ဆူးMarch 6, 20111min2416
ပင့်ကူ လူသားလို့ ပြောရမလားဘဲ။ လူစင်စစ်ဖြစ်လျက်နှင့် လူသား အသွင် ခြေနှစ်ချောင်း မားမား မတ်မတ် မထောက်နိုင်ဘဲ နေထိုင်သွားလာ နေရတဲ့ မိန်းခလေး ငယ်များ ပုံဖြစ်ပါတယ်။ Jamuna and Ganga လို့ နာမည်ရတဲ့ အမျိုးသမီး နှစ်ဦး ဖြစ်ပါတယ်။ lakshmi လို့ နာမည်ရတဲ့ ကလေးငယ် ဖြစ်ပါတယ်။


ဆူးMarch 5, 20111min1067121
ပျော်စရာ ကစားနည်းလေး တခု စဉ်းစားထားပါတယ်။ အက္ခရာ စာလုံးတွေ ဆက်ပြီး ဝါကျဖွဲ့တဲ့ ကစားနည်း ဖြစ်ပါတယ်။ ဥပမာ အားဖြင့် လက် ဆိုပြီး ကစားနည်းကို စဖွင့်လိုက်ပါမယ်။ အဖြေ။ လက်။ သွယ်လျ လှပသော လက်ချောင်းပိုင်ရှင်များ အတွက် လက်ချောင်းပုံ မော်ဒယ် အလိုရှိသည်။ နောက်လူ အတွက် ချောင်း ဆိုတဲ့ စာလုံး ချန်ထားခဲ့မယ်။ ချောင်း။ ချောင်းသာ မှာ သာယာလှပတဲ့ ရှုခင်းများ နဲ့ ပင်လယ်ကမ်းစပ် အလှကို ခံစားနိုင်သည်။ နောက်ထပ် စာလုံးကတော့ သာ ဖြစ်ပါတယ်။ သာ။ သာကေတ မှ ခွေးလေခွေးလွင့်များ စည်ပင်သာယာမှ အမဲလုံးပြစ် ရှင်းလင်းသည်။ နောက်ထပ် စာလုံးမှာ တ ဖြစ်ပါသည်။ […]


ဆူးMarch 4, 20111min29413
”ကယ်ကြပါဦးရှင် ကျမသားလေးမြေမျိုနေလို့ပါ”“ ဒဂုံမြို့သစ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တာပါ… 2.3.2011နေ့ကပါ မနက် 9 နာရီအချိန် ကျွန်တော်တို့လမ်းထိပ်မှာ အုတ်အုတ်ကျက်ကျက်နဲ့ မိန်းမကြီးတစ်ယောက် အော်ဟစ်ငိုယိုကာ အကူအညီတောင်းနေရာက စတင်ခဲ့ပါတယ်… “ကယ်ကြပါဦးရှင် ကျမသားလေး မြေမျိုနေလို့ပါ”” ကျွန်တော်တို့ သူငယ်ချင်းတစ်စု မမြင်ဖူး မတွေ့ဖူးမို့ အခင်းဖြစ်ပွားရာနေရာကို အပြေးအလွားသွားကြည့်ခဲ့တာပါ.. မြေမျိုနေတဲ့ကလေးက 3နှစ်ခွဲသာရှိ ပါသေးတယ်…နားလည်တက်ကျွမ်းတဲ့ လူကြီးများက ကလေးကိုရေတိုက်ရန် ပြောသော်လည်း ကလေးမှာရေပင်မသောက်နှိင်တော့ဘဲ ငိုယိုနေပါတယ် နောက်ဆုံးဘယ်လိုမှမကယ်နိုင်တော့မှ နီးစပ်ရာဆေးရုံကို အရေးပေါ်ခေါ်ဆောင်သွားပါတယ် ဟုတ်ပါတယ်တကယ်မြေမျိုခဲ့တာပါဗျာ…. မြေကိုသူကမျိုခဲ့တာပါ… ဖော်ဝပ်မေးက ရတာပါ.. ဖတ်ရတာ သဘောကျလို့ သူများ တင်တာ မတွေ့သေးလို့ တင်ပေးလိုက်ပါတယ်။


