alinsettAugust 4, 20122min1735
”ကျွန်တော်သွားရတော့မယ်။ ဒေါက်တာတို့လုပ်ပေးသမျှအတွက် ကျွန်တော်သိပ်ကိုကျေးဇူးတင်တန်ဖိုးထားပါတယ် ဒေါက်တာ။ ဒါပေမယ့် ကျွန်တော် သွားမှဖြစ်မယ်” ”ဘယ်သွားမှာလဲ” ”မပြောတာကောင်းပါတယ်” ”ခင်ဗျားလမ်းတောင်မလျှောက်နိုင်သေးဘူး” ”ကျွန်တော် ခန်းမထဲဟိုအဆုံးထိ တစ်ခေါက်လျှောက်နိုင်တယ်။ ကျွန် တော်ကောင်းသွားမှာပါ” ကျွန်တော့်အစီအစဉ်မှာ ဆေးရုံမှဆင်း၊ လုံခြုံရေးသေတ္တာထဲမှငွေကိုယူ၊ ဆေးဝါးကုသစရိတ်ပေးချေ၊ မိဘမဲ့ဂေဟာသွားပြီး စိုးရက်ပ်ကို ဂျွန်နှင့်ဘက်တီ ကော်ဝဲတို့လက်ထဲထည့်၊ ပြီးမှ အစ္စလမ္မာဘက်ကိုပြေးမည်။ ခရီးအစီအစဉ်ပြောင်း မည်။ နေကောင်းအောင် ပိုကြာကြာလေးနေပြီးလျှင် အိမ်ပြန်မည်။ ဖာရစ်ဒ်နှင့်စိုး ရက်ပ် ဆေးရုံကိုမလာမီအထိ ကျွန်တော့်မူလအစီအစဉ်မှာ ထိုအတိုင်းဖြစ်သည်။ ………………… ……………………….. …………………………. …………………… …………………….. ……………………… _____________— ‘ဆပ်ရဲ့မိတ်ဆွေ ဂျွန်နဲ့ဘက်တီကော်ဝဲ ဆိုတာ … ပက်ရှဝါမှာ မရှိဘူး” ဟူသောသတင်းဖြင့် ဖာရစ်ဒ် အခန်းထဲဝင်လာသည်။ ”သူတို့ဘယ်သွားလဲ” ဖာရစ်ဒ်ခေါင်းရမ်းသည်။”ဆပ်နားမလည်ဘူး” ”ရာဟင်ခန်ပြောတော့-” ”ကျွန်တော် […]