ဆူးJanuary 21, 20111min32715
မှော်ဘီ ဘက်က ဘုန်းကြီး ကျောင်းတခုကို ဝါတွင်း ဥပုတ်နေ့တိုင်း ချိုင့်ဆွဲပြီး ဆွမ်းသွားကပ်လေ့ ရှိတယ်။ ကားအတွက်ကတော့ အဆင်ပြေသလိုပေါ့။ ငှားနေကျ အငှားကား ဦးလေးကြီးနဲ့ကလည်း ရင်းနှီးနေတော့ စိတ်ချ လက်ချ သွားလို့ လည်း ရတယ် ကားဆရာကြီးက သဘောကလည်းကောင်းတယ် ဘာသာရေးလည်း ကိုင်းရှိုင်းသူ ဆိုတော့ သွားရင်းလာရင်း လေပေးတော့ ဖြောင့်တယ်။ သူကားကို ငှားစီးရင်းနဲ့ သူ့တူမ လိုတောင် ဖြစ်နေပြီ။ သဘောကောင်း မနောကောင်း ကားဆရာ ဦးလေးကြီးက ဘုန်းကြီးကျောင်း ရောက်ရင် မီးဖိုဆောင်ထဲ ဝင်ပြီးတော့ လှီးစရာ ဖြတ်စရာတွေ ရှိရင် ဝင်ကူပေးတယ်။ အိမ်သာတွေ ညစ်ပတ်နေရင်က အစ ဆေးကြောတယ် သန့်ရှင်းအောင် လုပ်ပေးတယ်။ ဆွမ်းကပ်တော့လည်း သူလည်း ဝင်ကပ်တာပေါ့။ ဘုန်းကြီးကျောင်းမှာ […]


ဆူးJanuary 20, 20111min1120
ဗီယမ်နာမ် နှင့် အမေရိကန် စစ်ဖြစ်စဉ်က အသုံးရန် ဖောက်လုပ်ထားသော လှိုင်ဂူ ဖြစ်ပါသည်။ စစ်တွင်း ပုန်းခိုရာ နေရာလည်း ဖြစ်ခဲ့ပါတယ်။ ဗီယမ်နာမ် နိုင်ငံ ဟိုချီမင်း မြို့တော်ရဲ့ ကီလိုမီတာ ၇ဝ အကွာမှာ တည်ရှိပါတယ်။ စစ်အတွင်းမှာတော့ အတော်ကို နာမည်ကြီးနဲ့ ခံတပ် ဖြစ်ခဲ့ပါတယ်။ အထပ်အားဖြင့် ၃ထပ် ဖြစ်ပြီးတော့ မိုင်အားဖြင့် ၁၂ဝ (ကီလိုမီတာ ၂၀၀) ကျယ်လျားပါတယ်။ မြေကြီးအောက်မှာ တနေရာနဲ့ တနေရာ ဆက်စပ်နေပါတယ်။ အတွင်းမှာတော့ ဆေးရုံ၊ ခံတပ်၊ အစားအသောက် ချက်ပြုတ်တဲ့ အဆောင်၊ ကျန်းမာရေး ပြုစု စောင့်ရှောက်တဲ့ အဆောင် သားဖွားမီးယပ်ဆောင် စသဖြင့် မြေအောက် မြို့တော် ကဲ့သို့ ပြုလုပ်ဖန်တီး ထားတာ ဖြစ်ပါတယ်။ […]


ဆူးJanuary 20, 20111min1350
အရှေ့တည့်တည့်မှ ဝင်ပေါက်.. အထဲမှာ ဘုရင်ညီလာခံ ဝင်တဲ့ အချိန် အခန်းအနားပါတီ လုပ်တဲ့ အချိန်မှာ ဖိတ်ကြားတဲ့ ပရိတ်သတ်များ ဧည့်ခံတဲ့ နေရာဖြစ်ပါတယ်။ နန်းတော် ပွဲသဘင် ညီလာခံ စတာတွေ လုပ်ပါတယ်။ အထဲကိုတော့ ဓါတ်ပုံ ရိုက်ယူလို့ မရပါဘူး။


