ကံ၊ ဉာဏ်၊ ဝီရိယ

manawphyulayMarch 24, 20111min1108

သိပ္ပံပညာရှင်ကြီး အေဒီဆင်သည် သူ၏ စမ်းသပ်ရှာဖွေမှု အောင်မြင်သည့်အတွက် အထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်နေသည်။ ပါတီ တက်ရောက်လာသော သတင်းစာဆရာ တစ်ဦးက သိပ္ပံပညာရှင်ကြီး အေဒီဆင်ကို
ဆရာ အောင်မြင်မှုဟာ ဆရာရဲ့ကံကြောင့်လား။
ဟု မေးလိုက်သည်။
သတင်းစာဆရာတစ်ဦးမေးသော မေးခွန်းကို အေဒီဆင်က ပြုံးပြီး အဖြေပြန်ပေးသည်။
ကံ မလို့ ကျုပ် အောင်မြင်တာ မဟုတ်ဘူး။ ကျုပ်အောင်မြင်မှုရဲ့ အကြောင်းတရားကို ရှာကြည့်မယ်ဆိုရင် ဉာဏ်က တစ်အောင်စလောက်ပါပြီး ဝီရိယက တစ်တန်လောက်ပါတယ်။
အေဒီဆင်၏စကားကို အသေအချာ စဉ်းစားကြည့်သင့်သည်။ မိမိတို့၏ လုပ်ငန်းကိစ္စတစ်ခုခု အောင်မြင်မှုမရှိလျှင် ကံကို ရိုးမယ်ဖွဲ့ပြီး
ငါ ကံဆိုးလှချည်လား
ဟု မြည်တမ်းနေကြသည်။ မိမိတို့၏ လုပ်ငန်းကိစ္စထမြောက်အောင်မှု မရှိခြင်း၌ ဝီရိယ၏ အပိုင်းအစ ဘယ်လောက်ပါသနည်းဆိုသည်ကိုမူ ထည့်တွက်ရမှန်းမသိ ဖြစ်နေကြသည်။ ကံကိုသာ အကြောင်းတရားအဖြစ် ပုံချနေကြသည်ဖြစ်၍ ဝီရိယကို မေ့နေကြသည်။

8 comments

  • nature

    March 31, 2011 at 5:57 pm

    တယောက်တမျိုးစီမြင်ကြပါသည်၊ကံကြောင့်အောင်မြင်ကြီးပွားသူက ကံသာအဓိကလို့မြင်ပါသည်(ဥပမာ-ထီပေါက်ခြင်း) ၊ ဉာဏ်ကြောင့်အောင်မြင်သူက ဉာဏ်သာအဓိကလို့ မြင်ပါသည်၊ ဝီရိယကြောင့်အောင်မြင်သူက ဝီရိယအဓိကလို့မြင်ပါသည်၊(ဥပမာ-အေဒီဆင်)
    ကံမရှိဉာဏ်ရှိတိုင်းမွဲဟူသောစကားပုံကိုလစ်လျှူ မရှုသင့်ဟုထင်ပါသည်။
    ရှေးရှေးကတံငါသည် တဦးသည် ငါး ၂ကောင် ဖမ်းမိသဖြင့်လှေဝမ်းထဲတွင် ထည့်ထားရာ တကောင်မှာ တံငါသည်လက်မှ လွတ်ရန် ဝီရိယကိုအားကိုးပြီး မနားမနေခုန်ရာ တံငါသည်ကရိုက်သတ်လိုက်လေသည်၊ ကျန်တကောင်မှာ ဉာဏ်နှင်ယှဉ်ပြီး ကံအခွင့်ပေးသော လှေတဖက်သို့စောင်းသွားချိန်မှာ ဝီရိယကို အစွမ်းကုန်ပြုလျှက် ခုန်လိုက်သဖြင့်တံငါသည် လက်မှလွတ်မြောက်သွားလေသည်။

