ကိုယ်ချင်းစာ နာတတ်ခဲ့ပြီ
မိရွှေကြည်အကြီးကြီးကိုယ်ချင်းစာတတ်ခဲ့ပါပြီ တကယ်ကြီးပါ အဟုတ်ကြီးပါ…။
ဒီလိုပါ ပြီးခဲ့တဲ့အားလပ်ရက်လေးမှာ မိရွှေကြည်တယောက်
မြို့ ပတ်ပြီးပြုစရာရှိသည့်ကိစ္စအဝဝကိုအပြီးတိုင်ပြုလုပ်မည်ဟု စိတ်ဒုံးဒုံးချပြီးသကာလ
လက်ရှိငှားရမ်းနေထိုင်ရာ ဘူတာရုံလမ်းတိုက်ခန်းစုတ်စုတ်လေးမှထွက်ခွာလာခဲ့ပါတယ်။
လိုင်းကားစီးခြင်းဆိုတဲ့ အရာကမိရွှေကြည်နဲ့တော်တော်လေးကင်းကွာနေခဲ့တာကြာခဲ့ပါပြီ..။
လိုင်းကားကို ၃ လလောက်ကြာမှသာတခါဝေးဝေးလံလံစီးဖြစ်ပါတယ်။
ပုံမှန်ကတော့ လှည်းတန်းလောက်တော့စီးဖြစ်ပါရဲ့ ဘာကြောင့်လဲဆိုတော့ကာ မိရွှေကြည်အလုပ်လုပ်တဲ့ရုံးတည်ရှိရာက
စံမြန်းရာ တိုက်ခန်းနဲ့ မနီးမဝေးမှာတည်ရှိတာကြောင့်တကြောင်း
လိုင်းကားစီးမယ်ဆိုရင် နီးရက်နဲ့ဝေး နှစ်ဆင့်စီးနေရတာကြောင့်တကြောင်း
အလုပ်သွားဆိုက္ကားနဲ့သွားပြီ အပြန်လုပ်ဖော်ကိုင်ဖက်တွေနဲ့လမ်းလျှောက်ပြန်ပါတယ်..။
ဒီတော့က လိုင်းကားဆိုတာမစီးဖြစ်သလောက်ပါပဲ..။
ဒါပေမယ့် ပြီးခဲ့တဲ့ လတွေထဲမှာ အလုပ်ရောက်တိုင်းကားစီးရတဲ့ဒုက္ခကို သူများတွေမှတဆင့်နေ့စဉ်လိုကြားသိနေရပါတယ်..။
ဪ အဲလိုလား ဟုတ်ပနော် စိတ်ညစ်စရာ ဒီလိုစကားတွေနဲ့သူတို့ကို သနားသလို စာနာသလိုပြောခဲ့ပါတယ်..။
တကယ်လည်းစာနာမိပါတယ်..။ အခု ကိုယ်တွေ့ ကြုံရတော့ စိတ်နာပါတယ်ရှင့်..။
ဘူတာရုံလမ်းကနေကားစီးလာလိုက်တာ ဆင်ရေတွင်းမှတ်တိုင် အထွက်ကစပြီး တစ်ပေလောက်လိမ့်လိုက်ရပ်လိုက်လုပ်လာတဲ့
စီးတော်ယာဉ် လိုင်းကားဟာ လှည်းတန်းပွိုင့် မှာ နာရီဝက်လောက်မိပြန်ပါသတဲ့ ကဲ ဒုက္ခ ထိုင်ခုံကမရ လူကြားမှာမတ်တတ်ရပ်ရင်း
ချွေးတွေပြန်လာပါတယ် ပူလောင်လိုက်တာလဲလွန်ပါရော..။
ဒီကြားထဲ ကားပေါ်ကလူအမျိုးမျိုးစိတ်အထွေထွေတွေရဲ့ ကြားမှာနားဒုက္ခကလည်းခံရသေး..။
လှည်းတန်းကနေလွတ်လာပါပြီ ဟူးခနဲ သက်ပြင်းမှုတ်ပြီးလေဝဝရှူမိရုံရှိသေး နာနတ်တော ပွိုင့်တဲ့တော်..။ မိပြန်ပဟ..။
မိနစ်ပိုင်းလောက်စောင့်ပြီးတဲ့အခါ ရှေ့ ခရီးမှာ မြေနီကုန်းမီးပွိုင့်မိပြန်ပါရော..။ ဪ ရှိစေတော့ ကိုယ်မှမတတ်နိုင်တာ..။
လူကတော့မြော့မြော့ ပဲကျန်ပါတော့တယ်..။ အနံ့တွေကလည်းစုံနေရော သေချင်စော်နံတယ်ဆိုတာဘယ်လိုပါလိမ့်..။
ကိုယ့်ကိုယ်ကိုပြန်နမ်းကြည့်ရင်အဲဒီအနံ့များထွက်နေလေမလားပဲ..။
မြေနီကုန်းအရောက်မှာထိုင်ခုံရပါပြီ တော်သေး၏။ နည်းနည်းတော့ သက်သာသွားပါတယ်..။
ထိုမြေနီကုန်းမှာ ဒဂုန်စင်တာရှေ့ နားကနေတရွေ့ ရွေ့ လူတင်းရင်းခရီးနှင်လာတဲ့ ကားဟာအဲဒီလမ်းထိပ်က လမ်းကွေ့ မှာ ထပ်လို့ကြာပြန်ပါတယ်..။
တော်တော်ကိုကြာပါတယ် နောက်ကားတွေကလည်းအော်ဆဲ ကိုယ့်စီးလာတဲ့ကားက ယာဉ်နောက်လိုက်ကလည်းတခြားကားကိုဆဲ..။
အောင်မလေး ဂါထာရွတ်နေလိုက်ကြတာ အန္တရာယ်ကင်းအောင်နဲ့တူပါရဲ့ ။
မိရွှေကြည်ဖြစ်နိုင်ရင် လမ်းသာဆင်းလျှောက်လိုက်ချင်တော့တယ် ပြေးလိုက်ရင်ပိုမြန်မလားပဲ ကားကလည်းလူတွေမှကျပ်ပိတ်သိပ်လို့..။
မှတ်တိုင်ရောက်လို့ဆင်းမယ်လုပ်တော့ အတင်းကိုတိုးထွက်ရပါတယ် ကားသမားကလည်းမြန်မြန်လေးတဲ့လေ။
ဆံပင်တွေလည်းဖရိုဖရဲ ချွေးသံတရွှဲရွှဲနဲ့ ကားအောက်ရောက်သွားပါတယ်။ တွန်းမချတာတော်သေး..။
အရင်က မိနစ်နှစ်ဆယ် နာရီဝက်အလွန်ဆုံးစီးရတဲ့ ခရီးကို တစ်နာရီသာသာလောက်စီးပြီးကားအောက်အရောက် မိရွှေကြည်တယောက်
လေကိုအားပါးတရရှုရှိုက်လိုက်ပြီး သက်ပြင်းမောတခုကိုမှုတ်ထုတ်လိုက်မိပါတယ်..။
ကဗျာကရာ လွယ်ထားတဲ့အိတ်ထဲကပိုက်ဆံအိတ်ကလေးစမ်းကြည့်ရသေးတယ် ဒါလေးကရှိစုမဲ့စုလေး..။
ရှိသေးတယ် တော်ပါသေးရဲ့ ။
ဘုရားရေ ငါကဒါတနေ့တာပဲရှိပါသေးကလား သူများတွေနေ့စဉ် ဒီလမ်းကြောသွားရင် ဒီဒုက္ခခံရမှာပါလားဆိုတာတွေးမိတော့
ကိုယ်ချင်းစာနာတတ်ခဲ့ပါပြီ။ တကယ်ကြီးကို စာနာတတ်ခဲ့ပါပြီ..။
လိုင်းကားစီးပြီးသွားလာနေကြကုန်သော ပြည်သူားအပေါင်းတို့ ဒီဒုက္ခကမြန်မြန်လွတ်နိုင်ကြပါစေ..။
တတ်နိုင်သမျှအမြန်ဆုံးပေါ့။
အကြီးကြီးကိုယ်ချင်းစာ နာတတ်သွားတဲ့
မိရွှေကြည်
(ကျေးဇူးအထူးတင်ပါတယ်ရှင့်)
49 comments
surmi
October 8, 2012 at 12:27 pm
စီးတာတောင် ဒီလောက်ဆိုးနေရင် ………?
