etoneJune 16, 20111min23118
ဒီရက်ပိုင်းအတွင်း  စိတ်ထဲ မသိုးမသန့် ခံစားမိတယ်… ။ တစ်စတစ်  ကျွန်မပြိတ္တာဖြစ်လာတာကိုလည်း သတိထားမိပါရဲ့ … ဟုတ်ပါတယ်… တကယ့်ကို ပြိတ္တာဖြစ်လာတာပါ… စားချင်လျှက်နဲ့ စားသောက်လို့ မရတာ ပြိတ္တာပေါ့ မဟုတ်ဘူးလား … သူ့မှာ ပါးစပ်ပေါက်သေးသေးပဲ ပါလို့အများကြီး တခါတည်း စားမရဘူးလို့ ပြောပေမဲ့ … မြင်ဖူး တွေ့ဖူးခြင်း မရှိပါဘူး … ။ တချို့ တလေပြောတာကျတော့ ပြိတ္တာဆိုတာ တကယ်ရှိပါသတဲ့ … မမြင်ရပေမဲ့ ငြီ်းသံ ကြားရတတ်တယ် တဲ့ ။ အဲ့ဒီအချိန် ထင်းမီးကို နောက်ပြန်ပစ်လိုက်လျှင် ငြီးသံ ရပ်သွားပြီး အဲ့ဒီနေရာမှာ ပစ္စည်းလေးတွေ တခုမဟုတ်တခု ကျန်ခဲ့ပါသတဲ့ ထုံးဗူးလေးတွေ ၊ ကွမ်းအစ်လေးတွေ ၊ မီးခြစ်လေးတွေ စသဖြင့်ပေါ့ […]