အလိမ္မာနည်းခြင်း။ တရားကိုမုန်းခြင်း။ သူယုတ်သူမိုက်ကို ချစ်လေ့ရှိခြင်း။ ပညာရှိသူတော်ကောင်းကို မချစ်ခင်။ သူယုတ်သူမိုက်တို့၏ တရားစကားကို နှစ်သက်၏။ အအိပ်စုံမက်ခြင်း။ ပွဲလမ်းသဘင် လိုက်စားခြင်း။ ထကြွလုံ့လ မရှိခြင်း။ ပျင်းရိထိုင်းမှိုင်းခြင်း။ အမျက်တံခွန်ထောင်ခြင်း။ အရွယ်လွန်၍ အိုမင်းသော မိဘကို ကွေ၊းမွေးနိုင်သော အစွမ်းရှိပါလျက် မပြုစု မကျွေးမွေးခြင်း။ ရဟန်းတော်အရှင်မြတ်များနှင့် တောင်းစားသူတို့အား မဟုတ်မမှန်ပြောကြား၍ လိမ်လည်ခြင်း။ ပစ္စည်းဘဏ္ဍာ ချိုချဉ်ရသာ ပေါများပါလျက် သူတစ်ပါးတို့ကို သတိမရ မဝေငှပဲ တစ်ကိုယ်တည်း စားသောက်ခြင်း။ အမျိုးမာန် အနွယ်မာန်ဖြင့် ခက်ထန်ခြင်း၊ ပစ္စည်းမာန်ဖြင့် ခက်ထန်ခြင်း၊ မာန်ခက်ထန်၍ မိမိအမျိုးကိုပင် မထေမဲ့မြင်ပြုခြင်း။ မိန်းမလိုက်စားခြင်း၊။ အရက်သောက်သုံးခြင်း၊။ လောင်းကစားကြူးခြင်း။ ကိုယ့်မယားစည်းစိမ်ဖြင့် တင်းတိမ်ခြင်းမရှိဘဲ ပြည့်တန်ဆာမနှင့် သူတစ်ပါးမယား၌ လိုက်စားလွန်ခြင်း။ အသက်ကြီးမှ တဏှာထ၍ သမီးအရွယ်ကို ဇနီးမယားနှယ် […]