ဆူးFebruary 24, 20111min80813
ဝက်ဝံ လည်လေးတွေပုံ ဖြစ်ပါတယ်။ ကားလာရင် ကားဆရာက (ကုန်းရှီဖားချိုင်.. ကုန်းရှီဖားချိုင်).. အဲလို အော်တာနဲ့ လက်ကလေးတွေ စုပြီး လက်အုပ်ချီ သလို လုပ်ပြပါတယ်။ သူတို့ လက်ကလေးစုပြီး လက်အုပ်ချီသလို လုပ်မှ အစာပြစ်ကျွှေးတော့ ကြည့်တဲ့ လူ အတွက် သဘောကျစေတာ အမှန်ဘဲ။ ဆာဖာရီ ဆိုတာ တိရိစာ္ဆန်တွေကို သဘာဝ အတိုင်း ထားပြီး လွတ်လပ်စွာ နေစေတာ ဖြစ်ပါတယ်။ မျိုးနွယ်စု တခုနဲ့ တခု ကိုက်ဖြတ်တာတွေ မဖြစ်အောင်တော့ မသွားစေချင်တဲ့ နေရာတွေကို သံကြိုးကာပြီး လျှပ်စစ် လွတ်ပေးထားတာ ဖြစ်မယ် ထင်တယ်။ ဘယ် အကောင်မှ နယ် ကျော်လို့ မရဘူး။ သဘာဝ နေထိုင်ပုံကို အရှိအတိုင်း မြင်ရတဲ့ သဘောဖြစ်ပါတယ်။


ဆူးFebruary 23, 20111min46716
သံလျင် ကျောက်တန်း ရေလည် ဘုရားသွားတုန်းက ရိုက်ထားတဲ့ အဘွားကြီးပုံပါ။ အသက်ကြီးပေမဲ့ ဈေးရောင်းနေရတာ ကြည့်ပြီး သနားတာနဲ့ မှတ်တမ်းယူထားတာ။


ဆူးFebruary 21, 20111min2143
မကာအို ရောက်ရင်တော့ အထင်ကရ နေရာ တခု ဖြစ်ပြီး ကမာ္ဘ အမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံရတဲ့ နေရာ ကို သွားရောက် လေ့လာကြမှာ ဖြစ်ပါတယ်။ ခရိယာန် ဘုရားရှိခိုးကျောင်းက ၁၆၀၂ မှ ၁၆၃ရ အထိ ကြာအောင် ဆောက်လုပ်ခဲ့ရပြီးတော့ ၁၈၃၅ မှာတော့ အမွေးတိုင် ပူဇော်ရာကနေ မီးလောင်ပြီး မီးသင့်ခံခဲ့ရပါတယ်။ မီးလောင်မှု ဖြစ်ပြီးနောက် သိသိချင်း မီးငြိမ်းသတ်ပေမဲ့ မီးလောင်မှု ကြီးမားတဲ့ အတွက် အရှေ့မျက်နှာစာဘဲ ကျန်ခဲ့ပါတယ်။ အားလုံး ကုန်သွားပါတယ်။ အခု မြင်ရတဲ့ ပုံထဲက အတိုင်း ဘဲ ကျန်ရှိခဲ့ပါတယ်။ မကာအို ရောက်ရင်တော့ အမှတ်အသားဖြစ်တဲ့ ထိုနေရာကို ဓါတ်ပုံရိုက်ရန် အတွက် သွားကြပါတယ်။ ပေါ်တူကီတွေက မကာအို ကို […]


