်တာတွေကတော့ သဘောချင်းတူနေလို့ ဒီမပါတာလေးကိုထဲ့ပေးလိုက်ပါသည်၊)

တိုးတက်ကြီးပွားလိုသူများ ဖတ်ကြပါဗျို့။                                                                                 Windtalker ရဲ့ Yamaha Mio Soul ဆိုတဲ့ ပို့စ်ကတော့ Yamaha ဆိုင်ကယ် အရောင်းပြခန်း ဖွင့်တဲ့ အကြောင်းကို ဆိုင်ကယ်ပုံလေးတွေပါ ဖေါ်ပြပေးထားတဲ့ ပို့စ်လေးပါ။ မြန်မာနိုင်ငံရှိ ဆိုင်ကယ်စီးသူများအတွက် ရည်ညွှန်းပါသည်လို့ ဖေါ်ပြထားတဲ့ အတွက် ဆိုင်ကယ်စီးကြသူများ ဖတ်ဘို့ ညွှန်းပါတယ်ခင်ဗျာ။                                      Windtalker ရဲ့ နောက်ပို့စ်တစ်ခုက မောင်ပေ့ရဲ ့အရည်မရအဖတ်မရ ကွမ်းပို ့စ် ပါဗျာ။ မေမြို့တက် ဓါတ်ပုံရိုက်ပါသော ကိုပေ့ကို မန်မိုရီကတ် ဒုက္ခပေးတဲ့အကြောင်းရေးထားတဲ့ ပို့စ်လေးပါ။ အပင်ပန်းခံရိုက်ထားပြီးပါမှ ဖြစ်ရမယ် ကိုပေရယ်။ မေမြို့ပွဲမှာ လက်သရမ်းကြတဲ့ မူတူးအုပ်စုများ အကြောင်းလည်းပါပါတယ်။ ကိုပေက ရန်များကို ကိုယ်ရှင်းမယ် ဆိုပြီးဒီလို လုပ်ပါသတဲ့။                        ကျုပ်ကတော့ ကျုပ်မိန်းမ ကို ကျုပ်ရှေ  ့မှာ ထားပြီး ပုခုံးပေါ် လက်တင်သွားတော့ ၊ ကျုပ်မိန်းမ က လွတ်ကင်းချမ်းသာရာ ရတာပေါ့ ။ကြည့်။                                                                               ကိုပေတို့ လူလည်ကျပုံ။ စိတ်ညစ်စရာကြီးဗျာ ကိုပေ။ ဖတ်ပြီး အဲဒီပွဲကို သွားချင်စိတ်ကုန်သွားတယ်ဗျို့။ မယုံရင် ဖတ်ကြည့်ကြပါလို့။                                                                                                               ဆိုက်ကယ်နဲ့ မကင်းသူတွေ မဖြစ်မနေဖတ်ရဦးမယ့် ကိုပေရဲ့ နောက်ပို့စ်တစ်ခုက ဘာသားနဲ ့ ထုထားတာမို ့လဲ ဆိုတဲ့ ပို့စ်လေးဖြစ်ပါတယ်။ အသေးစိတ်တော့ ရေးပြမနေတော့ပါဘူးခင်ဗျာ။ ကျွန်တော် နားလည်တဲ့လိုင်းမဟုတ်လို့ပါ။ ဆိုင်ကယ်စီးနေကြသူတွေ ဖတ်သင့်တယ် ဆိုတာလေးတော့ လက်တို့ပါရစေခင်ဗျာ။                                                                                                               ကိုပေ ရဲ့ နောက်ပို့စ်တစ်ခုက ကဗျာလေးခင်ဗျ။ ကြိုက်ကြမယ့် ဘဝ (၂၈) ဆိုတဲ့ ကဗျာလေးပါ။ အစအဆုံးဖေါ်ပြလို့ အဆင်ပြေတဲ့ အတွက် ဖတ်ကြည့်ကြပါဗျာ။

မိတ်ဆွေ

ငါ့ဆီကို လာသောအခါ

လာချင်သလို လာပါ                                                                                                                  ဝင်ချင်သလို ဝင်ပါ

ပြန်ချင်သလို ပြန်ပါ

ငါ တံခါး မတပ်ထားတာကြာပြီ ။

မိတ်ဆွေ

ဖြစ်သမျှ အဆိုးများကိုလည်း ငါ့ပေါ်ပုံချပါ

တွေ ့သမျှ အကောင်းများကလိုလည်း ယူချင်သပ ဆိုယူ

တစ်ခါတစ်လေမှာ

ငါဟာ မျက်စိ၊နားကန်းပြီး ဆွံ  ့အ ပေးတတ်တယ် ။

ကွန်းမန့်လေးများ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဖတ်ကြရမယ့် ကဗျာတစ်ပုဒ်ပါ။

ရူးချင်ယောင်ဆောင်မနေနဲ့ ဆိုတဲ့ ပို့စ်လေးနဲ့ စိန်ပလိန်တိမ် အုံးအွမ် ဆိုတဲ့ ပို့စ်လေးတွေကတော့ ဟာသအရေးအဖွဲ့လေးတွေဖြစ်ပါတယ်ဗျာ။

ပါဖောမန့်ကဗျာ ဆိုတာလေးကတော့ ကဗျာတိုတို ကောင်းကောင်းလေးတစ်ပုဒ်ကို ကောက်ရတဲ့ ကိုပေက ရွာမှာ ပြန်ရှယ်ပေးတာပါ။ ဖတ်ကြည့်ကြပါဗျာ။                                                                                                            “ ဒါဟာ သိပ်ကြီးကျယ်မြင့်မြတ်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်လောက်ဘူး

ဒါဟာ လူတိုင်း အာရုံစိုက် တသသဖြစ်မယ့် ကိစ္စမျိုးလည်း မဟုတ်ဘူး

ဒါကို ကမ္ဘာကြီးကတော့ ကျေးဇူးတင်ချင်တင်မယ်

သူထပ်ထမ်းပိုးရမယ့် ခြေနှစ်ချောင်းကို ကာကွယ်ပေးခဲ့လို ့။

ဒါကို အိုဂျီဆရာဝန် နဲ ့ဆေးမလုံလောက်တဲ့ ဆေးရုံက ကျေးဇူးတင်မယ် ။

ဒါကို မိခင်နဲ ့ကလေး အဖွဲ ့က ကျေးဇူးတင်မယ်

ဒါကို အရွယ်မရောက်ခင် ကိုယ်ဝန်ရသွားမှာ စိုးရိမ်တတ်တဲ့ မိန်းမငယ်လေးတွေက

ကျေးဇူးတင်တယ် ။

ဒါကို ညဉ့်မှာ ကျင်လည်ကျက်စားတဲ့ ဖိနပ်စီးလေးတွေ က ကျေးဇူးတင်တယ်

ဒါကို လက်တွေ ့ကျကျ အသုံးချခဲ့တဲ့ ဒီကဗျာကိုရေးတဲ့ ငါလဲ ကျေးဇူးတင်ပါတယ် ”

ကဗျာရေးသူကိုတော့ အမည်မသိ အခုခေတ်စာဆို လို ့ဘဲ ရေးလိုက်ပါတယ် ။

 

Weiwei ရဲ့ ဖားအောက်တောရမှာ ကိုးရက်တာ ၁၊ ၂၊ ၃၊ ၄ ကတော့ အန်တီဝေရဲ့ သံလျင်ဖားအောက်တောရမှာ တရားစခန်းဝင်ခဲ့တဲ့ အတွေ့အကြုံလေးတွေကို ပြန်ရေးပြထားတဲ့ ပို့စ်လေးတွေပါဗျာ။ ရွာသူားတွေကလည်း ကွန်းမန့်လေးတွေနဲ့ သိတာလေးတွေ ပြန်ပြော မသိတာလေးတွေမေးကြနဲ့ တရားစကားဝိုင်းလေး ဖြစ်သွားစေတဲ့ ပို့စ်လေးတွေပါဗျာ။ အန်တီဝေက သူ့ပို့စ်အစမှာပဲ သူကြီးနဲ့ ရွာသူားတွေကို အမျှပေးဝေထားပါတယ်ဗျာ။

တန်ဆောင်တိုင်မှာ အလုပ်ပိတ်ရက်တွေနဲ့ အလှူအတန်းတွေများနေတုန်း ခွင့်ယူပြီး သန်လျင်က ဖားအောက်တောရရိပ်သာမှာ ၉ ရက် သွားရောက်နေထိုင်ပြီး ရိပ်သာဝင်ဖြစ်ခဲ့ပါတယ်။ အလှူဒါနအနေနဲ့ ဆွမ်းစရိတ်အတွက် အလှူငွေ ၂၀၀၀ဝ ကျပ်လှူဒါန်းခဲ့ပါတယ်။ သတ်သတ်လွတ်ဆွမ်းနဲ့ ၉ ပါးသီလကို ၉ ရက် ဆောက်တည်ခဲ့ပါတယ်။ သမထဘာဝနာကမ္မဌာန်း ၉ ရက်အားထုတ်ခဲ့ပါတယ်။ ဆရာတော်ကြီး၏ ဩဝါဒများကိုလဲ နာကြားခဲ့ပါတယ်။ ယခုကဲ့သို့

ပြုလုပ်ခဲ့ရသော ဒါန၊ သီလ၊ ဘာဝနာ အစရှိသော ကုသိုလ်ကောင်းမှုအစုစုတို့ကို ဂေဇက်မှ သူကြီးအား အမှူးထား၍ ရွာသူရွာသားအားလုံးအား အမျှပေးဝေပါတယ်။ အားလုံးအမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြသည် ဖြစ်ကြပါစေသော်ဝ် ……

ရွာသူားတွေကလည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်ဗျာ။ သာဓု သာဓု သာဓု ပါ အန်တီဝေခင်ဗျား။ တရားစခန်းအတွေ့အကြုံလေးတွေကိုလည်း ရင်းနှီးပြီးသား သူငယ်ချင်းတစ်ယောက်ကိုပြောပြတဲ့ ပုံစံလေးနဲ့ ပြောပြသွားပါတယ်ဗျာ။ တရားနဲ့ ဝေးနေကြသူများရော တရားနဲ့နေထိုင်ကြသူများပါ ဖတ်သင့်တဲ့ ပို့စ်လေးတွေပါလို့။

ဖားအောက်တောရတွင် ကိုးရက်တာ (ဓါတ်ပုံများ) ကိုလည်း အပေါ်က ပို့စ်လေးတွေနဲ့တွဲပြီး ခံစားကြည့်ရှုနိုင်ကြပါတယ်။

Weiwei  ရဲ့ ဒီနေ့ပဲ တင်လိုက်တဲ့ ပို့စ်အသစ်တစ်ခုကတော့ ကျေနပ်ရင်အေးဆေးပါပဲ ဆိုတဲ့ ပို့စ်လေးဖြစ်ပါတယ်။ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေသူတွေကို အကောင်းဘက်ကရေးပြနေကြတာတွေ့လို့ ခံစားရတဲ့ ပြည်တွင်းက ပညာတတ်ဝန်ထမ်းတစ်ယောက်ရဲ့ဖီလင် လေးပါဗျာ။ နိုင်ငံခြားရောက်နေတဲ့ သူငယ်ချင်းတွေနဲ့ ကိုယ့်ကိုယ်ကို ချိန်ထိုးစဉ်းစားတာကဒီလိုပါတဲ့။

သူတို့ရောက်ဖူးတဲ့ နိုင်ငံတွေအကြောင်းပြောချိန်မှာ ကျွန်မက မေမေချက်ပေးတဲ့ဟင်းကိုစားပြီး မေမေနဲ့အတူတူအိပ်နေနိုင်တဲ့ အခွင့်အရေးရနေခဲ့တယ်။ အသက်အရွယ်ရာထူးနဲ့ ထိုက်တန်တဲ့ ဂုဏ်သိက္ခာတစ်ခုလဲ ရှိနေခဲ့ပါတယ်။

သူငယ်ချင်းတွေကိုကြည့်လိုက်တော့

သူတို့တွေ အလုပ်ပင်ပန်းကြတယ်။ လစာကောင်းကောင်းရတယ်။ ကလေးတွေ ပညာရေးအတွက် အလားအလာကောင်းကြတယ်။ လူနေမှုအဆင့်အတန်းမြင့်မြင့်နေနိုင်ကြပါတယ်။ ဒါဆို အရမ်းချမ်းသာနေပြီလားဆိုတော့လဲ မဟုတ်သေးဘူး။ ဝင်ငွေရှိသလောက် ထွက်ငွေကလဲရှိပြန်တော့ ရပ်လိုက်လို့မရပဲ ဆက်လုပ်နေရအုန်းမှာပဲ။ ဘယ်တော့ပြန်လာမလဲမေးတဲ့အခါ ကလေးတွေအလုပ်အကိုင်ရပြီးရင်တဲ့။

ကိုယ့်ကိုယ်ကို ကျေနပ်တဲ့ အတွေးတစ်ခုကို ရေးပြန်ပါတယ်။

အခုအချိန်အထိ ကျွန်မရဲ့ရပ်တည်မှုက နိုင်ငံတော်အတွက် အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေတုန်းပါပဲ။ မဆိုစလောက်လေးပဲဖြစ်ဖြစ် အတတ်ပညာတစ်ခုနဲ့ အလုပ်အကျွေးပြုနေတုန်းပဲ။ လုပ်ပေးတာနဲ့ ရတဲ့အကျိုးအမြတ်ကွာခြားချက်ရှိနေပေမယ့် လုပ်အားအလှူလို့သဘောထားပြီး ကျွန်မကတော့ ကျေကျေနပ်နပ်ရှိနေတုန်းပဲ။ လူငယ်တွေကို အသိပညာပေးဝေဖို့ အမြဲအဆင်သင့်ဖြစ်နေတုန်းပဲ။

