Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ရွှေ ကြည်September 14, 20141min95153
ချစ်သောရွာကို ထာဝရနှုတ်ဆက်ပါတယ် ရိုးသားတယ်လို့တော့ မပြောချင်ဘူး ဒါပေမယ့် ရွှေကြည်က ရိုးအတယ် အဲ့တော့ ရွာကိုလိုက်မမှီဘူး ပညာရှင် အဆင့်မဟုတ်တဲ့ မိရွှေကြည် ရွာကို သံယောဇဉ်သေချာပြတ်သွားပြီမို့ တာ့ တာ အကောင့်ဖျက်ဖို့လည်း မတောင်းဆိုဘူး အရင်ကသတိရရင် တခါတလေဝင်ကြည့်တယ် အခုတော့ လုံးဝမကြည့်တော့ဖို့သေချာသွားပြီမို့   တာ့ တာ ဗျို့


ရွှေ ကြည်June 1, 20141min4837
ဤသို့ ဤနှယ် ဤနယ်ပယ်ဝယ် အတ္တကဲကဲ ပျော်ပွဲကျကြ ငါ့လူ ငါ့သား ငါ့စကား နဲ့ ဝင့်ကြွားမာန ရှိကြရာဝယ် စေတနာကား ဘယ်နားမထင် သွင်သွင်ခါးကျိုး မုန်းမာန်ပျိုးသည် ကိုယ့်ကိုယ်ကိုသာ ဆန်းစစ်ပါသည် ငါသည် အတ္တကဲနေပါတကားးးး။ …………………………………… ရွာရောက်တုန်းမှာ ပို့စ်တင်လိုရာ ရေးမိရေးရာရေးခြစ်ပါသည် မကြည်၏သို့ ကြည်၏သို့ (ဘာမှန်းတော့မသိ ရေးလိုက်တာ ဟီးးးးး) ရွာသူားအားလုံးကျေးဇူးအထူးတင်ပါတယ်ရှင့် ဟုတ်ကဲ့ ကျွန်မ မိရွှေကြည်ပါ (ဖဘဆယ်လီတယောက်အားကျလို့ :harr: )  


ရွှေ ကြည်June 1, 20141min531029
ငါ့တို့ရွာကို မျက်စိလည်ပြီးပြန်ရောက်လာတဲ့အခါ ငါ့တို့ရွာမှာ ပုဂ္ဂိုလ်ရေးတွေပါတဲ့စာတွေတွေ့နေတယ် ငါတို့ရွာမှာ အကြောင်းမသိရင် မဆက်စပ်မိရင် မန့်ရမှာလက်တွန့်လောက်အောင် ဖွင့်ချမှုခပ်ကြမ်းကြမ်းတွေတွေ့နေတယ် ငါတို့ရွာမှာ မျက်ချည်ပြတ်သွားရင် ဝင်မန့်ရမှာကြောက်ရလောက်အောင် အရှေ့အနောက်ဆက်စပ်မှုတွေတွေ့နေတယ် ငါတို့ရွာမှာ ငြင်းခုန်ခြင်း အနုပညာဆိုတာကို အဓိပ္ပါယ်ရှာဖို့ လောလောဆယ် ကျုပ်ရဲ့ မျက်စိပါဝါအားနည်းနေတယ် ငါတို့ရွာမှာ အချင်းချင်းခင်မင်မှုကြောင့် ကွန်မန့်တွေမှာအားပါမှုတွေနည်းနေတယ် ငါတို့ရွာမှာ ငါတို့ရွာမှာ ငါတို့ရွာမှာ ………………………………. …………………………………… ……………………………  


ရွှေ ကြည်April 19, 20141min92233