ဆူးMarch 3, 20112min1824
ကစားဝိုင်းတွေ နဲ့ တမြို့လုံး မီးတွေ ထိန်ထိန်ငြီးနေတဲ့ မြို့မှာ နာမည်ကြီးတဲ့ casino & resort တခုပါဘဲ။ Boys Over Flowers “F4” လို့ နာမည်ရှိတဲ့ ကိုရီးယား ဇတ်ကားလည်း ထိုနေရာမှာ ရိုက်ကွင်းတချို့ ရိုက်ခဲ့ပါတယ်။ အဝင် ဆိုင်းဘုတ် ဖြစ်ပါတယ်။ အတွင်းရောက်သွားရင်တော့ ကမာ္ဘတခုကို ရောက်သွားသလို ဖြစ်အောင် ပြုပြင် ဖန်တီးထားတာ တော်တော် ကောင်းပါတယ်။ အတွင်းကို ဝင်တဲ့ လမ်းဖြစ်ပါတယ်။ ငွေနဲ့ တုံကင် လဲပြီး ကစားနိုင်ပါတယ်။ လာကစားမဲ့ လူတွေကို မျှော်နေပါတယ်။ ကင်မရာတွေကတော့ နေရာ အပြည့် မလွတ်တမ်းကို တပ်ထားပါတယ်။ ဝိုင်းတဝိုင်းကို ဒေါင့်ပေါင်းစုံကနေ ရိုက်ထားပါတယ် တခုခု ဆိုရင် အစောင့်တွေက လာဆွဲခေါ်သွားပါတယ်။ […]


ဆူးMarch 2, 20111min2006
Winter Sonata ရုပ်ရှင် ရိုက်ကွင်း နေရာ ဖြစ်တဲ့ Nami Island အပြင် ရုပ်ရှင် ရိုက်ခဲ့တဲ့ မြို့ကလေးကိုလည်း နိုင်ငံက အမှတ်အသား အထိန်းအမှတ်တွေ လုပ်ပြီး ခရီးသွားတွေ လာကြည့်အောင် ဆွဲဆောင်နည်း တမျိုးပေါ့။ Myungdong Street အဲဒီ လမ်းမပေါ်မှာလည်း မင်းသား မင်းသမီး ပုံတွေ နဲ့ ရုပ်ရှင် အောင်မြင်မှု အထိ်န်းအမှတ်တွေ လုပ်ထားတာတွေ ကို မျှဝေလိုက်ပါတယ်။ ဈေးလမ်းလေး ဖြစ်ပါတယ်။ လမ်းစုံ လမ်းခွ မှ ပြုလုပ်ထားတာ ဖြစ်ပါတယ်။


ဆူးMarch 2, 20112min2166
Winter Sonata ရုပ်ရှင် ရိုက်ခဲ့တဲ့ ရိုက်ကွင်းနေရာ ဖြစ်ပါတယ်။ ဘာမှတော့ ထူးထူး ဆန်းဆန်းတော့ မဟုတ်ပါဘူး ရုပ်ရှင် ရိုက်ခဲ့တော့ လူတွေ စိတ်ဝင်စားပြီး လာကြည့်ကြတဲ့ အတွက် လူတွေ စည်ကားနေတာ ဖြစ်ပါတယ်။ အရင်က အဲဒီ ကျွန်းကို လူတွေ သိပ်မသွားခဲ့ကြပေမဲ့ ရုပ်ရှင်ထဲမှာ လှလှ ပပ နဲ့ တွေ့တာ မြင်တာ များတော့ လူတွေ စိတ်ဝင်စားပြီး အလုပ် ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ကျွန်းဆိုတဲ့ အတိုင်း သင်္ဘောတွေ ရှပ်ပြေးယာဉ်တွေ ခေါက်ပြန်ပြေးဆွဲပေးပါတယ်။ ယခင်က မနက် တကြိမ် ညနေ တကြိမ် ၂ကြိမ်သာ ပြေးဆွဲပေမဲ့ ယခု လည်ပတ်သူ များတဲ့ အတွက် ခေါက်ပြန် ပြေးဆွဲနေကြတာ ဖြစ်ပါတယ်။ […]