ကိုသစ်မင်းရဲ့ လှပပြီးစေတနာပါတဲ့ ကွန်းမန့်လေးကလည်း လှပါတယ်ဗျာ။ ဖတ်ကြည့်ကြပါ။

လေးစားရပါသောမဝေဝေခင်ဗျား……

ကျနော်လဲ အနေအထားအရ ဒီနိုင်ငံက ကျောင်းသားတွေအစားမြန်မာကလေးတွေကို

သင်ပေးချင်တာပါ။ အတွေ့အကြုံအရလည်းအရွယ်ချင်းတူရင်မြန်မာခေါင်းက မညံ့ပါဘူး။

အဲ လေးလေးနက်နက်နဲ့ တိတိကျကျလေးလုပ်တာနေရာလေးတော့အားနည်းတယ်ဗျ။

ဒါလဲ ပြုပြင်ယူလိုရတာမျိုးပါ။

ကျနော်အမြင်ကတော့ မဝေဝေတို့လက်ရှိအနေအထားကိုသဘောကျတာပါ။ကျနော်သူများ

တိုင်းပြည်မှာတသက်လုံးနေဖို့ ဘယ်တုန်းကမှစိတ်မကူးခဲ့သလို ကိုယ့်တိုင်းပြည်အတွက်

ဘာမှမယ်မယ်ရရလုပ်မပေးနိုင်ခဲ့သေးဘူးလို့အမြဲကိုယ့်ကိုကိုယ်သတိပေးနေမိတာပါ။

ကမ္ဘာလူဦး ရေ တဝက်လောက်က တနေ့၂ဒေါ်လာအောက်သုံးစွဲနေရပြီး စားဝတ်နေရေး

ကြပ်တည်းနေကြတဲ့အချိန်မှာ တယောက်ထဲကြီးပွါးချမ်းသာလို့ ဘာမှအနှစ်သာရမရှိပါဘူး။

အများအခက်အခဲဖြစ်နေ ချိန်မှာ ကိုယ့်သာယာချမ်းသာရေးတခုဘဲကြည့်ပြီး တိုင်းပြည်ကို

စွန့်သွားတဲ့သူတွေကို တော့အပြစ်မပြောလိုတော့ပါဘူး။

ဒါပေမဲ့ ကိုယ့်နိုင်ငံကို ချစ်လို့ဘဲဖြစ်ဖြစ် ၊ ဘယ်လိုအကြောင်းနဲ့ဘဲဖြစ်ဖြစ် လက်ရှိမြန်မာမှာ

ရှိနေပြီး လူတယောက်အတွက် (သို့) လူ့အဖွဲ့အစည်းအတွက် နည်းနည်းလေးအကျိုးပြုနေ

တယ်ဆိုရင်တောင် (လက်ရှိ)ကျနော်ထက် “သာ” လို့ တကယ်ဘဲလေးစားမိပါတယ်။

သဇင်၊မေခတွေပြောတုန်းက စကားတွေအရ ကျနော်ကမဝေဝေတို့ထက်၂နှစ် ၃နှစ်စီနီယာပါ။

ကျနော်တို့ကိုပညာသင်ပေးခဲ့တဲ့”မြေ”ရဲ့ကျေးဇူးကို ကျနော်ပိုပြီးဆပ်သင့်တယ်လို့တောင်ယူဆလို့ပါတယ်။

ဒါပေမဲ့ သိပ်မကြာတော့တဲ့အချိန်ကာလတခုမှာတော့ ကျနော် ဆုံးဖြတ်ပြီးသားမလို့

လုပ်စရာရှိသည်များကို ဆက်လုပ်ရင်း “အချိန်တန်” လာတော့မှာပါ။

ဘာဘဲဖြစ်ဖြစ် မဝေဝေနှင့်တကွ နိုင်ငံချစ်သော အတတ်ပညာ၊ အသိပညာရှင်များအား

လေးစားပါကြောင်း လေးလေးနက်နက် ထပ်မံပြောပါရစေတော့။

နောက်ဆုံးတော့ နေတတ်ရင် ဘယ်နေရာမှာမဆို အေးဆေးပါပဲ လို့ မှတ်ချက်ချထားတဲ့ ဝေဝေ ရဲ့ ကျေနပ်ရင်အေးဆေးပါပဲ ဆိုတဲ့ ပို့စ်လေးက စဉ်းစားတွေးခေါ်စရာလေးတွေပေးပါလိမ့်မယ်ဆိုတဲ့ အကြောင်း လက်တို့ချင်ပါတယ်ဗျာ။

အခုတလော စာရေးနည်းနေပါသော MaMa က သူ့အလှူလား ကိုယ့်အလှူလား ဆိုသည့် ပို့စ်တစ်ပုဒ်ကို ပြီးခဲ့သည့် အပတ်က တင်ခဲ့ ပါသည်။ နောက်ဆုံးတင်ခဲ့တဲ့ ပို့စ် လက်ဖွဲ့တွက်နည်း က ၂၁ရက် အောက်တိုဘာက တင်ခဲ့တာဆိုတော့ တစ်လလောက်ကြာမှ ပို့စ်တစ်ခု တက်လာတဲ့ သဘောပါဗျာ။

သူဌေးမကြီးဒေါ်ဆွေဆွေနဲ့ အိမ်ဖေါ်မလေးမိအေးတို့ရဲ့ အားပြိုင်မှုကလေးကို ရေးထားတာပါ။ သူဌေးမကြီးက အလှူကြီးတစ်ခုလုပ်ပါတယ်တဲ့။

သူဌေးအလှူမို့ ဝိုင်းလုပ်ပေးကြသူတွေကလည်း မနည်းပါဘူးတဲ့။ အလှူကြီးပေးနေတုန်းမှာ အဖြစ်အပျက်လေးတစ်ခုဖြစ်ပါတယ်တဲ့။ အဲဒါလေးကိုတော့ ဖတ်ကြည့်ဘို့ ထည့်ပေးလိုက်ပါတယ်ဗျာ။

အဲဒီအချိန်မှာပဲ အိမ်ရှေ့မှာ စုတ်ပြတ်နုံခြာတဲ့ အဝတ်အစားနဲ့ အဖွားကြီးတစ်ယောက် လာရပ်နေပါတယ်။ အလှူအိမ်ထဲကို ကြည့်ပြီး နှုတ်ကလည်း ထမင်းကြမ်း ဟင်းကြမ်းလေးများ ပေးသနားဖို့ တောင်းခံနေပါတယ်။

ဧည့်ကောင်းစောင်ကောင်းတွေကြားထဲမှာ တောင်းရမ်းနေတဲ့သူကို စိတ်တိုမိပြီး အလှူ့ရှင်ဒေါ်ဆွေဆွေက နှင်ထုတ်လိုက်ဖို့ အိမ်ဖော်မလေးမိအေးကို ခိုင်းလိုက်ပါတယ်။

နောက်တော့ ဧည့်သည်တွေကို ဧည့်ခံရင်း မအားမလပ်တာမို့ သူတောင်းစားအဖွားကြီးကိုလည်း သတိမထားမိတော့ပါဘူး။

မျက်နှာကြီးဧည့်သည်တွေကို စားကောင်းသောက်ဖွယ်တွေနဲ့ ဖွယ်ဖွယ်ရာရာ ကောင်းကောင်းမွန်မွန် ကျွေးမွေးဧည့်ခံပြီး အစစအရာရာ အဆင်ပြေသွားလို့ အလှူပြီးသွားတဲ့အခါ သူဌေးမကြီးဒေါ်ဆွေဆွေဟာ သူ့အလှူ ကို ဝမ်းသာကျေနပ်ပြီး ပီတိတွေ ဖြာနေတာပေ့ါ။

အိမ်ဖော်မလေးမိအေးဟာ အိမ်ရှင်ဒေါ်ဆွေဆွေက မောင်းထုတ်ခိုင်းလိုက်ပေမယ့် ဆင်းရဲနုံခြာပြီး အသက်အရွယ်ကြီးရင့်နေတဲ့ သူတောင်းစား အဖွားကြီးကို မောင်းမထုတ်ရက်ပဲ အိမ်နောက်ဖေးဘက်ကို တိတ်တဆိတ်ခေါ်သွားပြီး ထမင်းဟင်းတွေကို အလှူ့ရှင်မသိအောင် ခိုးပြီးထည့်ပေးလိုက်ပါတယ်။

အလှူပြီးတဲ့အခါမှာ အိမ်ဖော်မလေးမိအေးကလည်း သူတောင်းစားအဖွားကြီးကို ထမင်းဟင်းတွေ ပေးလှူလိုက်ရတဲ့ ကိုယ့်ကုသိုလ် ကို ပြန်စဉ်းစားပြီး ကျေနပ်နေမိတယ်တဲ့။

အဲဒီဇာတ်လမ်းကို ကြားသိရပြီးတဲ့အခါ နဂိုကတည်းက အတွေးများသူမို့ စိတ်ထဲမှာ စဉ်းစားစရာတွေ များသွားရပါတယ်။

ကိုယ့်ပစ္စည်းနဲ့ ကိုယ်လှူတာဖြစ်ပေမယ့် သောကဗျာပါဒတွေနဲ့ ဆင်းရဲချမ်းသာ လူတန်းစားခွဲခြားပြီး လှူဒါန်းတဲ့အလှူနဲ့ ကိုယ့်ပစ္စည်းမဟုတ်ပဲ သူတပါးပစ္စည်းကို ပိုင်ရှင်မသိပဲ ပေးလှူတဲ့ကုသိုလ် ဘယ်ဟာက ဘယ်လို အကျိုးတွေပေးနိုင်ပါသလဲဆိုတာကို….

အကြားအမြင် ဗဟုသုတများကြသော ရွာသူားများက ဝိုင်းဝန်းစဉ်းစားပေးကြရင်ဖြင့် ကျေးဇူးအထူးတင်မိမှာပါ။

 

အကြားအမြင်ဗဟုသုတများသော ရွာသူားများတဲ့။ ရွာသူားတွေကလည်း ဝိုင်းဆွေးနွေးလိုက်ကြတာ ကွန်းမန့်ပေါင်း ၄၂

ခုလောက်တောင် ဖြစ်သွားပါတယ်ဗျာ။ သူကြီးကလည်း သူ့အမြင်အရ အိမ်ဖေါ်မလေးကို အလုပ်ထုတ်သင့်ပါတယ်တဲ့။

ကိုပေါက်ကလည်း သူကြီး ဖြေတာ မမ မေးတာနဲ့ လွဲနေတယ်တဲ့။ သူကြီးကလည်း လွဲတယ်မထင်စေချင်ပါဘူးတဲ့။

ကြောင်ကြီးကလည်း လိုရာဆွဲပြောတဲ့ သူကြီးတဲ့။ ကွန်းမန့်တွေ ဖတ်ပြီး ပျော်စရာကြီးကို ဖြစ်လို့ပါဗျာ။ မဖတ်လိုက်ရသူများ

ပြန်ဖတ်ကြဘို့ ညွှန်းပါတယ်ဗျာ။

 

 

 

 

 

 

 

အခုတလော ရွာ၏ ရေပန်းအစားဆုံးပုဂ္ဂိုလ်အကျော်အမော် ဆရာလေး ဂိုင်းအင်ဇာဂီ (မိုးစက်လေးကတော့ သူ့ကို အင်ကြီး

ဆိုလား) ၏ ကပေ့၏ အာဂလူစွမ်း စူပါမန်း စီးရီး အပိုင်း ရ ကို ဖတ်ရပါသည်။ သည်အပိုင်းမှာတော့ အနှီဆရာလေး

အင်ဇာဂီသည် ဘလက်အား ဘယ် အချိန်ကတည်းက မုန်းနေခဲ့သည်မသိပါ။ အင်ဇာဂီ၏ ဘလက် ကို ဖွဲ့ဆိုထားပုံကို

ကြည့်ပါဗျာ။

 

တနေကုန်

 

နေပူထဲ လုပ်ရသဖြင့် အသားအရေမှာ ညိုရာမှ မဲလာ မှောင်လာလေသည်..

 

သူ့ကို ရွာကာလသမီးတသိုက်မှ မှောင် ဟု နောက်ပြောင်ခေါ်ဆိုသည်ကို

 

ဟထိုးဖြုတ်ပီး ပြုံးပြုံးကြီး နားအရသာခံတတ်သူဖြစ်၏ …

 

ပျော်တတ်သူ ဖြစ်သောကြောင့် မဲချော မှောင်လှ အစရှိသဖြင့် သူငယ်ချင်းများထံမှ..

 

နာမည်မျိုးစုံအောင် ရသော သူလည်း ဖြစ်သည်

 

အင်ဇာဂီ ၏ ဘလက် ကိုဖွဲ့ဆိုပုံက စာမေးပွဲမှာ စာခိုးချတာရော၊ ဆရာမအနားလာမှာစိုးလို့ ပဲကြီးလှော် ငါးဆယ်သားစားပြီး

ဖေါက်ခွဲရေးလုပ်တာတွေရော၊ စာမေးပွဲခန်းအတွင်း လေမလည်ရ ဥပဒေမရှိတာတွေရော စုံနေတာပါပဲ ခင်ဗျာ။ အော်

ဘလက်ဘဝက အင်ဇာဂီဖွဲ့မှ ပျက်ရလေပြီ တကား။ အခုဒီစာ ရေးချိန်အထိ အပိုင်း ၁၃ ကိုရောက်နေပါပြီ ခင်ဗျာ။

ပျော်စရာပို့စ်လေးတွေ ဖြစ်တဲ့အတွက် စီးရီးလိုက်ဖတ်ခဲ့သူများ ဖတ်ကြဘို့ ပါခင်ဗျာ။

 

အင်ဇာဂီပဲ ရေးတဲ့ စာပေတော်လှန်ရေး ဆိုတဲ့ ပို့စ်ကတော့ အပိုင်း ၃ ကိုရောက်နေပါပြီဗျာ။ ဒီပို့စ်ကတော့

အတည်ပေါက်ရေးတဲ့ သရော်စာ ပါတဲ့ ။ တော်တော် ရေးနိုင်တဲ့ ပုဂ္ဂိုလ်လေးပါဗျာ။ ရေးလည်းရေးတဲ့ အပြင်

ကွန်းမန့်တွေကိုလည်း လစ်လပ်ခြင်းမရှိအောင် ပေးနိုင်သူလေး ပါ။ မနေ့ကတောင် ဘလက်ရဲ့ပို့စ်တစ်ခုမှာ

ချောင်ဝင်ဆိုးသွားသေးပါတယ်ဗျာ။ ညစ်ပတ်ထှာ။

ဦးခင်ရွေ၏ မီဒီယာများ အဆိုးမြင်ရေး ပြောကြားချက်အားချေပခြင်း(ကျွန်တော်မီဒီယာသမားမဟုတ်ပါ) ဆိုတဲ့

ပို့စ်လေးကလည်း မောင်အင်ဇာဂီလေး ဖတ်ပြီး ပြန်ရှယ်ပေးတဲ့ ပို့စ်လေးပါဗျာ။ ဒါကျတော့ ကျွန်တော်မျိုးကြီးဘလက်