မင်္ဂလာပါရှင့် မတွေ့ရတာလည်းကြာပြီ ပေါ်လိုက်ပျောက်လိုက်နဲ့ ဂနာမငြိမ်တဲ့ မိရွှေကြည်ရွာသူမကိုခွင့်လွှတ်ကြပါကုန် နှစ်သစ်မှာ ရွာသူ၊ ရွာသား အပေါင်း မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ စိတ်သွားတိုင်း ကိုယ်ပါနိုင်ကြပါစေ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံနိုင်ကြပါစေ မေတ္တာပို့သပါတယ်။ မျက်စိတွေလည်းလည်နေတယ် နကိုကမှ မကျွမ်းမကျင်နဲ့ဆိုတော့ ပုံတင်တာမျက်စိလည်နေတယ်။ စမ်းတဝါးဝါး နဲ့ တင်လိုက်ပါတယ်။ ဟုတ်ကဲ့ မိရွှေကြည် အားကျမိပါတယ် တကယ်ကြီးပါ။ ဒီအသက်ဒီအရွယ်ရောက်ပြီဆိုတော့လည်း အားကျမိပါရဲ့ ။ မိရွှေကြည် ဒီအသက်အရွယ်ရောက်တဲ့အထိ ရှစ်ပါးသီလလုံအောင်ထိန်းနိုင်ခဲ့တာ (တော်တော်လေးကိုခက်ခက်ခဲခဲကြိုးစားလိုက်ရပါတယ်) ဘုရားစူး တကြိမ်တည်းပါ။ ဘုန်းကြီးကျောင်းကိုတော့ အမေနဲ့အတူ သီလလိုက်ယူတာကတော့ အကြိမ်ပေါင်းများစွာ တခါမှ သီလလုံအောင်မနေခဲ့ဖူးဘူး ရန်ကုန်မှာအလုပ်လုပ်ရင်း တရက်သော ဝါဆိုလပြည့်နေ့မှာမှ ရွှေတိဂုံဘုရားမှာ အိမ်အတူနေတဲ့သူငယ်ချင်းတွေနဲ့ သီလယူပြီး ဥပုဒ်စောင့်ခဲ့ပါတယ် တကယ်ကြီး တကြိမ်တည်းပါ။ အခုအထိလည်း မစောင့်ဖြစ်သေးပါ။ ဒါပေမယ့် ဒီရွာကြီးရဲ့ကျေးဇူးနဲ့ ခင်မင်ခွင့်ရခဲ့တဲ့ […]


ရွှေ ကြည်September 10, 20131min116347
ဟယ်လို တက်စတင် ရိ အာ့ စမ် ရွှေကြည်ရွာကိုအလည်တခေါက်ပြန်ရောက်ခဲ့ပြန်ပါပြီ ရွှေကြည့်ကို သိသူ မသိသူ အားလုံး မင်္ဂလာပါရှင့် ရွာက အရီး အန်တီ မမ အူးလေး အစ်ကို ညီမလေး မောင်လေး တို့ ကျန်းခါသာလို့မာပါစ လူကြီးသူမများကိုလည်း ဂါဝရပြု ကန်တော့ပါတယ် ခြင်္သေ့ကျွန်းမှာလည်း တော်တော်လေးအသားကျပါပြီလို့ ( အရိုးပဲကျန်တော့တယ် ) ရွာပြန်လည်ပါ့မယ်လို့ ပို့စ်လည်း ရေးနိုင်သလောက်ရေးပါ့မယ်လို့ နိုင်သလောက်လည်းမန့်ပါ့မယ်လို့ ရုံးကစက်က မြန်မာစာရိုက်မရ၊ ကိုယ်ကလည်း အီးလိုကမကျွမ်းကျင် အိမ်ပြန်ရောက်ရင်လည်း မအားနဲ့ မို့ ရွာနဲ့အဆက်ပြတ်သွားတယ် အခုတော့ပြန်လာပါပြီ   (အမှန်က လေးခင်ခ ရဲ့ ဆုလိုချင်လို့ ပို့စ် ရေးတာ) နောက်ပြီး အရုပ်လေးတွေက ဘိုဖြစ်ပြန်တုန်းဟင် ဘယ်လိုလုပ်ရမတုန်းပြောပြကြပါဦး အားလုံး သတိရနေတဲ့ […]