ဒါနဲ ့ ဘူတာရုံလမ်းရေကြီးတုန်းက ဘယ်များရောက်နေပါလိမ် ့
ကျုပ်တို ့ ပိတ်မိနေတာ တစ်နာရီခွဲလောက်ကြာတယ်
မောင်ပေ
October 8, 2012 at 12:34 pm
ကြည်လေးရယ်
ကိုပေ ကျောက်အောင်တဲ့အခါကြရင်
ကြည်လေးအခုလိုမျိုး လုံးဝ လုံးဝ ထပ်မဖြစ်ရလေအောင်.. ဟယ်လီကော်ပတာ တစ်စီး ဝယ်ပေးမှာပါကွယ်
ဟီဟိ
P chogyi
October 8, 2012 at 12:45 pm
ဟယ်လီကော်ပတာ ဆင်းစရာနေရာမရှိလို့
အောက်ဆင်းလို့ မရ
ဒုတ်ခတွေ့အောင် လုပ်မလို့ပေါ့။
ကိုခင်ခ
October 8, 2012 at 1:11 pm
အင်း ဖတ်ရတာနဲ့တင် ရင်မောမိပ မလွယ်ပါလား မရွှေကြည်ရေ။
နောက်ဆို ဘတ်စ်ကားမှတ်တိုင်မှာ တစ်ခါသုံးအောက်စီဂျင်ဘူးတွေတောင်
ထုတ်လုပ်ရောင်းလာကြအုံးမလားဘဲနော်။
etone
October 8, 2012 at 1:22 pm
မရွှေကြည်ရေ … နေသားမကျတဲ့ ဘဝကို ခဏရောက်သွားခဲ့ပေမယ့် … နေ့စဉ် အဲ့လိုသွားကြည့်လျှင် အနံ ့ယဉ်ပါးသွားမယ် ထင်တယ်နော် .. တလလောက် ဆက်တိုက် ကား စီးလိုက် … အဟိ …. ။ :harr:
နောက်တာပါ …… ညီမလည်း ဒီလတွေအတွင်း …. လူတောမတိုးတဲ့ ရောဂါတမျိုး စွဲကပ်နေတယ် ။ ချွေးအနံ ့ပြင်းပြင်း ၊ ချဉ်ဖတ်နံ ့လို အောက်သိုးသိုးအနံ ့တွေရလျှင် .. ချက်ချင်းပဲ ဟန်မဆောင်နိုင်အောင် ခေါင်းမူးပြီး ၊ အန်ချင်လာတာ … ။ ချွေးတစီးစီးနဲ့ ပူးကပ်ကပ် ပွတ်တိုက်သွားလျှင်တောင် …. ရွံသလိုလို၊ အီလည်လည် ဖြစ်နေတဲ့ဖီလင်ကြီး ။ ဒါကြောင့် အဝေးကြီးသွားရမယ်ဆို … လိုင်းကား မစီးတော့ပဲ ကား ငှားသွားတယ် … ။ လူစုလူဝေးနဲ့တိုးကြိတ်နေတဲ့ ပရိုမိုးရှင်းပွဲတွေ ကိုလည်း ရှောင်တယ် ။
မှောင်ကြီး
October 9, 2012 at 3:15 pm
အပျိုကြီးရောဂါ …. း)
mamanoyar
October 8, 2012 at 1:35 pm
နိုရာတို့ကတော့ မြို့သေးသေးလေးမှာရောက်နေတော့ လိုင်းကားစီးရတဲ့
ဒုက္ခကနေတော့ လွတ်တယ်
ရွှေ ကြည်
October 8, 2012 at 1:58 pm
ကိုရင်ဆာမိ ဘယ်တုန်းကရေကြီးတာလဲ သိတောင်မသိ ကမာရွတ်ဘူတာရုံလမ်းနော် သမိုင်းမဟုတ်ဘူး..။
တစ်နာရီခွဲတောင် အောင်မလေးမလွယ်ပါလား..သနားထှာနော်။
ကိုပေ ကျောက်ကဘယ်တော့အောင်မှာလဲဟင်..။
ကိုပီချိုကြီးပြောသလိုဆင်းစရာနေရာမရှိရင်ဒွတ်ခ..။
လေးခင်ခရေ တွေးတာတော်လိုက်တာ အဲလိုဆိုကောင်းမယ်နော်..။
မောရတာကတော့ ပြောမနေပါနဲ့တော့ အိမ်ကကိစ္စတွေမို့သာလိုက်လုပ်ပေးတာ ကိုယ့်ဘာသာဆိုဘယ်မှကိုမသွားဘူး စိတ်ရှုပ်လို့။
အုံတိရေ အစ်မလည်းအုံတိလိုပါပဲ အီလည်လည်မူးနောက်နောက်ကြီးဖြစ်လာတာ..။
ဒါပေသိ ကားငှားပြီးတော့သာသွားရရင်မရွှေကြည် နောက်လဝက်ကိုရေသောက်ဗိုက်မှောက်နေရကိန်း..။
😆
မမနိုရာရေ ကံကောင်းပေစွ အေးချမ်းမှာပဲနော် လေကောင်းလေသန့်လည်းရမယ်ထင်တယ်..။
Khaing Khaing
October 8, 2012 at 2:19 pm
ကိုယ်ချင်းစာနာတတ်ခဲ့ပြီလေ … ကိုယ်ချင်းစာနာတတ်ခဲ့ပြီလေ ….. (စိုးလွင်လွင် သီချင်း)
သောကြာနေ့က လိုင်းကားစီးတာ ကိုယ်ကအရှေ့ဆုံးရောက်နေပါပီ အရှေ့မှာ Driver ခုံပဲရှိတော့တယ် … အဲဒါကို လူတွေထပ်တက်လောတော့ … အမရေ အရှေ့လေးရောက်အောင်တိုးပေးပါ … ကားမှတ်တိုင်ကျ ရင် ကားရပ်ပေးပါ့မယ်တဲ့လေ …. အရှေ့ထပ်တိုးစရာဆိုလို့ အရှေ့မှာ တံခါးလှေခါးပဲကျန်တော့တယ် .. ကိုယ်လည်း မိန်းကလေးဖြစ်ပြီး တံခါးပေါက်လှေကားမှာ မစီးချင်လို့ မသိချင်ယောင်ဆောင်နေလိုက်တယ် … ကားမှတ်တိုင်မှာ ရပ်ပေးမယ်ဆိုတာ သူပြောစရာလား .. မရပ်ကြည့်ပါလား … (၂)လောက် လိုင်စင်အပိတ်ခံ ရအောင် တိုင်ပလိုက်မယ် …
ရွှေ ကြည်
October 8, 2012 at 7:01 pm
မခိုင်ခိုင် နေကောင်းလား ဂရုစိုက်ပါနော် 😆
စိုးလွင်လွင်ရဲ့ အဲဒိသီချင်းကိုရွှေကြည်သိပ်ကြိုက်တာ
မခိုင်ပြောသလိုပါပဲ သူတို့ကမှတ်တိုင်ရောက်ရင်ရပ်ပေးမယ်ဆိုတော့ကာ မရပ်ဘဲများမောင်းချင်သလားမသိ။
မရပ်ပေးရင်တိုင်ပစ်သိလား..။
Khaing Khaing
October 9, 2012 at 11:15 am
ညမလေး ရွှေကြည်ရေ … အခုလို ဂရုစိုက်ပေးတာ ကျေးဇူးပါပဲ …
အမက ဘယ်နေရာမဆို စပ်စပ်ထိမခံလေ … တစ်ခါ ပါရမီအစိမ်းပေါ်မှာ လိုက်တဲ့စပါယ်ယာက အမပိုက်ဆံပေးထားတာကို မပေးရသေးဘူးပြောပြီး ထပ်တောင်းတယ်လေ … အမကလည်း နော်ကထပ် (၂၀၀) ထပ်ပေးပြီး မြို့တော်ခန်းမရှေ့မှာ ဆင်းပလိုက်တယ် (၄၀၀) ပေးထားပေမယ့် အမလိုရာကိုမရောက်ခဲ့ဘူး … အမတိုင်လို့ သူ(၂)လောက် လိုင်းကားမလိုက်ရဘူး … အခုတော့ အသက်အရွယ်ကြောင့် အရင်ကစိတ်မျိုး (၃) ပုံ (၁) ပဲ ကျန်တော့တယ် ….
