မှားပါတယ်

နာမည်ကြီး သတင်းစာ တိုက် တခုတွင်
အရာရှိ တစ်ဦးမှ တခြားမြို့သို့ ရောက်နေသော သတင်းထောက် တဦးသို့ ဖုန်း ဆက်ပြီးလှမ်းမှာသည်။
မင်းအခု အရေးတကြီး သတင်းယူ စရာ ရှိတယ။် အဲဒီတော့ မင်းအတွက် လေယာဉ် တစ်စင်းငါ စီစဉ်ထားတယ် ။ မင်းအဲဒီ လေယာဉ်နဲ့ လိုက်သွား။ ဘာမှ မမေးနဲ့။ သတင်းယူ စရာရှိတာ ယူပြီးမှ ပြန်လာခဲ့ ။ ဒါဘဲ။
ဒီလိုနဲ့ သတင်းထောက် အိတ်လေး တလုံးစွဲပြီး။ ကင်မရာ လေးယူ။ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင် ပြီးထွတ်ခဲ့ သည်။
လေဆိပ်ရောက်တော့ ပြောထားသည့်အတိုင်းလေယာဉ်တစ်စင်း စောင့် နေတာကို တွေ့ရသည်။
သတင်းထောက်လဲ ဘာမှ မမေးတော့ ဘဲ လေယာဉ်ပေါ်သို့ တက်သွားလိုက်သည်။
လေယာဉ်မောင် ၊ လေယာဉ်မယ် များကလဲ ကြိုဆိုကြသည်။
လေယာဉ်ပေါ်သို့ ရောက်ပြီးမကြာခင်မှာ ဘဲ လေယာဉ် စတင်ပျံသန်းတော့သည်။
လေယာဉ်ပျံသန်း ပြီးတော့မှ သတင်းထောက်လဲ လေယာဉ်မှုးသို့ လှမ်း မေးလိုက်သည်၊ ကျနော်တို့ ဘယ်သွားကြမှလဲ။
လေယာဉ်မှုးလဲ အံအားသင့် သွားပြီးပြန်ဖြေလိုက်သည်မှာ ၊ ” ဗျာ ၊ မနေ့က ကျနော်ကို လေယာဉ် ပျံတက်တာ သင်ပေးခဲ့တယ်လေ။ ဒီနေ့ ဆင်းတာ သင်မေးမယ် ဆို၊ ဆရာ က လေယာဉ် ဆင်းတာ သင်ပေးမယ့် ဆရာ မဟုတ်ဘူးလား ?”

5 comments

  • ဆူး

    March 2, 2011 at 4:35 pm

    လေယာဉ်ပျံ ဆင်းတာ လွယ်လွယ်လေး.. စက်တွေ အားလုံးရပ်လိုက် သူ့အလိုလို ဆင်းသွားလိမ့်မယ်။ ခဏ နေရင် အောက်ရောက်သွားမယ်။ ဒါဘဲ တပည့်ရေ.. ကဲ လုပ်ငန်းစတော့… ဆရာ လေချွန်ပြီး အောက်ရောက်တာ စောင့်နေမယ်။

  • MaMa

    March 3, 2011 at 1:08 am

    ဆရာရေ လေချွန်ပြီး အေးဆေးမနေနဲ့။ ဆရာ့ပေါ်တည့်တည့်ရောက်မှ စက်ရပ်လိုက်ရင် ဒုက္ခ။

  • kopauk mandalay

    March 3, 2011 at 1:59 am

    ကိုယ်ကို အထက်က လူက ခိုင်းလိုက်တယ်ဆိုရင် ဘာမှပြန်မမေးဘဲ ထင်ရာမြင်ရာစွတ်လုပ်တဲ့အကျင့်စွဲနေတာက ကမ္ဘာရောဂါဆိုးကြီးလိုဖြစ်နေပါပြီ။

    • etone

      March 3, 2011 at 3:17 am

      ဒါကတော့ ဟုတ်ပါတယ် .. ကိုပေါက်ပြောသလို လူတွေ များတယ် … ။ ပြန်မေးမိပြန်ရင်လဲ နှုတ်လှံထိုးတယ်ဆိုလား ပြောပြန်တယ်… ။ သိချင်တာရှိရင်တော့ မေးရမှာပဲလေ ဆိုတဲ့ စိတ်နဲ့ နေလာတာ … ကြာတော့လေ … ဘုကလန့်လို့ နာမည်တပ်ခံရတဲ့ အထိပါပဲ .. ။

  • shweminthar

    March 3, 2011 at 6:00 am

    ကျနော် ရေးလိုက်တာ ဟာသ အနေနဲ့ ရေးလိုက်တာပါ၊
    ဒါပေမယ့် မန်းထား တာလေးတွေ ဖတ်လိုက်ရတော့
    ကျနော် မတွေးမိတဲ့ အကြောင်းအရာလေးတွေ ထွတ်လာတယ်။
    စာဖတ်သူတွေ ပိုပြီး အကျိုးရှိသွားတာပေါ့၊
    ကျေးဇူး ဘဲဗျာ

Leave a Reply