ရွှေ ကြည်May 15, 20133min99933
“ကလင်  ကလင်” အဆေင်ရှေ့ကစက်ဘီးဘဲလ်သံကြောင့် ကျွန်မဆတ်ကနဲဖြစ်သွားပါတယ်။ စိတ်ထဲကနေလည်းတိတ်တခိုးမျှော်လင့်နေမိတာ ကသူဖြစ်ပါစေပေါ့။ အတန်ကြာအောင်နားစွင့်ထားပေမယ့်ကျွန်မနာမည်ခေါ်သံမကြားရတဲ့အခါသက်ပြင်းမောတခုကိုမှုတ် ထုတ်မိလိုက်ပါတယ်။ “အစ်မ” “ဝေ့ ဘာလဲ” အခန်းဖော်ညီမလေးကခေါ်လို့ထူးလိုက်ရင်းမော့ကြည့်မိတော့သူ့မျက်ဝန်းတွေကစကားပြောနေသလိုအကဲခတ် နေသလိုမို့ ကျွန်မမျက်နှာနွေးကနဲဖြစ်သွားပါတယ်။ ချက်ချင်းမျက်နှာလွှဲလိုက်ရင်းက ဟင့်အင်း မမေးပါစေနဲ့ဘာမှမမေးပါစေနဲ့ စိတ်ထဲကနေဆုတောင်းနေမိပေမယ့် ဆုတောင်းမပြည့်ဘူးလေ..။ “မျှော်နေတာလားအစ်မ” ကဲမေးပြီ ဘယ်လိုဖြေမှာလဲမိကြာညို ညည်းဘယ်လိုဖြေမှာလဲ အမှန်အတိုင်းမလိမ်မညာဖြေမှာလား လိမ်မှာလား..။ ကုတင်ပေါ်မှာစာတွက်နေရင်းမို့ ကျွန်မစာကိုစိတ်ဝင်စားနေသယောင်ပြုရင်းစဉ်းစားနေမိတယ်..။ ကဲဟယ်ဖြေလိုက်မယ်..။ “မမျှော်ပါဘူး ပုမရယ်” ကျွန်မလိမ်လိုက်ပါပြီ သူနဲ့ပတ်သက်လာရင် အမြဲလိမ်ညာနေမိခဲ့တယ် အရင်ကလည်းလိမ်ခဲ့တယ် အခုလည်းလိမ်မိတယ် နောင်လည်း ကျွန်မလိမ်ရဦးမှာပါပဲလေ။ ချစ်စရာကောင်းတဲ့အခန်းဖော် ကျွန်မတို့အခေါ်ပုမတဖြစ်လဲ ယဉ်မင်း ကလည်းအလိုက်တသိနဲ့ပဲဘာမှဆက်မမေးတော့ပဲ စာကိုပဲဆက်ကျက်နေပါတယ်။ ကျွန်မတို့နှစ်ဝက်စာမေးပွဲနီးပြီမို့ကျောင်း  တပါတ်လောက်မသွားကြပဲ အဆောင်မှာပဲစာကြည့်နေကြတာပါ။ သူရောစာတွေတော်တော်ကြည့်ပြီးနေပြီလားမသိ ဪငါ့နှယ်ပြောနေရင်းကိုစိတ်ကသူ့ဆီရောက်သွားပြန်တယ်။ ခက်ပါလားနော်။ “အစ်မ ဘယ်သွားမလို့တုန်း” စာအုပ်တွေသိမ်းနေတဲ့ကျွန်မကိုအံ့ဩသလို ကြည့်ရင်းမေးလိုက်တဲ့ပုမကိုဘာမှမပြောပဲပြုံးပြပြီး “ပုမစာကျက်စရာရှိတာကျက်ပါ ကျုပ်ဘာသာဘယ်သွားသွားပေါ့” “အံမယ် […]