ကြောင်ဝတုတ်
October 8, 2012 at 2:19 pm
BUS အကြောင်းပြောရရင်တော့ ပြောမဆုံးပေါင်ပေါ့မရွှေကြည်ရာ…
ကျွန်တော်ဆို BUS စီးရမယ့်အစား စက်ဘီးစီးပြီး ရုံးတက်တာတောင် ပိုသက်သာသေးတယ်ဆိုပြီး ၁၂ကီလိုလောက်ကို နေ့တိုင်းစက်ဘီးစီးပြီးရုံးတက်လာတာ နှစ်နှစ်လောက်ရှိပြီ…
ဒါဆိုရင် ကျွန်တော်တို့ ကားလဲချောင်အောင်… စီးတဲ့လူတွေသက်သာအောင်… စည်းမဲ့ကမ်းမဲ့လိုင်းကားတွေနည်းလာအောင်…
ဘယ်လိုလုပ်ကြမလဲ…
အရင်ဆုံး လိုင်းကားတွေမှာကျင့်သုံးနေတဲ့ အုံနာ (Owner) စနစ်ကိုဖျက်ရပါ့မယ်…
အခု Bus ကားတစ်စီးရဲ့ တစ်နေ့အုံနာကြေး ၈၀၀၀ဝ ခန့်ရှိတယ်လို့ လေ့လာသိရှိရတဲ့အခါ…
Bus ကားတစ်စီးထောင်ထားရင်… တစ်လကို ၂၄သိန်းဝင်ငွေရှိသမို့ ကားရဲ့ပြင်ဆင်စရိတ်နှုတ်လိုက်ရင်တောင် အနဲဆုံး ၁၅သိန်းခန့် ဝင်ငွေရှိသမို့ ဝင်ငွေကောင်းသောအလုပ်တစ်ခုလို့ပြောနိုင်ပါတယ်…
အဲဒီတော့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် (၂)ဦးတို့က နေ့စဉ် အုံနာကြေးနဲ့ ဆီဖိုး တစ်သိန်းခန့်အရင်းအနှီးရှိပြီး… ရှာဖွေလို့ပိုသမျှကို သူတို့ (၃)ဦးလုပ်အားခအဖြစ် ခွဲယူကြပါတယ်…
အဲဒီမှာ အုံနာကြေးတစ်သိန်းနဲ့ သူတို့လုပ်အားခ မျိုးမျိုးမြတ်မြတ်ရဖို့ အလုအယက်ခရီးသည်တင်ရုံမက… မှတ်တိုင်မှာ ခရီးသည် စောင့်ခြင်း၊ ကားအချင်းချင်းပြိုင်မောင်းရင်း ခရီးသည်လုကြခြင်းစသော အမှုများကို ပြုနေကြရတာပါ…
အဲဒီတော့ ကားချောင်စေချင်တယ်… ယာဉ်စည်းကမ်းကို လိုက်နာစေချင်တယ်ဆိုရင် အဲဒီအုံနာကြေးပေးကားမောင်းတဲ့စနစ်ကို
ဖျက်ပစ်ရမှာပါ… ဘယ်လိုဖျက်မလဲ… အဖွဲ့အစည်းတစ်ခုခုကနေပြီးတော့ လိုင်းကားအားလုံးကို စနစ်တကျ စုစည်းငှားရမ်း ရပါမယ်… ပြီးတော့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ကို သတ်မှတ်ပုံသေလစာပေးမောင်းခိုင်းရပါ့မယ်…
အဲဒီအပြင် ဂိတ်တစ်ဂိတ်ချင်းစီကို ကားတစ်စီးစီ ၁၅မိနစ်ခြားစီထက် မစော (သို့တည်းမဟုတ်) နောက်မကျစေဘဲ အစီအစဉ်အတိုင်း ဝင်ခိုင်းရပါ့မယ်… ရှေ့ကားကို ကျော်တက်လာတာမျိုး၊ အချိန်အများကြီးနောက်ကျမှ ဝင်လာတာမျိုး
မဖြစ်အောင်လဲ စနစ်တကျစီမံရပါ့မယ်… ထိရောက်တဲ့ဒဏ်တပ်တာမျိုးတွေလုပ်ရပါ့မယ်…
အဓိက ကားကြပ်ရတဲ့အကြောင်းအရင်းတစ်ခုက…
(၁) ကားတစ်စီးနှင့်တစ်စီး အချိန်မှန်ခြားရောက်ရှိမှုမရှိခြင်း…
(၂) မှတ်တိုင်တွင် တစ်စီးနှင့်တစ်စီးအလုအယက် ခရီးသည်လုခြင်း…
အဲဒါတွေက အဓိကအကြောင်းအရင်းဖြစ်ပြီး…
သူတို့လုရတဲ့အကြောင်းအရင်းအမြစ်ကတော့ နေ့စဉ်ပေးဆောင်ရမယ့် အုံနာကြေး၊ ဆီဖိုးနဲ့ ထမ်းဆောင်သူ (၃)ဦး ရှာနိုင်ရင်
ရှာနိုင်သလောက်ငွေကြေးရရှိနေခြင်းပဲဖြစ်ပါတယ်…
ဒါတွေကို ပြင်ရပါ့မယ်… ဒါတွေကို ထိန်းသိမ်းဖို့ အဖွဲ့အစည်းတစ်ခုခု
ဥပမာ… မထသ လိုဟာမျိုးကနေ စည်းစနစ်ကျဖို့အစီအစဉ်များဆွဲပြီး… အရေးယူမှုတွေကို သေချာလုပ်ရပါ့မယ်…
ကျွန်တော်တို့နိုင်ငံမှာ Bus အစီးအရေအတွက်နဲ့ ခရီးသည်မကိုက်ညီလို့ ကားကြပ်တာထက် စနစ်ကမကျ… စည်းကမ်းကမရှိလို့ ကားကြပ်နေရတာ ပိုများနေတာမို့ စည်းစနစ်ကျပြီး စည်းကမ်းရှိသော မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ် တစ်ခုဖြစ်စေချင်သော စေတနာဖြင့် ဒီကော်မန့်ကို ရေးပါတယ်…
မရွှေကြည်ရေ…
အပေါ်က အကြောင်းအရာနဲ့သိပ်မဆိုင်ဘူးလို့ထင်ရပေမယ့် ကောင်းစေချင်လို့ပြောတဲ့စေတနာကို နားလည်မယ်ထင်မိပါကြောင်း…
ခင်မင်လျက်-
ကြောင်ဝတုတ်
surmi