ဆူးJanuary 18, 20111min46729
တနေ့က မုန့်ဝယ်စားရင်းနဲ့ အတွေးတခု ဝင်မိတယ်။ J Donut က မုန့်က တခု ၄၀ဝကျပ် ဈေးကတော့ မတက်ဘူး မုန့်က ၃ချိုး၁ချိုးလောက် သေးသွားတယ်။ မုန့်သားသားလေး လို့ ပြောရအောင်ကို သေးသွားတာ။ ဘန်ကောက်မှာ ဒိုးနပ် ဘာဆိုလည်း မသိတော့ဘူး မုန့်ဝယ်စားတယ်။ ၁၂ဘတ် ကျတယ် မြန်မာ ပေါက်ဈေး ၃ဝ နဲ့ မြှောက်တော့ ၃၆ဝကျပ်ပေါ့.. မုန့် အရွယ်ကလည်း ဂျေဒိုးနပ်ထက် အများကြီး ပိုကြီးတယ် အရသာလည်း ပိုဆွဲဆောင်မှု ရှိတယ်။ မုန့်တွေ ဘာလို့ ဈေးကွာရတာလဲ.. မြန်မာပြည်မှ အရင်းအမြစ် ဖြစ်တဲ့ ဂျုံလည်း ထွက်တာဘဲ လုပ်အားခလည်း ဈေးသက်သာတယ်။ အခွန်အတုတ်များ ကြီးမားနေ သလား။ စားသုံးသူတွေ နည်းလို့ […]


ဆူးJanuary 16, 20111min35416
အကိုက်ခံရပြီး ၅ရက်အကြာမှာ ဖြစ်ပါတယ်။ ၆ရက် အကြာမှာ ဖြစ်ပါတယ်။ ၉ရက် အကြာမှာ ဖြစ်ပါတယ်။ ၁ဝရက် အကြာမှာ ဖြစ်ပါတယ်။ မှတ်မှတ် ရရ သတိ ထားပြီး ဆင်ခြင် ပါ။ တကယ် ဟုတ်မဟုတ်တော့ မသိပါဘူး.. အနီး အနားမှာ အဲလို အကောင်တွေ တွေ့ရင်တော့ သတိထားပေါ့.. အကိုက်ခံရစေနဲ့..


ဆူးJanuary 15, 20111min2434
မိုးတွင်းအခါ မဲခေါင်မြစ်ရေ လျှံတက်လာတဲ့ ရေများ များပြားလွန်းသောကြောင့် ရေများ စုံပြုံပြီး တက်လာရာကနေ ကန်ကြီးထဲသို့ ဝင်ရောက်ကာ ရေကန်ဖြစ်သွားရတာဖြစ်ပါတယ်။ မိုးအများအပြားရွာတဲ့ ဂျွန်လ လောက်မှ စ၍ မိုးရေနဲ့ အတူ မြစ်ရေလျှံတက်ပြီး ရေစဝင်ပါတယ်။ ရေကန်ထဲသို့ ရေများသည် မိုးတွင်းအခါမှ လွဲ၍ ကျန်အချိန်များတွင် ရေအဝင်မရှိပါ။ သာမန် အချိန်မှာဆိုုရင်တော့ ရေက ၁မီတာ အနက်သာ ရှိပြီး မိုးတွင်းကာလာမှာတော့ ရေအနက် ၉မီတာ ၁ဝမီတာ အထိ ရှိတယ်လို့ ဆိုပါတယ်။ သာမန်အချိန်မှာတော့ ရေကန်အကျယ်က ၂၇၀ဝ ကီလိုမီတာ သာကျယ်ပေမဲ့ မိုးတွင်း အခါမှာတော့ ၁၆၀၀ဝ ကီလို မီတာ အထိ ကျယ်ဝန်းလာပါတယ်။ ထိုကန်ကြီးထဲမှာတော့ ငါးလုပ်ငန်းနဲ့ အသက်မွေးသူတွေ များပြားပါတယ်။ ကမော္ဘဒီးယားနိုင်ငံရဲ့ […]