ဆူးFebruary 21, 20111min2082
တချိန်က ပေါ်တူကီ လက်အောက်ခံ အဖြစ် သိမ်းပိုက်ခံရတဲ့ မကာအို ကျွန်းကလေးဟာ အခုတော့ တရုတ် နိုင်ငံ အပိုင် ဖြစ်နေပါပြီ။ မကာအို မှာတော့ အများသိတဲ့ အတိုင်း လောင်းကစားဝိုင်းနဲ့ မြို့ကလေး စည်ကားပြီး ရှင်သန်နေတာ ဖြစ်ပါတယ်။ ကစားဝိုင်း အကြီး အသေး မျိုးစုံ မြို့ အနေအထား သပ်ယပ်ပြီး နေချင်စရာ ကောင်းတဲ့ မြို့ကလေး ဖြစ်ပါတယ်။ ဒေသခံများ အဆိုကတော့ ဆူနာမီ လှိုင်းဖြစ်တုန်းကလည်း သူတို့ ကျွန်းဆီ မရောက်ဘူး သူတို့ ဆီမှာ ဘေးကင်းနေတယ်။ အဲဒါ သူတို့ ကိုးကွယ်တဲ့ ကွမ်လန် (မာကျော့ လို့လည်း ခေါ်တာ ကြားမိတယ်) က စောင့်ရှောက်တဲ့ အတွက် သူတို့ ဆီမှာ […]


ဆူးFebruary 21, 20111min3049
ဆူး ငယ်ငယ်က နေတဲ့ အိမ်မှာ ရှေးဟောင်းအိမ် ပုံစံမျိုး ဖြစ်တဲ့ အတွက် တိုင်လုံးတွေ ဒုထည်တွေ တော်တော် ကြီးမားတယ်။ အိမ်ကဟောင်း နေပြီ ဆိုတော့ အိမ်တိုင် ထုတ်တန်း မှာ စာကလေးတွေ အသိုက်လုပ်ပြီး လာနေကျတယ်။ အသိုက်လုပ်နေတာ ဘာမှ မဖြစ်ပေမဲ့ အိမ်ခေါင်တိုင် ထုတ်တန်းကနေ စာကလေးဥတွေ ပြုတ်ကျတာမျိုး စာကလေးတွေ ပြုတ်ကျတာမျိုး ဖြစ်တော့ စိတ်ပျက်လာမိတယ်။ ဒီလိုနဲ့ စာကလေး အသိုက်ကို လှေကားနဲ့ တက်တက်ကြည့်တယ် စာကလေး အားလုံး ပျံနိုင်တဲ့ အချိန် ရောက်ပြီး စာကလေးတွေ အိမ်မှာ မရှိတဲ့ အချိန် စာကလေးတွေ နေတဲ့ အိမ်အပေါက်ကလေးထဲကို စက္ကူတွေ လုံးလုံးပြီး ဖြည့်လိုက်တယ်။ ဒီလိုနဲ့ စာလေးအိမ် ပိတ်သွားတယ် […]


ဆူးFebruary 19, 20111min40715
အခု အချိန် ရာသီကတော့ ပုရွက်ပြန်တွေ အရမ်းပေါပြီး တဖြုတ်ဖြုတ်နဲ့ ဟိုကျ ဒီကျ လူပေါ်ကျ ခေါင်းပေါ်ကျ တဲ့ အချိန် ဖြစ်နေပါတယ်။ ညနေစောင်း အမှောင်ရိပ်သန်းတဲ့ အချိန် အလင်းရှိတဲ့ နေရာ မှန်သမျှ လာတော့တာဘဲ။ အိမ်တွေထဲ ရောက်ရင် အတောင်တွေ ချွတ်ချပြီး လမ်းလျောက်နေတော့တာဘဲ။ မနက် မိုးလင်းရင် အကောင်တွေ ဘယ်ရောက်သွားမှန်း မသိပါဘူး သဲလွန်စ အနေနဲ့ အတောင်တွေ တံမြက်စည်းလှဲ ပြစ်ရတဲ့ အထိ အများအပြား မြင်နိုင်ပါတယ်။ သေသွားလား ရှင်သန်ပြီး တထောင့် တနေရာမှာ မျိုးဆက်တွေ ချန်ထားခဲ့လေမလား မသိပါဘူး။ အတော် စိတ်ရှုပ်တာတော့ အမှန်ဘဲ။ စာထဲမှာ ရေးတာကတော့ မြီးကောင်ပေါက် ဘုရင်မ လေးတွေ ဥနဲ့ အကောင်တွေ […]