October 8, 2012 at 2:39 pm
ကြောင်ဝကြီးရေ ့
တွက်ရေးတော ့စက်သူဌေးဘဲဟ
တွက်ကြည် ့မှစက်မရှိတာ
တစ်နေ ့ ၄၀၀၀ဝ ပေးမယ်ဆိုရင် မိတ်ဆွေတစ်ယောက်ဆီမှာ
လိုင်းကားသုံးစီးငှားဖို ့ရှိတယ် ။ မထင်နဲ ့နော် လိုင်းကားထောင်လို ့
စီးပွားဖြစ်တာ တစ်ရာမှာတစ်ယောက်ပဲရှိတာ ။မယုံမရှိနဲ ့ တကယ် ။
ဒုက္ခပေးတဲ ့နေရာမှာ လိုင်းကားတစ်စီးကို မယားငယ် ဆယ်ယောက်နဲ ့ညီသတဲ ့
:harr:
ကြောင်ဝတုတ်
October 8, 2012 at 4:21 pm
အစ်ကိုဆာမိရေ…
ကျွန်တော်က နေ့စဉ် Bus ကားတစ်စီး Running Cost ကို ကာမိဖို့အတွက် ကားမောင်းသူတွေနဲ့ ယာဉ်နောက်လိုက်တို့
နေ့စဉ်ရှာဖွေရတဲ့ငွေကြေးကို ထင်သာမြင်သာဖြစ်အောင်ပြောတာပါဗျာ…
အဲဒီတော့ ကားကို ပျက်ပျက်မပျက်ပျက်ဂရုမစိုက်ဘဲမောင်းမယ်…
စည်းကမ်းထက် ငွေကြေးနောက်လိုက်မယ်…
ခရီးသည်များအဆင်ပြေခြင်းထက် မိမိငွေရဖို့အဓိကထားမယ်ဆိုတဲ့ အဓိကတရားခံက Running Cost ပါ…
ကျွန်တော်က စီးပွားရေးအရတွက်ချက်ခြင်းမဟုတ်ဘဲ… Full Service Planing အရ တွက်ချက်ခြင်းဖြစ်လို့…
အစ်ကို အထင်လွဲသွားတယ်ထင်ပါ့…
ကျွန်တော်အရေးအသားလောသွားတဲ့အတွက် အဓိပ္ပာယ်တစ်မျိုးဖြစ်သွားရင်တောင်းပန်ပါတယ်ဗျာ…
ခင်မင်လျက်-
ကြောင်ဝတုတ်
surmi
October 8, 2012 at 10:13 pm
မလွဲပါဘူးကိုယ် ့ညီရယ် ….
မောင်ရင်ပြောတာ အားလုံးနီးပါး မှန်နေတာ ။ လက်တွေ့သာ လုပ်မရသေးတာ ။
ကိုယ်လည်း ကြုံရင်ကြုံသလို မထသ ကိုတို်င်နေကျပါ ။ ခက်တာက ကားသမားတွေဆိုတာ
အများစုက ပညာကလည်းနိမ် ့တော့ တွေးတွေးဆဆမရှိဘူး ။
ဒီကားသမားတွေအကြောင်း ပို ့စ်လေးရေးဖို့ စိတ်ကူးထားပါတယ် ။ ပျင်းပြီး ရေးလို့မရ
သေးဘူးဖြစ်နေတာ ။ တစ်နေ ့တော့ ….ရေးဖြစ်မယ်ထင်တာပဲ ။
အမှန်က ရေးနို်င်တဲ့သူတစ်ယောက်ယောက်ကိုပြောပြချင်မိတာ ။ ကိုယ်ကမရေးနိုင်လို့လေ ။
etone
October 8, 2012 at 2:56 pm
အဲ့လောက် စက်ဘီးစီးနေတာတောင် …. အသားသာ ပိုမဲလာတယ် .. ဝိတ်ကတော့ မကျ ..ဟိဟိ … 😆
အတည်ပြောမယ်ကွယ် ….. ကဖက်ကတ် အခုစာကို ပြည်သူ့အော်သံအနေနဲ့ … ပရင့်ထုတ်ပြီး မရွှေကြည်က … သတင်းစာတိုက်ကို သွားပို့သင့်တယ် …. ဟီး ။
ရွှေ ကြည်
October 8, 2012 at 3:26 pm
အိတုံရေ မလုပ်ပါနဲ့ကွယ် အေးရာအေးကြောင်းနေပါရစေ 😆
ရွှေ ကြည်
October 8, 2012 at 3:16 pm
ကိုဖက်တီးကက်ရေ စေတနာကိုအကြီးကြီးနားလည်ကြောင်း…။
ကိုဖက်တီးကက်ပြောသလိုပါပဲ အုံနာအကျိုးအမြတ်ကတော့ ထားပါတော့ (ကိုရင်ဆာမိကလည်းထောက်ပြထားတော့ကာ)
ကျန်တာတွေကိုထောက်ခံပါတယ်ဗျို့ ။
လှည်းတန်းမှာ အမြန်ဆုံးရှင်းရှင်းလင်းလင်းဖြစ်စေချင်တာပါပဲ(ကိုယ်ကြုံဖူးတာဒါပဲရှိတာကိုး) အင်းစိန်လမ်းမဘက်လှည်းတန်းမှတ်တိုင်မှာ
ကားစောင့်ရရင် စိတ်လေတယ် ကားတွေနောက်ကိုပြေးလိုက်နေကြသူတွေမြင်ရတာလည်းစိတ်မချမ်းသာ
ကားတွေကလည်းတန်းစီလို့
ကိုယ်စီးမဲ့ကားရှေ့ရောက်သွားရင်ရှေ့ပြေးကြ နောက်မှာရပ်ရင်နောက်ပြေးကြနဲ့
ခေါင်းတွေလည်းမူးပါ့ တခါတလေလှည်းတန်းကနေဘူတာရုံလမ်းကိုလမ်းပဲလျှောက်လိုက်တော့တယ်..။
ကိုပေါက်(မန္တလေး)
October 8, 2012 at 4:40 pm
ကိုကို၀ဝတုတ်တုတ်ရေ
စပယ်ယာနဲ့ ဒရိုင်ဘာကို ပုံသေလစာပေးလိုက်လို့ကတော့
သူတို့နှစ်ယောက်တိုက်ဆောင် အုံနာခွက်ပျောက်မှာကတော့သေချာတယ်
မယုံမရှိနဲနော်။
၀ဝတုတ်တုတ်လေးပိန်ချင်ရင် ကားထောင်လိုက်ကွယ်
တော်သေးတယ် မန်းလေးမှာဆိုင်ကယ်လေးနဲ့ပြေးလို့ရနေတော့ ဒီဘတ်စကား ဒုက္ခကင်းတယ် ။