ဉာဏ်ရည်နိမ့်တဲ့ အတွက် ကိုယ်တိုင်သာ ဖတ်ပြီး မုဒိတာပွားကြပါလို့။ ကြောင်ကြီးရဲ့ မီးဒုတ်မီးဒုတ် ရှို့ရှို့ ဆိုသော စကားက

အင်ဇာဂီ ပါးစပ်ထဲရောက်သွားပြီဗျို့။

ဖတ်ပြီးကြိုက်လို့ ရှယ်လိုက်ပြန်တဲ့ အင်ဇာဂီ ရဲ့ နောက်ပို့စ် မြန်မာနိုင်လို့ ငိုတဲ့ည။ [ သွန်းနေစိုး ] ပါတဲ့။ ဪ သွန်းနေစိုးရယ်

မြန်မာတွေ ရွှေရတဲ့ အချိန်ကျရင် ငိုဘို့ မျက်ရည်လေးများ ချန်ထားပါဦးလားလို့ မချင့်မရဲဖြစ်မိပါတယ်ဗျာ။ ဘလက်

မန်းထားတာလေး ပြန်ဖေါ်ပြပေးချင်ပါတယ်ဗျာ။

 

ရှုံးလို့ ဆဲတာ မဟုတ်ပါ။

မကန်ချင်သလို ကန်ချင်သလိုနဲ့

ကြည့်နေတဲ့ ပရိသတ်ကိုစော်ကား

ဘောလုံးများရထားရင်

မိဘက အမွေပေးတယ်ထင်ပြီး

ဘယ်သူ့ကိုမှ ပေးရကောင်းမှန်းမသိ

စကေးလည်းမရှိပါပဲ

ပြိုင်ဘက်တွေကြားထဲတိုးဝင်

မဖြစ်နိုင်ဘူးဆိုတာသိလျက်

ဂိုးပေါက်ဘက်ကို ရမ်းကန်တတ်တဲ့

ဘောလုံးသမားတွေကို ဆဲတာပါ ဆရာတို့။

မြန်မာဆိုရင် နိုင်မှ ကြိုက်တဲ့ ဘလက်။


အင်ဇာဂီရဲ့ Dark side of Apple Inc. ဆိုတဲ့ ပို့စ်လေးအကြောင်းပြောချင်ပါတယ်ဗျာ။ 
 
Apple product တခုခုသုံးနေတဲ့ လူတိုင်း အားပါးတရ ဆဲသွားနိုင်ပါကြောင်း ..ဦးစွာ ပဏာမ ပြောပါရစေ။ လို့ စကားခံပြီး

ရေးထားတဲ့ ပညာရပ်ဆိုင်ရာ ပို့စ်လေးပါဗျာ။ ဒါမျိုးကျတော့ အင်ဇာဂီတို့က ခန့်လို့ သန့်လို့။ တော်တော်တတ်နိုင် တဲ့ လူပါ။

နှမ်းဖြူးရမယ့် အဆင့်မဟုတ် လို့ နှမ်းမဖြူးတော့ပဲ ကိုယ်တိုင်သာ ဖတ်ကြည့်ကြပါလို့။


မနေ့ကမှ တက်လာတဲ့ လတ်လတ်ဆတ်ဆတ် အင်ဇာဂီ ရဲ့ ပို့စ်လေးတစ်ခုကတော့ Mastering the Metering Mode ဆိုတဲ့

ဓါတ်ပုံပညာပို့စ် လေးပါဗျာ။

ကင်မရာတစ်လုံးရဲ့ အလင်းသိမှု light sensitiveness နဲ့ ပါတ်သတ်တဲ့ post ပါခင်ဗျအိမ်သုံးကင်မလာတွေမှာလည်း

အကျုံးဝင်တယ်ခင်ဗျ..

လို့ ပြောထားပြီး ဓါတ်ပုံလေးများနဲ့ သင်ပြပေးသွားတာပါ။ ပြည်တွင်းဖြစ် ဓါတ်ပုံပညာသင်ကြားဆဲ ကျွန်တော်တို့ အုပ်စုတွေ

ဖတ်ထားသင့်တယ်ဗျို့။

မနောဖြူလေး ရဲ့ နေပြည်တော်တောလားခြင်း ပို့စ်လေးတွေလည်း ဒီရက်ပိုင်းမှာ တက်လာပါတယ်ဗျာ။

၁။ နေပြည်တော် အဝိုင်းပတ်နေရာတွေရဲ့ အလှ မြင်ကွင်း (ဓါတ်ပုံလေးတွေ)

၂။ နေပြည်တော် တိုင်းရင်းသား ကျေးရွာတစ်ခေါက် (ဓါတ်ပုံလေးတွေပါပဲ)

၃။ နေပြည်တော် မြို့တော် မြင်ကွင်း (ဓါတ်ပုံလေးတွေ)

၄။ နေပြည်တော် မြို့တော် ဝန်းကျင် (ဓါတ်ပုံလေးများ)

ပို့စ်လေးခုက နေပြည်တော် ရောက် မနောဖြူလေးရဲ့ လက်စွမ်းပြ ဓါတ်ပုံများပါ ခင်ဗျာ။

နောက်ပို့စ်လေးတစ်ခုက တစ်ကိုယ်တည်း တိုးတိတ်စွာညည်းခြင်း ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ပါ။

ကဗျာချစ်သူတွေဖတ်ကြည့်ကြဘို့ပါဗျာ။

ကိုပေါက်ရဲ့မန်းလေးက ပန်းဈေးဆိုတဲ့ ပို့စ်လေးကတော့ မန္တလေးမြို့ရဲ့ ပန်းရောင်းတဲ့ဈေးသည်တွေကို ဓါတ်ပုံလေးများနဲ့

သရုပ်ဖေါ်ပေး ထားတဲ့ ပို့စ်ကောင်းလေးတစ်ခုပါဗျာ။ ကွန်းမန့် ၂၂ ခုနဲ့ ပျော်စရာ ပို့စ်လေးပါ။

 

ကိုသစ်မင်း ရဲ့ ကာရန်ကဗျာလေးတစ်ပုဒ်ကတော့ ဖြေဆည်ရာ ဆိုတဲ့ ကဗျာလေးပါ။ အခုမှ ပြန်ဖတ်ကြည့်တော့ ကျွန်တော့်

ကွန်းမန့် မပါတာ ပါပဲ။ ကိုသစ်မင်း က ကဗျာ ရေးတဲ့ အခါ ကာရန်ကဗျာပဲရေးရေး။ မော်ဒန်ကဗျာပဲရေးရေး အဆင့်မီမီ

ရေးနိုင်သူလို့ သတ်မှတ်လို့ရပါတယ်။ သီအိုရီတွေ အကြောင်းသိတ်မပြောပါပဲ ကဗျာတွေကို လှအောင်၊လိုရင်းရောက်အောင်

ရေးနိုင်သူလို့ ဆိုပါရစေခင်ဗျာ။ ဟုတ်မဟုတ် ဖတ်ကြည့်ကြပါဗျို့။

 

ပရဟိတအဖွဲ့ ဘယ်လိုဖွဲ့မလဲ (အကူအညီပေးစေလို) ဆိုတဲ့ ပို့စ်လေးကို ဝတ္ထုတိုဆရာလေး သော်ဇင်(လွိုင်ကော်)

ကရေးပါတယ်။ အွန်လိုင်းပေါ်မှာ ပရဟိတအဖွဲ့လေး ဖွဲ့ချင်တဲ့ အတွက် ဝက်ဆိုက်လေးတစ်ခုကို ဖရီးထောင်ချင်လို့

အကြံဉာဏ်တောင်းတဲ့ ပို့စ်လေးပါ။ သူကြီးရဲ့ ကွန်းမန့်လေးကြောင့် ဒီပို့စ်လေးကို ဖတ်ဘို့ ညွှန်းပါရစေခင်ဗျာ။

 

ပေါက်ဖေါ်ကြီးရေးတဲ့ ဒေစီကြာပစ် နှင့် သရုပ်ဆောင်ကောင်းသူများ စ – ဆုံး နှစ်ပုဒ်လုံးကို တပြိုင်တည်း ဖတ်ဖြစ်ပါသည်။

ရီးယဲလ် ပွဲမှာ ဒိုလေး ဟက်ထရစ်နဲ့ ဆယ်ပုံးခိုင်ထားပါသော ကိုပေက သောက်စားပျော်ပါးအော်ဟစ်အော့အန်

အနင်းအနှိပ်ခံရန်ခေါ် သဖြင့် ပေါက်ဖေါ်ကြီး မှာ အားနာပါးနာနှင့် လိုက်ခဲ့ရပါသည်တဲ့။ ဆိုင်နာမည် က ပါးပါးလှီး ဘီယာ

စတေရှင်ပါတဲ့။ ဘလူးလေဘယ် တစ်တောင့်မှာပြီးစားကောင်း သောက်ကောင်းတွေမှာကာ ဆိုင်မှ အဆိုတော်လေး

ဒေစီကြာပစ် ၏ ဖျော်ဖြေမှုကို ခံစားကြပါသည်တဲ့။ ဒေစီကြာပစ်အားပန်းကုံးတက်စွပ်ရာမှ တစ်ဖက်ဝိုင်းမှ ပြိုင်စွပ်သူ

ပေါ်လာပါသည်တဲ့။ တိုက်တိုက်ဆိုင်ဆိုင် ဂိုင်းအင်ဇာဂီ ဖြစ်နေပါသည်တဲ့။ ထို့နောက် သူတို့စွပ်ထားသော ပန်းကုံးများကို

ပိုက်ဆံမရှင်းချင်ပါသဖြင့် နှစ်ယောက်ရန်ဖြစ်ချင်ယောင်ဆောင်ကာ ထွက်ပြေးကြပါသည်တဲ့။ ဆိုင်ပိုင်ရှင် က မိုက်ခယ်လ်

သဂျိုင်ခီး ပါတဲ့။ မန်နေဂျောက ဘလူးပါတဲ့။ ကဲ ပေါက်ဖေါ်ကြီး။ မဖတ်ဖြစ် မမန်းဖြစ်ခဲ့လို့ အခု သေချာ ဖတ်ပေးတယ်နော်။

ပြီးတော့ ကိုပေ ကထိန်တစ်ခုခင်းလိုက်တာနဲ့ ဆယ်ပုံးခိုင်သွားတာရော၊ ဘလက်ချောပြောတဲ့ ဇ တွေ ငါ့ဆီမှာ

အကုန်ရှိတယ်ဆိုတာတွေရော၊ cannon ကင်မရာလေးကို ကိုစိန်သော့ကို ရောင်းတာတွေရော တော်တော်

ရေးနိုင်တဲ့ပေါက်ဖေါ်။ ဖတ်ပြီး ပြုံးချင်၊ ရယ်ချင် ကြသူများဖတ်ဘို့ပါ။ တစ်ခု ဟာသွားတာက Paradise Massage မှာ

ဘယ်လိုများ အနှိပ်ခံကြတော်မူလဲဆိုတာလေး ရေးဘို့မေ့သွားတယ်ထင်ပါတယ်။ ရေးမယ့်ရေး အကုန် ရေးမှ ပေါ့

ကပေါက်ဖေါ်ရယ်နော။

 

ပေါက်ဖေါ် ရဲ့ နောက်ပို့စ်တွေအကြောင်းပြောရရင်တော့ ကာတွန်းဦးဘဂျမ်း ကာတွန်းမီးထွန်းပွဲတော်(၂၀၁၁) က

ပွဲအကြောင်းဓါတ်ပုံလေးတွေ နဲ့ သတင်းပေးထားတာဖြစ်ပါတယ်။ မီးထွန်းပွဲတော် ၂ ကလည်း ဓါတ်ပုံရိုက်ထားတဲ့

ကာတွန်းပုံလေးတွေ ဖြစ်ပါတယ်။ အွန်လိုင်းမှ ဘီယာ လေဘယ် ပြုလုပ်ခြင်း-Make custom beer labels ပို့စ်ကတော့

ဘီယာဗူးထုတ်ချင်သူများအတွက် လေဘယ်ပြုလုပ်နည်းကိုဖေါ်ပြပြီး ဂဇက်ဘီယာ ဆိုတဲ့ လေဘယ်ကိုတောင်

အစမ်းလုပ်ပြထားပါတယ်ဗျာ။ ဂဇက်ဘီယာ တစ်ဗူးပေးပါ ကပေါက်ဖေါ်။

USB ကို Password နဲ ့ပိတ်ဖို ့ ဆော့ဖ်ဝဲ – USB Manager ဆိုတဲ့ ပို့စ်ကတော့ နည်းပညာဝေမျှထားတဲ့

ပို့စ်လေးပါဗျာ။ သာဓုပါဗျာ။

 

ဒီရက်ပိုင်း ပေါက်ဖေါ် ရဲ့ အဟော့ဆုံးပို့စ်ကတော့ စင်ကာပူနိုင်ငံနေ မြန်မာအမျိုးသမီးငယ်တစ်ဦး တိုက်ပေါ်မှခုန်ချသတ်သေ

ဆိုတဲ့ သတင်းပို့စ်လေးပါဗျာ။ ကွန်းမန့်ပေါင်းငါးဆယ်ကျော်နဲ့ လူတိုင်းစိတ်ဝင်တစားရှိခဲ့တဲ့ သတင်းလေးကို တင်ပေးတာ

ကျေးဇူးပါ ကပေါက်ဖေါ်။ နောက်ဆက်တွဲသတင်းလေးတွေကိုလည်း ဖိုရမ်မှာ ဖတ်နိုင်ကြကြောင်းပါ။ ရွှေအိမ်စည်ရဲ့

ကွန်းမန့်လေးကို ဖတ်ကြည့်ရင် သတ်သေသွားတဲ့ ကောင်မလေးကို အသနားပိုမိကြမယ်လို့ ညွှန်းပါရစေဗျာ။

နောက်ပို့စ်တစ်ခုကတော့ ကိုရင်စည်သူရဲ့ ကိုရင်နှင့် ဘတ်စကားစီးတဲ့ အလွဲများ ၁ ဖြစ်ပါတယ်။ ကျွန်တော်

လုံးဝမဖတ်ရသေးတဲ့ ပို့စ်လေးပါဗျာ။ အခုမှ ဖတ်ရင်းမန်းရတော့မှာပဲ ကိုရင်ရယ်။ ဘတ်စ်ကားစီးရင်း ကြုံရပါသော