  • nigimi77

    March 31, 2011 at 6:51 pm

    ပုံပြင်ဟာ ပုံပြင်ပါ။ ငါးသည် တံငါသည် လက်မှ လွတ်ရန် ဝိရိယ အားကို းခြင်း မဟုတ်ပါ။ ငါးသည် ရေသတ္တဝါဖြစ်သောကြောင့် ရေမရှိရာ အရပ်မှ လွတ်မြောက်ရန် အားထုတ်ခြင်းဖြစ်သည်။ ဘယ်က ပုံပြင်လဲတော့
    မသိပါ။ ငါးသည် ဒိုင်နိုဆော မဟုတ်သောကြောင့် လက်ရှိ ရှာဖွေရန် လွယ်ကူပါသည်။
    သင်က လှေတစီးငှားရမ်းပြီး ငါးနှစ်ကောင် လှေဝမ်းထဲ ထည့်ထားကြည့်ပါ။ ပြီးလျင် Video ရိုက်ပြီး
    Youtube သို ့ တင်ပါ။

  • manawphyulay

    August 2, 2011 at 12:19 pm

    ကံကို ပုံ၍ ဆူးပုံမနင်းပါနဲ့……….

  • pan pan

    August 2, 2011 at 1:09 pm

    ကံ၊ ဉာဏ်၊ ဝီရိယ သုုံးမျိုးလုံးပါမှ အောင်မြင်မှာ
    တစ်ခုတည်းချွန်နေလို့ မဖြစ်ဘူး
    “ကံမရှိ ဉာဏ်ရှိတိုင်းမွဲ”
    “ဝီရိယလွန် ကျွန်ဖြစ်”
    “ကံကိုယုံ ဆူးပုံမနင်းနဲ့”
    အကုန်လုံးကတော့ ကိုယ်လုပ်မှ ကိုယ်ရမှာပဲ

  • zawthulay

    August 2, 2011 at 1:14 pm

    ကံ၊ ဉာဏ်၊ ဝီရိယ ဆိုတာ ဒွန်တွဲနေတာပါဘဲ.. ၃ ခုလုံးပေါင်းရင်တော့ပိုကောင်းမယ်ထင်ပါတယ်

  • king

    August 2, 2011 at 3:39 pm

    စာရေးဆရာ သိုးဆောင်းရေးထားတဲ့ စာအုပ်ထဲက ဇာတ်ကောင် (၃)ယောက်ကို သွားသတိရတယ်
    ဆယ်တန်းစာမေးပွဲကို
    ကံ သမားက ဉာဏ်လည်းအကောင်းကြီးမဟုတ်၊ ဝီရိယလည်းမထားနိုင်ဆိုတော့
    ကံ ကိုယုံပြီး ရွေးကျက်တယ် …
    ဝီရိယ သမားက ဉာဏ်ကလည်းအထက်ကြီးမဟုတ်၊ ကံကိုလည်း မယုံတော့
    ဝီရိယ အားကိုးနဲ့ နှစ်စကတည်းက စာကိုကျက်တယ် …
    ဉာဏ်သမားကတော့
    …………………………….
    ရေးရတာညောင်းတယ် 😛

  • mzm

    September 24, 2011 at 2:12 pm

    အခုခေတ်မြန်မာပြည်အနေထေားနဲ့ဆိုရင် ကံ၊ညဏ်၊ဝီရိယ ထက် အကြံဖန်အဓိက ကို အားထားရမှာ လူတိူင်းသိပြီးသားပါ

  • htoosan

    September 24, 2011 at 2:28 pm

    mzm ရဲ့ အကြံအဖန်ဆို ကထဲက ဉာဏ်ကစပြီလေ၊ ဝီရိယလေးတိုးပြီး အောင်မြင်မယ်ကြံတုန်း ကံမကောင်းတော့ ကပ်ထားတဲ့သူ ပြုတ်ရော။
    အကောင်းဆုံး လွှဲချ တရားခံလုပ်လို့ရတာ က တော့ ကံ မကောင်းတဲ့ “ကံ” လေးပါဘဲ။

Leave a Reply