ကင်းဆို နှစ်သုံးဆယ်လောက်ရှိပြီ
ရွှေ ကြည်
October 8, 2012 at 4:43 pm
လေးပေါက် ရန်ကုန်လာရင် ရွှေကြည်တို့လိုင်းကားအတူတိုးစီးရအောင် :harr:
Wow
October 8, 2012 at 2:23 pm
ကိုယ်ချင်းစာနာခဲ့ရပြီလေ… ပေါ့… :byae:
တို့ကတော့တော်သေးတာက ကားလမ်းပြောင်းပြန်လေ.. မနက်ဆိုလှည်းတန်းဘက်ကနေ ရဲဘော်ဟောင်း၊ ညနေဆိုပြန် …
လမ်းပြောင်းပြန်ဆိုတော့ ကားချောင်တဲ့အပြင် ထိုင်ခုံပါရသေးတယ်…
မနက်ပိုင်း အလုပ်အစမှာ အဲလိုအာရုံနောက်မှုတွေ အမြဲကြုံရတဲ့သူတွေကို ကိုယ်ချင်းစာပါတယ်… မလွယ်ဘူး…
လုံမလေး မွန်မွန်
October 8, 2012 at 2:44 pm
တော်သေးတာပေါ့ အစ်မရယ်..အဝိုင်းမှာ ထပ်မပိတ်လို့… မြေနီကုန်းဘက်က ပြန်ရင်တော့ အဝိုင်းမှာ အမြဲထပ်ပိတ်တယ်… အဲဒီလှည်းတန်းတံတားကြီး မြန်မြန်ပြီးမှပဲ.. သိပ်မကြာတော့ပါဘူး..2013 ဇွန်လလောက်ဆို ပြီးပါပြီ…
etone
October 8, 2012 at 3:31 pm
မွန်မွန်ရေ .. လှည်းတန်းတံတားဆောက်ထားတာကလည်း … အစ်မစိတ်ထင် ဒီလောက်ကြီး ကားကြပ်တာကို ဖြေရှင်းပေးနိုင်မယ် မထင်ဘူး . လှည်းတန်း တံတားဆောက်ထားတာ အဓိကကတော့ ပြည်လမ်းအတွက် ဦးစားပေးလို့ပဲမြင်တယ် … ။ VIP ကားတွေ ၊ လူကြီးလမ်းကြောင်းရှိတဲ့အခါ အမြဲတစေ ပြည်လမ်းပေါ်ကပဲ သွားပါတယ် .. ဒီတော့ … ကုန်ကျော်တံတားဆောက်လိုက်တော့ ပွိုင့်ကမဖြတ်ပဲ .. ပိုမြန်မြန်သွားလို့ရမယ် …. သူတို့အတွက် သူတို့ ရည်ရွယ်ဆောက်သလားတော့ မပြောတတ်ဘူး ။
ကားကြပ်တာ အဓိက ဖြစ်ရတာ … လိုင်းကား နံပါတ်အများဆုံး သွားတဲ့ အင်းစိန်လမ်းပေါ်နဲ့ ၊ လမ်းမပေါ်ကို လူတက်လျှောက်၊ ဈေးဗန်းတက်ခင်းတဲ့ လှည်းတန်းလမ်းပေါ်မှာပါပဲ ။ အဲ့ဒါကို သိသိကြီးနဲ့ ရွှေဉာဏ်တော်များ ကွန့်မြူးပြီး ဒစ်ဂျစ်တယ် မီးပွိုင့်တွေလုပ်တာတောင် ၊ ကောင်တာကို တသတ်မှတ်တည်း မပေးပဲ ရပ်ထားတာကလည်း ရှိသေးတယ် ။ ပြည်လမ်းဆိုလျှင် မီးပွိုင့်နှစ်ခါမိတယ်ဆိုတဲ့ ဖြစ်စဉ် အတော်လေး ရှားပါတယ် ။ လမ်းကြောင်းမရှိလျှင် ကောင်တာကို ပုံမှန်အတိုင်းလေး လွှတ်ထားလျှင်တောင် ဒီလောက် ကား မကြပ်ဘူး ။ တစ်ခါတစ်လေ …ကောင်တာက … 99 မှာပဲ ဖြစ်ဖြစ် … 00 မှာပဲဖြစ်ဖြစ် လုံးဝကို ရပ်နေတာ ။ (အဲ့ဒါကို ဓါတ်ပုံရိုက်ထားတာရှိတယ် 😛 ) လမ်းပိတ်တဲ့အကြောင်းက … ဘာဘာညာညာတွေဆိုတာထက် .. ရွှေဉာဏ်တော် စူးရောက်များ အကင်းမပါးတာနဲ့လည်း နည်းနည်းတော့ သက်ဆိုင်နေတယ် … ခွိခွိ ။ :kwi:
ရွှေ ကြည်
October 8, 2012 at 3:47 pm
အုံတိရေ ဒီတံတားကနေ သွားရင် ဒီနေရာကနေဟိုနေရာကိုလွယ်ကူစွာရောက်ပါတယ်ကွယ် :harr:
ကြောင်ဝတုတ်
October 8, 2012 at 4:27 pm
အိတုန်းညီမလေးရေ….
မီးပွိုင့်ဆိုတော့… Traffic Control အကြောင်းကို ပြောချင်သေးသကိုး…
အဲဒီမီးပွိုင့်တွေကို Centralize Control လုပ်သင့်နေပြီလို့ ပြောချင်ပါတယ်…ဟိ
နောက်ကြုံရင်ပြောကြတာပေါ့… အခုတော့ လစ်ပြီ…
ခင်မင်လျက်-
ကြောင်ဝတုတ်
လုံမလေး မွန်မွန်
October 9, 2012 at 3:37 pm
ဟုတ်ပါ့ အစ်မရေ…လှည်းတန်းဈေးရှေ့ မှတ်တိုင်နဲ့ စိန်ဂေဟာရှေ့တို့ မျက်နှာချင်းဆိုင် ဆုံကြလေသောအခါ အမြဲတမ်း ဘုရားတပြီး လမ်းလျှောက်ရပါတယ်..
ထပ်ပြီးတော့ ကြောက်စရာကောင်းလှသော မှော်ဘီကားတွေက စတန့်အလား အသားကုန်မောင်းတဲ့အခါ အသက်ကို ဖက်နဲ့ ထုပ်ထားရသလိုပါပဲ…
သမီးတို့ ပြောနေကျ စကားတစ်ခွန်းရှိတယ် အစ်မ…
“ဘဲဥရှင်းရင် လမ်းပိုပိတ်တယ်” လို့….
