နာမည်ကြီး သတင်းစာ တိုက် တခုတွင် အရာရှိ တစ်ဦးမှ တခြားမြို့သို့ ရောက်နေသော သတင်းထောက် တဦးသို့ ဖုန်း ဆက်ပြီးလှမ်းမှာသည်။ မင်းအခု အရေးတကြီး သတင်းယူ စရာ ရှိတယ။် အဲဒီတော့ မင်းအတွက် လေယာဉ် တစ်စင်းငါ စီစဉ်ထားတယ် ။ မင်းအဲဒီ လေယာဉ်နဲ့ လိုက်သွား။ ဘာမှ မမေးနဲ့။ သတင်းယူ စရာရှိတာ ယူပြီးမှ ပြန်လာခဲ့ ။ ဒါဘဲ။ ဒီလိုနဲ့ သတင်းထောက် အိတ်လေး တလုံးစွဲပြီး။ ကင်မရာ လေးယူ။ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင် ပြီးထွတ်ခဲ့ သည်။ လေဆိပ်ရောက်တော့ ပြောထားသည့်အတိုင်းလေယာဉ်တစ်စင်း စောင့် နေတာကို တွေ့ရသည်။ သတင်းထောက်လဲ ဘာမှ မမေးတော့ ဘဲ လေယာဉ်ပေါ်သို့ တက်သွားလိုက်သည်။ […]