ငွက္ကေလးMarch 24, 20111min1614
ကမာ္ဘတစ်ဝှမ်းလုံးတွင် ညို့မှိုင်း၍အုံ့ဆိုင်းနေသည်။ နေရာအနှံ့အပြားတွင်မီးခိုးလုံးများက အင် နှင့်အားနှင့်အုံကြွနေကြသည်။ တောမီးများကလည်း အကြီးအကျယ်လောင်မြိုက်နေပြန်သည်။ လမ်းမထက်တွင်တိရိစာ္ဆန်အလောင်းနှင့် လူသေအလောင်းတို့က ရောနှောပြန့်ကြဲနေသည်။ လေယာဉ်တို့ကဗုံးများကို အဆက်မပြတ်ကျဲချနေသည်၏။ အော်ဟစ်ငိုယိုသံ၊ ပေါက်ကွဲသံနှင့် လေယာဉ်သံတဝီဝီတို့က ကမာ္ဘတစ်ခွင်လုံး သောသောညံ နေသည်။ ရေကန်များ၊ ချောင်းများ ခမ်းခြောက်နေသလို၊ သစ်ပင်၊ ပန်းပင်တို့က လွန်စွာရင့်ရော ညိူးနွမ်းလှသည်။ အဝီစိငရဲ တစ်ခုလုံးလူ့ပြည်ပေါ်သို့ ပြောင်းရွှေ့နေရာယူနေသယောင် ကမာ္ဘတစ်ခွင်လုံးပွက်ပွက်ဆူနေ၏။ လမ်းကြားတစ်ခုအတွင်း ဗလတောင့်တောင့် လူတစ်ယောက်က လူငယ်လေးတစ်ဦးအား ထိုးကြိတ်နေသည်။ ထိုလူငယ် ၏မျက်နှာမှာနီရဲစုတ်ပြတ်နေသည်။သူ၏လက်ထဲတွင် ထမင်းထုပ်တစ်ထုပ် ကိုကျစ်ကျစ်ပါ အောင်ဆုပ်ကိုင်ထားသည်။ အနိုင်ကျင့်နေသော်လူကြီးက ထမင်းထုပ်ကိုအတင်းလုယူနေ၏။ “ဟေ့ကောင်၊ မင်းလက်ထဲကထမင်းထုပ်ပေးစမ်း” “မလုပ်ပါနဲ့ဗျာ၊ ကျွန်တော့်အမေကိုကျွေးဖို့ ရှားရှားပါးပါးရှာထားရတာပါ၊ မလုပ်ပါနဲ့” “ဟာကွာ၊ စကားများလိုက်တာ မင်းကသားလိမ္မာလေးဖြစ်ချင်နေတယ် ဟလား၊ ဒါဆိုငါ့ကို မင်းအဖေလို့သဘောထားလိုက်ကွာ၊ ကဲပေးစမ်း” “မပေးဘူးဗျာ” […]