ဆန်နီနေမင်းDecember 20, 20111min1235
ဦးဇင်းဘုရား။ ဦးဇင်းကို တပည့်တော် တစ်ခုလောက် အကြံပေးချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဦးဇင်းက အများအကျိုးအတွက် စာတွေရေးပေးနေတာဆိုတော့ လူသိများတယ်လေ။ အဲဒီတော့ ကြည်ညိုတဲ့လူလည်း များမယ်ထင်တယ်။ ဦးဇင်းကို ကြည်ညိုနေတဲ့လူတွေက ကိုယ့်ဦးဇင်းကို အပြစ်အသေးစားတောင်မှ မဖြစ်စေချင်လို့ ပိုက်ဆံမကိုင်စေချင်တာဖြစ်မယ်။ အဲဒီတော့ ဦးဇင်းလည်း အပြစ်မရရှိအောင် ဦးဇင်းကြည်ညိုသူတွေလည်း စိတ်ချမ်းသာအောင် ဦးဇင်းနဲ့သိတဲ့ ဒကာ၊ ဒကာမတွေအားလုံးစုပေါင်းပြီး Credit Card လှူခိုင်းလိုက်ပါလား။ ဒါဆို ဦးဇင်း ဘယ်နေရာသွားသွား ပြည်ပမှာတော့ ပိုက်ဆံကိုင်စရာမလိုဘဲ သုံးလို့ရတယ်လေ။ မြန်မာပြည်ပြန်လာရင်တော့ ကဒ်နဲ့သုံးလို့မရရင် ကပ္ပိယကျောင်းသားတစ်ယောက် ခေါ်ထားပေါ့ဘုရား။ ဒါဆို ဦးဇင်းလည်း အပြစ်မဖြစ်တော့ဘူး။ ဦးဇင်းဒကာ ဒကာမတွေလည်း စိတ်ချမ်းသာမယ်လို့ ယူဆရတဲ့အတွက် ဒီအကြံကို ပြုရခြင်းဖြစ်ပါတယ်ဘုရား။ ဒါပေမဲ့ ဦးဇင်းက အလှူခံတဲ့အကျင့်မရှိဘူးဆိုတော့ အလှူမခံတဲ့အတွက် တပည့်တော်ပြောတဲ့အကြံ […]