ကိုရင်ရဲ့အတွေ့အကြုံလေးများက တော်တော် ဖတ်လို့ကောင်းပါတယ်။ ကွန်းမန့်လေးများကလည်း ပျော်စရာကောင်းပါတယ်။

ဒီပို့စ်ကနေ နောက်လာမယ့် မိုးစက်ရဲ့ ဘတ်စ်ကားစီးအတွေ့အကြုံတွေလည်း လာနိုင်ပါကြောင်း၊ ဂိုင်းအင်ဇာဂီလေးတို့

ကာလသားတစ်သိုက်ကို လက်တို့လိုက်ချင်ပါရဲ့ဗျာ။ ကွန်းမန့် တွေကိုဖတ်ကြည့်မှ ဘာတွေရေးမယ်ဆိုတာ သိကြမှာမို့ ကဲ

အစ်ကိုတို့ရေ အခုချက်ခြင်းသာ ကိုရင်စည်သူ့ပို့စ်ကို လှန်ဖတ်ကြပါတော့ဗျာ။

ရှုံးနိမ့်မှုများနဲ့လူ ၏ တစ်ချိန်က ပြင်ဦးလွင်နံနက်ခင်း ဆိုတဲ့ ပို့စ်လေးကတော့ ဆယ်စုနှစ်နှစ်စုစာလောက်ဆီက ပြင်ဦးလွင်

အလွမ်းလေးလို့ ထင်ရပါတယ်။ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်း အကြောင်းရေးနေရာမှ

ရုတ်တရက်ရပ်လိုက်ပြီး (ဆက်ချင်ဆက်ပါမည်၊ စိတ်မပါလျှင် တန်းလန်းသာထားပါတော့မည်)  ရှုံးနိမ့်မှုများနဲ့လူ

(ခေတ္တလူ့ပြည်) ဟု ဆိုကာ ပို့စ်ကို တိကနဲဖြတ်ဖြစ်လိုက်ပါသည်။ လွန်စွာ ပဟေဌိ ဆန်သော လူတစ်ယောက်ပါတကား။

ကိုရှုံးရေ။ ဆက်ရေးလျှင် ဆက်ဖတ်ပါမည်။ ဆက်မရေးလျှင် တန်းလန်းကြီးသာ ခံစားရပါမည် ဟုသာ ပြောချင်ပါသည် ခင်ဗျား။

ဖတ်ကြည့်ကြဘို့ပါ။

 

ကြောင်ကြီး ၏ ညောင်ပင်တစ္ဆေ လွှတ်တော် ဥက္ကဌ ဦးကြောင်ကြီး နှင့် ဝေလေလေ ကိုယ်စားလှယ်များ Critics

ပို့စ်လေးကတော့ ကိုကြောင်ကြီးရဲ့ ထုံးစံအတိုင်း နိုင်ငံရေးသရော်စာ တစ်ပုဒ်ပါဗျာ။ ဖတ်ပြီး ရယ်ချင်ကြသူများ ဖတ်ကြရန်

လက်တို့ပါရစေ။ ကိုပေတောင် ဖတ်ပြီး ထရယ်လို့ အင်တာနက်ဆိုင်တစ်ဆိုင်လုံးက ဘုကြည့်ကြည့်တာကိုခံခဲ့ရတဲ့ ပို့စ်ပါဗျာ။

ရေးအားကောင်းနေသော ဂိုင်းအင်ဇာဂီ ၏ စာပေတော်လှန်ရေးဆိုသည့် ပို့စ်ကတော့ တစ်ရွာလုံးကို လှည့်မွှေတော့မည့်

သရော်စာ တစ်ပုဒ် ဟု ဆိုချင်ပါသည်။ အခန်းဆက် ရေးမည်ဆိုတော့ အင်း မှောင်ချောတွေရော နက်ချောတွေရော

အစော်ခံရဦးမှာ သိနေသလိုပါပဲဗျိုး။ အခုပဲ ကြောင်ကြီးကို မွှေထားလေပြီ။ တတ်လည်းတတ်နိုင်တဲ့ ဂိုင်းအင်ဇာဂီ။

စောင့်ဖတ်ရမယ့် ပို့စ် ပါခင်ဗျာ။

 

Etone ရဲ့ ငေးမိငေးရာ ဆိုတဲ့ ပို့စ်လေးကတော့ Traders Hotel ပေါ်ကနေ ဖုန်းကင်မရာလေးနဲ့ ရိုက်ထားတဲ့

 

ဓါတ်ပုံလေးများဖြစ်ပါတယ်။ ဖုန်းနဲ့ ရိုက်တာဆိုပေမယ့် မြင်ကွင်းဆန်းဆန်းလေးတွေဖြစ်တဲ့ အတွက် ပုံလေးတွေက

 

လန်းပါတယ်ခင်ဗျာ။ ကြည့်ကြရအောင်ပါနော။

 

Etone ရဲ့ နောက်ပို့စ်တစ်ခုက Etone နဲ့ မြွေသူတော် ပို့စ်ပဲဖြစ်ပါတယ်။ အင်း မြွေမကြောက် ကင်းမကြောက်ဆိုတာ Etone

 

ကိုပြောတာ ဖြစ်ရမယ်ဗျို့။ Etone က ကြော်ငြာလည်း ထိုးသွားပါသေးတယ်။

 

 

အတူပါတဲ့ ချစ်သူကလည်း သနားလို့ဝယ်ချင်တယ်တိုင်ပင်တော့ ဝယ်ချင်လျှင် ဝယ်ပေါ့ဆိုတာနဲ့ ဝယ်ဖြစ်ခဲ့တယ်လေ ။ တဲ့ ကဲ

 

ဓါတ်ပုံလေးများနဲ့ Etone ရဲ့ မြွေကြော်ငြာ ကို ကြည့်ဘို့ တိုက်တွန်းပါတယ်ဗျာ။ သူမို့ မကြောက်မရွံ့။

 

နောက်ပို့စ်တစ်ခုက လူလည်တွေကြီးပွား ၊ အ သူတွေခံ … ဪ ကံကံ … ဆိုတဲ့ ပို့စ်လေးပဲ ဖြစ်ပါတယ်။

 

ဆေးရုံတက်သူများအတွက် လမ်းညွှန်လို့တောင် ပြောလို့ရတဲ့ ပို့စ်ကောင်းလေးတစ်ခုပါ။ ဒါလေးတွေဖတ်ထားတော့

 

တောင်းတိုင်း ပေးသင့်မသင့် ချင့်ချိန်နိုင်ကြမှာ ဖြစ်တဲ့ အတွက် အကုန်အကျ သက်သာတာပေါ့ခင်ဗျာ။

 

ကြောင်ကြီးရဲ့ကွန်းမန့်က တိုတိုနဲ့ တုတ်တုတ်ပါ။ ခန့်ကွာ အီးဒုံးကို ဆေးရုံအုပ်ကြီး တဲ့။ ဆေးရုံနဲ့ မကင်းသူတွေ

 

ဖတ်ထားရမယ့် ပို့စ်ပါခင်ဗျာ။

 

တကယ်ပါ………စိန်ကဲ ၊ကျောက်ကဲထက် လူကဲခတ်ရခက်တယ်ဆိုတာ …. ပို့စ်ကတော့ ပိုက်ဆံချေးမိလေသော Etone ရဲ့

 

ပေါက်ကွဲသံစဉ် ပါဗျာ။ ပျော်စရာ ကွန်းမန့်လေးတွေနဲ့ ပျော်စရာပို့စ်လေးတစ်ခုဖြစ်ခဲ့ပါတယ်ဗျာ။

 

စာတစ်စောင်ကြောင့် ရတဲ့ အတွေ့ကြုံ ဆိုတဲ့ ပို့စ်ကတော့ မနေ့ ကမှ တင်တာပါ။ ဖေါက်ဖတ်ပြီး စာအိတ်ထဲပါတဲ့

 

အစိမ်းကိုယူထားလိုက်တဲ့ ပုဂိ္ဂုလ် အကောင်းစား(ဘယ်သူမှန်းမသိပါ) ကို မေတ္တာပို့ထား

 

တဲ့ ပို့စ်ပါဗျာ။ အင်း စာအိတ်ထဲ ထည့်ပေးလိုက်တဲ့ အစိမ်းအနည်းငယ်

 

ဆိုတာ လေးတော့ စိတ်ဝင်စားမိတယ်ဗျို့။ သူကြီးရဲ့ကွန်းမန့်နဲ့ ကြောင်ကြီးရဲ့ကွန်းမန့်တို့ကို ဖတ်ပြီး ပြုံးမိပါတယ်။

 

သူတို့နှစ်ယောက်က မြန်မာရုပ်ရှင်ကြည့်ရသလိုပဲ ရယ်ရတယ်ဗျ။ ဗျဲ….။

 

 

ကျွန်တော်တို့ သူကြီးက Aung San Suu Kyi sponsors short film festival  ဆိုတဲ့ ပို့စ်လေး နဲ့

 

သတင်းလေးပေးလာပါတယ်။ သတင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးစီးကျင်းပမည့် ‘လွတ်လပ်ခြင်း ရုပ်ရှင်ပွဲတော်’

 

အတွက် ရုပ်ရှင်ကားတိုများနှင့် မှတ်တမ်းတင် ရုပ်ရှင်ကားများကို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်းနှင့် ပတ်သက်ပြီး

 

သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်။ ၎င်းပွဲတော်ကို ဇန်နဝါရီ ၁ ရက်မှ ၄ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။  ပြည်ပက

 

လူတွေလည်းလာပြိုင်လို့ ရပါကြောင်း သိရတဲ့ အတွက် ရွာထဲက ဒါရိုက်တာ ဂိုင်းအင်ဇာဂီ တို့များ

 

ဝင်ရောက်လက်စွမ်းပြလိုက်လျှင် ဆုတစ်ခုခု ချိတ်နိုင်မယ် ထင်မိကြောင်းပါဗျာ။ ကိုကျော်သူတို့ လည်း ဝင်ပြိုင်ကြမည် ဟု

 

သိရပါကြောင်း။

 

ဆရာ ကိုစိန်သော့ကြီးရဲ့

 

ပြင်ဦးလွင်က မီးပုံးပျံပွဲတော် ဓါတ်ပုံလေးများကလည်း အလန်းလေးတွေပါဗျာ။ တောင်ကြီး မီးပုံးပျံပွဲကိုသာ သိတဲ့

 

ရွာသူားတွေအတွက် ဗဟုသုတလည်းရပါတယ် ကိုစိန်သော့ရေ။ ကိုစိန်သော့ရဲ့ နောက်ပို့စ်လေးတွေဖြစ်တဲ့

ပုခန်းမြို့ဟောင်းတစ်နေရာက စည်သူရှင်သရက္ခန်ဘုရား” ၊ “ ရှေးရိုးရာ တစ်ဆယ့်နှစ်ဌာန ရွှေချလှုစရာ ပုဂံရွှေစည်းခုံမှာ”  

 

ပို့စ်လေးတွေကလည်း ဓါတ်ပုံလေးတွေနဲ့ ကိုစိန်သော့ ရဲ့ ပုံပြောသလိုပြောပြသော ရာဇဝင်လေးတွေကိုပါ တွဲပြီး ခံစားရမှာပါ

 

ခင်ဗျာ။

ဆရာ Diamond Key ရဲ့ နိဗ္ဗာန်သွားလိုသူတွေအတွက် အထူးနေရာတွေ ရှိနေပြီ ဆိုတဲ့ ပို့စ်လေးကတော့ ဘုရားဖူးတာတောင်

အထူးနေရာက ဖူးချင်သူတွေအကြောင်း ရေးထားတာပါ။ ကွန်းမန့်လေးများ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဖတ်ရမယ့် ပို့စ်လေးပါဗျာ။

အခုလေးတင်ပဲ တက်လာတာကတော့ ကိုစိန်သော့ကြီးရဲ့ မန္တလေး လမ်းပေါ်ကအန္တရာယ်တွေ ဆိုတဲ့ ပို့စ်လေးကတော့

ဓါတ်ပုံနှင့်တကွ ဖေါ်ပြထားပါသော လမ်းပေါ်က အန္တရာယ်ရှိတာလေးကို ရေးပြထားတာပါ။ ပြုပြင်ခွင့်ရှိသူတွေ

ဖတ်နိုင်ကြပါစေ ကိုစိန်သော့ရေ။

 

Patriot ရဲ့ တန်ဘိုးနားမလည်ကြသူများ (နေရဲနီ) ဆိုတဲ့ ပို့စ်လေးကတော့ ကြိုက်လွန်းလို့ ပြန်ရှယ်ပေးထားတာပါတဲ့။

ကျွန်တော်ကလည်းကြိုက်လွန်းလို့ ထပ်ရှယ်ပေးပါတယ် ဖတ်ကြည့်ပါဗျာ.။

 

တို့ရွာနံဘေးက ကားလမ်းမှာ

ကုန်စိမ်းကားတစ်စီး ဘီးပေါက်လို့

ကားဆရာကားအောက်ဝင် နတ်ဖြုတ်နေတုန်း

ဖြတ်သွားဖြတ်လာ လူတစ်ယောက်က

ကားဆရာအလစ်မှာ နတ်တစ်လုံးကိုကောက်ယူလို့

သံတိုသံစဝယ်တဲ့ဆိုင် သွားရောင်းတာ ၁၅ဝ တောင်ရသတဲ့။

သူ့အတွက်တော့ ကွမ်းယာဆေးလိပ် တစ်နေ့စာ ဖူလုံသွားပေမဲ့

ပုံစံတူနတ်ရှာမရလို့ ကုန်စိမ်းကားကတော့ အဲဒီနေရာမှာ ၂ ညတောင်အိပ်လိုက်ရသတဲ့။

ကုန်စိမ်းတွေလည်း အချိန်မှီ ဈေးမရောက်တော့ပုပ်ကုန်ပြီး အမှိုက်ပုံ ရောက်သွားကြတယ်။

ကုန်စိမ်းသည်တွေလည်း ရှုံးလိုက်တာ ခွက်ခွက်လန်ဘဲ။

တို့ရွာနားက လယ်ကွင်းမှာ ဘိုဒူဇာတစ်စီး မြေတူးရင်းမိုးကျလာလို့

နောက်နှစ်အတွက် မပြန်တော့ဘဲ   နီးရာလယ်သမား တစ်ယောက်ကို

အပ်ခဲ့သတဲ့။ရွာမှာ ဇရှိတဲ့လူတွေက ဘိုဒူဇာအတွင်း ကလီဇာကို ဖြုတ်ဖျက်ပြီး

သံရည်ကြိုတဲ့ ဆိုင်သွားရောင်းတာ ၂သောင်းခွဲတောင်ရသတဲ့။

ဘိုဒူဇာပြင်ဘို့ ကုမ္မဏီက စင်္ကာပူကိုပစ္စည်းမှာတာ သိန်း၃၀ဝဘိုးကျသတဲ့။

သူခိုး နွားကောင်းမသိရ ဆိုတာ ဒါမျိုးနဲ့တူပါရဲ့။

မုတ္တမကွေ့က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို ယိုးဒယားကိုရောင်းတာ

