ဆူးNovember 26, 201013min35312
တနေ့က ပိတ်ရက်သွားတော့.. အဒေါ်က အသုဘ အိမ်တခု သွားနေလို့တဲ့.. ပြန်လာတော့.. အဒေါ် ဘယ်သူ့ အသုဘလဲ ဆိုတော့.. ရပ်ကွက်ထဲက ဦးလှထွန်း သမီးယောင်္ကျားသေတာတဲ့.. သူတို့ ယူတာ ၁နှစ်မရှိသေးဘူး ၈လဘဲ ရှိသေးတယ်။ သနားပါတယ်။ အခုသေသွားတော့ ကျန်ရစ်သူ မိန်းမ က အရူးတပိုင်းဖြစ်နေတယ်။ အဒေါ်ပြောပြတဲ့ မြင်ကွင်းကို မျက်စိထဲမှာ ပုံဖော်ကြည့်မိတာ.. မိန်းမက ငါ့ယောင်္ကျား သေတာ မဖြစ်နိုင်ဘူး.. သူအိပ်နေတာ.. ငါ့ကို သူ့ အနား မှာ နေခွင့်ပြုပါ.. ယောကျင်္ားရေ.. ရှင့်ကို ကျမ ရင်ခွင်ထဲမှာ ထားမယ်နော်.. ရှင် အိပ်နေတာ တော်ကြာ ထတော့နော်.. တော်တော် ကြာနေပြီ။ လူကြီးတွေက သူ့ကို ယောကျင်္ား အနား သွားခွင့်မပြုဘူး.. […]


ဆူးNovember 25, 20101min43916
ပြီးခဲ့တဲ့ အပတ် ပိတ်ရက်မှာ.. နယ်ဘက်ကို သွားပြီး ဆွေမျိုးတွေ ဆီ အလယ်သွားတယ်။ နယ်က အဒေါ်က သူအိမ်နားက မိသားစု အကြောင်း ကြားခဲ့ရတာ စိတ်မကောင်း ဖြစ်လို့ ဒီမှာ ရေးပေးလိုက်တာပါ။ အဒေါ်အိမ်နားက ဦးဖိုးစိန်တို့ မိသားစုက ဆင်းရဲတဲ့ အထဲမှာတော့ မပါဘူး နယ်အနေနဲ့ ဆိုရင်တော့ ပိုက်ဆံရှိတယ် ချမ်းသာကြတယ်လို့ ပြောလို့ရတယ်။ ဦးဖိုးစိန်ကို စောင့်ရှောက်တာကတော့ သူ့ ချွေးမပေါ့.. သားကတော့ ဂျပန်မှာ အလုပ်သွားလုပ်နေတာ မကြာသေးခင်ကမှ အလည်ပြန်လာပြီး မကြာခင် ပြန်လာမယ်လို့ စီစဉ်ထားပါတယ်။ ၁ဝနှစ်အရွယ် ကလေး တယောက်လည်း ရှိတယ်။ တနေ့ ဦးဖိုးစိန် အသည်းအသန် နေမကောင်းဖြစ်တယ်.. ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး.. နာတယ် နာတယ် နဲ့ […]


ဆူးNovember 24, 20102min2587
@kai Theravada From Wikipedia, the free encyclopedia Theravada (Pāli: थेरवाद theravāda, Sanskrit: स्थविरवाद sthaviravāda); literally, “the Teaching of the Elders” or “the Ancient Teaching”, is the oldest surviving Buddhist school. It was founded in India. It is relatively conservative, and generally closest to early Buddhism,[1] and for many centuries has been the predominant religion of […]


ဆူးNovember 23, 20101min46213
မြန်မာတွေဟာ ကမာ္ဘမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ??? မေတ္တာရှင် – ငါ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက – မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမာ္ဘမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။ သန်း – ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။ မေတ္တာရှင် – အကျဉ်းချုပ် ဖြေလိုက်တာက […]