ရွှေ ကြည်May 4, 20131min178860
  နွေရာသီမွန်းတည့်နေက ကျဲကျဲတောက်ပူလောင်လွန်းလှပါလား။ ကတ္တရာကားလမ်းပေါ်မှာ တံလျှပ်တွေတောင်ထလို့။ ခေါင်းပေါ်က ခေါင်းခုနဲ့ ဆံပင်ကြားမှာ ချွေးတွေဆိုတာ ရေလောင်းထားသလို စိုစိစိဖြစ်နေတာကို ကိုယ့်ဘာသာခံစားမိနေတယ်။ ခေါင်းခုပေါ်မှာတော့ တံမြက်စည်းတွေကိုစုစည်းပြီးရွက်ထားရတယ်လေ။ သားကလည်းကျုပ်လက်တဖက်ကိုတွဲထားရင်း ဟိုငေး၊ ဒီငေးနဲ့ ဒရွတ်ဆွဲလိုက်ပါလာခဲ့ပါတယ်။ တော်ပါသေးရဲ့ အောင်လံမြို့ဘက်အထွက်တဲ့ပြည်မြို့အစွန်ဘက်လမ်းမှာ လမ်းဘေးဝဲရာ မယ်ဇလီပင်တွေနဲ့မို့အရိပ်နည်းနည်းတော့ရနေသေးလို့။ အရိပ်ကိုခိုလျှောက်ရင်း အောင်ချမ်းသာရပ်ကွက်လူနေအိမ်တွေနားရောက်အောင်ခပ်သွက်သွက်လျှောက်နေမိတယ်။ ပြည်နည်းပညာကောလိပ်လို့ ရေးထားတဲ့ကျောင်းကိုကျော်ပြီး သစ်တောဝန်းတွေကိုရောက်လာပြီမို့ ကျောင်းသူအဆောင်တွေ လူနေအိမ်တွေနဲ့နီးလာပါပြီ။ လှမ်းတောင် မြင်နေရပြီလေ။ ပူလောင်လွန်းတဲ့နေကြောင့်လမ်းပေါ်မှာလူသူရှင်းနေတာကိုသတိထားမိတယ်။ ကျုပ်တို့သားအမိကတော့နေပူကြောက်နေလို့မရပါဘူး စီးကျလာတဲ့ချွေးကို လက်ခုံနဲ့သုတ်ရင်း သားကိုငုံ့ကြည့်လိုက်မိတယ်။ သားကပြန်မော့ကြည့်ရင်း ဗိုက်ဆာတယ်မေမေလို့ပြောလာတယ်။ ဟုတ်ပ ဗိုက်ထဲက တကျုတ်ကျုတ်မြည်နေတာကြာပေါ့။ စားရမယ်သားရဲ့ ခနလေးစောင့်နော် လို့ပြောသာပြောလိုက်ရတာ ပိုက်ဆံကအကြွေလေး ၅ဝ တန်နှစ်ရွက်ပဲပါတယ်။ ခြေစောင့်လက်စောင့်လေးထားရတာ။ သက်ပြင်းမောကိုမသိမသာမှုတ်ထုတ်ရင်း တံမြက်စည်းတစ်ချောင်းလောက်တော့ရောင်းရပါစေလို့ စိတ်ထဲကနေဆုတောင်းနေမိတယ်။ သစ်တောဝန်းကျော်တော့ ကားလမ်းဘေးကနေ အောက်ဖက်လမ်းကလေးကိုဆင်းလျှောက်လာခဲ့တယ်။ ဟော […]


ရွှေ ကြည်April 11, 20131min65327