တစ်စည်ကို ၁ရ ဒေါ်လာကြီးများတောင် ရသတဲ့။

ယိုးဒယားကလာတဲ့ ဓာတ်ဆီက တစ်ဂါလံမှ ၅၅၀ဝိ တည်းရယ်။

မနက်မိုးလင်းတိုင်းမှာ ထိုင်းပြည်သူတွေက

ဆာဝါသီခပ် မြန်မာပြည်ဆိုပြီးနေ့တိုင်းနှုတ်ခွန်းဆက်နေလေရဲ့။

ရွှေလီမြစ်ပေါ်က ရေအားလျှပ်စစ်ရဲ့ကျေးဇူးကြောင့်

တရုပ်ပြည် ယူနန်ပြည်နယ်မှာ

တနှစ်ကိုကျောက်မီးသွေးတန်ချိန် ၂ သောင်းတောင်သက်သာသွားလေရဲ့။

လျှပ်စစ်အရောင်းအဝယ် ဘယ်လိုဆိုတာ

ကျုပ်တို့ပြည်သူတွေမသိရပေမဲ့ ယူနန်ပြည်သူအပေါင်းကတော့

ညနေမိုးချုပ်လေတိုင်း ထောင်သောင်းမက

ရှဲရှဲနီပါရဲ့မြန်မာပြည် ဆိုပြီးအိပ်ယာဝင်တိုင်း ကျေးဇူးတင်လေရဲ့။

ကျုပ်တို့မြန်မာပြည်မှာတော့ မီးအားမမှန်လို့ ဝါယာရှော့ဖြစ်ပြီး

မင်္ဂလာဈေးကြီးမီးလောင်တာ သိန်း……ထောင်ဘိုး                                                                                          သင်္ကန်းကျွန်းဈေး………………………………….

ပခုက္ကူဈေး………………………………………….

မုံရွာဈေး………………………………………………

မော်လမြိုင်ဈေး…………………………………….

ဈေးတွေ…………..ဈေးတွေ………………………..

မီးတွေလောင်တာ သိန်းရာထောင်သောင်းပေါင်းများစွာ

လျှပ်စစ်မလုံလောက်တော့ ထင်းမီးနဲ့ချက်လို့ လောင်တဲ့မီးက

မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ

အိုးမဲ့ အိမ်မဲ့ ထောင်သောင်းပေါင်းများစွာ ပူအိုက်တဲ့ရာသီမှာ

မီးမလာလို့ မီးစက်နဲ့ အဲယားကွန်းတွဲဖွင့်ပြီးအိပ်တာ

အိမ်ထဲရှိရှိသမျှ လူအားလုံးကလေး လူကြီးခွေးကြောင်ပါမကျန်

ကာဗွန်အဆိပ်သင့်ပြီး မာလက ဈန်ကြွ သွားရတာတွေလည်းရှိရဲ့။

ဒီအချိန်မှာ မီးပျက်နေကျ မီးပျက်တုန်း  ဝါယာပြင်လိုက်ဦးမှဆိုပြီး

လက်နဲ့အကိုင် သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်

ဆိုသလို ဓာတ်လိုက်ပြီးသေတာလည်း ရှိရဲ့။

တမြို့လုံးညံနေတဲ့မီးစက်သံနဲ့ ထွက်လာတဲ့

ကာဗွန်ဓာတ်ငွေ့တွေကြောင့် ထောင်သောင်းမကသော အဆုတ်ရောဂါသည်တွေဟာ

တရုပ်ကလာတဲ့ ဈေးပေါပေါဆေးကို ကွမ်းယာသည်ကုလားဒေါက်တာအပ်ပနားရဲ့

လမ်းညွှန်မှုနဲ့ ဝယ်သောက်နေကြရတယ်။

၅ဝတန်တဲ့ဆေးကို ၁၅ဝ ရောင်းပြီး အနုတ်မရှိတဲ့

အကြောင်းပြချက်နဲ့ သကြားလုံးက အဆစ်ပါလာသေးတယ်။

ချောင်းဆိုးရင် ရွှေတောင်ကြီး ရင်ကြပ်တော့ ထက်လင်း

သွေးတိုး လေငန်း နှလုံးစတာတွေက အေးငြိမ်းသီတာ

ဒီထက်ပိုလာရင်တော့ ဖြူနီပြာဝါ ရောင်မျိုးစုံပြီး

ဘာမှန်းမသိတဲ့ ဆေးတွေနဲ့ ၂ပါးသွားနေလိုက်ကြတာ

ကွမ်းယာသည် ကုလားအတွက်တော့

ဟီးနေတဲ့တိုက်အိမ်ကြီးကို  အပြီးတိုင်စေခဲ့တယ်။                                                                       ဆေးထိုးအပ်ကိုင်ပြီး စတိုင်အပြည့်နဲ့ ရမ်းကုတွေကလည်း

မြို့ပြနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာ မှိုလိုပေါလာခဲ့တယ်။

ငွေကြေးတက်နိုင်တဲ့ သူတွေကတော့

ကိုယ့်တိုင်းပြည်က ဆေးရုံကို ဘာကြောင့်ရယ်မသိ

ကျော်ခွလို့ ယိုးဒယားသွား ဆေးကုဘို့အတွက်

သံရုံးမှာ ဗီဇာတန်းစီနေလေရဲ့။                                                                                                                                                   တရုပ်နဲ့ ထိုင်းကလာတဲ့ လျှပ်စစ်နဲ့ ပတ်သက်သမျှသော

တီဗီအောက်စက် ရေခဲသေတ္တာအစရှိသော

လူသုံးကုန်ပစ္စည်း အပေါင်းတို့သည်လည်း

မမှန်လေသော လျှပ်စစ်မီးကြောင့် ပျက်အစဉ် ပြင်ခဏ

ဆိုသောစကားကဲ့သို့ ပြင်လျှင်ခဏသာကောင်းပြီး အမြဲပျက်နေသောကြောင့်

ပြင်ခမတတ်နိုင်ရကား အမှိုက်ပုံသို့ သာမြန်းရလေသတည်း။                                                                                                                  လျှပ်စစ်မီး မလုံလောက်သောကြောင့် သော်လည်းကောင်း၊

လျှပ်စစ်မီးမရ လေသောကြောင့် သော်လည်းကောင်း၊

ဘတ္ထရီအိုး ဝယ်သုံးလေသောကြောင့် အက်စစ်နှင့်ခဲ ဓာတ်ပြုကာ

ထွက်လာသောအနံ့ကို ရှူမိသောကြောင့်

ခဲဆိပ်သင့်ရသော ခလေးငယ်တို့ကား မရေတွက်နိုင်ကုန်။                                                                                                      နံနက်လင်းတိုင်း ရှဲရှဲမြည်ပြီးမှ စီးတတ်လေထသော

အရည်ကြောင်းမှ အစပြု၍ မြန်မာပြည်တဝှမ်းရှိရှိသမျှ

မြောင်းချောင်းမြစ်အပေါင်းတို့၏

အကြောင်းချင်းရာအစုံလင်ကို နှံ့စပ်သိမြင်သောအရာ၌

ငါ့လောက်သိသူ ဤမြန်ပြည်၌ ငါသည်ပင်လျှင်မရှိဟူ၍

မိမိကိုယ်ကို မိမိဘာသာအမွန်းတင်လွန်းသော

မြစ်ချောင်းမြောင်းတကာအရာ၌ ပါရဂူ ဆည်အရာ၌

ဧတဒဂ်ရတော်မူသော နွားနှင့်ပင်လျှင်

လျှပ်စစ်ထုတ်ရန်ကြိုးပမ်းဘို့ရာ လမ်းညွှန်တတ်သောဝန်ကြီးအဖွဲ့၌

သူလည်းတပါးအပါဝင်ဖြစ်သော ဟိုဝန်ကြီးပြောစကားအရ

လျှပ်စစ်ဟူသည် ပါကင်ထုပ်၍မရ မြန်မာပြည်၌ ပိုလျှံလွန်းသောကြောင့်

အိမ်နီးချင်းတိုင်းပြည်ကို အလကားနီးပါးဈေးနှင့်

ကြိုးသွယ်၍ရောင်းရသည်။ ထိုစကားကို

ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်

ဒေါနတောင်တန်းသို့တိုင် ရိုက်ခတ်၍လာသော

ရနောင်း မဲဆောက် ဘန်ကောက် အနှိပ်ခန်းတို့မှ

လုံမပျိုတို့၏ရှိုက်သံကဲ့သို့ သော်လည်းကောင်း

ရှမ်းကုန်းမြေမြင့်ကိုပင် တုန်ခါစေခဲ့သော

ကြယ်ခေါင် ကာရာအိုကေခန်းမှ ပလောင်ပျိုဖြူငယ်တို့၏

ငိုညည်းသံကဲ့သို့သော်လည်းကောင်း ဧရာဝတီမြစ်ကိုပင်

လှိုင်းတံပိုးထစေအပ်သော ကိုယ့်တိုင်းပြည်မှာ

အလုပ်မရှိလေသောကြောင့် တိုင်းတပါး၌

ရရာအလုပ်ကိုအောက်ကျခံကာ လုပ်ကိုင်နေကြရသော

မြန်မာတို့၏ တောက်ခေါက်သံ ကဲ့သို့သော်လည်းကောင်း

အံကြိတ်ကာ ဟန်လုပ်ပြီး လက်ခုပ်တီး၍ ထောက်ခံအပ်၏။

တိမ်သလ္လာဖုံးအုပ်သော လကွယ်ည၏သန်းကောင်ယံအခါကာလ၌

တောအုပ်အလယ်တွင် ရောက်နေသော သူကဲ့သို့ အမှောင်တွင်းမှ

ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်ကား

ညအိပ်ယာဝင်လေတိုင်း ယိုးဒယားဘက်သို့လည်း ရှိခိုးရ၏။

တရုပ်ဘက်သို့လည်း လက်အုပ်ချီရလေသည်။

ကုလားပြည်ဘက်သို့လည်း မေတ္တာအစစ်ပို့လွှတ်ရသေး၏။

စက်မှုစွမ်းအား ခေတ်ကျော်လွှားခေတ်မီဖွံ့ဖြိုးတိုးတက်သော

စက်မှုနိုင်ငံတော်ကြီးတည်ဆောက်အံ့

အစရှိသောဆောင်ပုဒ်တို့ဖြင့် ကြွေးကြော်ကာ

စက်မှုစွမ်းအားအတွက် မရှိမဖြစ်လိုအပ်သော

လျှပ်စစ်ဓာတ်အားကို ဈေးပေါပေါဖြင့် ရောင်းစားဝံ့သော

ကျွန်ုပ်တို့၏ ခေါင်းဆောင်အပေါင်းတို့သည်ကား

ဘူရိဒတ် ဇာတ်တော်လာ စူဠလိပ်အား ရေနစ်သတ်ရန် အကြံပေးသော

ပုဏ္ဏားနှင့်သာ တူချေတော့သည်။

နံနက်လင်းသော် ယိုးဒယားပြည်ဘက်မှ

ဆာဝါသီခတ် ဟူ၍လည်းကောင်း

ညနေမိုးချုပ်သောအခါ  တရုပ်ပြည်ဘက်မှ ရှဲရှဲနီ ဟူ၍သော်လည်းကောင်း

မြန်မာပြည်ဘက်သို့ လှည့်ကာ နှစ်ပေါင်းသုံးဆယ် မပြည့်မချင်း

မင်္ဂလာနှုတ်ခွန်း ဆက်လေတော့သတည်း။

ကောင်းလိုက်တဲ့ အရေးအသား။ ဘလက်ကျွန်တော် ကြိုက်လိုက်တာ၊ အခု ပြန်ဖတ်နေရင်း ပိုပိုကြိုက်လာသမို့

အကြိုက်ဆုံးပါဗျို့လို့ အော်လိုက်ချင်တော့ တယ်ဗျို့။ မူရင်းရေးသူက နေရဲနီပါတဲ့ဗျာ။

ဘီလူးကြီးက ဒီရက်ပိုင်းတွေမှာ ပို့စ် သုံးခုတက်လာပါတယ်။

၁။ ဘီလူး ခါးပိုက်နှိုက်ဖမ်းခြင်း

ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက်ဖို့ ကြိုးစားသူကို လက်ရဖမ်းပြီး ရဲစခန်းပို့ခဲ့တဲ့ ဘီလူးကြီးရဲ့ အစွမ်းကို ဖတ်ရမှာပါ။

ရဲစခန်းရောက်အောင်ပို့ခဲ့တဲ့ဘီလူးကြီးကို ချီးကျူးပါတယ်ဗျာ။

 

၂။ MICB ဘဏ် ငွေသွင်းခန်းဝန်ထမ်းက ဒီလိုပဲလား။

 

MICB ဘဏ်က သောက်ချိုးမပြေတဲ့ ဝန်ထမ်းတစ်ယောက်ကို ဓါတ်ပုံနဲ့တကွ ဖေါ်ပြပြီး တာဝန်ရှိသူများ သတိထားပြုပြင်

နိုင်ရန် တင်ပြ ထားတဲ့ ပို့စ်ပါ။ ကွန်းမန့် ၃၃ ခုနဲ့ စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင် ဖတ်ကြပြီး သောက်ချိုးမပြေပါသော

ဝန်ထမ်းကိုလည်း လွတ်လွတ် လပ်လပ် ဆဲနိုင်ကြပါကြောင်း။

၃။ တဏှာရူးတွေ သတိထား ။

မနေ့ကညနေကမှ တင်တဲ့ ပို့စ်လေးပါ။ အခုပဲ ဖတ်ရင်းရေးရင်း နဲ့ မျက်ရည်ထွက်အောင် ရယ်ရတဲ့ ပို့စ်ပါဗျာ။ ဖတ်ကြည့်ပါဦး။