ဆူးNovember 22, 20102min2107
ဆူးနှင့် သူငယ်ချင်းများ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် တွင် 21.11.2010 ရက်နေ့ မနက် ၁ဝ နာရီ မှ ညနေ ၃ နာရီ အထိ လှူဒါန်းခဲ့သော ဒုတိယ အကြိမ် ကုသိုလ်ဒါန အား ပီတိပွားများနိုင်စေရန် တင်ပြလိုက်ပါသည်။ ဆူးကတော့ အကြောင်းကြောင်းကြောင့် မသွားနိုင်ဘဲ ပိုက်ဆံဘဲ ပေးလိုက်ပြီး အလှူရှိရာကို သွားမကူနိုင်ခဲ့ဘူး။ 1024.jpg?t=1290417664″ alt=”” />


ဆူးNovember 22, 20101min35312
ဆူးနှင့် သူငယ်ချင်းများ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် တွင် 21.11.2010 ရက်နေ့ မနက် ၁ဝ နာရီ မှ ညနေ ၃ နာရီ အထိ လှူဒါန်းခဲ့သော ဒုတိယ အကြိမ် ကုသိုလ်ဒါန အား ပီတိပွားများနိုင်စေရန် တင်ပြလိုက်ပါသည်။ ဆူးကတော့ အကြောင်းကြောင်းကြောင့် မသွားနိုင်ဘဲ ပိုက်ဆံဘဲ ပေးလိုက်ပြီး အလှူရှိရာကို သွားမကူနိုင်ခဲ့ဘူး။


ဆူးNovember 21, 20101min68312
စက်တင်ဘာ ၁၁ ရက်နေ့ကိုတော့ အမေရိကန်နိုင်ငံသားတွေ ဘယ်တော့မှ မမေ့နိုင်တဲ့ ဖြစ်ရပ်လေးပေါ့..ကမာ္ဘလုံးကလည်း သိကြပါတယ်။ ထိုုဖြစ်ရပ်လေးနဲ့ တချိန်တည်းမှာ ဖြစ်ခဲ့တဲ့ လူမသိသူမသိ ဖြစ်ရပ်လေးကတော့ ဘယ်သူမှလည်း မသိသလို အနီးအနားက လူတွေလည်း သိကြမယ် မထင်ဘူး။ အဲဒီနေ့မှာ.. ဆူး အဖေက ကျန်းမာရေး မကောင်းလို့ ဆေးခန်းသွားပြတဲ့ အချိန် အိမ်မှာ တယောက်တည်း ရှိနေခဲ့တဲ့ အချိန်ပေါ့.. အိမ်သားတွေကလည်း မရှိ.. အိမ်မှာလည်း တယောက်တည်း.. အင်တာနက်ကလည်း မသုံးတတ်သေးတော့.. စလောင်းကလာတဲ့ တရုတ်ကားကို အားကိုးတကြီး ကြီးနေရတာပေါ့.. မှတ်မှတ်ရရ အဲဒီ ဇတ်လမ်းက အပိုင်း ၁၀ဝ ကျော်သွားတယ်.. နာမည်လည်း ကြီးတယ် တရုတ်လိုင်း Phoenix မီးငှက်လို့ ဘာသာပြန်ရမလား မသိဘူး.. ထိုလိုင်းက ညနေဘက်ဆို […]


ဆူးNovember 20, 20101min34516
ယခင် ဆန်ကြမ်း ၈၀ဝ ကနေ ယခု ၁၂၀ဝ လောက် ယခင် ဆန်ကောင်း ၁၂၀ဝ ကနေ ယခု ၁၆၀ဝ လောက် ဖြစ်နေပြီလို့ ကြားပါတယ်။ တချို့လည်း ဆန်သစ်ပေါ်လို့ ဈေးကျနေပြီတဲ့..


