ငါတို့ကမာ္ဘမြေ

ငွက္ကေလးMarch 24, 20111min1144

ကမာ္ဘတစ်ဝှမ်းလုံးတွင် ညို့မှိုင်း၍အုံ့ဆိုင်းနေသည်။ နေရာအနှံ့အပြားတွင်မီးခိုးလုံးများက အင် နှင့်အားနှင့်အုံကြွနေကြသည်။ တောမီးများကလည်း အကြီးအကျယ်လောင်မြိုက်နေပြန်သည်။ လမ်းမထက်တွင်တိရိစာ္ဆန်အလောင်းနှင့် လူသေအလောင်းတို့က ရောနှောပြန့်ကြဲနေသည်။

လေယာဉ်တို့ကဗုံးများကို အဆက်မပြတ်ကျဲချနေသည်၏။ အော်ဟစ်ငိုယိုသံ၊ ပေါက်ကွဲသံနှင့် လေယာဉ်သံတဝီဝီတို့က ကမာ္ဘတစ်ခွင်လုံး သောသောညံ နေသည်။ ရေကန်များ၊ ချောင်းများ ခမ်းခြောက်နေသလို၊ သစ်ပင်၊ ပန်းပင်တို့က လွန်စွာရင့်ရော ညိူးနွမ်းလှသည်။ အဝီစိငရဲ တစ်ခုလုံးလူ့ပြည်ပေါ်သို့ ပြောင်းရွှေ့နေရာယူနေသယောင် ကမာ္ဘတစ်ခွင်လုံးပွက်ပွက်ဆူနေ၏။

လမ်းကြားတစ်ခုအတွင်း ဗလတောင့်တောင့် လူတစ်ယောက်က လူငယ်လေးတစ်ဦးအား ထိုးကြိတ်နေသည်။ ထိုလူငယ် ၏မျက်နှာမှာနီရဲစုတ်ပြတ်နေသည်။သူ၏လက်ထဲတွင် ထမင်းထုပ်တစ်ထုပ် ကိုကျစ်ကျစ်ပါ အောင်ဆုပ်ကိုင်ထားသည်။ အနိုင်ကျင့်နေသော်လူကြီးက ထမင်းထုပ်ကိုအတင်းလုယူနေ၏။

“ဟေ့ကောင်၊ မင်းလက်ထဲကထမင်းထုပ်ပေးစမ်း”

“မလုပ်ပါနဲ့ဗျာ၊ ကျွန်တော့်အမေကိုကျွေးဖို့ ရှားရှားပါးပါးရှာထားရတာပါ၊ မလုပ်ပါနဲ့”

“ဟာကွာ၊ စကားများလိုက်တာ မင်းကသားလိမ္မာလေးဖြစ်ချင်နေတယ် ဟလား၊ ဒါဆိုငါ့ကို မင်းအဖေလို့သဘောထားလိုက်ကွာ၊ ကဲပေးစမ်း”

“မပေးဘူးဗျာ”

“မပေးရင်းထိုးတယ်ကွာ”

……………………………………………………………………………………………………………………

အခန်းထောင့်တစ်နေရာတွင်

လင်မယားနှစ်ယောက်အား လက်ပြန်ကြိုးတုပ်ကာလူမဆန်သော လူတစ်ယောက်က တုတ်တစ်ချောင်းကို၍စစ်မေးနေသည်။

“ဟေ့လူတွေ၊ ခင်ဗျားတို့ရဲ့ရွှေငွေပစ္စည်းတွေဘယ်မှာလဲ လို့ကျုပ်မေးနေတယ်နော်”

“မရှိတော့ပါဘူးကွာ၊ မင်းတို့လိုကောင်တွေယူသွားလို့ကုန်ပါပြီ၊ ငါတို့လဲဒီအချိန်မှာဒါတွေ မမက်နိုင်ပါဘူး၊ တကယ်မရှိတာပါကွာ”

“ဘာဗျ၊ မရှိဘူးဟုတ်လား၊ မရှိရင်ရိုက်တယ်ကွာ”

……………………………………………………………………………………………………………………

အိမ်တစ်အိမ်ထဲမှကောင်မလေး တစ်ယောက်၏အသံစူးရှစွာ ထွက်ပေါ်လာသည်။

“ကယ်ကြပါဦးရှင်၊ ကယ်ကြပါဦး”

“ဟားဟားဟားဟား၊ ဒီအချိန်မှာမင်းကိုဘယ်သူမှမကယ်ဘူး၊ အဟစ်ဟစ်”

“လူ ယုတ် မာကြီး”

အခန်းတစ်ခုလုံးရမ္မက်မီးတို့ဖုံးလွှမ်းသွားသည်။ထိုအချိန်တွင်လိပ်ပြာလေးလဲမနားနိုင်၊ ကျကွဲစရာ ဖန်ခွက်လဲမရှိ၊ ငှက်မောင်နှံတို့လဲမပျံသန်းကြ။ ……………………………………………………………………………………………………………………