မှုန်မှိုင်းနေတဲ့စိတ်က အိမ်လွမ်းနာကျနေတယ် မရွာပဲမှိုင်းညို့နေတဲ့မိုးက ငိုချင်တာကိုချုပ်တည်းထားရသလို အလို ငါရောက်နေတာဘယ်နေရာလဲ မိုးတွေပဲရွာတတ်တဲ့ကျွန်း သိပ်မွန်းကျပ်တယ်။ ဧပရယ် ပိတောက် သင်္ကြန်ရောက်ပြီ အဝေးကသင်္ကြန် ပျော်စရာတွေဖန်ထားလည်း လစ်ဟာဆဲကွက်လပ်နဲ့ မပြည့်ဝခဲ့တဲ့ပျော်ရွှင်မှု ဒါကအတုလေ။ ဒီအချိန် ဒီအခါ အမိမြေမှာသာဆို ဘယ်နေရာမှာဖြစ်ဖြစ် တေးသံသာတွေပျံ့လွင့် နှစ်သစ်ကူးခံစားချက်စစ်စစ်နဲ့ ပိတောက်တစ်ခက်တော့ ငါ့ခေါင်းထက်ရောက်ရမှာပေါ့..။   ကျေးဇူးအထူးတင်ပါတယ်ရှင့်။  


ရွှေ ကြည်April 6, 20131min115538
ရွာသူားများ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ မကြာခင်မှာလည်းနှစ်သစ်ကူးတော့မယ်မို့ စိတ်ရောလူပါ ရွှင်လန်းစွာနဲ့ နှစ်သစ်ကူးပွဲတော်ကိုနွှဲပျော်နိုင်ကြပါစေ။ ကျန်းမာ လန်းဖြာ ကြပါစေ။ ဘေးအန္တရာယ်တွေလည်း ကင်းရှင်းလို့ စိတ်သွားတိုင်းကိုယ်ပါ ကောင်းမှုတွေပါပွားများနိုင်ကြပါစေ။ ရွာလူကြီးသူမများကိုလည်း ဦးတင်ကန်တော့လိုက်ပါတယ် (မုန့်ဖိုးပေးကြပါ ) မိရွှေကြည်မှားမိတာများရှိရင်လည်းတောင်းပန်ပါတယ် ရှင့်..။ ရွှေကြည် အကြောင်းအမျိုးမျိုးကြောင့် ရွာကိုမရောက်ဖြစ်တာကြာပေါ့..။ အခုတော့လွမ်းလို့ရွာလည်လိုက်တဲ့အခါ မျက်စိပါလည်ပါလေရောရှင်..။ နာမည်တွေ နာမည်တွေ အဲဒါတွေဘူတွေလည်းဟင် စိတ်ထဲမှာ ရွာသူားအသစ်တွေထင်လိုက်တာ မန့်တွေကြည့်လိုက်တော့ ထောင်ကျော်တွေ့တော့မှ လူဟောင်းတွေမှန်းသိတော့တယ် 😆 အဲဒါဘူတွေတုန်းဟင်င်င် င် ?????????  :harr: (ရွာရောက်တုန်း ပို့စ်တင်ချင်တာ ဘာရေးရမှန်းကလည်းမသိ အဲဒိတော့ ရေးချင်တာရေးမိပါသည် ခွင့်လွှတ်ကြပါ ရွာသူားတို့ရှင့်)   ကျေးဇူးအထူးတင်ပါတယ်ရှင့်။


ရွှေ ကြည်March 2, 20131min80122