ဒီလူကြီးလုပ်နေပုံက သူမိန်းမကိုယ်လဲ လွတ်ရာကျွတ်ရာဆွဲမခေါ်  ဟိုတဏှာရူးကိုလဲ

ရန်မရှာပဲ သူ့မိန်းမကို ထောက်လှမ်းရေးလုပ်နေတဲ့ တဏှာရူးရဲ့ နောက်တည့်တည့်ကိုရောက်အောင်သွားလို့ သူ့ ဖွားဖက်တော်

နဲ့ပြန်ပြီး  ယောကျားခြင်း ထောက်လှမ်းရေးပြန်လုပ်နေတာကြီးကိုတွေ့လိုက်ရတော့ တာပါပဲဗျာ။။

တစ်ခါတစ်ခါ ကားဘရိတ်ဆောင့်အုတ်လိုက်တဲ့ အခါများဆို ဒီလူကြီးခါးကိုတောင်လက်နှစ်ဖက်နဲ့ဆွဲပြီး အတင်း

ဖိကပ်ထားလိုက်သေးတယ် ကျုပ်ကိုလဲအသာနေဆိုတဲ့သဘောနဲ့ မျက်စိတစ်ဖက်မှိတ်ပြလိုက်သေးရဲ့  ဒီတဏှားရူးလဲ

ပထမတော့မရိပ်မိသေးဘူးဗျ နောက်မှ သူနောက်ကနေ ထူးထူးခြားခြားအထိအတွေ့ကြီးနဲ့ အတင်းကြီကို

ဖိကပ်ထားတာကြီးကို သတိထားမိသွားဟန်တူပါတယ် အရှေ့က သူရဲ့ တဏှာပေမကို စိတ်မရောက်အားတော့

အနောက်ကအန္တရာယ်ကြီးကိုလွတ်အောင်ရှောင်ဘို့ ကျိုးစားရှာပါတော့တယ်။                      ကဲ ကျွန်တော် ရယ်တာ

အပြစ်လားနော။ မနေ့ကညနေကတည်းက မန်းတာဗျို့ ဘီလူးကြီးရေ။ ဘယ်လိုမှ ကော်နက်ရှင်က မကောင်းတော့ တာနဲ့

အခုမှ ဖတ်ပြီး မန်းတယ်လို့သာ သဘောထားပါဗျာ။ ရယ်လိုက်ရတာဗျာ ခင်ဗျားလူကြီးက လူဆိုးကြီးပဲဗျ။ အင်ဇာဂီတို့

ဘာတို့နဲ့ တွေ့စေချင်ပါတယ်ဗျာ။ ဟားဟား။

ပျောက်နေတာ အတော်ကြာနေပြီဖြစ်သော Thu Ra Tha Wah က ဒီရက်ပိုင်းမှာ ပို့စ်လေး သုံးခု တင်လာပါတယ်ဗျာ။

၁။ သူရဿဝါနှင့် အိုင်တီသမား ဈေးရောင်းစားတော့ . . . .

အိုင်တီသမား ဈေးရောင်းစားတော့ ဘာဖြစ်သလဲ။

အော် … အလှူဒါန ပြုကြသူငါ ဖြစ်ခဲ့ပါသည် ခင်ဗျား လို့ ဆိုတဲ့ ပို့စ်လေးရယ်။

၂။ မုန်းတဲ့ကဗျာထဲမှာ မိသံစဉ်ရဲ့လှောင်ရယ်သံတွေ (ကဗျာလေးတစ်ပုဒ်) ရယ်

၃။ “အစိမ်းစိတ်ကူးကမ္ဘာ” ( ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဗျာ)

(နိုဝင်ဘာလ ၁၉ တုန်းက  AGMP ကဗျာဆရာများက “သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး” ကို

ရည်ရွယ် ပြုလုပ်တဲ့ Green

Poetry Workshop မှာ ရွတ်ဆိုဆွေးနွေးဖြစ်တဲ့ ကဗျာဖြစ်ပါတယ်)

Thu Ra Tha Wah ပရိသတ်တွေ ဖတ်ကြဘို့ လက်တို့ပါရစေခင်ဗျာ။ ကျေးဇူးပါ Thu Ra Tha Wa ။

မော်ဒန်ဆရာလေး ကို အလင်းဆက် ကလည်းပို့စ်လေး နှစ်ခုကို တင်လာပါတယ်ဗျာ။

 ၁။ မြေပြင်ပေါ်တွင်ကူးခတ်ခြင်း

 ၂။ လျှို့ဝှက်အလင်းကိုဖွင့်ကြည့်ခြင်း

 မော်ဒန်အရေးအသားများ နှင့် ရေးဖွဲ့ထားသော ပို့စ်လေးတွေဟု ဆိုချင်ပါသည်။ ထူးဆန်းသည်မှာ ရွာထဲမှ

မော်ဒန်ဆရာများဖြစ်သည့် ကမ်းကြီးတို့ ကိုရင်စည်သူတို့ ရဲ့ ကွန်းမန့်များကို မတွေ့ရတာ ဖြစ်ပါသည်။

မဖတ်ဖြစ်တာလားမပြောတတ်ပါ။ ဖတ်ဖြစ်အောင်လက်တို့ ပါတယ်ဗျာ။

မှော်ဆရာ ကလည်း ဒီရက်ပိုင်း ပို့စ် သုံးခု တက်လာခဲ့ပါတယ်။

 ၁။ မှော်ဆရာလေးစားမိသော မိန်းမလျှာ တစ်ဦး။

မိန်းမလျှာ တစ်ယောက်အကြောင်းရေးထားတာပါ။ ကျွန်တော် ကြိုက်မိတဲ့ စာသားလေးပြန်ရေးပြချင်ပါတယ်။

“လူလေးစားခံရခြင်း မလေးစားခံရခြင်းသည် မူနဲ့မဆိုင် လူနဲ့သာ ဆိုင်ပေသည်။လူလေးစားအောင်နေလျှင်

လူလေးစားပေလိမ့်မည်။ လူလေးစားအောင် မနေသမျှ မည်မျှပင်လေးစားကြပါ၊တန်းတူထားပါ ဟုဆိုဆို၊ဥပဒေတွေ

ဘယ်လိုထုတ်ထုတ် လေးစားကြမည်မဟုတ် …။လိင်တူချစ်သူမဆိုထားနှင့် မိန်းမစစ်စစ်များပင်လျှင်

အကျင့်စာရိတ္တမကောင်းသူ၊ယောကျင်္ားတစ်ကာနှင့် ခေါ်တိုင်းလိုက်မယ့် မိန်းမဟုဆိုပါက မည်သူ လေးစားပါမည်နည်း။”

ဖတ်ကြည့်ကြဘို့ပါ။

၂။ ဝင်ဗျာ တင်ဗျာ အမေစုရာ ( မှော်ဆရာရေးတဲ့ နိုင်ငံရေးဆောင်းပါးပါ )

 ၃။ ငါးပါးမှောက်တဲ့ မန္တလေး ဆန္ဒပြပွဲပြီးဆုံး ( သတင်းလေးပါ)

မှော်ဆရာရဲ့ ပရိသတ်များ ဖတ်ကြဘို့ပါ။

ခုရက်ပိုင်းကြောင်ကြီးရေးတဲ့ ပို့စ်လေးတွေကိုဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

 ၁။ အန်န်အယ်လ်ဒီရဲ့ အနာဂတ်

၂။ အစရှိ အနောင်နောင်

၃။ မိုးလောက်ကြီး ချစ်ပါတယ်

၄။ ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား

ပို့စ်တွေအားလုံးက နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကြောင်ကြီးရဲ့အမြင်လေးများဖြစ်ပါတယ်။

ဖတ်ကြည့်ကြဘို့ လက်တို့ပါတယ်။

40 comments

  • blackchaw

    November 23, 2011 at 4:47 pm

    သူကြီးရေ။
    Edit လုပ်နေတာ ကြာပါပြီ။ ဘယ်လိုမှ လုပ်လို့မရလို့
    မြန်မာဘောလုံးအသင်းလိုပဲ အရှုံးပေးလိုက်ရပါတယ်။ သူကြီးပဲ အားကိုးပါရစေနော။
    နှစ်ကူးပါတီပွဲကိစ္စလေး သူကြီးကို တောင်းပန်ပါတယ်။
    ကျွန်တော် က ဒီလောက်ကြီး မအားပါဘူး သူကြီးရေ။ ဒီလပိုင်းထဲမှာ
    ကျွန်တော် တော်တော် လေး အလုပ်ရှုပ်ရဦးမှာဆိုတော့
    နောက်လိုက်ပဲ လုပ်ပါရစေ ဗျို့။။။။။

  • thit min

    November 23, 2011 at 5:56 pm

    ရေးတဲ့သူလဲ မူးတယ်၊
    ဖတ်တဲ့ လူ လဲ မူးမယ်၊
    ဘာလို့လဲဆိုတော့
    အားလုံးက ထူးရှယ် မလို့ပေါ့။
    ကိုဘလက်ရဲ့…………
    မတရား ထူးရှယ် တွေပါဗျို့။

    ~~~~~~~~~~~~~~
    (^^)
    အားလုံးကိုအပြစ်ကင်းတဲ့ ချစ်ခြင်းနဲ့
    မောင် သစ်မင်း

  • လင်းဝေကျော်

    November 23, 2011 at 6:32 pm

    Dr. Blawcheck တော်တော်ဖတ်ပြီး တော်တော်လေးကို ရေးနိုင်တာပဲ။
    ချီးကျူးပါတယ်ဗျာ။
    “ဂေဇက် ဖတ်ညွှန်း” ကဏ္ဍ ဆိုပြီး သာ အပတ်စဉ် အမှတ်လေးဖြစ်ဖြစ်လုပ်ပေါ့။
    ကားတာယာ DOT စနစ်လို သီတင်းပတ် နဲ့ နှစ် နဲ့တွဲမှတ်ပြလိုက်ပါလား။
    နှစ်တစ်နှစ်ရဲ့ ပထမ အပတ်ကို ဝ၁၊ ခုနှစ်ကို အတိုကောက် ၂၀၁၁ ကို ၁၁။
    ဥပမာ လာမယ့် ၂၀၁၂ ဇန်နဝါရီလ ပထမ အပတ်ကို ဝ၁၁၂ အဖြစ်စပြီး မှတ်တယ်။
    ဒါဆို “ဖတ်ညွှန်း ဝ၁၁၂” ဖြစ်မယ်။
    အခု အချိန်ဆိုရင် “၄၇၁၁” အပတ်ပေါ့။

  • MaMa

    November 23, 2011 at 6:44 pm

    ဦးမဲ/မှောင်/နက်ချော ရေ
    (ရွာသူားတွေက ချစ်ချစ်ခင်ခင်နဲ့ နာမည်တွေ ပေးလိုက်တာ ထောပတ်သီးရော၊ ကျောက်သင်ပုန်း ရော ဖြစ်ကရော)-
    အားနာနာနဲ့ အားလုံးကိုဖတ်ပြီး ရေးရတာမို့ အချိန်တွေ အများကြီး ပေးလိုက်ရမှာ သေချာပါတယ်။ ခုရက်ပိုင်း ကော်နက်ရှင်ကလည်း ညံ့ချက်တော်။
    ဒါပေမယ့် မဖတ်ရလည်း မနေနိုင်၊ မမန့်ရလည်း မနေနိုင်၊ မန့်ပြီးရင်လည်း သူများမန့်တာတွေ ပြန်ကြည့်ရနဲ့ အချိန်တော်တော်ယူလို့ အလုပ်ပျက်ပြီး စိတ်လေနေရတယ်။ အဲဒါကြောင့် လိုတိုရှင်း အနှစ်ချုပ်ထားတဲ့ ကိုဘလက်ရဲ့ စာကို စောင့်ဖတ်ပြီး ကျေးဇူးအထူး တင်ကြောင်း ပြောပါရစေ။ 🙂

  • ဒီတစ်ပါတ် စာရေးတာ ပုံတင်တာ အတော်လေးဈာန်ဝင်သွားတော့
    ကိုဘလောချက်ကို ကျနော်ကအတော်လေးကို အလုပ်ရှုပ်အောင်လုပ်သလိုဖြစ်သွားပါသဗျာ။
    လေးစားပါတယ် ဆက်လုပ်

  • windtalker

    November 23, 2011 at 7:04 pm

    စုံထောက်ကြီး ဦးဘလက်ဘရားသား
    အမြင်အာရုံ စူးရှလွန်းလို ့၊ ဂေဇက် ရှားလော့ဟုမ်း လို ့တောင် တင်စားပါရစေ
    “ မကြာခင် မှာ အဘဖော ဟာ ရန်ကုန်မာဆတ်လောကရဲ ့လျှို ့ဝှက်ချက် တွေ ရေးမလာနိုင်ဘူး လို ့ဘယ်သူ ပြောနိုင်လဲ ”
    မှန်လိုက်လေခြင်း လို ့
    ရန်ကုန် မာဆတ်လောကတင်မက
    တောင်ကြီး မာဆတ်လောက
    မန်းတလေး မာဆတ်လောက
    ပြည် မာဆတ်လောက
    မုံရွာ မာဆတ်လောက
    မိတ္ထီလာ မာဆတ်လောက
    အို ရှိသမျှ မာဆတ်လောက ပေါင်း စုံလင်စွာဖြင့် တင်ဆက်လာနိုင်ပါသည် ဟု အကိုဘလက် အား ပြောလိုပါသည် ခင်ဗျား ။
    အခု သည်လူကြီး ပျောက်နေတာကို ကြည့် ရယ်
    ဟီဟိ
    အဘဖောရေ လွန်တာရှိရင် သွေ ့ပုချိ ပါ

  • nozomi

    November 23, 2011 at 7:46 pm

    ကိုချောကြီးက စုတင်လိုက်တော့ တော်တော် စုံသွားတယ်
    ကျွန်တော့် အတွက်တော့ တော်တော် အကျိုးရှိသွားတယ်
    ဝုန်း ဆိုတဲ့ အသံကြီး နဲ့ ပြုတ်ကျသွားတဲ့ ရွာအဝင် လမ်းကြောင်းက
    (၃) ရက်မြောက် ဒီနေ့ည မှ ပြန်ကောင်းတယ်
    မဖတ် ရသေးတာတွေ တော်တော် များနေပြီ ကိုချောညွှန်းတဲ့အိမ်တွေ လိုက်လည်လိုက်ဦးမယ်
    စေတနာ အတွက် ကျေးဇူးပါနော်

  • weiwei

    November 23, 2011 at 8:01 pm

    တစ်ခါထဲပဲ ခေါင်းမူးအောင်ဖတ်လိုက်တယ် …
    မဖတ်ဖြစ်တာကြာနေတာနဲ့ အတော်ဖြစ်သွားတယ် …
    ကျေးဇူးပါပဲ ကိုဘလက်ချော … နောင်လဲ စောင့်ဖတ်မယ် …

  • ပေါက်ဖော်

    November 23, 2011 at 8:10 pm

    နာတို ့ကမှောင်ချောရဲ့ All in One Post ကတော့..အချိန်မရှိသူများအတွက်..
    အလွန်အမင်း အထောက်အကူဖြစ်စေပါတယ်ခင်ဗျား….

