အခုတလော ငလျင်လှုပ်တာပဲ ကြားနေရတယ်။ မကြာခင်က နယူးဇီလန်၊ ပြီးတော့ ယူနန်ပြည်နယ် ရင်ကျန်းမြို့ (မြန်မာပြည်နယ်စပ်)၊ အဲဒီနောက် မတ် (၁၁) ရက်နေ့က အကြီးဆုံး ၉.၀ ဂျပန်ငလျင်၊ ဟော မနေ့က (၂၄) ရက်မှာပဲ မြန်မာနိုင်ငံနယ်စပ်၊ မယ်ဆိုင် (ထိုင်းနိုင်ငံ) နဲ့ လာအိုနယ်စပ်ဘက်မှာ ၆.၈ ငလျင် ထပ်လှုပ်ပြန်ပြီတဲ့။ သဘာဝဘေးအန္တရာယ်ထဲမှာ ငလျင်ကလည်း ကြောက်စရာကောင်းလှပါတယ်။ ကျနော်တို့ကတော့ ကံကောင်းနေကြသေးလို့ ကိုယ်တိုင်မကြုံဖူး မခံစားမိသေးဘူး။ အကယ်၍ ငလျင်လှုပ်ခဲ့ရင် ခုံအောက် ကုတင်အောက်ပဲ ပြေးပုန်းမှာလား၊ ဒါမှမဟုတ် တံခါးပေါက်ဝမှာပဲ ရပ်နေမှာလား? ဘာလုပ်ရမှန်းမသိ ဖြစ်နေမှာလား? အဲဒီလို တွေးကြည့်စဉ်းစားမိကြပါသလား? အောက်ကစာကို ဆက်ဖတ်သွားကြည့်ပါ တစ်နေ့နေ့ ခင်ဗျားအသက်ကို ကယ်တင်နိုင်မယ်လို့ ထင်ပါတယ်။ ကျနော်နာမည်က Doug […]