စက္ကူကြယ်လေးတွေ သူမခေါက်သင်ပြီး နေ့တိုင်း စက္ကူလေးတွေပေါ်မှာ သူ့ကိုပြောချင်တဲ့စကားလုံးတွေ ချရေးပြီးစက္ကူကြယ်လေးတွေ သူမခေါက်ခဲ့တယ်။ ကြယ်လေးတွေကို ပုလင်းတစ်လုံးထဲထည့်ပြီး သူမသိမ်းခဲ့တယ်။ သူနှစ်သက်မယ့် မိန်းကလေးမျိုးက နူးညံ့သိမ်မွေ့ပြီး ဖြောင့်စင်းမည်းနက်တဲ့ဆံပင်နဲ့ အရည်လဲ့ဝိုင်းစက်နေတဲ့ မျက်လုံးပိုင်ရှင်ဖြစ်လိမ့်မယ်လို့ သူမ မကြာခဏတွေးထင်မိတယ်။ အဲဒီမိန်းကလေး ပြုံးရယ်တဲ့အချိန် ပါးစပ်က မဟတဟလေးဖြစ်မယ်လို့လည်း သူမမြင်ယောင်မိတယ်။ သူမမှာ မည်းနက်တဲ့ဆံပင်ရှိပေမယ့် နားရွက်ထိအောင်တိုတယ်။ သူမမှာ ဝိုင်းစက်တဲ့မျက်လုံးရှိပေမယ့် ရယ်လိုက်တဲ့အချိန် မျဉ်းတစ်ကြောင်းပုံစံ မှေးသွားတတ်တယ်။ တကယ်လို့ တစ်နေ့နေ့မှာ သူမသာ အဲဒီမိန်းကလေးပုံစံလို ဖြစ်သွားခဲ့ရင် သူစိတ်ဝင်စားလာမလားလို့ မှန်ကြည့်တိုင်း သူမစိတ်ကူးယဉ်တတ်တယ်။ အဲဒီလိုအမြဲတမ်း စိတ်ကူးယဉ်တွေးထင်ပေမယ့်လစဉ်လတိုင်း ဆံပင်ညှပ်ဆိုင်ပြေးပြီး အတန်ငယ်ရှည်လာတဲ့ ဆံပင်ကို သူမသွားသွားညှပ်တတ်တယ်။ ရယ်မောစရာတွေ့ရင်လည်း တဟားဟားနဲ့ မျက်လုံးတွေ မှေးကျသွားတဲ့အထိ သူမအော်ရယ်တတ်တယ်။ သူမ(၁၉)နှစ်မှာ နာမည်သိပ်မကြီးပေမယ့် အရမ်းလည်းအဆင့်မနိမ့်တဲ့ တက္ကသိုလ်တစ်ခုကို တက်ခွင့်ရခဲ့တယ်။စာတော်တဲ့သူကတော့ ထုံးစံအတိုင်း တစ်ခြားမြို့က နာမည်ကြီးတက္ကသိုလ်ကို တက်ခွင့်ရခဲ့တယ်။ ရထားပေါ်ထိုင်ပြီး သူမကိုမွေးခဲ့၊ ကြီးခဲ့တဲ့မွေးရပ်မြေကို […]