ဆူးNovember 20, 20101min1520
မှော်ဘီမှာ သီတင်းသုံးတဲ့ ရဟန်း တပါး အသက် ၄၅လောက်တော့ ရှိမယ် ထင်တယ်။ ငယ်စဉ်က မျက်စိရောဂါရှိနေလို့.. မျက်စိမှုန်ဝါးဝါးလေးသာ မြင်ရလို့.. ဆရာဝန်ထံ ပြသပြီး မျက်ကြည်လွှာ လဲဖိုရန် စာတင်ထားခဲ့ပါတယ်။ ကံမကောင်းလို့ မျက်စိ အလင်း မှုန်ပြပြလေး သာမြင်နေရနေရာကနေ.. ကံကောင်းပြီး မျက်ကြည်လွှာ အလှူ ခံရလို့.. မျက်ကြည်လွှာ လဲလိုက်တယ်။ မျက်ကြည်လွှာ လဲပြီး အလင်းလည်း ရနေပြီ သေချာ မြင်နေရပြီ.. နောက်ပိုင်း ဆရာဝန် ပုံမှန် သွားပြတယ်။ ဆရာဝန်က မျက်ကပ်မှန် တပ်ဖို့ အကြံပေး ဆရာဝန် ညွှန်ကြားချက် အတိုင်း မျက်ကပ်မှန် တပ်ပါတယ်။ မျက်ကပ်မှန် အဖြုတ်အတပ်နဲ့ အသစ်လဲထားတဲ့ မျက်ကြည်လွှာ ပေါက်သွားပါတယ်။ ကံဆိုး ပြီးတော့ ကံကောင်း […]


ဆူးNovember 19, 20101min56520
ယခု အချိန်အခါ ကထိန်ချိန်ခါ ဖြစ်တဲ့ အတွက်.. မြန်မာလူမျိုးတွေ အလှူရေစက် လက်နဲ့ မကွာ လှူကြတဲ့ အချိန်အခါ ဖြစ်ကြပါပြီ။ လမ်းသွားရင် လက်ထဲက ပါတဲ့ ကြွေ လေးဘဲ ဖြစ်ဖြစ်.. အိတ်ထဲက ပါတဲ့ အတန်ကြီးဘဲ ဖြစ်ဖြစ်ပေါ့.. ထည့်ဝင် လှူဒါန်းမှုတွေ ပြုကြတယ်။ လူတွေက လှူသာ လှူတယ် အလှူရဲ့ နောက်ဆက်တွဲ သိပ်မစဉ်းစားဘူး.. အသုံးတည့်သလား မတည့်ဘူးလားလည်း မသိဘူး.. လှူလိုက်တာဘဲ.. ကထိန်ဆိုတာ ဘုန်းကြီး ကျောင်းအတွက် လှူတာ ဖြစ်တဲ့ အတွက် ဘုန်းကြီး အသုံးအဆောင်နဲ့ အိုးခွက် တွေ လှူဒါန်းခြင်းက ကောင်းသည်ဟု ယူဆသော်လည်း တချို့သော လူများ ထီးဖြူ ရွှေထီး မြသပိတ် စသဖြင့်.. လှူကြတယ်။ […]


ဆူးNovember 18, 20101min48513
ခပ်ငယ်ငယ်က အဒေါ်အိမ်သွားရင် ဘေးခြံက အလှမွေးငါးတွေ စီးပွားဖြစ် ဖောက်ရောင်းတဲ့ နေရာ ဆိုတော့.. ကန်ကြီး တွေ အများကြီးဘဲ. တီကောင် အထွေးလိုက် ချ ချ ကျွေးနေတွေ မြင်တယ်။ ကလေး ပီပီ အဒေါ်အိမ်ရောက်တာနဲ့ ဘေးခြံကို ပြေးဝင်ပြီး ငါးသွားကြည့်တာဘဲ.. ခြံပိုင်ရှင်ကလည်း ကလေးဆိုတော့ ချစ်လို့နဲ့ တူပါရဲ့.. ဘယ်ငါးလိုချင်လဲ.. အလကားပေးမယ်.. ဆိုပြီး ပေးတာဘဲ.. အဲဒီလိုနဲ့ ငါးကလေး ၂ကောင် အိမ်ကို ရောက်လာတယ်။ အိမ်မှာ ထမင်းစိလေးတွေ ကျွှေး.. ငါးအစာ အတုံးလေးတွေ ကျွှေးပေါ့.. ငါးကို ပုလင်း အကြီးတခုထဲ ထည့်ထားတာ.. ငါးကခုန်တက်မှန်း မသိဘူး.. ပုလင်းကတော့ မုန့်ပုံး အရွယ် ဆိုတော့.. ငါး ပိစိလေးတွေ အတွက် […]