ရွှေ ကြည်
October 8, 2012 at 3:44 pm
Wow ရေ ဒါဆိုဒို့ညီအစ်မကံကောင်းနေသေးတယ်..။
မွန်မွန်ရေ ဒါဆိုအစ်မတော်သေးတာပေါ့နော..။ အဝိုင်းမှာသာထပ်ပိတ်ရင်…..။
လှည်းတန်းတံတားကတော့ 4 လစီမံကိန်းပါကွယ်
Shwe Ei
October 8, 2012 at 4:18 pm
ဒါက ဂလိုချိပါတယ် မရွှေကြည်၊ ရန်ကုန်မြို့ရဲ့လမ်းတွေဟာ အချိန်အခါမရွေးကားကျပ်နေတာ ကားဈေးတွေဒလဟောကျကထဲကလို့ထင်ပါတယ်။ ဂုန်းကျော်တံတားစီမံကိန်းတွေလဲဖစ်လာရော ပိုဆိုးတော့တာပါဘဲ။ လမ်းဘေးဈေးသည်တွေ ဈေးကောက်ပေးပီး စိတ်ကြိုက်နေရာယူခွင့်ရနေတာလဲ အတော်ကြာပါဘီ။ မိုးရွာတိုင်း ရေကြီး ၊ ရေကြီးတိုင်း လမ်းပျက်တော့ကာ သွားရေး လာရေးပိုခက်လာပြန်ပါတယ်။ အဲဒီမှာ အခြေနေအရ စည်းကမ်းမချိတဲ့ လူတွေလဲမှိုလိုပေါက်လာပါတယ်။
သဂျီးပေါသလို စနက်တံကြောင့်မဟုတ်လို့ မပေါပါဝူး။ စနက်တံကို မီးမရှို့တဲ့လူတွေကြောင့်ပါ :harr:
တော်သေးဘီ
ခင်တဲ့
ရွှေအိ
ရွှေ ကြည်
October 8, 2012 at 4:41 pm
ရွှေအိရေ အစ်မတို့ စနက်တံမီးရှို့ကြရအောင်
ရွှေအိပြောတာတွေလည်းမှန်ပါ့တော် ဒါတောင် လူတန်းစေ့ကားမစီးနိုင်/ကြ သေးလို့။
ကိုပေါက်(မန္တလေး)
October 8, 2012 at 4:51 pm
ကျနော်ဘတ်စ်ကားမစီးတတ်လို့ အင်းလျားကန်အနောက်ဘက်ခြမ်းကနေ ကျောက်ရေတွင်းမှတ်တို်င်အထိ
ခြေလျင်လျောက်ဘူးတယ် ဖိနပ်တွေတောင်ပေါက်လု့ိ
ရွှေ ကြည်
October 8, 2012 at 4:56 pm
ဖြစ်ရလေ လေးပေါက်ရယ် ဒီတခါ မိရွှေကြည်ကိုသာလှမ်းပြောလိုက် ကားတစီးလွှတ်ပေးမယ်
may flowers
October 8, 2012 at 6:10 pm
ကဲရွှေကြည်ရေ ထီသာထိုးတော့ မြေနီကုန်းမှတ်တိုင်မှာ နေရာရတယ်ဆိုတော့လေ..
အမ တော့…နေရာလိုချင်လို့ ဂိတ်စထိကားပါတ်စီးပြီး နေရာလိုက်ဦးတဲ့ နေ့ကလွဲရင် လိုင်းကားစီး
လာတဲ့ တစ်လျောက်နေရာတစ်ခါမှမရဖူးဘူး… :hee:
ရွှေ ကြည်
October 8, 2012 at 7:06 pm
မမေဖလားဝါးရေ အဲလိုလား ဒါဆိုထီထိုးဦးမှပါပဲတော်..။
အစ်မအဖြစ်ကလည်းမလွယ်ပါလား ဂိတ်စကသွားစီးမှနေရာရတယ်ဆိုတော့ကာ..စိတ်ညစ်စရာနော်။
အလင်းဆက်
October 8, 2012 at 7:13 pm
မမရွှေကြည်ရေ…
နေ့စဉ်…အဲင်္ဒီ ဒုက္ခတွေကို.ခံနေရတဲ ့ အလုပ်သမားတွေ..စာရင်းမှာ…
ကျွန်တော်လည်းး ….ပါတယ် ။
8 မိုင်မှတ်တိုင် ကနေ..7 မိုင်မှတ်တို်င်ကိူ… အသွားမှာဆို…
မီပွှိုင့် မမိ / မိအောင်.စောင့်ပြီး.. အဲဓီ မီးပွှိုင့်မိတဲ ့အခါ…
လူတွေကို ငါးပိသိပ် / ငါးချဉ် သိပ်..သိပ်..ကြပါလေရော…
အနံ ့ပေါင်းစုံ.. ။ ချွေးသံ တရွှဲရွှဲ…..
တချို ့ အလုပ်သမား…တွေဆို..နာတချေချေ..ချောင်းတဟွတ်ဟွတ်….
အဲဒီ…ကြားမှာ..ခြေထောက် ချ စရာနေရာကလေးတောင်… သေသေချာချာ မရ ပဲ…
မမီ မကန်း..လက်ကိုင်တန်းကိူ…. မမိ တမိလေး.ကိုင်ထားရသေး ။
ကားချင်း…ပြိုင်..ဖိုက်ကြတော့မယ်လေ….။
ကားစုတ်စုတ်တွေက… သတ္တိတော့ အရှိသားနော် ။
လောဘဇော စိတ်ကနေ…လာတဲ ့သတ္တိ နေမယ် ။
ပြိုင်မောင်းမှ…ရှေ ့မှာ..လူများများ..လု တင်လို ့ရမှာကိုး။ လု.ပြီး..လူများများတင်နိုင်မှ…ထမင်း ဝဝ စားရမယ့် ဘဝတွေကို…..
ဒီတော့ ဘယ်သူ ့ကို မှ အပြစ်ပြောနေလို ့တော့မရတော့ဘူ း။
ဒီလောက်မွဲတေနေတဲ ့နိုင်ငံ.မှာ…မှ…
ဒီလို တွေ..မဖြစ်ရင်…..
တခြား..ဘယ်နိုင်ငံမှာ..ဖြစ်ရမလဲ.. .။
ကိုယ် ထိုက် နဲ ့ကိုယ် ့ ကံ….
ခံလိုက်ရုံ…..
———————————-
မမရွှေကြည်ရေ….
နေ ့တိုင်း ကြုံနေ ရတဲ ့..လိုင်းကား..စီးခြင်း ဒုက္ခကို…
တစ်တပ်တစ်အား….
ရေးသား.ပြောဆိုပေးလို ့…
ကျေးဇူး…ပါ ။
နောက်လည်း… ကြုံရင်ကြုံသလို..ပြောကြစို ့နော် ။
ပြောနေမှ သိကြမှာ..လေ။
တော်ကြာ. သတင်းတချို ့ထဲက သတင်းတွေ..အရ…
တိုင်းပြည်ကြီး…အတော်..နေသာထိုင်သာ..ရှိရှိ..ကောင်းမွန်နေတယ်..ထင်နေကြမှာ…
ဒီတိုင်းပြည် အကြောင်း.သေချာ မသိတဲ ့လူတွေ..ကို သိအောင် ပါ ။
ပြီးတော့…
သိသိ ကြီးနဲ ့…ဒါတွေက်ို… မသိချင်ယောင် ဆောင်ပြီး….
မျက်ကွယ်ပြု..နေတဲ့
ကောင်းမွန်နေသယောင်ယောင်… ဟန်ဆောင်နေကြတဲ ့သူတွေ.သတိပြုမ်ိအောင်..
ကျွန်တော်.တို ့ စာလေး ဘာလေး.ရေးကြသူတွေ…ဘက်က…
အမှန်တရားလေးတွေက်ို..
ဒီလို ဒီလိုလေးတွေ…
တူးဖော်ပေးနေကြဦးစို ့နော် ။
ခင်မင်လေးစားစွာ….
ကောင်းစေချင်သော…
အလက်ဆင်း
aanyar thar
October 8, 2012 at 7:27 pm
ကို့အားကိုယ်ကိုး..တိုးတိုးပြီးတန်းစီ….ရှေ့ကလူ..မထွက်သေး..နောက်လူ..တန်းစီစောင့်လို့ပေး..စပါယ်ယာကိုလည်း..အိမ်ကလူ ထက်ကြောက်ရသေး…( ရန်ကုန်ဘတ်စ်ကား..ရသ..လေးပေါ့..)ရှင်..အဲ့..ဗျာ..