    ရေးတဲ့လူမပြောနဲ ့.ဖတ်တဲ့လူတောင် အီစလံ ဝေအောင် ဖတ်ရတယ်.ကမှောင်ချောရေ….

    ကမှောင်ချောရဲ့ ရွာသူားတွေကို ပေးတဲ့ အောလ်အင်ဝမ်း စာတစ်ပုဒ် အတွက် အားလုံးကိုယ်စား..
    ကျေးဇူးတင်ရှိပါ၏..

  • blackchaw

    November 23, 2011 at 8:28 pm

    ကျွန်တော် ချစ်သော ကိုသစ်မင်း ခင်ဗျား။
    ကျွန်တော် ပရ တာလွန်သွားပါတယ်။
    ကိုထီးသီချင်းတစ်ပုဒ်ရှိတယ်လေ။
    အားလုံးကိုပျော်စေချင်တာ ကိုယ့်အားနည်းချက် ဆိုတဲ့ သီချင်းလေးလိုပေါ့။
    ငွေရလို့ ရေးနေကြတာမှ မဟုတ်တာဗျာ။
    ရေးပြီးဆိုမှတော့ အားလုံးကို ပျော်စေချင်ပါတယ်။
    ဒါကြောင့် ဒီနေ့ ခေါင်းမူးသွားတာ တကယ်ပါကိုသစ်ရယ်။
    ကျန်နေခဲ့သူများ အားလုံးကို တောင်းပန်ပါတယ်ဗျာ။ အနူးအညွှတ်ပါ။
    ကျွန်တော် လေးစားသော MaMa ခင်ဗျား။
    ဒီပို့စ်က ဒီထက်ပို လှရမှာပါ။ ကွန်နက်ရှင် ဒုက်ခ ပေးသွားတယ်ဗျာ။
    လိုအပ်တာတွေ ရှိမှာဖြစ်ပေမယ့် ခွင့်လွှတ်ကြဘို့ တောင်းပန်ပါတယ်။ အနူးအညွတ်ပါ။
    ကျွန်တော် လေးစားချစ်ခင်ရပါသော ကိုလင်းဝေကျော်ရေ။
    အစ်ကို့ ပို့စ်လေးတွေကို အသေးစိတ်ရေးချိန်မရလိုက်တာ ခွင့်လွှတ်ပါနော။
    ကျွန်တော် ့ကိုပေးတဲ့ အကြံဉာဏ်ကို ဝမ်းမြောက်စွာခံယူလိုက်ပါတယ်။
    ပိုပြီး စံနစ်ကျတဲ့ ဖတ်ညွှန်းတစ်ခုဖြစ်အောင် ကျွန်တော်ကြိုးစားပါမယ်။
    လိုအပ်တာရှိရင် ခွင့်လွှတ်ဘို့ တောင်းပန်ပါတယ်။ အနူးအညွတ်ပါ။
    ကျွန်တော် ချစ်ခင်ရပါသော ကိုပေါက်ရေ။
    အလုပ်မရှုပ်ပါဘူးဗျာ။
    ပထမတော့ အစဉ်လိုက်အတိုင်းရေးလာတာပါ။ ဒါပေမယ့်
    မမတို့လို တစ်လမှ တစ်ပုဒ်လောက်တင်တဲ့ စီနီယာတွေ
    weiwei တို့ ဆူးတို့ Thu Ra Tha Wah တို့လို စီနီယာတွေကို Respect ပေးချင်တဲ့ စိတ်နဲ့
    ကျော်ပေါက်ရေးရာကနေ ဒီလောက် အလုပ်ရှုပ်သော ပို့စ်တစ်ခုဖြစ်သွားတာပါ။
    ကိုပေါက် အားထည့်ထားတဲ့ ပို့စ်လေးတွေတောင် ကျန်နေခဲ့ပါတယ်။ ကော်နက်ရှင်ကလည်း
    လုံးဝမကောင်းဘူးဗျာ။ ဒီထက်စံနစ်ကျတဲ့ ဖတ်ညွှန်းတစ်ခု ဖြစ်အောင် ကျွန်တော် ကြိုးစားပါမယ်။
    အခုတော့ တောင်းပန်ပါတယ်။ အနူးအညွတ်ပါ။
    ကျွန်တော် ချစ်ခင်ရပါသော ကိုပေရေ။
    ကျွန်တော့်ကို အားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။
    လိုအပ်တာရှိရင်လည်းခွင့်လွှတ်ပေးဘို့ တောင်းပန်ပါတယ်။ အနူးအညွတ်ပါ။
    ကျွန်တော် လေးစားရပါသော ကိုရင် နိုဇိုမိရေ။
    ခင်ဗျားတောင်းဆိုမှုကလည်း ကျွန်တော် ဒီပို့စ်ကို ဆက်ရေးဖြစ်တဲ့အကြောင်းတွေထဲက
    တစ်ခုပါ။ သူကြီးပြောတဲ့ နှစ်ကူးပါတီ မလုပ်ဖြစ်ပေမယ့် ကိုရင်နိုဇိုမိ နဲ့ တွေ့နိုင်အောင်
    ကျွန်တော်ကြိုးစားမှာပါ။ ပါတီလေး မလုပ်ဖြစ်လိုက်တာ တောင်းပန်ပါတယ်။ အနူးအညွတ်ပါ။
    ကျွန်တော် ချစ်ခင်ရပါသော ကပေါက်ဖေါ်ခင်ဗျား။
    ခင်ဗျားအားပေးလို့ ကျွန်တော်အားတက်ရပါတယ်။
    သတင်းထူးလေးတွေတင်ပေးတဲ့ ခင်ဗျားကို လည်းကျွန်တော်ကျေးဇူးတင်ပါတယ်။
    လိုအပ်တာလေးများရှိရင် ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်ဗျာ။ အနူးအညွတ်ပါ။
    ကျွန်တော် လေးစားရပါသော အန်တီဝေခင်ဗျား။
    အားပေးသွားတာ ကျေးဇူးတင်ပါတယ်။
    လိုအပ်တာရှိရင် တောင်းပန်ပါတယ်နော။ အနူးအညွတ်ပါ။
    ကျွန်တော် ချစ်လည်းချစ် ခင်လည်းခင် လေးလည်း လေးစားရပါသော
    သူကြီးခင်ဗျား။ ကျွန်တော် တို့ မြန်မာပြည်ကြီးအကြောင်းကို ကျွန်တော်တို့
    မြန်မာပြည်ထဲမှာ နေကြသူတွေက ပိုသိကြပါတယ်သူကြီးရယ်။
    နှစ်ကူးပါတီ လုပ်ဖို့ ဒီလောက်မလွယ်ပါဘူးသူကြီးရေ။
    ကျွန်တော်တို့ ရွာကြီးကလည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာတွေနဲ့ မကင်းဘူးလေ။
    အဲဒါတွေပြောလို့ ကျွန်တော်ကြောက်နေတာ မဟုတ်ပါဘူး။
    နောက်မှ အီးမေးလ်ပို့လိုက်ပါ့မယ်။
    ကျွန်တော်တို့ စိတ်ချရတဲ့ မန်ဘာတွေ တွေ့ဆုံဖြစ်အောင်ကြိုးစားပါမယ်။
    တရားဝင် ပွဲကြီးမလုပ်နိုင်တာ တောင်းပန်ပါတယ် သူကြီးရယ်။ အနူးအညွတ်ပါ။
    ဟားဟား ဒီကွန်းမန့် ကို အနူးအညွတ်လို့ ခေါင်းစဉ်တတ်လိုက်ပါတယ်နော။ အနူးအညွတ်ပါ။

    • E.T

      November 23, 2011 at 8:55 pm

      စိတ်ချရတဲ့ပါတီဆိုတော့ တောဇီးကွက်ပါတီပေါ့နော် ဦးဘလက်။ ဒီတစ်ခါတော့ ဖတ်ရတာ တကယ်မူးသွားတယ်။ စုံလွန်းလို ့။

    • kai

      November 24, 2011 at 12:20 am

      ရွာသူားတွေ.. စိတ်စနိုးစနောင့်ဖြစ်စေတာမို့.. နှစ်ကူးပါတီကိစ္စ.. officially ပြန်ရုတ်သိမ်းလိုက်ပါတယ်နော….။
      ရာသီဥတုသာယာတဲ့..တနေ့ကျမှ….။ 🙂

      • သူကြီးရေ…

        ကျုပ်ကတော့ တွေ့ချင်ပါသေးတယ်
        ဘယ်တော့လဲဆိုတော့ ကျုပ်မင်္ဂလာဆောင်ရင် သတို့သားဘက်က ဘယ်သူမှမရှိဘူး
        ဒီရွာသားတွေကိုပဲ Post တစ်ခုတင်ပြီး သေသေချာချာ ဖိတ်ပါ့မယ်။ အားလုံးတက်နိုင်ကြမယ်ဆိုရင်တော့ ပိုပြီးဝမ်းသာရမှာပါ။ ခုတော့ ခေါင်းထဲ စီထားမိတာ ရန်ကုန် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှာ ဆောင်မှာဆိုတော့ ရန်ကုန်နေသူတွေလို့ သိထားတဲ့ ဆူး၊ အီးတုန်း၊ ရွှေမင်းသား၊ ဦးဖက်၊ ဦးဘလက်၊ ကိုရင် နိဂိမိ၊ ပေါက်ဖော်၊ Intro၊ Lone၊ MoeZ၊ မနော၊ အန်တီဝေ အစရှိသူတွေပေါ့။

        အဲဒီတော့မှ အားလုံးနဲ့ ပျော်ပျော်ပါးပါး တွေ့ဆုံချင်ပါသေးတယ်။ ဒီမှာတော့ ကျုပ်တစ်ယောက်တည်း…

        • Moe Z

          November 24, 2011 at 8:13 am

          မင်္ဂလာဆောင်ဖိတ်စာအတွက်တင်တဲ့ပို့စ်မှာ လက်ဖွဲ့ခြင်းသည်းခံပါလို့ထည့်ရေးရင်
          သေချာပေါက်လာမယ် 😛 နောက်တာ
          မမတို့နဲ့တိုင်ပင်ပြီးလာခဲ့ပါ့မယ် တကယ်ဖိတ်ရင်ပေါ့ 🙂

        • inz@ghi

          November 24, 2011 at 8:26 am

          ဟုတ်ဝူးလေ
          ဂီ နဲ့တိုင်ပင်ရမှာလေ…
          အဝတ်အစားက အရောင်တူမှဖစ်မှာလေ…ဟုတ်ဝူးလား
          မမမိုးဇက်ရဲ့….

          ပုံ
          မင်ဇက်

        • MaMa

          November 24, 2011 at 8:57 am

          ရှုံး.. လူရေ- ဒီတခါ လူချောင်းပွဲကနေ သတို့သားချောင်းပွဲလည်း ဖြစ်နေပါဦးမယ်။ 😀

        • ကြောင်ကြီး

          November 24, 2011 at 9:46 am

          မိုက်ပါဘိ၊ မောင်ရှုံးရယ်။ အင်ဂျင်နီလာအသင်းမှာ သွားမဆောင်နဲ့၊ ဓာတ်ပုံဆရာ အသင်းမှာသွားဆောင်ရင် မင်္ဂလာပွဲအစအဆုံးသာမက မင်္ဂဏှာဦးည အထိပါ ကာဗာဖြစ်တယ်။ နင်တို့စုံတွဲ surprise ဖြစ်သွားအောင် တန်ရာတန်ကြေး ပေးရိုက်ခိုင်းတာထက် ပိုမှတ်တမ်းတင်ပေးကြမှာ။။။။။ 😀

        • ပေါက်ဖော်

          November 24, 2011 at 10:06 am

          မင်္ဂလာသတင်းဆိုတာ ဒါကိုပြောတာကွဲ ့
          😆

        • ဆူး

          November 24, 2011 at 12:42 pm

          မင်္ဂလာမဆောင်ခင် ဖိတ်စာ ပေးအပ်ပွဲ ဆိုပြီး အကုန်ဖိတ်ပြီး ကော်ဖီ နဲ့ မုန့် အရင်ကျွှေး ပြီးတော့ ဖိတ်စာ ပေးလိုက်.. ဖိတ်စာပါ အစီအစဉ်အတိုင်း လာခဲ့ပေးမယ်။ 😀

  • inz@ghi

    November 23, 2011 at 10:22 pm

    တားတားကို နေရာပေးထားတာ ကျေးကျေးပါ
    အန်ကယ် ဘလက်ခည…

    တော်လှန်ရေးလည်း ရေးဦးမှာပါ
    လူစွမ်းဂေါင်းလည်း အပိုင်း ၂ဝမှာ ဇာတ်သိမ်းဦးမှာပါ
    ဒါ့ပုံဆောင်းပါးတွေလည်း တင်ဖြစ်ဦးမှာပါ…
    ….လည်း………..လည်း ….လည်း…….
    မပျက်ကွက်စေရပါဗျား…

    ပုံ
    တာဝန်သိရွာသား…
    မင်ဇက်…
    အဲ့လေ…..
    ဂိုင်းအင်ဂျီး….

