ကြောင်လေးAugust 19, 20121min1997
“ဘုံး….ဘုံး….ဘုံး…..ဘုံး” “အမရေ တံခါးလေး တချက်လောက်ဖွင့်ပေးစမ်းပါ” “ဒုံး…. ဒုံး….ဒုံး….ဒုံး….” “အကိုရေ အပြင်က တံခါးလေးဖွင့်ပေးစမ်းပါ…….” “ဂလုံး…. ဂလုံး….ဂလုံး….ဂလုံး….” “အဒေါ်ရေ တံခါးလေးဖွင့်ပေးပါခင်ဗျာ……..” ×××××××××××××××××××××××××××× မြန်မာပြည်ကိုပထမဆုံးရောက်လာတဲ့တရုပ်သင်္ဘောတွေဟာ အဲဒီအချိန်အဲဒီအခါက တော်တော်အဆင့်မြင့်ပါတယ်။ အရင်က စီးနေရတဲ့  ဗန္ဓုလ၊ဗန္နက၊ဗညးဒလ(ကျနော်တို့ အခေါ် ဗညားဒလိပ်)၊ဝေပုလ္လ၊ဝိဓူရ၊ဝိဇယ အစရှိတဲ့သင်္ဘောတွေလို သင်္ဘောကို လိုရာကွေ့ဖို့တက်မကိုင်တွေက ဘီးကြီးတွေကိုခြေနဲ့နင်း၊လက်နဲ့လှည့်လုပ်စရာမလိုပဲ ဗွီရှိပ် မောင်းတံလေးကိုလက်ကလေးနဲ့ ဘယ်ညာအသာအယာပုတ်လိုက်ရုံပါ၊ စက်တင်/ချ၊ ရှေ့နောက် ဂီယာကိုလည်း၊ ကလင်ကလောက်..ကလင်..ကလောက် ဆိုပြီးတယ်လီရိုက်စရာမလိုပဲ ဆလင်ခန်းထဲကနေ ခလုတ်နှိပ်ရုံပါပဲ၊ အရေးပေါ် အတွက် တော့ ဘီးကြီးတွေ၊တယ်လီတွေ ပါပါတယ်။ စက်ခန်းထဲမှာလဲ စက်ဆရာအဆင်သင့်ရှိနေပါတယ်။ သင်္ဘောအကွေ့မှာဒီဂရီဘယ်လောက်စောင်းသွားသလဲ သိနိုင်တဲ့ ကွန်ပတ်လည်းပါတယ်။ရေဒါစနစ်တောင် ပါတယ်လို့ထင်ပါတယ်။ မသေချာပါ။ ဒါတွေက အဘဖောတို့ ကိုရင်စည်သူ တို့လိုသင်္ဘောသားတွေအတွက် အထူးအဆန်းလို့ မဆိုနိုင်ပေမဲ့ အဲဒီအချိန်အခါတုန်းက […]