ပြောရဦးမယ် အရပ်ကတို့ရေ မိရွှေကြည်ကိုယ့်ကိုယ်ကိုစိတ်တိုမိနေလို့ နယူးရီးယားညမှာအိပ်မက်ဆိုးနဲ့ အိပ်ကောင်းခြင်းမအိပ်ခဲ့ရပါဘူး။ မနေနိုင်လို့ ရွာသူားတွေကိုပဲရင်ဖွင့်ရတော့မှာပဲ။ ဒီလိုပါ ရွှေကြည်တို့ အလုပ်ရှင်ဘော့စ်က နယူးရီးယားနေ့လည်စာလိုက်ကျွေးမယ်ဆိုပြီး သူ့ကားနဲ့ များလှစွာသောဝန်ထမ်း သုံးယောက်ကိုတင်ဆောင်မောင်းနှင်လာပါတယ်။ ဆိုဒ် အင်ဂျင်နီယာ အိန္ဒိယလူမျိုး ကတော့ ဆိုဒ်ကနေသူ့စီးတော်ယာဉ် ဆိုင်ကယ်နဲ့လာမှာမို့ စင်းတရုတ် သုံးယောက်နဲ့ ( ဘော့စ်အပါအဝင်) ရွှေကြည်ကားစီးလာပါတယ်။ မိုးတွေလည်းရွာလိုက်တာသည်းလို့။ ရုံး ကအထွက် လမ်းကွေ့တခုအရောက်မှာ မိုးရေထဲမှာ လမ်းဘေး ဆိုက်ဝေါ့ ပေါ်မှာလူတယောက်ထိုင်နေပါတယ် ခေါင်းခန်းက ဘော့စ်နဲ့ မာကက်တင်းတို့ ကပြူးပြဲကြည့်တော့ ဘာဖြစ်လဲဆိုပြီး လှမ်းကြည့်လိုက်ပါတယ်။ လား လား သူ့ခေါင်းမှာသွေးတွေနဲ့ ထိုင်နေတာရှင့်။ ကားကိုဖြည်းဖြည်းမောင်းရင် ဘော့စ်တို့ကကြည့်နေတော့ သူကလည်းအားကိုးတကြီးပြန်ကြည့်နေပါတယ်။ အဲဒိအချိန်မှာ ရွှေကြည်ထင်တာလည်း သူတို့တခုခုလုပ်ပေးတော့မယ် ထင်တာ ဆက်မောင်းသွားပါတယ်။ ကားတိုက်ခံရတာလား ချော်လဲပြီးခေါင်းထိသွားသလားတော့မသိပါဘူး။ မူးလို့ ထိုင်နေပုံရပါတယ် […]


ရွှေ ကြည်February 17, 20131min97444
အားလုံးပဲ မင်္ဂလာပါရှင့် ကောင်းမွန် သာယာသောနေ့လေးဖြစ်ပါစေ လိုတိုရှင်းပဲပြောမယ်နော် ဒီကနေ့ဟာဆိုရင်ဖြင့် ရွာကမျက်နှာများပြီး ချစ်စရာခင်စရာကောင်းလှပါသော ပို့စ်များစွာရဲ့ လမ်းကြောင်းကိုညွှန်ပေးလေသော ယနေ့ပို့စ်ရဲ့ဖန်တီးရှင် (မိတ်ကပ်ဖန်တီးရှင် မဟုတ်ပါ ) အပြင်မှာတေမိ လိုင်းမှာဆိုလေပိသေနိုင်လောက်တဲ့ ချစ်လှစွာသောမောင်ငယ်လေး မောင်ရာဘာတုန်း (ခ) အံစရာတုန်း (ခ) ခြောက်မျက်နှာ (ခ) အံစာသိင်္ခသူရ (ခ) မဟာဘာဂျာ (ခ) မဟာရာဇာအံစာတုန်းရဲ့မွေးနေဲ့ရက်မြတ်မင်္ဂလာလေးဖြစ်ပါကြောင်း..။ ရွာသူားများကို ပို့စ်များရှာဖွေရလွယ်ကူစေတဲ့ငါ့မောင် တယောက် အစစအရာရာလွယ်ကူပါစေကြောင်းဆုမွန်တောင်းလိုက်ရပါတယ်။ ကျေးဇူးအထူးတင်ပါတယ်ရှင့် ..။


ရွှေ ကြည်February 13, 20135min57122
