TTNUApril 22, 20121min40437
စကားတွေ စကားတွေ ပြောနေလိုက်ကြတာလေ၊ စကားအမျိုးမျိုး၊စကားစပ်လို့တဲ့၊ စကားမစပ်တဲ့၊ စကားတွေကျွံကုန်ပြီတဲ့၊ စကားတန်ကိုရှည်တယ်တဲ့။ စကားပြောင်စကားပျက်ပြောတာပါတဲ့၊ စကားရောဖောရောလုပ်ပြန်သတဲ့။ စကားဦးလာသန်းနေပါရောတဲ့၊ ဒါနဲ့ စကားကိုအချေအတင်ပြောယူရတယ်တဲ့။ နောက်တစ်မျိုးက စကားထာတဲ့။ စကား+ အတ္ထ = စကတ္ထ ဒီစကားကမှတစ်ဆင့် စကားထာ ဖြစ်လာခဲ့ပြီး စကား၏ အနက်ဟူ၍ အဓိပ္ပါယ်ရကြောင်း ငယ်ငယ်တုန်းက မှတ်သားခဲ့ဖူးပါတယ်။ အချို ့ကလည်း စကား + ဌာပနာ ဖြစ်တော့ ဒီစကားအတွင်းမှာ တစ်စုံတစ်ခုသော အနက်ကိုမြှုပ်ကွယ် ပြောဆိုသောစကားမျိုး လိုု့ ဆိုကြပါတယ်။ ကျမတို့ ငယ်ငယ်က မြန်မာစာဆရာကြီးကတော့ စကားထာဆိုတာ စကားရဲ ့ အထာပဲကွ လို့ ပြောလေ့ရှိခဲ့ပါတယ်။ ကျမထင်တာကတော့ ဒီစကားတစ်ရပ်ရဲ ့ အနေအထားသဘော သရုပ်ကို ကြည့်ပြီးအဖြေထုတ်ဖော်ရတဲ့ စကားမျိုး လို့ […]