ဆူးMarch 1, 20111min6316
သုံးတန် စေတနာ ညီညွတ်စွာဖြင့် သာသနိက ကျောင်း တန်ဆောင်း အလှူ ဆောက်လှူသူတို့ ကြီးထူကဲဝှန် ကျိုးရ-ဟန်ကို ကျမ်းဂန် ထောက်ချင့် နိဒါန်းဖွင့်သော်– ၁။ နတ်နှင့် လူဝယ် သန္ဓေတွယ်၍ ၂။ စိတ်ဝယ်တောင့်တ ဆောက်အုံရ၏ ၃။ မထကြက်သီး ကိုယ်လည်း မလှူပ် ကြောက်ရုပ်မထင် ထိတ်လန့်စင်၏။ ၄။ ခြင်္သေ့-သစ်-ကျား သားရဲများ နှင့် ဖမ်းစားတဲ့လူ နိပ်စက်မူသား တောသူ-ဖုတ်-ပြိတ် အဆိပ်ထန်ပြင်း မြွေနှင့်ကင်းက အဆင်းဖောက်ပြန် ကုမာ္ဘဏ်-ရက္ခိုရ် နတ်မိုက်ရန်ပေါင်း ဘေးလွတ်ရှောင်း၏။ ၅။ မကောင်း အိပ်မက် မမြင်မက်ဘိ ၆။ ထင်လျှက် သတိ ခိုင်မြဲဘိ၍ ဝိပရိဏံ ဖောက်ပြန် စိတ်ရင်း ရူးသွပ်ခြင်းမှ ရှင်းရှင်းလွတ်ရှောင်း ကျိုးဆက်ကောင်း၏။ ၇။ နောက်နှောင်းဘဝ […]


ဆူးFebruary 27, 20111min1672
မကာအို နိုင်ငံက တချိန် ပေါ်တူကီတွေ အုပ်စိုးစဉ်က ပင်လယ်ကမ်းစပ်နဲ့ နီးတဲ့ တောင်ပေါ်မှာ တပ်ဆွဲထားပြီး စောင့်ကြည့်တဲ့ နေရာ ဖြစ်ပါတယ်။ ပင်လယ်ကမ်းစပ်နဲက အနီးဆုံးဖြစ်တဲ့ တောင်မြင့်မြင့်လေး ဖြစ်ပေမဲ့ ယခု အချိန်အခါမှာတော့ ပင်လယ် ကမ်းစပ်နဲ့ တော်တော် ဝေးသွားပါပြီ။ လောင်းကစားဝိုင်းတွေ တိုးချဲ့ ဆောက်လုပ်တာမျိုး ဆောက်လုပ်ရေး စီမံကိန်း အသစ်များစွာက ယခင် အချိန်က ပင်လယ်ရေရှိနေတဲ့ နေရာမှာ မြေကြီး အဖြစ်နဲ့ တည်ဆောက်နေရာယူထားပြီး ကြပါပြီ။ ပင်လယ်ထဲမှာ ကျောက်တွေချပါတယ် ပြီးတော့ အသားသေသလောက် ရှိရင် မြေကြီးတွေ ဖို့ပြီး ဆောက်လုပ်ရေး လုပ်ငန်းများ ဆောက်လုပ်ကြပါတယ်။ နည်းပညာ ကောင်းတဲ့ အတွက်ကြောင့်လားတော့ မသိဘူး ထိုဒေသခံတွေ ပြောကြားချက်ကတော့ ဘာမှ ပြသနာ ဖြစ်တယ်လို့ […]