ဘာမှမရှိညစ်ညစ်ပတ်ပတ်ကမ်းနားမှာ အုန်းရေမှာသောပြီးပြန်လာခဲ့ပါတယ် နောက်တနေရာသွားကာနီး အပြန်လက်မှတ်ဝင်ပြီးကွန်ဖန်းလုပ်တဲ့အခါ ဘုတ်အားလုံးပြည့်နေပြီတဲ့ ၄ နာရီခွဲ ပဲရတော့မယ်ဆိုတော့ ရောက်တာက ၁ နာရီ စားသောက်တာနဲ့သွားဖို့ပြင်တာနဲ့ဆိုတော့ နေ့လည်နှစ်နာရီကထွက်လာတာဆိုတော့ အခုပဲ နေ့လည် ၃ နာရီဖြစ်နေပြီမို့ နောက်တနေရာမသွားပဲကားသမားတွေကိုပြန်ခိုင်းပြီး ဖယ်ရီတာမီနယ်မှာပဲအချိန်ဖြုန်းရင်းဈေးဝယ်ဖြစ်ပါတယ် ကားသမားတွေဆီက ပိုက်ဆံ ၂ဝ ပြန်အမ်းပေးပါတယ်။ ရွာသူားတွေအတွက်လက်ဆောင်တွေကို အဲဒိဖယ်ရီတာမီနယ်ကပဲဝယ်ခဲ့တာပေါ့ ကြိုက်ရာရွေး ယူကြပါလော့……   အားလုံးကိုကျေးဇူးအထူးတင်တယ်ရှင့်။        


ရွှေ ကြည်February 13, 20134min77632
ဟုတ်ကဲ့ အားလုံးပဲမင်္ဂလာပါနော။ မိရွှေကြည်တယောက်ဒီတရုတ်နှစ်ကူးမှာ မြန်မာပြည်လည်းမပြန်ရ၊ မလေးသွားလည်ဖို့လည်းဗီဇာကမမှီတော့ ပိတ်ရက်ကလည်းရက်ရှည်ဆိုတော့ တော်တော်လေးစိတ်ကသိကအောက်ဖြစ်နေတာပေါ့။ အဲဒီအချိန်မှာသူငယ်ချင်းက တနင်္ဂနွေနေ့ Sentosa လိုက်ပို့မယ် တနင်္လာ အင်ဒိုနီးရှားကနယ်စပ်ကျွန်း Batam ကိုသွားကြမယ်တဲ့။ ဘာပြောကောင်းမလဲစလုံးမြေကလွတ်ချင်နေတဲ့ မိရွှေကြည်တယောက် ကောက်ကောက်ပါအောင်လိုက်တော့တာပေါ့။ အတူသွားမယ့်အစ်ကလည်း တခြားနိုင်ငံခရီးအတွေ့အကြုံတော့ရှိတယ်။ အဲဒိကျွန်းဘက်တော့မရောက်ဘူးသေးဘူးတဲ့ သူလည်းစိတ် ဝင်စားတယ်ပေါ့ အခြေအနေအရ နေ့ချင်းပြန်စီစဉ်လိုက်တယ် အွန်လိုင်းကနေဒေတာရှာပြီးသွားကြပါလေရော။ အခုကစပြီး ဓါတ်ပုံလေးများနဲ့ရှင်းပြပါ့မယ် ဖြစ်ပုံကဒီလိုပါတဲ့ရှင်……။   အထက်ပါပုံကတော့ Vivo City က ဆိုက်ရောက်ဂိတ်ပါပဲ ဘုတ်ထွက်ချိန်စောင့်ရင်းရိုက်ထားတာပါ။ ဘုတ်လက်မှတ်ကို အဲဒိစင်တာမှာပဲဝယ် ငွေကိုလည်း အဲဒိမှာပဲလဲလို့ရပါတယ် စင်းတစ်ဒေါ်လာကို ရူပီး ၇၅၅ဝ ပါတဲ့။ သိ်န်းသုံးဆယ်လောက်ပိုက်ပြီး အင်ဒိုနီးရှား batam ကို ခြေဆန့်ပါတော့မယ်ပေါ့။ ဘုတ်အချိန်က မနက် ၈ နာရီလောက်တန်းစီပေမယ့် ၁ဝ နာရီ […]