ရွှေ ကြည်
October 8, 2012 at 7:45 pm
အလက်ဆင်းရေ ဟုတ်ပါတယ် လောဘကပ်နေတော့ အပြောအဆိုတွေကလည်းရိုင်းလိုက်တာကွယ်..။
လူတိုင်းတော့မဟုတ်ဘူးပေါ့နော် တချို့ ယာဉ်နောက်လိုက်တွေပြောပါတယ်။
အလက်ဆင်းတို့နေ့တိုင်းကြုံတွေ့နေရတာတွေကို တကယ်ကိုကိုယ်ချင်းစာမိပါတယ်။
ကိုအညာသားရေ တယ်ကောင်းတဲ့စာချိုးလေးပါလား မှန်ပါ့ ဟုတ်ပါ့တော်..။
မဟာရာဇာ အံစာတုံး
October 8, 2012 at 8:20 pm
အော် .. ဒို့မမဂျီးက ဘူတာရုံလမ်းမှာ နေဒါဂိုး ..
အဲ့ ဘူတာရုံ လမ်းတောင်မှ ဟိုလမ်းကူးလေးကို ပိတ်လိုက်လို့ အရင်လို ကား သိပ်မပိတ်တော့တာ ..
နို့မဟုတ်ရင် လှည်းတန်း ကားကြပ်ကြပ်က အထွက် ဘူတာရုံလမ်းရောက်ပြန်တော့ ထပ်ကြပ်နဲ့ လွယ်ဘူး ..
ကားတွေက နောက်ပိုင်းမှာ တော်တော်ကြီးကို ကြပ်လာတယ်ဂျ ..
မီးပွိုင့်တစ်ပွိုင့်ကို လေးငါးခါလောက် ပြန်မိနေတယ် …
ဒါကြောင့် အလုပ်လည်း နောက်ကျ …၊ လူလည်း ပြိုင်း ….
အထူးကား စီးလည်း မထူး၊ မထူးကား စီးလည်း မထူး …
ဟူးးးးးးးးးးး
ရွှေ ကြည်
October 9, 2012 at 9:52 am
မောင်ငယ်အံစာရေ အမောင်ပြောတာမှန်ပါတယ်..။
အစ်မရွှေကြည်တို့အခန်းကနေ ညနေ 5 နာရီခွဲ နဲ့ 6 နာရီကျော်လောက်အထိ ကားဟွန်းသံတွေဆူညံနေတာ အမြဲကြားနေရပါတယ်..။ မောင်ငယ်အံစာပြောတဲ့လမ်ထောင့်က အင်းစိန်လမ်းမနဲ့ ကန်လမ်းထောင့်ချိုးထင်ပါ့ အဲဒီနေရာမှာ တုံးတွေချပြီးလမ်းကွေ့ပိတ်လိုက်လို့နည်းနည်းလေး
ချောင်သွားပါတယ် နည်းနည်းလေးပေါ့..။ အဲဒီနေရာမှာလမ်းကူးရမှာကြောက်လို့ ကန်လမ်းဘက်ဆိုလုံးဝမသွားဖြစ်သလောက်ပါပဲ။ အရင်ကအစ်မရွှေကြည် ရန်ကုန်ရောက်စက 50 တန်ကားနဲ့ 200တန်ကားမှားတက်မိရင်တန်းသိတယ် တက်လိုက်တာနဲ့အေးနေပြီးလူချောင်တယ်အခုများတော့..။
အထူးကားဆိုပိုကျပ်သကွဲ့ ထိုင်ခုံအပြည့်နဲ့ လူသွားလမ်းကြပ်ကြပ်လေးမှာ မတ်တတ်ရပ်လူတင်သေးတာ
အဝင်ကြပ် အထွက်ကြပ်ပဲ အထူးကားဆို အစ်မတော့ လုံးဝမတတ်သာမှာစီးတာ..။ ရပ်ရမယ်ဆိုလုံးဝမစီးတော့..။ ထူးတာဆိုလို့ခရီးစဉ်လမ်းကြောင်းပဲရှိမယ် 😆
အလင်းဆက်
October 8, 2012 at 8:33 pm
အော်…. စီအိုင်ဒီ ရွှေကြည်…..ရယ်….
ဒါကတော့…. ပုလိပ်ဘက်ကအမြင်ကိုး…ဗျ ။
( အဟဲ.. ဗိုလ်အောင်ဒင့် လေသံ )
———————
အဲဒါက…လေးလေးဘလက်ရဲ ့ပိုစ်မှာ…မမရွှေကြည်..သားသားကိုပြောခဲ့တာလေး.ကို ပြန်ပြောတာပါနော်
http://myanmargazette.net/141591/creative-writing/comment-page-2#comment-262778
🙂
pooch
October 8, 2012 at 11:20 pm
ရွှေကြည်ရေ ကျမကတော့ တသက်မှာ ၂ ခါပဲ ဘတ်စ်ကား စီးဖူးတယ်။ မန်းသူဆိုတော့ စက်ဘီး ဆိုင်ကယ် အားထားသူမို့ ဒီဒုက္ခတော့ ဝေးပါတယ်။
ကျမသူငယ်ချင်း အသိတွေထဲ မန်းကနေ ရန်ကုန်ကို သင်တန်းတက် အလုပ်သွားလုပ်သူတချို့ ဘတ်စ်ကား တိုးစီးရတဲ့ ဒဏ်ကို မခံနိုင်လို့ ပြန်ပြေးခဲ့တဲ့သူတွေ ရှိပါတယ်။ အဲ့တုန်းက ကိုယ်က မသိတော့ သဲလိုုက်တာလို့ ထင်မိတယ်။ နောက်တော့ ပြောမယုံ ကြုံဖူးမှ သိဆိုပြီး ကိုုယ်ချင်းစာတတ်ခဲ့ပါတယ်။
တိုုုက်တိုက်ဆိုင်ဆိုင် ဒီရက်ပိုင်းမှာ ရန်ကုန်ကနေ ပြန်လာတဲ့ အမျိူးမောင်လေးတယောက်က ဘတ်စ်ကားစီးဖို့ မနက်အစောကြီး ထရတဲ့ ဒဏ်ကို မခံနိုင်တော့လို့ နီးတဲ့ နေရာ ပြောင်းတော့မယ်တဲ့ ။
ဒီလို အဖြစ်တွေ ကင်းဖို့အရေး ဒို့အရေး ဒို့အရေး ဒို့အရေး
ဆိုပြီး အကျယ်ကြီး အော်ပေးခဲ့တယ်နော် 😀
ကြောင်ကြီး
October 9, 2012 at 9:16 am
ရွှေကြည်ဂလေး ဦးကြောင်အခြစ်ကို လက်ခံရင် နေ့တိုင်း ပရာဒို၊ လင့်ခရူဇာ၊ မာစီဒီးစ်၊ ဘီအမ်ဒလျူ နေ့စဉ် ထည်လဲစီးနိုင်စေရမယ်လို့ အာမခံတယ်။ စိမ်သလား…. :kwi:
kyeemite
October 9, 2012 at 9:22 am
လိုင်းကားစီးရတဲ့ဒုက္ခထဲမှာ…အင်းစိန်လမ်းတစ်လျှောက်ပြေးတဲ့
လိုင်းကားတွေက အဆိုးဆုံးပဲဗျ…လိုင်းကလည်းစုံတော့
ပြိုင်လိုက်ကြတာများ မြင်ရတွေ့ရတာ အသဲတယားယားနဲ့ပါ…
လမ်းပိတ်ဆို့မှု့ အဓိကတရားခံကလည်း လိုင်းကားတွေပါပဲ…
ကြောင်ဝတုတ်ပြောတာမှန်တော့မှန်ပါတယ်..ဒါပေမဲ့
လခစားမောင်းခိုင်းပြန်ရင်လည်း ကားမကြာမကြာပျက်ပြကြတော့မယ်..
