မိရွှေကြည်အကြီးကြီးကိုယ်ချင်းစာတတ်ခဲ့ပါပြီ တကယ်ကြီးပါ အဟုတ်ကြီးပါ…။ ဒီလိုပါ ပြီးခဲ့တဲ့အားလပ်ရက်လေးမှာ မိရွှေကြည်တယောက် မြို့ ပတ်ပြီးပြုစရာရှိသည့်ကိစ္စအဝဝကိုအပြီးတိုင်ပြုလုပ်မည်ဟု စိတ်ဒုံးဒုံးချပြီးသကာလ လက်ရှိငှားရမ်းနေထိုင်ရာ ဘူတာရုံလမ်းတိုက်ခန်းစုတ်စုတ်လေးမှထွက်ခွာလာခဲ့ပါတယ်။ လိုင်းကားစီးခြင်းဆိုတဲ့ အရာကမိရွှေကြည်နဲ့တော်တော်လေးကင်းကွာနေခဲ့တာကြာခဲ့ပါပြီ..။ လိုင်းကားကို ၃ လလောက်ကြာမှသာတခါဝေးဝေးလံလံစီးဖြစ်ပါတယ်။ ပုံမှန်ကတော့ လှည်းတန်းလောက်တော့စီးဖြစ်ပါရဲ့ ဘာကြောင့်လဲဆိုတော့ကာ မိရွှေကြည်အလုပ်လုပ်တဲ့ရုံးတည်ရှိရာက စံမြန်းရာ တိုက်ခန်းနဲ့ မနီးမဝေးမှာတည်ရှိတာကြောင့်တကြောင်း လိုင်းကားစီးမယ်ဆိုရင် နီးရက်နဲ့ဝေး နှစ်ဆင့်စီးနေရတာကြောင့်တကြောင်း အလုပ်သွားဆိုက္ကားနဲ့သွားပြီ အပြန်လုပ်ဖော်ကိုင်ဖက်တွေနဲ့လမ်းလျှောက်ပြန်ပါတယ်..။ ဒီတော့က လိုင်းကားဆိုတာမစီးဖြစ်သလောက်ပါပဲ..။ ဒါပေမယ့် ပြီးခဲ့တဲ့ လတွေထဲမှာ အလုပ်ရောက်တိုင်းကားစီးရတဲ့ဒုက္ခကို သူများတွေမှတဆင့်နေ့စဉ်လိုကြားသိနေရပါတယ်..။ ဪ အဲလိုလား ဟုတ်ပနော် စိတ်ညစ်စရာ ဒီလိုစကားတွေနဲ့သူတို့ကို သနားသလို စာနာသလိုပြောခဲ့ပါတယ်..။ တကယ်လည်းစာနာမိပါတယ်..။ အခု ကိုယ်တွေ့ ကြုံရတော့ စိတ်နာပါတယ်ရှင့်..။ ဘူတာရုံလမ်းကနေကားစီးလာလိုက်တာ ဆင်ရေတွင်းမှတ်တိုင် အထွက်ကစပြီး တစ်ပေလောက်လိမ့်လိုက်ရပ်လိုက်လုပ်လာတဲ့ စီးတော်ယာဉ် လိုင်းကားဟာ လှည်းတန်းပွိုင့် မှာ […]