ဆူးNovember 17, 20101min34712
ဓါတ်ကြီး လေးပါး ပထဝီ တေဇော အာပေါ ဝါယော ပထဝီ ရုပ်ဝတ္တု အဆိုင်အခဲကြီးကို ခေါ်နိုင်ပါသည်။ တေဇော အပူဓါတ် အအေးဓါတ်… လောင်ကျွမ်း ပျက်စီး တတ်၏။ ဥပမာ အားဖြင့်.. ရာသီဥတု ပူတဲ့ ဒေသမှ သစ်ပင်များမှ သစ်ရွက်များ အပူဒဏ်ကြောင့် လောင်မြိုက် သလို.. ရာသီဥတု အေးတဲ့ ဒေသမှ သစ်ပင်များမှ သစ်ရွက်များသည်လည်း အအေးဒဏ်ကြောင့် လောက်မြိုက် တတ်၏။ အာပေါ အရေကို ဆိုလိုသည်။ ဝါယော လေ၊ (တွန်းအား) ကို ဆိုလိုပါသည်။ ဓါတ်ကြီးလေးပါး မမျှတရင် ရောဂါတွေ ဖြစ်ပါတယ်။ ကံ စိတ် ဥတု အာဟာရ ကံကြောင့် လည်း နာမကျန်း ဖြစ်တတ်သလို စိတ်ကြောင့် […]


ဆူးNovember 16, 20101min2679
ခံယူချက်ဟာ လူတစ်ယောက်ကို ရူးသွပ်သွား စေနိုင်လောက်အောင် ပြောင်းလဲစေနိုင်ပါသတဲ့ ။ လူတစ်ယောက်ဟာ သူ့ရဲ့ သွားကိုလည်း ပြုပြင်ခဲ့တယ် သူ့ရဲ့နှုတ်ခမ်းကိုလည်း ခွဲစိတ်ခဲ့တယ် မျက်နှာကိုလည်း ခွဲစိတ်မှုပြုလုပ်ခဲ့တယ် Facial surgery ပေါ့ ။ ရည်ရွယ်ချက်ကတော့ သူ့ကိုယ်သူ လူကျား တစ်ကောင် Human tiger အဖြစ် ပြောင်းလဲဖို့ ဖြစ်ပါတယ် တဲ့ ။ Dennis Avner အသက် ၅ဝ နှစ်ဟာ အမေရိကန် အင်ဒီးယန်းအနွယ်ဝင်ဖြစ်ပြီး သူဟာ သူ့ကိုယ်သူ ကြီးမားတဲ့ကြောင်တစ်ကောင်ဖြစ်ဖို့ အတွက် မရေမတွက်နိုင်တဲ့ ငွေကြေးပမာဏကို အသုံးပြုခဲ့ပါတယ် ။ သူ့ကိုတွေ့ဆုံမေးမြန်းခဲ့တဲ့ အခါမှာတော့ သူ့ကိုယ်သူ ကျားတစ်ကောင်ဖြစ်ဖို့ အတွက် နည်းလမ်းကို ရှာဖွေဖို့အတွက်ပါပဲတဲ့ ။ Avner ရဲ့ ခန္ဓာကိုယ် […]