  • TTNU

    November 23, 2011 at 10:47 pm

    ကိုဘလက်ချောရေ… အရမ်းအားထုတ်ထားတာတွေ့ရတော့ ချီးမွမ်းစကားပြောချင်ပါတယ်။
    ဖတ်လည်းဖတ် ပြန်လည်းရေးပြ..အတောအတန်လူ လုပ်နှိုင်ဖို့ မလွယ်၊ လူလောနတ်လော။
    ကျေးဇူးတင်ရင်းခင်မင်ရင်း၊ လျှိုဝှက်သတင်းလေးပေးချင်တယ် ။ကိုသစ်မင်းက ဆရာဆန်နီကို
    အဘဆွေမှတ်နေတာ။ 🙂

  • ကိုရင်စည်သူ

    November 23, 2011 at 10:58 pm

    အကိုချောရေ… တော်တော်ကြိုးစားပြီး..
    အချက်အလက်အစုံနဲ့ ရေးထားတာတွေ့ရတော့..
    တော်တော်ရွာချစ်တဲ့ ပုဂ္ဂိုလ်ကြီးလို့ လေးစားမိတယ်ဗျာ..
    ပါတီပွဲလေးကို တာဝန်ခံပြီး မလုပ်ပေးနိုင်တာ သိရလို့
    စိတ်တော့မကောင်းဘူးဂျာ.. မြန်မာနိုင်ငံလည်း
    လွတ်လပ်သင့်သလောက်လွတ်လပ်နေပါပြီ…
    မီဒီယာနဲ့ ပတ်သက်တဲ့ လူတွေကို လွှတ်ပေးသင့်ပါတယ်ဗျာ…။
    စိတ်ချရတဲ့ မင်ဘာတွေချည်းပဲ လုပ်မယ်ဆိုတော့လည်း
    တမျိုးလည်းကောင်းပါတယ်.. တစ်မျိုးလည်း မကောင်းပါဘူး…။
    အပြင်မှာ ပါတီမလုပ်ရလဲ.. ရွာထဲမှာ တစ်ပွဲလုပ်ပေးမယ်..
    ကောင်းဝူးလား… ငွင်းငွင်း.. ပန်ဒိုရာလည်းပါမယ်.. ဂျော်နီလည်းပါစေရမယ်.. 😀 😀 😀
    ငှက်သည်ပျံရင်းသေ၏ ကိုရင်သည် ကြံရင်းသေမည်။ 😀 😀 😀

  • etone

    November 24, 2011 at 10:12 am

    ကိုပေါက် ရဲ့ အလိုရှိသည်ဆိုတဲ့ ကဗျာလေးကတော့ တမလွန်ကိုရောက်သွားတဲ့ အဆိုတော်တွေ၊ တေးရေးတွေ၊ ဂီတသမားတွေနဲ့ တေးဂီတဝိုင်းဖွဲ့ကြည့် တာကို ရေးထားတာပါ။ ကီးဘုတ်သမားတစ်ယောက်နဲ့ ဒရမ်သမားတစ်ယောက် လိုပါတယ်တဲ့။ ဂိုင်းအင်ဇာဂီကတော့ လိုတာတခြား လွှတ်တာတခြား ကွန်းမန့်ပေးထားပါတယ်ဗျာ။ အင်း ဘလက်ကို မေတ္တာထားတာ ခုမှ သိရတယ် ဂိုင်းရေ။ တွေးစရာလေးတွေနဲ့ ကိုပေါက်ရဲ့ကဗျာလေးကို ဖတ်ကြည့်ဘို့ ညွှန်းချင်ပါတယ်ဗျာ။

    ဆိုတဲ့ အပိုဒ်လေး နှစ်ခါဖြစ်သွားတယ် … ပိုမှတ်မိသွားတာပေါ့ ။ 🙂

  • Diamond Key

    November 24, 2011 at 10:29 am

    Up to date ကိုတောင် ပါအောင်ရေးနိုင်တဲ့ ဆြာချော ပါပေ။
    မူးရင်းနဲ့ ရေးသွားတဲ့ တံခါးစောင့်ကြီး ( အဲဟုတ်ပေါင်) 😀 😀 😀 ရေးရင်းနဲ့ မူးသွားတယ် ဆိုပေမယ့် ဖတ်ရသူတွေမှာ အတော်ကောင်း လှပါသဗျ။ 🙂 🙂 🙂
    ရေးရင်းနဲ့ မူး ၊ မူးရင်းနဲ့ ရေး တာတွေကို ဆက်စောင့်နေပါတယ်။ :mrgreen: :mrgreen:

  • blackchaw

    November 24, 2011 at 11:02 am

    ကွန်းမန့် ချီးမြှင့်ကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။
    ကျွန်တော့် အပေါ်ဆုံးက ကွန်းမန့်လေးမှာ အနီကတ်တွေ
    ချီးမြှင့်ထားတာတွေ့တော့ ကျွန်တော် တွေးမိပါတယ်။
    ငါဘာများ ဖေါင်းလုပ်လိုက်ပါလိမ့်လို့။
    အပေါ်က လက်မတွေမှာလည်း ၃ ချောင်းက အောက်စိုက်လို့ဗျ။
    ဘာတွေများ အလိုမကျ ဖြစ်ကြလည်းဆိုတာ
    ကွန်းမန့်က နေ ပြောပြရင် သိတ်ကောင်းမှာပဲလို့။ တောင်းဆိုပါတယ် အရပ်ကတို့။

    • MaMa

      November 24, 2011 at 8:53 pm

      ကိုဘလက်ရေ- ဘုရားတောင် အဖျက် (ဒေဝဒတ်) ရှိသေးတာပဲ။ အနီကဒ်တွေ၊ လက်မ အောက်စိုက်တာတွေ စိတ်ထဲ မထည့်ပါနဲ့။ ဘယ်သူတွေက ဘာဖြစ်လို့ အဲလို လုပ်သွားတယ်ဆိုတာ စဉ်းစားလို့ မရဘူး။ ဆရာလေး (မယ်သီလရင် မဟုတ်ပါ) အင်ဇာဂီ ကတောင် ကာယကံရှင်ကိုယ်စား သဂျီးဆီမှာ အယူခံ ဝင်ထားပေးသေးတယ်။

  • Diamond Key

    November 24, 2011 at 11:32 am

    နှစ်ကူးပါတီပွဲကိစ္စလေး အတွက် မအားပါဘူးလို့ သူကြီးကို ပြောနေလို့များလား ကိုချောရယ်။ 🙄

  • E.T

    November 24, 2011 at 11:49 am

    အပေါ်ဆုံးမှ မဟုတ်ဘူး အလယ်က ကိုဘလက် မန် ့မှာ မနက်က အနီကတ် ၃ခုတွေ ့တယ်။ ခုတော့ပျောက်သွားပြီ။ ပါတီကီစ္စပဲ နေမှာပါ။ member တွေက အားခဲထားတာ ဦးဘလက်က အားဘူးဆိုလို ့ အနီကတ်တွေနဲ ့ ဝိုင်းအားပေးသွားတာနေမှာ။ ကိုရင်စည်သူလည်း အားခဲထားတာ ခုသူ ့ ဂွင် ပျက်လို ့ ထိုင်ငိုနေလောက်ပြီ :mrgreen:

    • ပေါက်ဖော်

      November 24, 2011 at 11:59 am

      ဝုတ်ဒယ်…ဝုတ်ဒယ်..
      ကရင်စည်သွတ်ပဲနေမှာ….
      ဟီး.. ဟီး..နောက်ဒါ..
      ငွှ..ငွှ..ငွှ..

  • ဆူး

    November 24, 2011 at 12:35 pm

    အခုမှ ရေးရင်းမူးတဲ့ ဂေဇတ် တံခါးစောင့် ပိုစ်ကြီး တွေ့မိတော့တယ်။
    အကြောင်းအရာတွေကို တခုချင်းစီ ရေးသွားတဲ့ လူတွေထက် စုစည်းဖော်ပြတဲ့ လူက ပိုပင်ပန်းမယ် ထင်ပါတယ်။ အချက်အလက်တွေကို အချက်ကျကျ ရေးနိုင်ဖို့က လိုသေးတယ်လေ။
    အခုလို စုစည်းပြီးရေးတဲ့ တံခါးစောင့်ကြီးကိုတော့ တရွာလုံးက အမြဲမျှော်နေကြတာ အမှန်ပါပဲ။
    ရွာထဲမှာ စာရေး စာဖတ် နည်းသွားလို့ လွတ်သွားတဲ့ ပိုစ်တွေ ရှာဖတ်ရတာ အဆင်တော့ ပြေတယ်။
    ကောင်းလေစွ.. ကောင်းလေစွ.. ကောင်းလေစွ..

  • juttue.gyi

    November 24, 2011 at 8:53 pm

    မိုက်တယ်ဗျို့ ကဗျာတွေကတော့ အရမ်းကြိုက်လို့ ကူးထားလိုက်တယ်

  • မှော်ဆရာ

    November 24, 2011 at 9:04 pm

    ဆရာဘလက် လျှာထွက်မတတ်ရေးပေမယ့် မကျေနပ်ဘူးဗျာ ..
    ကျွန်တော့်ပိုစ်လေးတစ်ခု ကျန်ခဲ့တယ် … စကိုင်းနက်လေ စကိုင်းနက်..
    အပြစ်တင်တာမဟုတ်ဘူးဆရာရယ် … ကိုယ်ရေးတဲ့စာလေးတွေကို ဆရာဘလက်လိုလူမျိုးက ကြည့်ပြီး ဝေဖန်တာခံချင်လို့ပါနော် … ။ ကိုက အခုမှ လက်သင်လေးဆိုတော့ ဆရာသမားတွေရဲ့ ဝေဖန် အကြံပြုချက်လေး လိုချင်လို့ပါဗျာ ….

  • ကိုချောရေ
    အနီပေးတာခေါင်းထဲမထည့်ပါနဲ့၊
    လက်အားလို့ဆော့တာပါ။

    မိတ်ဆုံပွဲ အခုမဖြစ်လဲနောက်ဖြစ်အောင်လုပ်ကြမယ်ဗျာ။
    အခုလိုပွဲလုပ်ရင် အားလုံးကတော့ထွက်လာမယ်မထင်ဘူး။
    အဲတော့ ထွက်မလာချင်တဲ့သူကိုလဲ ထွက်လာချင်အောင်စဥ်းစားလိုက်အုံးမယ်နော်။
    တွေ့ရင်ပြောမယ်။
    ရှူံးနိမ့်မှုများနဲ့.. လူရေ
    မင်္ဂလာဆောင်ရင် မန်းလေးကအဖွဲ့က
    ဟိုတစ်ခါဆိုင်ဖွင့်ပွဲတုံးးကလို ဟတ်စကီးနဲ့လာမယ်၊
    ဒီတစ်ခါတော့တစ်ယောက်ထဲမလာဘူး။
    လူစုပြီးမှလာမယ်။
    ခဲဘိုးသာ များများရှာထား။

  • Sonny

    November 24, 2011 at 11:14 pm

    ကိုဘလက်ချောခင်ဗျာ…
    မချီးကျူးပဲ မနေနိုင်တော့ပါ..စိတ်လည်းရှည်ပါပေ့..စိတ်လည်းရွှင်ပါပေ့ အရေးလည်းစွဲဆောင်ပါပေ့။ ပိုစ်တွေကို
    အတော်စောင့်ဖတ်နိုင်တဲ့ “တော်စာင့်ဖတ်” နတ်ကြီးတစ်ပါးပါပဲ။ ဝန်ခံပါရစေ။ ကိုဘလက်ချောလောက်
    မတွေးနိုင်ပါ မရေးနိုင်ပါ။ ဘုရင်တစ်ပါး၏ ချစ်ခြင်းတရား တောင် အမေ တိုက်တွန်းလို့” ရေးပါဟယ့်ငါ့သားရယ်”
    လို့တိုက်တွန်းလွန်းလို့သာ..ငယ်ငယ်ကတော့ နံရံကပ်စာစောင်တွေမှာ ကဗျာ စာစီစာကုုံးရေးခဲ့ဘူးတယ်။ အခုမှပြန်ပိုးထလာတာပါ။ ကိုဘလက်ချော အတွက်..Rain rain get out right
    Come again another night,
    Little Blackchaw loves to write…
    With love, Ko Sonny

  • ba gyi

    November 25, 2011 at 2:55 pm

    မဲချောကြီးရေ၊
    သည်တစ်ခါ စာဟင်းလေးအိုးကြီး၊ တည်ခါနီးမှာ ၊
    မမူးရအောင် ဝေဋုကျော် ရှုဆေးဆောင်ထား။
    ဒါမှ မဟုတ် အမူးကို အမူးနဲ့ဖြည်လိုက်
    ဘလက် နဲ့ Red နဲ့ ရောပြီး အိုကေသွားမှာ။ ဟား ဟား။

  • alinsett

    November 25, 2011 at 6:32 pm

    ကို ဘလက်.ရဲ ့ ပို့ စ် လေးက ပြည့်စုံစွာ..ကောင်းမွန်လွန်းလို ့… နှစ်ခါလောက် ပြန်ဖတ်မိပါတယ် ။

    ကဗျာလေးကို ဘောအကျဆုံးပါပဲ..။
    သရော်ထားပုံလေးက ရသ မြောက်ပါတယ် ။ ထိ မိပါတယ် ။
    ပို ့စ်လေးအတွက် ကျေးဇူးပါပဲ.။

  • winkyawaung

    November 25, 2011 at 10:16 pm

    သူကြီးရေ ကျွန်တော်က တစ်ခါ တစ်ခါမှ ဝင်ရေးလို့ ကျွန်တော့်ပို့စ်တွေက မကောင်းဘူးထင်တယ်နော်..။ အရင်ခေတ်ကလိုပဲ ကြောက်နေရသေးလို့ ကော်ပီတွေကို ကြားခံ ဖော်ပြနေမိပါတယ်။

  • naywoonni

    November 25, 2011 at 10:25 pm

    မူးမှာပေါ့… ဂျူတီချိန်ပြိးမှသောက်ပါဆိုတာ ပြောလို့မှမရတာ….။ နောက်ကိုဂျူတီထွက်ပြီးမှ ကြိုက်သလောက်သောက်…။ တိရား………

  • cryingsoul

    November 27, 2011 at 12:20 pm

    ရေး တဲ.သူကလဲရေးရင်းမူး ဖတ်သူကလဲဖတ်ရင်မူးသွားပါတယ်
    ဟိဟိ

  • မောင်သန်းထွဋ် ဦး

    November 27, 2011 at 12:32 pm

    ဖတ်ရင်းနဲ ့မူးသွားလို ့ပါ ကိုဘလက်ရယ်
    သူကြီးရဲ ့သာယာတဲ ့နေ ့တစ်နေ ့အောက်က ပါတီပွဲလေးကိုမျှော်ရင်းပေါ့။

Leave a Reply