ဆူးFebruary 15, 20111min47322
ဒီနေ့ ဘာစားရင် ကောင်းမလဲ သစ်ပင် သစ်ရွက်ကလေးတွေ နဲ့ စိမ်းစိမ်းစိုစို ဖြစ်အောင် အပင်စိမ်းစိမ်းလေးတွေ စိုက်မယ် အကြံနဲ့ မြေပဒေသာ ကျွန်း ရောက်တဲ့ အခါ အပင်တွေ ဝယ်ပြီးတော့ စိုက်ထားတယ်။ သစ်ခွ ပင်တွေ စသဖြင့်ပေါ့လေ.. အသီး နီနီလေးတွေ နဲ့ တို့လို တွဲလောင်း ဖြစ်နေတာ မြင်တော့ အိမ်မှာလည်း အပျော် စိုက်မယ် ဆိုပြီး ခရမ်းချဉ်ပင်တွေ တထုတ် ၅၀ဝ နဲ့ ဝယ်လာတယ် မျိုးစေ့တွေ ပြောင်းဖူးပင်မျိုးစေ့တွေ ကန်ဇွန်းပင် မျိုးစေ့တွေ ရုံးပတီသီး နဲ့ ခဝဲသီး အစေ့ အထုတ်ကတော့ အပင်ဘဲ မြင်ခဲ့တယ် မျိုးစေ့ ထုတ် မမြင်တော့ မဝယ်ခဲ့ဘူး။ မေးကြတယ် ဘယ်နားက မြေမှာ […]


ဆူးFebruary 14, 20112min30810
ကိုကိုရေ ထွက်ပြေးချင်ပြီကွယ်.. လွတ်လွတ်လပ်လပ် ဖြစ်ချင်ပြီကွယ်။ မီးတို့ နှစ်ယောက် ကို သူများ မျက်စိရှေ့မှာ နေရတာ ရှက်တယ်ကွယ်။ ကိုယ်တို့ ဘယ်လို လုပ်ရမလဲ။ အကြံတွေလည်း ကုန်ပြီ နှုတ်သီးတွေလည်း နာလှပြီကွယ် လှောင်အိမ်ကို ဘယ်လို နည်းနဲ့မှ ဖဲ့ထွက်လို့ မရဘူး။ မင်းနဲ့ တူတူ နှစ်ကိုယ်တူ တိုင်းပြည် ထူထောင်ဖို့ လွတ်လပ်တဲ့ နေရာ ကို ထွက်ခွာချင်တာ မင်းလိုပါဘဲကွယ်။ အပြင်ထွက် ခွင့် ခဏလေး ကြုံရပေမဲ့ မင်းကို စိတ်မချလို့ ကိုယ် အဝေးကို ထွက်မခွာ ရက်ဘူး မင်းရှိတဲ့ အရပ်မှာ လှောင်မွန်းနေလည်း ဖြစ်အောင် နေပါတယ်ကွာ.. ဒီလိုဘဝကိုဘဲ ကျေနပ်လိုက်ရအောင်။ ကိုကို……………. ကိုကို က အဲလို စကားပြောပြီလား။ […]