ဆူးFebruary 26, 20111min28517
ဒူးရင်းသီး ဆိုတာကိုတော့ မြင်တာနဲ့ သိမှာပါ။ ကြိုက်နှစ်သက်သူများ အဖို့တော့ အနံအရသာ ဆွဲဆောင်မှု ရှိပေမဲ့ မကြိုက်တဲ့ သူများ အဖို့တော့ အရမ်းကို ဒုက္ခပေးတယ် လို့ ခံစားစေရတဲ့ အသီးဖြစ်ပါတယ်။ ရာသီဥတု ပူတဲ့ အချိန်မှာ ပေါပေါများများ တွေ့ရပြီးတော့ ရာသီဥတုက ပူပူ အသီးရဲ့ သဘာဝ ပူပူနဲ့ စားပြီးတာနဲ့ သိသိသာသာ အပူတွေ ကန်တတ်ပါတယ်။ ဒူးရင်းသီး အသားကို စားရင် ချိုပြီး အီစိမ့်သွားတဲ့ သဘောရှိသလို အစာအိမ်မကောင်းသူများ အသဲရောဂါ သွေးတိုးရောဂါ ရှိသူများ ဒူးရင်းသီး စားရန် မသင့်တော်ပါဘူး အစာကြေရန် ခက်ခဲခြင်း ဝမ်းတွင်း အပူရှိန် မြင့်တက်စေခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဒူးရင်းသီး အစိ ကို ပြုတ်စားရင်တော့ […]


ဆူးFebruary 25, 20111min3633
တခြားမှာတော့ မမြင်ဘူးသေးဘူး။ ရွှေရောင် အမွှေးနဲ့ မျောက်တွေ.. golden snub nosedmonkey လို့ခေါ်တယ်။ Everland korea က ပုံ ဖြစ်ပါတယ်။


ဆူးFebruary 25, 20113min71447
ကိုရီးယားက ခွေးသား လုပ်စားတဲ့ အကြောင်း ကြားဖူးပေမဲ့ မမြင်ဘူးသေးတော့ ရှာဖွေရင်း တွေ့ခဲ့တာတွေ မျှဝေလိုက်မယ်နော်။ သနားစရာ ခွေးသတ္တဝါတွေ ကို ကြည့်ပြီး ကရုဏာပွားကြပါအုန်း။ သားသတ်ရုံကို သွားနေကြတဲ့ ခွေးတွေ ဈေးမှာ ခွေးသားရောင်းနေတာ ဖြစ်ပါတယ်။ ခွေးသား စွပ်ပြုတ် ခွေးသား ရောင်းဖို့ ပြင်နေတဲ့ ပုံ ဖြစ်ပါတယ်။ ခွေး အရောင်းအဝယ် နေရာ ဖြစ်ပါတယ်။ ကြည့်ပြီး ဝယ်ပြီး အထက်က အတိုင်း ဟင်းအိုးထဲ ရောက်မှာပါ။ ခွေးတွေကတော့ သူတို့ သေမင်းက ဘယ်သူ ဖြစ်မလဲ စောင့်နေကြပါတယ်။ ခွေးသား နဲ့ ချက်ထားတဲ့ ဟင်းရည် စားမဲ့ အကောင်တွေ ဆိုတော့ ဒီလိုဘဲ နဲ့ တူတယ် ကျပ်နေအောင် ထည့်ထားတာ […]


ဆူးFebruary 24, 20111min30911
ခြင်္သေ့ နဲ့ ကျားကို စပ်ပေးထားပြီး ပေါက်လာတဲ့ အကောင်တွေ ဖြစ်ပါတယ်။ တနည်းအားဖြင့် မျိုးမစစ်ကောင်တွေ မျိုးပျက်တွေ ပြောရမလားဘဲ ကြည့်လို့လည်း မလှဘူး တော်တော် ရုပ်ဆိုးတယ်။ ကျား အရောင် လို တောက်ပမှု မရှိ ခြင်္သေ့လို မာန်ဟုန် အရှိန်မျိုး ရှိတဲ့ လည်ဆံမွေးလည်း မရှိ ရှိတဲ့ အကောင်ကလည်း မခန့်ဘူး။ မြင်ဘူးတယ် ရှိအောင် တင်ပေးလိုက်ပါတယ်။ အမေ ကျားမကြီးကတော့ ချစ်ရှာတယ် သူ့ကလေး မျိုးမစစ်ကလေးကို လျှာနဲ့ လျက်ပြီး သန်းတွေ သန့်အောင် လုပ်ပေးနေတယ်။