မြသဲ ( 17082011 )October 10, 20131min83763
လွန်ခဲ့တဲ့တလလောက်က ဂေဇက်ရွာကြီးတခုလုံးကိုအုန်းအုန်းကြွက်ကြွက်ဖြစ်သွားစေတဲ့ သတင်းတခုဖြစ်သွားပါတယ်။ အဲသတင်းလဲကြားရော ရွာသူ ရွာသားတွေကော၊ ရွာ့သတင်းထောက်တွေဖြစ်တဲ့ စီဂျေတွေရော လှုပ်လှုပ်ရွရွတွေဖြစ်လို့။ ရွာသူရွာသားတွေကလဲ သူ့ထက်ငါသတင်း အတိအကျသိချင်လို့၊ စီဂျေတွေကလဲ သူ့ထက်ငါ သတင်းရဖို့ ကင်မရာတွေ အသံဖမ်းစက်တွေတပြင်ပြင်နဲ့ပေါ့။ သတင်းကတော့ တော်တော်ကိုထူးဆန်းပါတယ်။ ဂေဇက်မြို့ကနေထွက်တဲ့ အပျော်စီးသင်္ဘောကြီး လမ်းမှာ ပြန်ပေးဆွဲခံရတယ်ဆိုတာပါပဲ။ အဲဒီလိုပြန်ပေးဆွဲခံရတာမှာ သင်္ဘောပေါ်မှာပါတဲ့ သင်္ဘောစပါယ်ယာမလေးက ဝန်ထမ်းနဲ့ခရီးသည် ၃၅ဝ တို့ရဲ့အသက်ကို စွန့်စွန့်စားစားကယ်လိုက်တယ်ဆိုတာပါပဲ။ သင်္ဘောပေါ်မှာဖြစ်ခဲ့တဲ့ သတင်းဆိုတော့ ဖုန်းထဲကနေကြားရသလောက်ပဲဆိုတော့ ဖြစ်စဉ်ကိုအတိအကျမသိရတော့ ကုန်းပေါ် ကလူတွေကအရမ်းကိုစိတ်ဝင်စားနေတော့တာပေါ့။ အဲဒါကြောင့်လဲ သင်္ဘောကြီး ဂေဇက်ရွာ ကိုပြန်လည်ဆိုက်ကပ်မဲ့နေ့မှာ တွေ့ဆုံမေးမြန်း အဖြစ်မှန်သိရဖို့ တရွာလုံး စိတ် ဝင်စားနေကြတာပေါ့။ ဒီလိုကြမ်းတမ်းတဲ့ ပြန်ပေးသမားတွေကိုဘယ်လိုများ ဒီလိုအားနွဲ့တဲ့မိန်းကလေးက အံတုလိုက်ပါလိမ့်ပေါ့။ သင်္ဘောကြီးပြန်လာမဲ့မနက်အစောကြီး တရွာလုံး အစောကြီးထ နေရာရဖို့ ဆိပ်ကမ်းကို သူ့ထက်ငါဦးအောင်သွား၊ […]