ဆူးFebruary 13, 20112min33212
ပုခက်ပေါ်မှာ စက်တော် ခေါ်နေချိန် ဇိမ်ကျနေခိုက်ပေါ့ကွယ်။ ပိန်ညှောင်ညှောင် အစာရေစာ ပြတ်ပြီး အားအင်ချိနဲ့ နေတဲ့ ကြောင်တကောင်က အားကျပြီး စိုက်ကြည့်နေသတဲ့ ကွယ်။ မင်းက ဘာကောင်လဲ ဟားဟား ဟားဟား.. ပိန်ညှောင်ရိုး မင်း ဒီနယ်မြေ ကြည့်တောင် မကြည့်နဲ့ သေသွားမယ် ဘာမှတ်နေလဲ။ ပိတ်ကန်လိုက်မယ် ဘာမှတ်နေလဲ ကြောင်သိုင်း ဟန်ရေးပြခဲ့သည်။ ဟယ် ကိုကိုကြောင်ကြီး ဟန်ရေးပြခြေထောက် ကန်ပြတာ ဘောင်းဘီလည်း မပါဘူး ကြည့်ရဲဘူး စောင်အောက်က ချောင်းကြည့်တာ သူမသိလောက်ပါဘူး။ ခွီးခွီး.. ခွီးခွီး..ဂါဂါဂါဂါ…. မလုပ်ပါနဲ့ ဗျာ ကြောက်ပါတယ် အဆင်းအရောင် မွဲလို့ မကြည်ဖြူကြဘဲ နေရာတကာ နိပ်ကွပ်ခံနေရတာပါ။ ဒီလိုဆိုတော့ နေဖို့ သတ္တိမရှိပါဘူး ထွက်သွားပါ့မယ်။ မင်းငါ့မျက်လုံးကို သေချာ ကြည့်စမ်း။ […]


ဆူးFebruary 9, 20111min2888
တကယ် စိတ်ဝင်စားဖို့ ကောင်းတာက မဟာတံတိုင်းကို တည်ဆောက်တဲ့ ဘုရင် ချင်ရှိဝမ် ချင်ဘုရင် မင် မင်းဆက် တည်ထောင်သူ အကြောင်းဖြစ်ပါတယ်။ အဲဒီ ဘုရင်ရဲ့ အာဏာစက် နဲ့ တရုတ်ပြည်မှ ကွန်ဖြူရှပ် စာတွေ အကုန် မီးရှို့ပြီး ဖျောက်ပျက်ခံရတယ်။ စာပေတွေကိုလည်း တမျိုးတည်း အဖြစ်သတ်မှတ်တာမျိုးတွေ လုပ်ခဲ့တယ်။ သဘောမတူတဲ့ အမတ်တွေကို သတ်ခဲတာ မနည်းဘူး လို့ သိရတယ်။ စာတမျိုးတည်း လုပ်ခိုင်းတဲ့ ကျေးဇူးကြောင့် တရုတ်စာတွေ လွယ်လွယ် ကူကူ သင်ယူနိုင်တာ မဟုတ်ရင် လက်တိုစာ လက်ရှည်စာ နဲ့ မလွယ်လောက်ဘူး စကား ဘယ်လို ပြောပြော စာတူတူဘဲ သတ်မှတ်တယ်။ ထိုကဲ့သို့ ဖြစ်ရတဲ့ အကြောင်း အရင်းက ဘုရင်ကို လုပ်ကြံချင်တဲ့ […]


ဆူးFebruary 9, 20111min1440
မဟာတံတိုင်း ဆိုတာကတော့ ကမာ္ဘက သိကြတဲ့ နာမည်ကျော် ကြားတဲ့ နေရာကြိး တခုပါဘဲ။ ကမာ္ဘအမွေ အနှစ် အံဖွယ် အဖြစ် ယူနက်စကို မှ ၁၉၈ရ မှာ သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ အဝေးကနေ ကြည့်မယ် ဆိုရင်တော့ နဂါးကြီး ကျောကုန်း လိုမျိုး ဖြစ်နေတယ်လို့ ပြောကြပါတယ်။ အထစ် အထစ်လေးတွေ ကို ပြောတာ ထင်ပါတယ်။ မဟာတံတိုင်း လို့ နာမည် တွင်ခြင်းကတော့ ၅၅၀ဝ မိုင် (၈၈၅၁.၈ ကီလိုမီတာ) ရှည်တဲ့ အတွက် အရှည်ဆုံး တံတိုင်းကြီး ဖြစ်တဲ့ အတွက် မဟာ တံတိုင်းလို့ ခေါ်တာ ဖြစ်ပါတယ်။ ထို တံတိုင်းကြီးက သဲကနာ္တရတွေ မြက်ခင်းစိမ်းစိမ်းတွေ သစ်တောတွေ တောင်တန်းတွေကို […]