အချိန်မကြာကြာအောင် ဆွဲပီးပြင်ကြတော့မယ်…ပြင်ဆင်စရိတ်တွေမတန်
တဆတင်ပြကြတော့မယ်…ဒီလိုနဲ့ လမ်းပေါ်ပြေးတဲ့ကားကနဲပီး
(ကပရ လိုင်းကားခေတ်ကလိုပေါ့)
ပြုပြင်ဆဲကားတွေများလာရင်..လမ်းပေါ်ကခရီးသည်တွေအတွက်
ပိုခက်ခဲသွားနိုင်ပါတယ်…အဓိကကတော့..ဘယ်စံနစ်နဲ့သွားသွား
လူတွေစိတ်ဓါတ်မပြင်သ၍တော့ ထူးလာမယ်မထင်ပါဂျောင်းးးးးးးးးးးး
:hee: ခင်တဲ့..ကြိုက်မီး။
ရွှေ ကြည်
October 9, 2012 at 10:09 am
ပုချ်ရေ ရန်ကုန်မှာအဲဒီလိုင်းကားဒုက္ခကအခုပိုဆိုးနေတယ် လူလည်းပင်ပန်း တနေ့တာအစမှာတက်ကြွနေရမယ့်သူတွေအခုတော့ ရုံးရောက်ရင်ညှိုးချုံးနေကြပြီ..။
မန်းသူတွေ ရန်ကုန်လိုင်းကားဒါဏ်မခံနိုင်တာ သဘာဝကျပါတယ်လေ သူတို့မလွန်ပါဘူး။
အရမ်းဆိုးတာကိုး သည်းခံပြီးကျင့်နိုင်ရင်တော့ အဆင်ပြေနိုင်ပေမယ့် လောလောဆယ်အခြေအနေကကျင့်သားရနေသူတွေတောင်ညည်းနေရတဲ့ဘဝလေ
ကဲ အော်လိုက်ရအောင် ဒို့အရေး ဒို့အရေး (သမီးမပါဘူးရှင် အဲဒါ ပုချ်ပါ ဟီးးးးးးးး)
အူးကြောင် စိမ်ဘူး 😛 အဲဒီကားတွေနဲ့သွားလည်းပိတ်မှာပဲဗျ ကားမှာ မိုးပျံဂီယာတပ်ပြီးကျော်နိုင်ရင်တော့မဆိုးဘူးဗျ။
အူးကြောင်အခြစ်တွေကို သူကြီးသမော်ဒီးလေးနဲ့ စီတုန်းလေးကိုပဲပေးလိုက်ပါ :harr:
အူးကြိုက်မီးရေ ဟုတ်တယ်နော် အင်းစိန်လမ်းကတော်တော်လေးဆိုးတယ် လိုင်းပေါင်းစုံ အစစ်
သူ့တို့ဘဝနဲ့သူတို့လည်း ဟုတ်နေတာပဲဆိုတော့က ဘယ်လိုပြောရမလဲပေါ့ စိတ်ဓါတ် ဟုတ်တယ်
အဲဒီ စိတ်ဓါတ်ပဲ တစ်ဦးချင်စီရဲ့ စိတ်ဓါတ်တွေမြင့်မားဖို့လိုနေတယ် စိတ်ဓါတ်တွေမြင့်ဖို့က အဲလေ
လည်နေတော့မှာပါပဲ တော်သေးဘီ..။
ဦးကျော်ဟိန်းနဲ့တူတဲ့ ပိုချောတဲ့ ဦးကြိုက်မီးကို ခင်တဲ့
ရွှေကြည်မ
jullies cezer
October 9, 2012 at 10:10 am
နောက်ထပ်ဒုက္ခတစ်ခုရှိပါသေးတယ် လို်င်းကားပေါ်တက်တဲ့အခါ စပယ်ယာက လက်ပေကြီးနဲ့အတင်းဆွဲတင် ပြန်ဆင်းတော့လည်း အတင်းဆွဲချတာ လဲရှိပါသေးတယ်……..
ရွှေ ကြည်
October 9, 2012 at 10:50 am
ဟုတ်ပ မှန်ပ ဂျူးလိယက်ဆီဇာရေ ပြောရရင်တော့အများကြီးရယ် နော 😆
marblecommet
October 9, 2012 at 2:45 pm
အော် …..
သတိမမူ ဂူမမြင် ….ဒဲ့..
…….
ရွှေကြည်လေးက
အရှုပ်ဆုံးဂှုတွေကြားထဲမှာ
သတိမမူဖြစ်နေတာဂိုး
အခုတော့ သတိမူမိသွားပီပေါ့
…..ဟိ….
ရွှေ ကြည်
October 9, 2012 at 3:36 pm
ကိုကမ်းဝေးကြီးရေ တွေ့ရတာဝမ်းသာပါတယ်နော်..။
အရှုပ်ဆုံးဂူတွေရှိကြောင်းတော့သိပါ့ ဒါပေသိ မမြင်ချင်ယောင်ဆောင်နေတာ အဟဲ..။
အခုတော့….။
aemoshu
October 12, 2012 at 1:09 am
အမရေ အဲ့ဒီလမ်းကြောင်းကတော့ပြောကိုမပြောချင်တော့ပါဘူး (ပြောချင်လို့ စကားခွေးခြေခံခြင်း) … ဟီး..
ကိုယ့်အကြောင်းတရားကလည်းဘယ်လိုပါတယ်ကိုမသိဘူး .. လှည်းတန်းနဲ့ကင်းကိုမကင်းနိုင်ဘူး … ရန်ကုန်ရောက်စ သင်တန်းတတ်မိတော့လှည်းတန်း၊ တက္ကသိုလ်တတ်တော့လှည်းတန်းအနီး၊ အလုပ်လုပ်တော့ လှည်းတန်းနဲ့မကင်းနိုင်၊ နောက်ဆုံး အိမ်ထောင်ကျလို့ အခြေချမိတော့လည်း လှန်းတန်းဖြစ်နေပြန်တယ်။
အလုပ်ကအပြန် တက္ကသိုလ်ရိပ်သာလမ်းဘက်လာတဲ့ဖယ်ရီဟာ အနည်းဆုံးတော့မီးပွိုင့်နှစ်ခါမိပါတယ်၊ မီးပွိုင့်ကြီးကိုကြည့်ပြီး နံပါတ်တွေပြိုင်တူလိုက်အော်လိုက်ကြတာ… 00 လည်းရောက်ရော..ဟုတ်ကဲ့.. ရပ်ထားပါတယ် .. အဲ့သဟာ နေ့တိုင်းနီးပါးပါပဲ အမရေ …
ရွှေ ကြည်
October 12, 2012 at 12:21 pm
aemoshu ရေ လှည်းတန်းဆိုတဲ့နေရာကသိပ်ကိုပူလောင်မွန်းကြပ်တယ်လို့ အစ်မမြင်တယ်
ဒါပေမယ့်လည်း အားသာချက်လေးတွေလည်းရှိပါတယ် ဒီလိုပါပဲကွယ် မကင်းနိုင်တော့လည်း…။
ကောင့်တာကပျက်နေတာဖြစ်မှာပါ