ထိုအခိုက် သောသောညံနေသောကမာ္ဘမြေကို မိုးခြိမ်းသံတို့ကဖုံးလွှမ်းသွားသည်။ လျှပ်စီးတို့က အဆက်မပြတ် လင်းလက်သွားသည်။ ကောင်းကင်ကြီးကညို့သထက်ညို့လာသလို တိမ်တိုက်များက အုံ့ဆိုင်းသထက်အုံ့ဆိုင်းလာသည်။ ကမာ္ဘတစ်ဝှမ်းလုံးတွင် မိုးများပြင်းထန်စွာ ထစ်ချုန်းရွာလေ၏။ ထိုထစ်ချုန်းမိုးနှင့်အတူ ကောင်းကင်ယံမှ ကမာ္ဘမြေဒုက္ခသည်စခန်း အတွက် ထောက်ပံ့ရေးပစ္စည်းတစ်ခု ပြုတ်ကျလာသည်။ ၎င်းမှာ ကိုယ်ချင်းစာစိတ်။

ကမာ္ဘမြေ ဒုက္ခသည်စခန်းအတွက် အလိုအပ်ဆုံးထောက်ပံ့ရေးပစ္စည်း။ တဝီဝီပျံသန်းနေသော လေယာဉ်တို့က ရုတ်ချည်းရပ်တန့်သွားသည်။ ကောင်လေးထံမှ ထမင်းထုပ်လုနေသောလူကြီး မှာလည်းတွေဝေကာကောင်းကင်ယံကို တစ်ချက်မော့ကြည့်၏။ ဓါးပြကြီးမှာလည်းရိုက်ရန်ကြံရွယ်နေသော သူ၏လက်ကိုရုတ်သိမ်းလိုက်သည်။ အခန်းတွင်းရှိ ရမ္မက်မီးမှာ လည်းတဖြည်းဖြည်း မီးညွန့်ကျိုးသွားသည်။ ထစ်ချုန်းမိုးကြောင့် ရေကန်များ၊ ချောင်းများပြန်လည်ပြည့်ဖြိုးစီးဆင်းလာသည်။ ပန်းတို့လည်း ပွင့်လန်းလာကြသလို၊ သစ်ပင်များတွင်ရွက်စိမ်းသစ်များ တဖန်ပြန်လည်ပွင့်ဖူးဝေဆာလာ၏။ လေပြည်အေးလေး တစ်ချက်အဝှေ့တွင် ကမာ္ဘမြေကြီးအေးချမ်းသာယာလာ၏။အားကောင်းစွာ လောင်ကျွမ်းခဲ့သော ရမ္မက်၊ လောဘ၊ အတ္တမီးတို့ကို ကိုယ်ချင်းစာစိတ်ကထစ်ချုန်းမိုးနှင့်အတူ ငြိမ်းသတ်လိုက်သည်။ ထို့ကြောင့်ကောင်းကင်တွင် သက်တံ့ရောင်စုံပေါ်ထွက်လာ၏။တဝီဝီ နှင့် ပျံသန်းနေသောဗုံးကြဲလေယာဉ်တို့ကို တောင်ပံတဖြတ်ဖြတ် ခပ်နေသော ငှက်တို့ကနေရာ ယူသွားသည်။ ထိုအချိန်တွင် ကလေးလေးတစ်ယောက်က မူလတန်းကဗျာလေးတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။

“စပါးဝါရွှေဝင်းပါစေ၊ ပန်းတွေသင်းပါစေ

ငှက်ကလေးတွေမိုးတိမ်ကြား၊ ပျံနိုင်ကြစေသား

နေရောင်ခြည်လည်းနွေးပါစေ၊ လေပြည်အေးပါစေ

ချစ်မိတ်ဆွေ၊ ပေါင်းဖော်များကျန်းမာကြစေသား ။”

 

…ငှက်ငယ်…(kookaburra)

4 comments

  • ငှက်ကြီး

    March 24, 2011 at 2:16 pm

    အခုမှစရေးပေမဲ့ …

    ဖက်လိုအရသာရှိပါတယ်။အတွေးအခေါ်လေးလဲကောင်းတယ်။
    ဆက်ရေးပါနော်.အားပေးနေမယ်။

  • kai

    May 19, 2012 at 4:08 am

    အဲဒီအပေါ်က ၃ခုလုံးတိုးတက်နေတဲ့တိုင်းပြည်တွေမယ်..(အင်မတန်) အင်မတန်ဖြစ်ခဲတယ်..

    မြန်မာပြည်မှာတော့.. တကယ်ဖြစ်မဖြစ်မသိ..
    ရုပ်ရှင်..စာအုပ်စာပေထဲတွေမတော့.. တင်းကြမ်းဖြစ်နေတော့တာပဲ..

    အနိစ္စ… :mrgreen:

Leave a Reply