manawphyulayMarch 24, 20111min1138
သိပ္ပံပညာရှင်ကြီး အေဒီဆင်သည် သူ၏ စမ်းသပ်ရှာဖွေမှု အောင်မြင်သည့်အတွက် အထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်နေသည်။ ပါတီ တက်ရောက်လာသော သတင်းစာဆရာ တစ်ဦးက သိပ္ပံပညာရှင်ကြီး အေဒီဆင်ကို ဆရာ အောင်မြင်မှုဟာ ဆရာရဲ့ကံကြောင့်လား။ ဟု မေးလိုက်သည်။ သတင်းစာဆရာတစ်ဦးမေးသော မေးခွန်းကို အေဒီဆင်က ပြုံးပြီး အဖြေပြန်ပေးသည်။ ကံ မလို့ ကျုပ် အောင်မြင်တာ မဟုတ်ဘူး။ ကျုပ်အောင်မြင်မှုရဲ့ အကြောင်းတရားကို ရှာကြည့်မယ်ဆိုရင် ဉာဏ်က တစ်အောင်စလောက်ပါပြီး ဝီရိယက တစ်တန်လောက်ပါတယ်။ အေဒီဆင်၏စကားကို အသေအချာ စဉ်းစားကြည့်သင့်သည်။ မိမိတို့၏ လုပ်ငန်းကိစ္စတစ်ခုခု အောင်မြင်မှုမရှိလျှင် ကံကို ရိုးမယ်ဖွဲ့ပြီး ငါ ကံဆိုးလှချည်လား ဟု မြည်တမ်းနေကြသည်။ မိမိတို့၏ လုပ်ငန်းကိစ္စထမြောက်အောင်မှု မရှိခြင်း၌ ဝီရိယ၏ အပိုင်းအစ ဘယ်လောက်ပါသနည်းဆိုသည်ကိုမူ ထည့်တွက်ရမှန်းမသိ ဖြစ်နေကြသည်။ […]